Friday, April 26, 2013

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်း မှတ်စု (ဆောက်လုပ်ရေး) (၃)


၃။ အမြင့်မှပြုတ်ကျလာလျှင် ဖမ်းထားသည့်စနစ် (Fall Arrest System)

            ထိုစနစ်သည် မတော်တဆအမြင့်မှ ပြုတ်ကျလာပါက အောက်သို့ကျမသွားစေရန် ဖမ်းထားသည့်စနစ် ဖြစ်၏။ ပြုတ်ကျသည့်အခါမှ တုံ့ပြန်သောစနစ်ဖြစ်သည်။ ဤစနစ်အတွက် သင့်တော်သည့် ကိရိယာများကို ရွေးချယ်အသုံးပြုရမည်။ ပြုတ်ကျလာသူသည် အဆုံးထိ ပြုတ်ကျသွားသည့်တိုင် အောက်ဖက်ကြမ်းပြင်နှင့် အနည်းဆုံး ၁ မီတာ လွတ်နေစေရန် အရေးကြီး၏။ ပြုတ်ကျလာသူအား ကယ်ဆယ်သည့်စနစ် (Rescue/Retrieval method) ကိုလည်း လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းအပြည့်အစုံနှင့် အရံသင့်ထားရှိရမည်။ ကယ်ဆယ်ရေးလုပ်သားများကိုလည်း အမြင့်မှပြုတ်ကျလာသူ အား ကယ်ဆယ်ခြင်း သင်တန်း ပေးထားရမည်။
            ထိုစနစ်တွင် -
v  တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း - အန္တရာယ်ကင်းကိုယ်သိုင်းကြိုး (Full Body Harness)
v  အဆက်မျှော့ကြိုး (Shock-Absorbing Lanyard)
v  အသက်ကယ်ကြိုး ချိတ်မည့်နေရာ (Eye Bolt / Beam)

ပြုတ်ကျခြင်းဟူသည် မြေဆွဲအားအရှိန်နှင့် ပြုတ်ကျခြင်းဖြစ်ရာ လူခန္ဓာကိုယ်ပေါ်သက်ရောက်သည့် ဒဏ်အားကို သက်သာနိုင်သမျှ သက်သာစေရန် ပြုတ်ကျခြင်းကြောင့် ဖြစ်ပေါ်သည့်အားကို အန္တရာယ်ကင်းကိုယ်သိုင်းကြိုးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို မျှခံစေရမည်ဖြစ်သည်။ သို့မဟုတ်ဘဲ ခန္ဓာကိုယ်တစ်နေရာထဲသို့ အားသက်ရောက်လျှင် ထိုအစိတ် အပိုင်း အတွင်းကြေခြင်း၊ ဆိုးဝါးစွာစုတ်ပြတ်ခြင်းများ ဖြစ်စေနိုင်သည်။
ထိုမျှသာမက ချိတ်ကိုဖမ်းထားသည့်နေရာသည်လည်း ပြုတ်ကျသည့်ဒဏ်ကို ခံနိုင်စေရမည်ဖြစ်သည်။ ပြုတ်ကျ လာသူအား ဖမ်းထားသည့် အထိန်းကြိုးကို ချည်ထားသည့်နေရာ (Anchor point) သည် အနည်းဆုံး ၁၅ ကီလိုနျူတန် (15 kN) သို့မဟုတ် ၁၅၀၀ ကီလိုဂရမ် (1500 kg) အား ရှိရမည်။
အမြင့်၌ အလုပ်လုပ်ရန်အတွက် အမြင့်တွင်အလုပ်လုပ်ခြင်းသင်တန်း တက်ထားရမည်။ သို့သော် ယခုတက်ရမည့် နှစ်ရက် Enhanced CSOC တက်ပြီးပါကမူ ထို အမြင့်တွင်အလုပ်လုပ်ခြင်းသင်တန်း (Working At Height Safety Course) ကို တက်ရန်မလိုတော့ပါ။

၆၊ ၅၊ ၃။ လွတ်လွတ်လပ်လပ်ပြုတ်ကျနိုင်သော အနည်းဆုံးလွတ်ကင်းအမြင့် (Minimum Free Fall Height)

            ခြေထောက်နင်းထားသော ကြမ်းပြင်တွင် ချိတ်ကို ချိတ်ထားသူအတွက် ပြုတ်ကျလျှင် အနည်းဆုံးရှိရမည့် လွတ်ကင်း အမြင့်မှာ ၆.၅၅ မီတာဖြစ်သည်။ သို့သော်လည်း အချို့ကတော့ ၅.၆ မီတာဟု တွက်ပါသည်။ ထိုလွတ်ကင်းအမြင့်ကို အောက်ပါ အတိုင်း တွက်နိုင်ပါသည်။


လင်းယတ်ကြိုးနှင့်အဆက်များ၏ အရှည် (Landyard + Connectors) = ၂ မီတာ (၆ ပေ)
စန့်ထွက်လာမည့် မျှော့ကြိုး အရှည် (Energy Absorber extension) = ၁.၇၅ မီတာ (၃.၅ ပေ)
လူအရပ် (Man height from harness attachment to feet) = ၁.၈ မီတာ (၆ ပေ)
ကြမ်းပြင်မှ အနည်းဆုံး အန္တရာယ်ကင်းအမြင့် (Minimum clearance from floor) = ၁ မီတာ (၃ ပေ)
ထို့ကြောင့် အနည်းဆုံးရှိရမည့် လွတ်ကင်းအမြင့် စုစုပေါင်း (Total Minimum Free Fall distance) = ၆.၅၅ မီတာ

၆၊ ၅၊ ၄။ ထိန်းချုပ်ကြိုး တည်နေရာကို ဒီဇိုင်းဆွဲခြင်း

ü  ထိန်းချုပ်ကြိုးကို ချိတ်ရမည့်နေရာ (Anchor point) သည် ကြမ်းပြင်အစွန်းမှ ဝေးရာတွင်ဖြစ်ရမည်။
ü  ရေပြင်ညီ အသက်ကယ်ကြိုးကို အဆောက်အဦ၏တိုင်များအကြားတွင် တန်းထားရမည်။
ü  အကယ်၍ အဆောက်အဦပြင်ပတွင်ရှိသော ငြမ်းစင်ပေါ်တွင် အလုပ်လုပ်သူဆိုပါက အဆောက်အဦနံရံဘက်တွင် ချိတ်ကို ချိတ်ရပါမည်။


၆၊ ၆။ ပြုတ်ကျခြင်းမှ ကာကွယ်သည့်စနစ် (Fall Prevention System)

            အမြင့်တစ်နေရာမှ လူတစ်ဦးတစ်ယောက် ပြုတ်မကျနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ထားသော ပစ္စည်း၊ ကိရိယာ၊ နည်းလမ်းနှင့် စနစ်တို့ကို ပြုတ်ကျခြင်းမှကာကွယ်သည့်စနစ် (Fall Prevention System) ဟု ခေါ်သည်။ ၎င်းတို့တွင် ငြမ်းစင်၊ အကာအရံတန်းများ၊ လက်ရမ်းတမ်းများ၊ ဆစ်ဆာလစ်ဖ်(Scissor Lift)၊ ဘွမ်းလစ်ဖ် (Boom Lift)၊ ဂွန်ဒိုလာ (Gondola) စသည်တို့ပါဝင်သည်။
            WSH (Construction) Regulation အရ -
၁။ လူတစ်ဦးသည် ၂ မီတာထက်မြင့်သောနေရာမှ ပြုတ်ကျနိုင်သည့် အန္တရာယ်ရှိပါက ပိုင်ရှင်သည် ထိုနေရာမှ ပြုတ်မကျနိုင် ရန် ကာရံပေးရမည့် တာဝန်ရှိသည်။
၂။ ထိုသို့ပြုတ်မကျစေရန် ကာရံပေးခြင်းကို အကာအရံတန်းများ၊ လက်ရမ်းများ သို့မဟုတ် ၎င်းနှင့်ညီမျှသော အခြား ထိရောက်  သည့် အကာအရံများ ပြုလုပ်ပေးရမည်။
၃။ ထိုအကာအရံတန်းများသည် ခိုင်မာတောင့်တင်းသော၊ လုံလောက်သော၊ ပြုတ်ကျလာသည့် ဒဏ်ကို ခံနိုင်ရည်ရှိသော တန်းများဖြစ်ရမည်။
၎။ ထိုတန်းများကို မတော်တဆ ပြုတ်ထွက်မသွားနိုင်စေရန် အတွင်းဘက်၌ စိုက်ထူထားရမည်။
၅။ ထိုတန်းများသည် မည်သူ့ကိုမဆို ပြုတ်ကျခြင်းမှ ကာကွယ်ပေးနိုင်ရမည်။



၆။ အကယ်၍ လုပ်ငန်းအတွက်လိုအပ်လျှင် ထိုအကာအရံတန်းများကို ဖြုတ်နိုင်သည်။ သို့သော် အလုပ်ပြီးသွားလျှင် မူလ အတိုင်း ချက်ချင်း ပြန်တပ်ပေးရမည်။

ကြမ်းပြင်အစွန်းများကို ကာရံပေးခြင်း



ကြမ်းပြင်အစွန်းများကို အပွင့်အတိုင်းမထားရ။ ခိုင်ခံ့စွာ ကာရံထားရမည်။






၇။ အကာအရံတန်းများသည် အနည်းဆုံး ၁.၁မီတာ အမြင့်ရှိရမည်။ အလယ်တန်းတစ်တန်း ဆင်ရန်လည်းလိုပြီး ထိုအလယ်တန်း၏ အမြင့်မှာ ၆၀၀ မီလီမီတာ အမြင့်၌ ရှိရမည်။ ခြေကာပြား (တိုးဘုတ်- Toe Board) များလည်း တပ်ဆင်ရန်လိုပြီး ခြေကာပြား၏ အမြင့်မှာ ၉၀ မီလီမီတာ ရှိရမည်။


ဆောင်ရန် ရှောင်ရန်များ



ကြမ်းပြင်မှအပေါက်အားလုံးကို အဖုံးပိတ်ထားရမည်။





၆၊ ၆၊ ၁။ ငြမ်းစင် (Scaffold)

            ၁။ ၀င်ပေါက်ထွက်ပေါက်၊ အတက်အဆင်းများအဖြစ်လည်းကောင်း
၂။ အမြင့်၌ အလုပ်လုပ်ရန်အတွက် လည်းကောင်း - ငြမ်းစင်ကို သုံးနိုင်သည်။


ငြမ်းစင်ကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း

၁။ အသုံးပြုရန် အန္တရာယ်ကင်းကြောင်း စစ်ဆေးချက်ကဒ်ပြားကိုတွေ့ပါက ထိုငြမ်းစင်အား အသုံးပြုနိုင်သည်။
၂။ ဤငြမ်းစင်အား မသုံးပါနှင့်။ အန္တရာယ်ရှိသည် ဟူသော ကဒ်ပြားချိတ်ဆွဲထားပါက ထိုငြမ်းစင်ကို မသုံးပါနှင့်။
၃။ ၄ မီတာထက်မြင့်သော ငြမ်းစင်များ ဆင်ခြင်း၊ ဖျက်ခြင်း၊ ပြင်ခြင်းစသည်တို့ကို ငြမ်းစင်ထိုးခွင့် ခွင့်ပြုမိန့်လက်မှတ် ထုတ်ပေးထားသူ (Approved scaffold contractors) များသာ ပြုလုပ်နိုင်၏။ 
၎။ ငြမ်းစင်များ ဆင်ခြင်း၊ ဖျက်ခြင်း၊ ပြင်ခြင်းစသည်တို့ကို ပြုလုပ်ရာတွင် လက်မှတ်ရ၊ ကျွမ်းကျင်ပြီး၊ အတွေ့အကြုံရှိသူ ငြမ်းစင် ကြီးကြပ်သူ၏ အနီးကပ်ကြီးကြပ်ခြင်းဖြင့်သာ ပြုလုပ်ရမည်။
၅။ ငြမ်းစင်ကို ညီညာပြီးမာကြောသော မြေပြင်ပေါ်တွင်သာ တည်ဆောက်ရမည်။
၆။ ငြမ်းစင်ပေါ် အတက်အဆင်းလုပ်ရန် သင့်တော်သည့် အန္တရာယ်ကင်းသောလှေခါး တပ်ဆင်ပေးထားရမည်။
၇။ ငြမ်းစင်အခင်း ပတ်ပတ်လည်၌ ခြေကာပြားများ (Toe Board) တပ်ဆင်ထားရမည်။
၈။ ငြမ်းစင်ပေါ်တွင် ပစ္စည်းများတင်ထားခြင်းဖြင့် ၀န်ပို မပိစေရ။ (Do not overload)
၉။ အသုံးမပြုမီ ငြမ်းစင်အား စစ်ဆေးရမည်။
၁၀။ ငြမ်းစင်ပေါ်၌ အလုပ်လုပ်နေစဉ်အတွင်း အန္တရာယ်ကင်းကိုယ်သိုင်းကြိုး (Safety Harness) ကို ၀တ်ဆင်ထားရမည်။












ရွေ့လျားငြမ်းစင်တည်ဆောက်ရမည့် အချိုးအစားမှာ ငြမ်းစင်၏ အမြင့်သည် အတိုဆုံးအနားထက် သုံးဆရှိရမည်။ အကယ်၍ ငြမ်းစင်သည် ၄ မီတာထက်ပိုမြင့်ပါက လက်မှတ်ရငြမ်းဆင်သည့် ကုမ္ပဏီမှသာ ဆင်ခွင့်ရှိသည်။ ငြမ်းဆင်ရာတွင် လည်း လက်မှတ်ရ ငြမ်းဆင်ကြီးကြပ်သူမှ အနီးကပ်ကြီးကြပ်ရမည်။
ရွေ့လျားငြမ်းစင်ကို သုံးနေစဉ်အချိန်တိုင်း၌ ဘီးကို ဘရိတ်ဖမ်းထားရမည်။

MEWP (Mobile Elevated Work Platform)



MEWP တွင် Scissor Lift, Boom Lift, Euro Lift, ချယ်ရီပစ်ကာ စသည်တို့ပါဝင်၏။ MEWP ကို လေ့ကျင့်သင်ကြား ပေးထားသော သူများသာလျှင် မောင်းနှင်ခွင့်ရှိသည်။




v  နေ့စဉ် MEWP ကို အသုံးမပြုမီ ကောင်းစွာ စစ်ဆေးပါ။
v  MEWP သုံးတော့မည်ဆိုလျှင် မြေပြင်အခြေအနေကို လေ့လာပါ။ (ဆင်ခြေလျှောလား၊ မြေပျော့လား၊ မြေမာလား)
v  မညီညာသောမြေ၊ ပျော့နေသောမြေ၊ စောင်းနေသောမျက်နှာပြင်သည် MEWP ၏ တည်ငြိမ်မှုကို ပျက်ပြားစေသည်။
v  အန္တရာယ်ကင်း ကိုယ်သိုင်းကြိုးကို ၀တ်ဆင်ပါ။
v  ကိုယ်သိုင်းကြိုးကို သတ်မှတ်ထားသောနေရာ၌ ချိတ်ပါ။
v  မည်သည့်အခါမှ လက်ရမ်းများပေါ် တက်မရပ်ရ။
v  သတ်မှတ်ထားသော လူအရေအတွက် သို့မဟုတ် ၀န်အားထက် မပိုစေရ။
v  မြေညီညာချောမွေ့ပြီး ကျင်းချိုင့်၊ ဆင်ခြေလျှောတို့ ကင်းလွတ်သောမျက်နှာပြင်မှ အပ MEWP ၏ ပလက်ဖောင်းကို အနိမ့်ဆုံး ထိ နှိမ့်ချပြီးမှ တစ်နေရာမှ တစ်နေရာသို့ မောင်းနှင်ပါ။
v  ဘေးတိုက် ၃ ဒီဂရီထက် ပိုစောင်းသည့်နေရာတွင် MEWP ကို ပလက်ဖောင်းမြှင့်ပြီး မမောင်းနှင်ပါနှင့်။ မှောက်တတ်သည်။


v  MEWP ကို လုပ်ရမည့်နေရာနှင့် အနီးဆုံးသို့ ရွှေ့ပါ။
v  မိမိအလုပ်လုပ်သည့်နေရာကို အခြားသူများဝင်မလာနိုင်စေရန် ကြိုးဖြင့် စည်းဝိုင်းခတ်ထားပါ။
v  MEWP ၏ လက်တန်းများမှ အပြင်သို့ ကိုယ်ကိုကိုင်းပြီး မထွက်ပါနှင့်။
v  အလုပ်လုပ်ရန် MEWP ကို ရပ်မည့်နေရာသည် ညီညာပြီး မာကျောသည့်နေရာ ဖြစ်ပါစေ။
v  အရေးပေါ်ရပ်ရမည့် ခလုတ်ကို သိထားပါ။
v  လက်သုံးကိရိယာများကို ပုံးများ၊ သေတ္တာများနှင့် ထည့်ထားပါ။
v  မည်သည့်ပစ္စည်းကိုမှ MEWP ပေါ်မှ ပစ်မချပါနှင့်။
v  အဆောက်အဦကြမ်းပြင်ပေါ်မှ MEWP ပေါ်သို့လည်းကောင်း၊ MEWP ပေါ်မှ အဆောက်အဦကြမ်းပြင် ပေါ်သို့လည်းကောင်း ခုန်ကူးခြင်း မည်သည့်အခါမှ မလုပ်ပါနှင့်။
v  ကိုယ်သိုင်းကြိုးမှ ချိတ်ကို MEWP ပေါ်မှ သတ်မှတ်ထားသည့်နေရာတွင်သာ ချိတ်ပါ။ ပြင်ပမှ တန်းများပေါ်သို့ လှမ်းချိတ်ခြင်း လုံးဝမလုပ်ရ။
v  အလုပ်ပြီးသောအခါ MEWP ပေါ်မှ အမှိုက်များကို အားလုံးစင်အောင် ရှင်းခဲ့ပါ။












No comments: