Tuesday, January 15, 2013
အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် (၃)
လအကမူဝါဒဆိုတာ ဘာလဲ ?
လအကမူဝါဒသည် ကုမ္ပဏီမှ မိမိလုပ်သားများ၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့်ပတ်သက်၍ မည်မျှအလေးထားကြောင်း ဖော်ပြထားသည့် ရေးသားထားသော စာရွက်စာတမ်းဖြစ်သည်။ သင့်တော်သော လုပ်ငန်းခွင် အခြေအနေများကို ထောက်ပံ့ပေးရေး ကြိုးပမ်းရန် လအကမူဝါဒက အခြေခံကောင်းများပေးသည်။
            လူများ၊ စက်များရွေးချယ်ခြင်း၊ လုပ်နည်းလုပ်ဟန်စနစ်၊ ပစ္စည်းနှင့်ဝန်ဆောင်မှုကို မည်ကဲ့သို့ပေးမည်နည်းဟူသော ဒီဇိုင်းအပါအ၀င် အခြားလုပ်ငန်းဆောင်တာအားလုံးအပေါ်တွင် လအကမူဝါဒက သြဇာသက်ရောက်မှု ရှိရမည်။
(စာမျက်နှာ ၁၂ မှာ လပ်နေပါသည်။ အကြိမ်ကြိမ် ဒေါင်းလုပ် လုပ်ကြည့်သော်လည်း မရပါ။ ကော်ပီအားလုံးပင် စာမျက်နှာ ၁၂၊ ၂၂၊ ၂၃၊ ၃၀၊ ၅၉ နှင့် ၁၀၃ တို့ကို ဖတ်လို့မရပါ။)
၅၊ ၂။ အန္တရာယ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ခြင်း
အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်းသည် လုပ်ငန်းခွင်အတွင်း သို့မဟုတ် လုပ်ငန်းစဉ်အတွင်းရှိ ဖြစ်နိုင်သော အန္တရာယ်များကို ရှာဖွေဖော်ထုတ်သည့် အစီအစဉ်တစ်ခုဖြစ်သည်။ မည်သည့်အန္တရာယ်များကို ရှာဖွေဖော်ထုတ်ရမည်ကို သေသေချာချာ သိနားလည်နိုင်ရန် အန္တရာယ်များ၏ သဘောသဘာဝကို ဦးစွာ နားလည်ထားရပါမည်။
            လုပ်ငန်းခွင်အတွင်း၌ အန္တရာယ်သည် အန္တရာယ်ရှိသည့်နေရာ၊ အန္တရာယ်ရှိသည့်ပစ္စည်း၊ အန္တရာယ်ရှိသည့်လုပ်ငန်း၊ အန္တရာယ်ရှိသောပတ်ဝန်းကျင်တွင် ရောက်နေသူ၌ ဖြစ်ပေါ်နိုင်သည်။ လုပ်ငန်းခွင် အန္တရာယ်များကို အောက်ပါအတိုင်း ၆ မျိုး ခွဲခြားနိုင်သည်။
၁။ ရူပအန္တရာယ် - ဥပမာ၊ ဆူညံမှု၊ လျှပ်စစ်၊ အပူ၊ အအေး
၂။ ဓါတုအန္တရာယ် - ဥပမာ၊ အဆိပ်ဓါတ်ငွေ့၊ အန္တရာယ်ရှိသော ဓါတ်ငွေ့၊ စားစေတတ်သော အရည်များ
၃။ အနေအထား အန္တရာယ် - ဥပမာ၊ မြင့်လွန်းသော အလုပ်ခုံ၊ သက်တောင့်သက်သာမရှိသော ထိုင်ခုံ၊ ရှည်လွန်း၊ တိုလွန်းသော မောင်းတံ
၎။ ဓါတ်ရောင်ခြည်အန္တရာယ် - ဥပမာ၊ အိတ်စ်ရေးရောင်ခြည်၊ စွမ်းအားမြင့် လေဆာရောင်ခြည်၊ ရေဒီယိုသတ္တိကြွပစ္စည်းများ
၅။ စိတ်ပိုင်းဆိုင်ရာအန္တရာယ် - ဥပမာ၊ သေချာစွာ လေ့ကျင့်သင်တန်းပေးမထားဘဲ ခက်ခဲရှုပ်ထွေးသည့် စက်ကိရိယာများနှင့် အလုပ်လုပ်ရခြင်း၊ အလုပ်ချိန်များလွန်းခြင်း။ ချို့ယွင်းနေသော စက်များနှင့် အန္တရာယ်ကြားတွင် လုပ်နေရသဖြင့် စိတ်ဓါတ်ကျ ခြင်း၊ စိတ်ပျက်ခြင်း
၆။ ဇီဝအန္တရာယ် - ဥပမာ၊ ဓါတ်ခွဲခန်း၌ သွေးနမူနာယူရသော ၀န်ထမ်းများ၊ ကူးစက်ရောဂါ လူနာများကို စောင့်ရှောက်ရသူ ကျန်းမာရေးဝန်ထမ်းများ၊ လေအေးစက်တပ်ထားသော အခန်းထဲ၌ တီဘီရောဂါသည်နှင့် အတူနေရခြင်း
            အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းစဉ်အား အန္တရာယ်ရှိသော ပစ္စည်း၊ လုပ်ငန်းခွင်၌ လုပ်နေရသူအတွက် ဖြစ်နိုင်ချေရှိသည့် အန္တရာယ်အားလုံး၊ အန္တရာယ်ဖြစ်နိုင်သော အရင်းအမြစ်အားလုံးကို ဖော်ထုတ်နိုင်ရန် ဒီဇိုင်းရေးဆွဲထား ရမည်။
            လက်ရှိအလုပ်ရုံ၊ စက်ရုံ၊ လုပ်ငန်းခွင်အတွင်း၌ ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို ရှာဖွေဖော်ထုတ်ရာတွင် အားထုတ်မှု တစ်စုံတစ်ရာ လိုအပ်သည်။ ဤနေရာတွင် ကောင်းသည်မှာ အန္တရာယ်များကို အလွယ်တကူ ဖော်ထုတ်နိုင်ရန် တူရာလုပ်ငန်းခွင်များကိုစုစည်းပြီး ဧရိယာအလိုက်ခွဲခြားထားခြင်းပင် ဖြစ်ပါသည်။ ထိုအခါ တစ်ချိန်တွင် တစ်နေရာ၌ အာရုံစိုက် လုပ်ခြင်းအားဖြင့် ဖြစ်နိုင်ချေရှိသော အန္တရာယ်မှန်သမျှကို ရှာဖွေဖော်ထုတ်နိုင်မည် ဖြစ်ပါသည်။ အဓိကဦးစားပေးရမည့် နေရာ များမှာ အန္တရာယ်များသော စက်ရုံ၊ ပစ္စည်း၊ လုပ်ငန်းနှင့် ပတ်ဝန်းကျင်များ ဖြစ်ပါသည်။
            သက်ဆိုင်ရာ လအက ၀န်ထမ်းများအနေနှင့် အန္တရာယ်များကို ရှာဖွေနေစဉ်တွင် မည်သည့်အရာ၊ မည်သည့်နေရာ၊ မည်သည့်အပြုအမူတို့သည် အန္တရာယ်ရှိကြောင်း ထောက်ပြ အကြံပေးပြောဆိုရပါမည်။  
            အလုပ်သမားများအနေနှင့် သူတို့လုပ်ငန်းခွင်များတွင် တွေ့ရနိုင်သည့် အန္တရာယ်များမှာ လုပ်ရသည့် လုပ်ငန်းကို လိုက်၍ နေ့စဉ်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ အခြားသူများထက်စာလျှင် ထိုလုပ်ငန်းခွင်အတွင်း ပါဝင်ပတ်သက်၊ လုပ်ကိုင်နေသူများအနေနှင့် ထိုအန္တရာယ်များကို ပိုမိုမြင်နိုင်သောကြောင့် ၎င်းတို့ကိုယ်တိုင် အန္တရာယ်များကို ထောက်ပြခြင်းက ပိုမိုတန်ဘိုးရှိပါသည်။
            အန္တရာယ်များကိုရှာဖွေဖော်ထုတ်နိုင်ပြီဆိုလျှင် ၎င်းတို့ကို စာရင်းပြုစုလျှက် (အန္တရာယ်ရနိုင်ချေများကို အကဲဖြတ်ခြင်း) ကို ပြုလုပ်ရပါမည်။
အန္တရာယ်များ ရှာဖွေဖော်ထုတ်ရေး လုပ်ငန်းစဉ်
            အန္တရာယ်များကို စနစ်တကျ ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းစဉ်၌ ထိရောက်သော နည်းလမ်းသုံးသွယ်ရှိသည်။
၁။ ထိုနေရာတွင် လုပ်ကိုင်နေသည့်အလုပ်များနှင့်တကွ လုပ်ငန်းခွင်တစ်ခုကို သတ်သတ်မှတ်မှတ် စုံစမ်းစစ်ဆေးခြင်း၊
၂။ ကွဲပြားခြားနားသော အလုပ်နှင့် ၎င်းတို့ယူထားရသော တာဝန်များကို စိစစ်ခြင်း
၃။ ကုန်ကြမ်းမှသည် ကုန်ချောဖြစ်လာသည်ထိ လုပ်ရသော လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ခြုံငုံသုံးသပ်လေ့လာခြင်း
            သို့သော်လည်း အများဆုံးသုံးသည့် ယေဘူယျနည်းမှာကား ပထမဦးဆုံးနည်းဖြစ်သည့် လုပ်ကိုင်နေသည့် အလုပ်များ နှင့်တကွ လုပ်ငန်းခွင်တစ်ခုကို သတ်သတ်မှတ်မှတ် စုံစမ်းစစ်ဆေးခြင်းပင်ဖြစ်ပါသည်။ လုပ်ငန်းစဉ်ပုံကြမ်းမှာ အောက်ပါ အတိုင်း ဖြစ်၏။
၁။ လုပ်ငန်းခွင်၏ နောက်ဆုံးအစီအစဉ်ကို ရယူထားခြင်း - အလုပ်ခွင်အကြောင်း တိတိကျကျပုံဖော်ပေးရမည်။
၂။ ကုန်ထုတ်လုပ်ငန်းအစီအစဉ် သို့မဟုတ် လုပ်ငန်းအစဉ် ပုံစံကားချပ်ကို ရယူထားခြင်း - မရှိသေးလျှင်လည်း
    ရနိုင်သော အချက်အလက်များစုစည်းကာ ပုံစံကားချပ်ပုံသဏ္ဍာန်ဖြစ်လာအောင် ပုံဖော်ယူနိုင်သည်။
၃။ မြင်သာသည့်နယ်ပယ်များအလိုက် အလုပ်ခွင်များကို ခွဲခြားပါ။ ထို့နောက် ရေတွက်ပါ။ - ဤသို့ခွဲခြားမှုကို  
    မည်ကဲ့သို့ ထုတ်လုပ်သည်ဆိုသည့် လုပ်ငန်းအလိုက် သို့မဟုတ် စက်ရုံတည်ရှိမှု အနေအထားအလိုက်
    ပြုလုပ်နိုင်သည်။
    ဥပမာ - သိုလှောင်ရုံ à ကုန်ထုတ်ရုံ à အလုပ်ရုံ à ရုံးခန်းများ à ပစ္စည်းများပို့ဆောင်မည့်နေရာ
၎။ သူတို့တွေးမိသည့် ဖြစ်နိုင်ချေရှိသမျှ လုပ်ငန်းခွင်အန္တရာယ်အားလုံးကို ရှိသမျှလုပ်ငန်းခွင်အားလုံးမှ
   ၎င်းတို့ကိုယ်တိုင်၏ လုပ်ငန်းအတွေ့အကြုံ မှ စဉ်းစားတွေးတောမိသမျှ အန္တရာယ်အားလုံးပါဝင်သည်။ ထိုမျှသာမက
    အလုပ်သမားများအား ၎င်းတို့ကိုင်တွယ်လုပ်ကိုင်နေရ သည့် ဓါတုဗေဒနှင့် အန္တရာယ်ရှိသော ပစ္စည်းများစာရင်းကို
    ပြုစုခိုင်းပါ။
            နောက်ဆက်တွဲ ၂ တွင်ပေးထားသည့်အချက်အလက်များကို စုစည်းလျှက် ရနိုင်သမျှ သတင်းအချက်အလက်များ ရယူပါ။ အန္တရာယ်သတင်းအချက်အလက်များ သေချာပေါက် ပူးတွဲပါပါစေ။ သို့မှသာ လူများက ၎င်းတို့မည်သည့် အန္တရာယ်ကို ရှာဖွေနေသည်ကို သေချာပေါက် သိနားလည်နိုင်ပေလိမ့်မည်။
            အောက်ပါအရင်းအမြစ်၊ သတင်းအချက်အလက်တို့မှာ အန္တရာယ်များကို ရှာဖွေဖော်ထုတ်ရာ၌ အလွန်အသုံးဝင်နိုင် ပေသည်။
v  အလုပ်သမား သို့မဟုတ် အလက ၀န်ထမ်းများ၏ တိုက်ရိုက် အစီရင်ခံစာများ
v  လုပ်ငန်းနှင့် နည်းဥပဒေများမှ လိုအပ်သည့်သတင်းအချက်အလက်များ
v  မတော်တဆမှု အစီရင်ခံစာများ
v  အန္တရာယ်စစ်ဆေးမှု အစီရင်ခံစာများ
v  လုပ်ငန်းခွင်အန္တရာယ်စစ်ဆေးချက်များ
v  လုပ်ငန်းတာဝန်နှင့် လှုပ်ရှားမှုလေ့လာချက်များ
v  ၀န်ထမ်းများသို့ အကြံပေးချက်များ
၅၊ ၃။ အန္တရာယ်ရနိုင်ချေများကို အကဲဖြတ်ခြင်း (Assessment of Risks)
            အန္တရာယ်ရနိုင်ချေများကို အကဲဖြတ်ခြင်းဟူသည် အန္တရာယ်များကို ရှာဖွေဖော်ထုတ်သည့်လုပ်ငန်းစဉ်အတွင်း ရှာဖွေ တွေ့ရှိသည့် အန္တရာယ်တစ်ခုချင်းနှင့်ပတ်သက်၍ ဆန်းစစ်အကဲဖြတ်ခြင်း အစီစဉ်ပင် ဖြစ်သည်။
            ထိုကဲ့သို့ ဆန်းစစ်အကဲဖြတ်ခြင်းတွင် မရှိမဖြစ်လိုအပ်သည့် အဆင့်သုံးခုမှာ အောက်ပါတို့ဖြစ်၏။
၁။ မတော်တစ်ဆမှုတစ်ခု ဖြစ်နိုင်စွမ်း သို့မဟုတ် ဖြစ်နိုင်ချေကို တန်ဘိုးဖြတ်ခြင်း
၂။ ဖြစ်နိုင်ချေရှိသော အကျိုးဆက်၏ ပြင်းအားကို တွက်ချက်ခန့်မှန်းခြင်း
၃။ ထိုနှစ်ချက်ပေါ် အခြေခံလျှက် အန္တရာယ်ရနိုင်ချေကို အန္တရာယ်အဆင့်အတန်းသတ်မှတ်ချက်သုံး၍ အကဲဖြတ်ခြင်း
အဆင့် ၁
ထိုအန္တရာယ် သို့မဟုတ် အခြေအနေသည် လုပ်ငန်းခွင်အတွင်း၌ ဖြစ်နိုင်သည့်ကြိမ်နှုန်း မည်မျှရှိသနည်း။
အဆင့် ၂
ထိုအန္တရာယ်ကျရောက်လျှင် မည်ကဲ့သို့သော အကျိုးဆက်များ ရနိုင်သနည်း။
အဆင့် ၃
အန္တရာယ်ကျရောက်မှုပြင်းထန်နှုန်း ကို တွက်ချက်ပြီး အန္တရာယ်ရနိုင်ချေအကဲဖြတ်ခြင်းဇယားမှ ရလာသော အဖြေများကို စံသတ်မှတ်ချက်များနှင့်နှိုင်းယှဉ်ပါ။
အကဲဖြတ်ခြင်းကို လုပ်ငန်းအကြောင်းနားလည်သည့်၊ ကျွမ်းကျင်သည့် အတတ်ပညာရှင် တစ်ဦချင်းပါဝင်သည့် အဖွဲ့ ကသာ ပြုလုပ်ရပါမည်။ ထိုအထဲတွင် လုပ်ငန်းထဲ၌ လက်တွေ့ကြီးကြပ်လုပ်ကိုင်နေသော ကြီးကြပ်ရေးမှူးများပါရပါမည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းကိုတကယ်လုပ်နေသူများဖြစ်သဖြင့် ထိုလုပ်ငန်းနှင့်ပတ်သက်သမျှ သူအသိဆုံးဖြစ်သော ကြောင့် ဖြစ်ပါသည်။ 
            ယေဘူယျအားဖြင့် အကဲဖြတ်ရာတွင် အသင်သည် အောက်ပါတို့လုပ်ရမည်။
Ø  အန္တရာယ်ကို ရှာဖွေဖော်ထုတ်ကာ အန္တရာယ်ဖြစ်နိုင်သည့်ကြိမ်နှုန်း နှင့် ပြင်းထန်မှုအတန်းအစား
Ø  ပုံမှန်လုပ်နေသော လုပ်ငန်းများသာမက တစ်ခါတစ်ရံမှ ကြုံရတတ်သည့် ထူးခြားဖြစ်စဉ် ဥပမာ - စက်ရုံကိုရပ်နားပြီး လုပ်ကိုင် ရခြင်း၊ အရေးပေါ်အခြေအနေ၊ မီးပြတ်ခြင်း စသည်။
Ø  လအကနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ဥပမာ - MSDS (အန္တရာယ်ရှိသောပစ္စည်းများအကြောင်း ဖော်ပြချက်)၊ ထုတ်လုပ်သူမှ ရရှိသည့်စာစောင်များ၊ အခြားအဖွဲ့အစည်းများမှ သတင်းအချက်အလက်များ၊ စမ်းသပ်ချက်ရလဒ်များ စသည်တို့ကို ပြန်လည်သုံးသပ်ခြင်း
Ø  အန္တရာယ်ကိုဖယ်ရှားနိုင်သည့် သို့မဟုတ် ထိန်းချုပ်နိုင်သည့် လိုအပ်သည့်ဆောင်ရွက်ချက်များကို ဖော်ထုတ်ရန်
Ø  အန္တရာယ်ကိုထိန်းချုပ်ထားနိုင်ကြောင်း အတည်ပြုနိုင်ရေးအတွက် အမြဲစောင့်ကြည့်နေရန်နှင့် ဆန်းစစ်နေရန်
Ø  လိုအပ်သည့်စာရွက်စာတမ်းနှင့် မှတ်တမ်းမှတ်ရာများကို သိမ်းဆည်းထားရန်။ နိဂုံးကောက်ချက်မည်ကဲ့သို့ ဆွဲကြောင်း အသေးစိတ်ရှင်းပြခြင်းနှင့် ဆန်းစစ်ချက်ကို အချုပ်ဖော်ပြသည်။
အန္တရာယ်ရနိုင်ချေများကို အကဲဖြတ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်။
v  လုပ်ငန်းအတွင်းသုံးသည့် နည်းလမ်းနှင့် လုပ်ငန်းစဉ်များ၊ ပစ္စည်းကိုသုံးခြင်း၊ ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း - - စသည်
v  လက်တွေ့နှင့် ဖြစ်နိုင်ခြေရှိသည့် လုပ်သားများ၏ အန္တရာယ်ကြုံတွေ့ရနိုင်မှု
v  အန္တရာယ်ကြုံတွေ့ရနိုင်မှုများကို ထိန်းသိမ်းနည်းများ၊ လုပ်ပုံလုပ်နည်းများ။ ဥပမာ - အင်ဂျင်နီယာနည်းလမ်းများဖြင့် ထိန်းနည်း၊ လုပ်နေကျပုံစံ၊ တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အကျင့် နှင့် ပစ္စည်းအထောက်အပံ့များ
အန္တရာယ်ရနိုင်ချေများကို အကဲဖြတ်စဉ်တွင် သက်ဆိုင်ရာ အလက၀န်ထမ်းများနှင့် အလုပ်သမားများကိုလည်း မေးမြန်း အကြံဉာဏ်များ ရယူနိုင်ပါသည်။ ထိန်းချုပ်ရေးစနစ်များ လို၊ မလို သူတို့ကိုယ်တိုင်ဆုံးဖြတ်ပါစေ။
အန္တရာယ်ရနိုင်ချေ အကဲဖြတ်မှုပြီးသွားပြီဆိုလျှင် ၎င်းကို လက်တွေ့အသုံးချရန် ပိုအရေးကြီးပါသည်။ တိုးတက်မှုများ ကိုရလိုလျှင် အရေးကြီးဆုံးများကို ထိပ်ဆုံးတွင်ထားလျှက် လက်တွေ့အကောင်အထည်ဖော်ရေး အစီအစဉ်ကို ချမှတ်ရေးဆွဲ သင့်ပါသည်။ ထိုမျှသာမက လုပ်ငန်းခွင်အတွင်း သင့် အကဲဖြတ်ချက်များ မည်မျှထိရောက်ကောင်းမွန်ကြောင်း အမြဲအကဲဖြတ် နေကာ သင့်အကဲဖြတ်ချက်အား အမြဲခေတ်မီနေရန် ပြင်ဆင်သင့်ပါသည်။ သတိပြုရမည်မှာ အကဲဖြတ်ချက်သည် လက်ရှိ အခြေအနေအတွက်သာမက ဖြစ်နိုင်ချေရှိသည်များကိုပါ ထည့်သွင်းတွက်ချက်ရန် ဖြစ်ပါသည်။
            အကဲဖြတ်ချက်၏ ရလဒ်များကို လအကရည်မှန်းချက်များရေးဆွဲရာတွင် ရည်ညွှန်းချက်တစ်ရပ်အဖြစ် ထည့်သွင်း နိုင်သည်။ အသေးစိတ်ဖော်ပြချက်များကိုမူ နောက်ဆက်တွဲ ၃ တွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။
၅၊ ၄။ လအကရည်မှန်းချက်များ ချမှတ်ခြင်း
            ရည်မှန်းချက်က အဖွဲ့အစည်းဘာကိုလိုအပ်သည် ဆိုခြင်းကို ပြဌာန်းပေးသည်။ ဤသို့ပြတ်ပြတ်သားသား ပြဌာန်းချက် သည် စီမံချက်နှင့် တာဝန်ယူမှုတို့အတွက် မရှိမဖြစ်လိုအပ်သည်။ ပြတ်သားသောရည်မှန်းချက်က အဖွဲ့အစည်းအတွက် မည်ကဲ့သို့သော စီမံချက်များနှင့် ၀န်ဆောင်မှုတို့ပေးရမည်ကို အထောက်အကူပြုသည်။ ချမှတ်ထားသော ရည်မှန်းချက်ကို လုပ်ကိုင်နေသော လုပ်ငန်းသဘာဝ၊ လုပ်ငန်းအရွယ်အစားတို့နှင့်လည်း ကိုက်ညီအောင် ရေးဆွဲရမည်။ ရည်မှန်းချက်ကို ပြတ်ပြတ်သားသား ချမှတ်မထားပါက စီမံကိန်းအမျိုးမျိုးအတွက် မည်သို့သော အရင်းအမြစ်များကို မည်သည့်အချိုးအစား အလိုက်ခွဲဝေရမည်။ မည်ကဲ့သို့သော စီမံကိန်းအသစ်များ ပေးရမည်။ လက်ရှိစီမံကိန်းများအား မည်ကဲ့သို့သော ပြင်ဆင်မှုမျိုး လုပ်ရမည် စသည့် များစွာသော အချက်များအပေါ် သြဇာလွှမ်းမိုးလာနိုင်မည်။
            ကုမ္ပဏီ၏ မူဝါဒနှင့်အတူ ရည်မှန်းချက်နှင့် ပန်းတိုင်ကို ချမှတ်၊ ရေးဆွဲထားရမည်။ ရည်မှန်းချက်ကို လုပ်ငန်းခွင်၌ ရှိရှိသမျှ အန္တရာယ်အားလုံးကို ထည့်သွင်းစဉ်းစားကာ ရေးဆွဲရမည်။ ရည်မှန်းချက်နှင့် ပန်းတိုင်ကို ပုံမှန်လည်း အလုပ်သမား များ၊ အခြား ပါဝင်ပတ်သက်နေသူအားလုံးနှင့် ဆက်သွယ်တိုင်ပင်လျှက် ပုံမှန် ပြန်လည်သုံးသပ်နေရမည်။
ရည်မှန်းချက်တွေ ဆိုတာ ဘာလဲ ?
            ရည်မှန်းချက်ဟူသည် လုပ်ငန်းရှင်က လုပ်ငန်းအခြေအနေများ တိုးတက်လာစေရန် ဖော်ဆောင်ထားသည့် တိကျသော၊ နည်းလမ်းချမှတ်နိုင်သော၊ အချိန်အတိုင်းအတာရှိသော လုပ်ငန်းဖြစ်သည်။
ရည်မှန်းချက် နမူနာများ
ကုမ္ပဏီ - ကခဂ ကုမ္ပဏီ
ခုနှစ် - ၂၀၁၀
ကျွန်ုပ်တို့၏ လအကမူဝါဒကို ထိန်းသိမ်းထားရန် ဖြစ်နိုင်သမျှ လက်တွေ့အကျဆုံးဖြစ်အောင် အောက်ပါတို့ကို ဆောင်ရွက်မည်။
က) အန္တရာယ်ကင်းသည့် လုပ်နည်းစနစ်များ၊ စိတ်ချရသော ကိရိယာတန်ဆာပလာများပါဝင်သည့် အန္တရာယ်ရှိသော
     အခြေအနေများအားလုံးကို ဖျောက်ပေးနိုင်မည့် အန္တရာယ်ကင်းသော၊ ကျန်းမာရေးနှင့်ညီညွတ်သော လုပ်ငန်းခွင်တစ်ခု
     ပံ့ပိုးပေးမည်။
ခ)  အလုပ်သမားများအား သင့်တော်ပြီး လုံလောက်သော မတော်တဆမှုကာကွယ်ရေး ပညာပေး၊ သင်တန်းများ
     ထောက်ပံ့ပေးမည်။
ဂ)  သင့်တော်သော အန္တရာယ်ကာကွယ်ရေး အ၀တ်အစား၊ အသုံးအဆောင်များ ပံ့ပိုးပေးမည်။
ဃ) ၀န်ထမ်းများ၏ ကျန်းမာရေးအတွက် သင့်တော်သော ကျန်းမာရေးစောင့်ရှောက်မှု အစီအမံများ စဉ်ဆက်မပြတ်  
     လုပ်ဆောင်ပေးမည်။
င)  စက်ရုံအသစ်၊ စက်ကိရိယာအသစ်၊ လုပ်နည်းစနစ် အသစ်၊ ပစ္စည်းအသစ်များ ၀ယ်ယူမည်စီစဉ်တိုင်း ထိုပစ္စည်း/လုပ်ငန်း
     များနှင့် ထိတွေ့ပတ်သက်နေသည့် လုပ်သားအားလုံးကို လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
     အသိပညာများ ပေးမည်။
စ)  လုပ်ငန်းခွင်ကြောင့်ဖြစ်သည့် မကျန်းမာမှုများ၊ မတော်တဆမှုများကို ဖြစ်လျှင်ဖြစ်ချင်း သတင်းပို့ရန် အလုပ်သမားများအား
     လှုံ့ဆော်ထားရမည်။
ဆ) ကြီးကြပ်ရေးမှုးများ၊ မန်နေဂျာများအနေဖြင့် မိမိတို့ညွှန်ကြားမှုအောက်တွင် အလုပ်လုပ်နေသည့် အလုပ်သမားများ၏
      အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးကို တာဝန်ယူရမည်။
ဇ)  အလုပ်သမားများအနေနှင့်လည်း မိမိကိုယ်တိုင်ကိုယ်သော်လည်းကောင်း၊ မိမိလုပ်ဖော်ကိုင်ဖက် သို့မဟုတ် အများပြည်သူ
     အားလည်းကောင်း တစ်စုံတစ်ရာ အန္တရာယ်မကျရောက်စေရန် တာဝန်ယူလုပ်ကိုင်ရမည်။
ဈ) လုပ်ငန်းခွင်အတွင်းရှိ အလုပ်အားလုံးအတွက် အန္တရာယ်ရနိုင်ချေများကို အကဲဖြတ်ခြင်း ပြုလုပ်ထားရမည်။ တွေ့ရှိရသော
    အန္တရာယ်များကိုလည်း ဖြစ်နိုင်လျှင် ပပျောက်သွားအောင် သို့မဟုတ်ပါကလည်း လျော့နည်းကျဆင်းအောင် ပြုလုပ်ရမည်။
ည) အလုပ်သမားများအား အန္တရာယ်ကင်းရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေးကိစ္စများတွင် ၎င်းတို့ကိုယ်တိုင် အဆုံးအဖြတ်
     ပေးနိုင်ကြောင်းလည်း အကြံပေးစကားပြောရမည်။
တ) ဤလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးစီမံချက်သည် လုပ်ငန်းနှင့်ဆက်စပ်ပတ်သက်နေသူအားလုံး၏
     အန္တရာယ်ကင်းရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေးကိစ္စများအတွက် ပုံမှန်ရှိနေရေး သေချာစေရန် ပြဌာန်း၊ ကျင့်သုံး
     ရမည်။
            တိကျပြတ်သားသော ရည်မှန်းချက်သည် ရည်မှန်းချက်ပန်းတိုင်သို့ ဦးတည်ခေါ်ဆောင်သွားသည်။ ထို့ပြင် အဖွဲ့အစည်းအား ထိုရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်၊ မဖော်နိုင် အဆုံးအဖြတ်ပေးသည်။
လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နှင့် ကျန်းမာရေး ရည်မှန်းချက် နမူနာ -
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး ရည်မှန်းချက် နှင့် ပန်းတိုင်
ရည်မှန်းချက်
ကျွန်ုပ်တို့သည် အကဲဖြတ်ထားသည့် အန္တရာယ်ကျရောက်နိုင်ချေ နှင့် နှစ်စဉ် လုပ်ငန်းခွင်ထိခိုက်မှု၊ မတော်တဆမှုများကို ၁၀% စီလျှော့ချသွားနိုင်သည့် လုပ်ငန်းခွင်တစ်ခုဖြစ်လာအောင် ပံ့ပိုးပေးမည်။
ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကျွန်ုပ်တို့၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် နှင့် ကျွန်ုပ်တို့၏ ကျွမ်းကျင်မှုကို အစဉ်မပြတ် တိုးတက်နေအောင် ဆောင်ရွက်သွားမည်။
၂၀၁၀ အတွက် ပန်းတိုင်
သတင်းပို့သည့် ဒဏ်ရာရမှု
သတင်းပို့သည့် မတော်တဆမှု
အန္တရာယ်ရနိုင်ချေများကို အကဲဖြတ်ခြင်း
လုပ်ငန်းစစ်
ယမန်နှစ် ရလဒ်
၃ မှု
၁၀ မှု
၁၂ မှု
၂ ကြိမ်
ယခုနှစ် ပန်းတိုင်
၂ မှု
၉ မှု
၁၄ မှု
၃ ကြိမ်
            လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နှင့် ကျန်းမာရေး ရည်မှန်းချက်၊ ပန်းတိုင်မှာ အဓိကအားဖြင့် လအကစွမ်းဆောင်ချက် များနှင့် မျှော်မှန်းချက်များ ပြည့်မီစေရန် ဖြစ်လေသည်။ ထို့ကြောင့်လည်း အဖွဲ့အစည်း၏ လုပ်ငန်းတစ်ခုစီတိုင်း၌ တိုင်းတာမှု များရှိရန် လိုအပ်သည်။ ထိုတိုင်းတာမှုများသည် အောက်ပါတို့ဖြစ်နိုင်၏။
၁) အန္တရာယ်ရနိုင်မှုအဆင့်ကို လျှော့ချခြင်း
၂) လအကစ တွင် ထပ်မံဖြည့်စွက်ချက်များထည့်သွင်းခြင်း
၃) လက်ရှိအသွင်အပြင်များကို တိုးတက်လာစေရန်အရေးယူခြင်း သို့မဟုတ် ၎င်းတို့ကို အသုံးချမှုများအား
    ကိုက်ညီစေခြင်း
၎) မလိုလားအပ်သည့် မတော်တဆမှုအကြိမ်အရေအတွက်ကို လျှော့ချခြင်း သို့မဟုတ် ဖျောက်ဖျက်ခြင်း
အေးငြိမ်း
၁၅ - ၁ - ၂၀၁၃
No comments: