Thursday, January 17, 2013

အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် (၄)

 

၅၊ ၅။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နှင့် ကျန်းမာရေးအစီအမံကို ဖွံ့ဖြိုးတိုးတက်စေခြင်း
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး အစီအမံဆိုတာ ဘာလဲ ?



            လအကရည်မှန်းချက်နှင့် ပန်းတိုင်ကိုရောက်အောင် ဖော်ဆောင်ရာတွင် ရေးဆွဲ ချမှတ်ထားသော အသေးစိတ် နည်းဗျူဟာ သို့မဟုတ် နည်းဗျူဟာစီးရီး ဖြစ်သည်။

လုပ်ငန်းခွင်အတွင်း၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအစီအမံ ရှိရန် လိုအပ်သည့်အကြောင်းရင်း


            လုပ်ငန်းခွင်တစ်ခု၌ အဘယ်ကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအစီအမံ ရှိရန် လိုသနည်း ဟူသည့် အကြောင်းများစွာရှိသည်။ ၎င်းတို့အနက် အချို့မှာ အောက်ပါတို့ဖြစ်၏။

Ø  စီမံခန့်ခွဲရေးအဖွဲ့၏ အလုပ်သမားများ၏ ကျန်းမာရေးနှင့် အန္တရာယ်ကင်းရှင်းရေးကို အရေးတယူရှိကြောင်း သက်သေပြရန်

Ø  အန္တရာယ်ကင်းရှင်းရေးဟူသည် လုပ်ငန်းတိုးတက်ကြီးပွားရေးနှင့် အပြန်အလှန် အမှီသဟဲပြုနေကြောင်း ပြသရန်

Ø  ကုမ္ပဏီအဆင့်တိုင်း၌ ကုမ္ပဏီ၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အချုပ်၊ စည်းမျဉ်း၊ ရည်မှန်းချက်၊ နည်းဗျူဟာ နှင့် လုပ်ငန်းစဉ်တို့ကို ရှင်းရှင်းလင်းလင်း ဖော်ပြရန်

Ø  အလုပ်ရှင်ရော အလုပ်သမားများပါ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် တာဝန်ရှိကြောင်း မူဘောင်ချမှတ်ပေးရန်

Ø  လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုများနှင့် မမာမကျန်းဖြစ်မှုများကို ကာကွယ်နိုင်ရန် ရေးဆွဲထားသည့် အန္တရာယ်ကင်း လုပ်ငန်းစဉ် နှင့် အလေ့အကျင့်များကိုလိုက်နာရန် ချမှတ်ပေးခြင်း

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအစီအမံကို ဖွံ့ဖြိုးတိုးတက်စေခြင်း

            အဖွဲ့အစည်း၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နှင့် ကျန်းမာရေး ရည်မှန်းချက်ကိုရရှိရန် မန်နေဂျာ/အလုပ်ရှင်များ သည် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအစီအမံကို ပြင်ဆင်ထားသင့်သည်။ လအကအစီအမံသည် လမ်းပြ မြေပုံအဖြစ် လုပ်ဆောင်ပေးနိုင်၏။ ၎င်းက မန်နေဂျာ/အလုပ်ရှင်များအား မည်သည့်အရာတို့ကိုလုပ်သင့်သည်။ မည်သည့် အချိန်တွင် လုပ်သင့်သည်။ မည်သည့်ဦးစားပေး အစဉ်အလိုက်လုပ်ရမည်။ မည်သူက မည်သည့်တာဝန်များရှိသည်။ မည်သည့် အရာတို့ကိုရနိုင်သည်။ သင်အလိုရှိသည့်အရာကို မည်သည့်အချိန်တွင်ပြီးစေမည် အစရှိသည်တို့ကို ပြောပြနေသည်။ 

            လအက အစီအမံကို အကောင်အထည်ဖော်ရာ၌ အောက်ပါ အချို့အချက်တို့ကို ထည့်သွင်းစဉ်းစားရန်လိုသည်။

Ø  လအကဥပဒေကြောင်းအရ လိုအပ်ချက်များ သို့မဟုတ် အခြား ပြဌာန်း၊ ရေးသားထားသော လိုအပ်ချက်များ (ရနိုင်လျှင်)

Ø  လအကအစီအမံကို ပိုမိုထိရောက်စေရန် ပြင်ဆင်ခြင်း သို့မဟုတ် ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း

Ø  လအကဆောင်ရွက်ချက်များ တိုးတက်လာစေမည့် ရေရှည် (တစ်နှစ်ထက်ပို) နှင့် ရေတို (တစ်နှစ် သို့မဟုတ် ထို့ထက်နည်း) ပန်းတိုင်များ

Ø  အလုပ်သမားများနှင့် အခြားစိတ်ဝင်စားသည့် အဖွဲ့အစည်းများ၏ အကြံဉာဏ်များ


လအကအစီအမံသည် ကုမ္ပဏီ၏ လောလောဆယ်လိုအပ်ချက်ကိုသာမက အလုပ်သမားများအား အမြဲကာကွယ် ပေးရေးအတွက်ပါ ထောက်ပံ့ပေးသင့်သည်။ ထိုအစီအမံကို ဒီဇိုင်းရေးဆွဲပြီးသည်နှင့် ၎င်းကိုလိုက်နာဆောင်ရွက်ရမည်။ အဖွဲ့ အစည်းအတွင်း အဆင့်အားလုံးကို လိုအပ်ချက်များ ပံ့ပိုးပေးရမည်။ 

            အလုပ်ခွင်တစ်ခုနှင့်တစ်ခု မတူနိုင်ပါ။ ထို့ကြောင့် အလုပ်ခွင်တစ်ခုချင်းအတွက် ၎င်းနှင့်သင့်လျော်မည့် လအကအစီ အမံကို ရေးဆွဲရမည်။ ပုံမှန် လအကအစီအမံတစ်ခုတွင် အင်္ဂါရပ် ၇ ခု ပါသည်။


က) လအကအစီအမံ၏ ရည်မှန်းချက် နှင့် အလကတာဝန်ဝတ္တရားများကို ဖော်ပြထားသည့် လအကမူဝါဒ

ခ) လုပ်ငန်းခွင်အတွင်း၊ စက်ကိရိယာများ၊ လက်သုံးကိရိယာများ၊ လုပ်ကိုင်နေပုံများအား ပုံမှန်စစ်ဆေးခြင်း

ဂ) အလုပ်သမားများအတွက် သင့်တော်သည့် ညွှန်ကြားချက်

ဃ) လအကအတွက် ဆွေးနွေးရန် စီမံခန့်ခွဲရေးအဖွဲ့၏ ပုံမှန်စည်းဝေးပွဲများ

င) ထိခိုက်ဒဏ်ရာရမှုများ၊ လုပ်ငန်းခွင်မတော်တဆမှုများအား စုံစမ်းစစ်ဆေးခြင်း၊ နောင်အလားတူ မတော်တဆမှုမျိုးများ မဖြစ်ပေါ်အောင် အရေးယူဆောင်ရွက်ချက်

စ) စာရင်းအင်းမှတ်တမ်းများ၊ မှတ်တမ်းမှတ်ရာများ

ဆ) အလုပ်သမားများအား ကြီးကြပ်ခြင်းနှင့် ညွှန်ကြားမှုပေးခြင်း


            အဖွဲ့အစည်းတွင် ရည်မှန်းချက်နှင့် ပန်းတိုင်သို့ရောက်ရှိနိုင်ရန် ရေးဆွဲပြဌာန်းထားသော လအကစီမံခန့်ခွဲရေးစီမံချက် (မဟာဗျူဟာ နှင့် လုပ်ငန်းစီမံချက်) ရှိရပါမည်။   

            သက်ဆိုင်ရာ အဆင့်တိုင်းတွင် လအကရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန် သီးသန့်တာဝန်နှင့် လုပ်ပိုင်ခွင့်များ ခွဲဝေ ချထားပေးရမည်။ ဖော်ဆောင်ရမည့် တာဝန်များကိုလည်း ပြဌာန်းပေးရမည်။ သတ်မှတ်ထားသည့်အချိန်အတွင်း ချမှတ်ထား သည့် ရည်မှန်းချက်များ ပြည့်မီစေရန် ငွေရေးကြေးရေး၊ လူအင်အား၊ စက်ကိရိယာ၊ ထောက်ပံ့ရေးစသည့် အရင်းအမြစ်များကို စနစ်တကျ နေရာချထားပေးရမည်။ 

            အကယ်၍ လုပ်ငန်းအစီအစဉ်တွင်ဖြစ်စေ၊ လုပ်ပုံကိုင်နည်းစနစ်တွင်ဖြစ်စေ၊ စက်ကိရိယာများကိုဖြစ်စေ၊ ပစ္စည်းများကို ဖြစ်စေ ပြုပြင်ပြောင်းလဲရန် လိုအပ်လာပါက ထိုစက်ကိရိယာ၊ လုပ်ပုံကိုင်နည်းတို့နှင့် ဆက်နွယ်နေသည့် အန္တရာယ်များ နှင့် အန္တရာယ်ရနိုင်ချေများကို ဖော်ထုတ်ရမည်။ ဆန်းစစ်ချက်အသစ် ပြုလုပ်ရမည် ဟူသည့်အချက်ကိုလည်း လအကစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရမည်။

လအကစီမံချက် နမူနာ -



လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစီမံချက် - ၂၀၁၀ ခုနှစ်

ကုမ္ပဏီ

ကခဂ ကုမ္ပဏီလိမိတက်

ခုနှစ်

၂၀၁၀

အန္တရာယ်

လိုအပ်သည့်အရေးယူဆောင်ရွက်ချက်

ငွေကုန်ကြေးကျ

အချိန်ဇယား

ခလုတ်တိုက်ခြင်း၊ ချော်လဲခြင်း

စိုစွတ်နေသည့်ကြမ်းပြင် သတိပေးချက် ဆိုင်းဘုတ် ပြထားရန်လိုသည်။

ရှိ

၃ လ

မီးအန္တရာယ်

မီးအရေးပေါ်ကယ်ဆယ်ရေး ညွှန်ပြချက် သင်္ကေတများ လိုအပ်သည်။

ရှိ

၁ လ

မီးအန္တရာယ်

မီးအရေးပေါ်ကယ်ဆယ်ရေး ကြိုတင် ဇာတ်တိုက်ထားရန် လိုအပ်သည်။

မရှိ

ချက်ချင်း

အပေါ်မှပြုတ်ကျမည့်

အန္တရာယ်

လှေခါးများကို ပုံမှန်စစ်ဆေးရန် လိုအပ်သည်။

မရှိ

ချက်ချင်း

လျှပ်စစ်ပစ္စည်းများ အန္တရာယ်

မျက်မြင်စစ်ဆေးခြင်းမှတ်တမ်းများ နှင့် ပုံမှန်

ပြုပြင်ထိန်းသိမ်းမှုလိုအပ်သည်။

မရှိ

ချက်ချင်း

၅၊ ၆။ လအက စီမံချက်ကို အကောင်အထည်ဖော်ခြင်း



မိမိမူဝါဒ နှင့် ရည်မှန်းချက်ပန်းတိုင်ကို ရရှိစေနိုင်ရန် ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် စွမ်းဆောင် နိုင်မှုနှင့် ပံ့ပိုးပေးမည့် ယန္တရားကို အဖွဲ့အစည်းက အထောက်အပံ့ပေးရမည် ဖြစ်၏။ ဤသည်မှာ လအကစီမံချက်ကို အဖွဲ့အစည်း၏ နေ့စဉ်လုပ်ငန်းများအတွင်း မည်မျှပေါင်းစည်းပေးနိုင်သည်၊ မည်မျှ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သည် ဆိုသည့်အချက်ပေါ် များစွာမူတည်နေသည်။

            မန်နေဂျာ/လုပ်ငန်းရှင်များသည် ၎င်းတို့အသီးသီး၏ လအကအစီအမံများကို သီးသန့်စီ ထားရှိထားသင့်သည်။ အစီအမံများအနက် ထူထောင်ရမည်မှာ (သို့သော် ကန့်သတ်ထားသည်တော့မဟုတ်) လအကစီမံကိန်းကို အကောင်အထည် ဖော်ရန် -


Ø  အန္တရာယ်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ

Ø  သင်တန်းအစီအစဉ်

Ø  စီမံချက်မည်မျှထိရောက်သည်ကို ဆန်းစစ်ခြင်း


သင့်တော်သည့်အဆင့်တိုင်း၌ လူသားအရင်းအမြစ်နှင့် ငွေကြေးအရင်းအမြစ်များ ရှိရန်လည်း အရေးကြီးပါသည်။ စီမံချက်ကို အကောင်အထည်ဖော်ရန်နှင့် ထိန်းထားရန် လုံလောက်သောငွေကြေး၊ နည်းပညာအချက်အလက်၊ တာဝန် ချထားမှု၊ လုပ်ငန်းကျွမ်းကျင်မှု၊ လုပ်ပိုင်ခွင့်နှင့် လအကစီမံချက်ကို ဆန်းစစ်သည့်အစီအမံများအပါအ၀င် လိုအပ်သည့် အရင်းအမြစ်များကို စီမံခန့်ခွဲရေးအဖွဲ့က ထောက်ပံ့ပေးရမည်။

            လအကစီမံချက်ကို အမြင့်ဆုံးဦးစားပေးအစီအစဉ်မှ စတင်အကောင်အထည်ဖော်ရပါမည်။

နောက်ဆက်တွဲ ၄ သည် လအကစီမံချက်ကို အကောင်အထည်ဖော်ရန်လိုအပ်သည့် စစ်ဆေးချက်မှတ်တမ်း နမူနာ ဖြစ်ပါ သည်။ ထိုစစ်ဆေးချက်က ပြည့်စုံသည့် လအကစီမံချက်ကို အကောင်အထည်ဖော်ရန် အကောင်းဆုံးသောလက်တွေ့ လမ်း ညွှန်ချက်ကို ပေးသည်။ ထိုစစ်ဆေးချက်အား လအကစီမံချက် ထိထိရောက်ရောက်ဖြစ်ရေးအတွက် အဓိကကျသော သော့ချက်များနှင့် လှုပ်ရှားမှုများအားလုံးကို ခြုံငုံမိစေရန် ဒီဇိုင်းရေးဆွဲထားသည်။

            ထိုပေးထားသည့် စစ်ဆေးချက်ပုံစံကို လအကစီမံချက်အား ဆန်းစစ်ရာတွင်သုံးရန် နှင့် စီမံချက်ရှိ အားနည်းချက်၊ လစ်ဟာချက်များကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ရမည်။

(စာမျက်နှာ ၂၂ နှင့် ၂၃ ပျက်နေပါသည်။)


x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x


Ø  အလွှာလိုက်ခေါင်းဆောင်များ နှင့် အခြား သတ်မှတ်ထားသည့် လအက၀န်ထမ်းများအား သေချာစွာ ခန့်ထားပေးပါ။

Ø  အဆောက်အဦးပြင်ပ မြေကြီးသည် သေသေချာချာခိုင်ခိုင်မာမာရှိပါစေ။ ကားရပ်နားရန်နေရာများအား သေသေချာချာ ထိန်းသိမ်းထားပါ။ ပြင်ပမှ အလင်းရောင်ရနေပါစေ။

Ø  လျှောက်လမ်းများနှင့် လမ်းများကို မည်သည့်အရာမှ ပိတ်ဆို့မနေပါစေနှင့်။

အဆင့် ၂ - လုပ်ငန်းခွင် စက်ကိရိယာများ


Ø  ဘွိုင်လာနှင့် ၀န်ချီစက်ကဲ့သို့ စက်ကိရိယာများကို စစ်ဆေးပါ။ စစ်ဆေးပြီးကြောင်း လက်မှတ်ကိုလည်း လိုအပ်လျှင် ပြထားပါ။

Ø  ပြုပြင်ထိန်းသိမ်းရေးကန်ထရိုက်စာချုပ်ကို စစ်ဆေးပါ။

Ø  ဆီယိုခြင်း၊ ၀ိုင်ယာကြိုးများပေါက်ပြဲနေခြင်း၊ စားနေခြင်းများနှင့် အခြား အန္တရာယ်ဖြစ်နိုင်ချေရှိသည့် စက်ပစ္စည်းများမှ လက္ခဏာ များကို စစ်ဆေးပါ။

Ø  စက်ကိရိယာများ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းထားပါ။ အခြားပစ္စည်းများနှင့် ပိတ်ဆို့မနေပါစေနှင့်။

Ø  စက်ကိရိယာများမှ အကာအရံများ သူ့နေရာနှင့်သူ ရှိနေပါစေ။ ကောင်းလည်းကောင်းနေရမည်။ ပျက်စီးချို့ယွင်းမနေစေရ။

Ø  လေ၀င်လေထွက် ကောင်းပါစေ။

Ø  ဓါတုဆေးရည်များ သန့်ရှင်းရန် ပစ္စည်းများအရံသင့်ရှိနေပါစေ။ ထိုပစ္စည်းများထားရာနေရာကို ဆိုင်းဘုတ်ချိတ်ထားပါ။

အဆင့် ၃ - ကယ်ဆယ်ရေးလမ်းကြောင်းများ


Ø  ကယ်ဆယ်ရေးလမ်းကြောင်းများကို စစ်ဆေးပါ။

Ø  အရေးပေါ်ထွက်ပေါက် ဆိုင်းဘုတ်များသည် ထင်သာမြင်သာရှိစေရန်နှင့် ဆိုင်းဘုတ်မီးလင်းနေစေရန် စစ်ဆေးပါ။

Ø  လမ်းများနှင့် ထွက်ပေါက်များကို မည်သည့်ပစ္စည်းများနှင့် ပိတ်ဆို့မနေပါစေနှင့်။ အမြဲရှင်းလင်းနေရမည်။

Ø  ထွက်ပေါက်များသည် ဖွင့်နိုင်ပိတ်နိုင်သည့်အနေအထားတွင် အမြဲရှိနေစေရမည်။

Ø  အရေးပေါ်မီးများ ကောင်းကောင်းအလုပ်လုပ်နေ၊ မနေ စစ်ဆေးပါ။

Ø  ကယ်ဆယ်ရေးမြေပုံကို သေချာစွာကပ်ထားပါ။

Ø  မီးအရေးပေါ်အခြေအနေတွင် ဓါတ်လှေခါးကိုအသုံးမပြုရ ဟူသော အချက်ပေးဆိုင်းဘုတ် ရှိမရှိ စစ်ဆေးပါ။

Ø  အရေးပေါ်ဆက်သွယ်ရန် ဖုံးနံပါတ်များကို ထင်သာမြင်သာနေရာများတွင် ကပ်ထားပါ။

အဆင့် ၄ - မီးအရေးပေါ်


Ø  မီးအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ထားမထား စစ်ဆေးပါ။

Ø  မီးအချက်ပြ ခေါင်းလောင်းစနစ်ကို စမ်းသပ်စစ်ဆေးပါ။

Ø  မီးအချက်ပေးခေါင်းလောင်းနှင့် မီးသတ်ဘူးများသည် အလွယ်တကူမြင်နိုင်ပြီး လက်လှမ်းမီသည့်နေရာတွင် ရှိပါစေ။

Ø  မီးသတ်ဘူးများအား ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း ရှိမရှိ စစ်ဆေးပါ။

Ø  ရေဖြန်းသည့်ခေါင်းများ ခေါင်းအထက် လုံလောက်သော အမြင့်တွင် ရှိနေမနေ စစ်ဆေးပါ။

Ø  အရေးပေါ်လှေခါးမှ မီးအရေးပေါ်တံခါးများ ပိတ်နေတာ သေချာပါစေ။

အဆင့် ၅ - ဘေးအန္တရာယ်ကျရောက်ခြင်းအတွက် ကြိုတင်ပြင်ဆင်မှု

Ø  မီးဘေး၊ လေဘေး၊ ရေဘေးစသည့် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပါ။

Ø  လူစုရမည့်နေရာကို သတ်မှတ်ထားပါ။ ထိုနေရာကို လူတိုင်းသိနေပါစေ။ ဆိုင်းဘုတ်လည်း ချိတ်ထားပါ။

လုပ်ငန်းခွင်စစ်ဆေးမှုပြီးဆုံးသည့်အခါ အစီရင်ခံစာရေးတင်ရပါမည်။ စစ်ဆေးမှုရလဒ်များကို သေချာစွာ ထိန်းသိမ်း ထားရမည်။ ထို့နောက် ပြန်လည်ဆန်းစစ်မှုပြုရမည်။ အကယ်၍ စစ်ဆေးချက်အစီရင်ခံစာတွင် ပြန်လည်ပြင်ဆင်ရန်၊ အရေးယူ မှုများရှိလာခဲ့ပါက ချက်ချင်းအရေးယူ ပြင်ဆင်ရန် အရေးကြီးပါသည်။ အခြေအနေနှင့်သင့်တော်သည့် အရေးယူမှုမျိုး ဖြစ်ရမည်။

၅၊ ၈။ လုပ်ငန်းခွင်ဒဏ်ရာရမှုများ၊ မတော်တဆမှုများ နှင့် ရောဂါဘယများအား စစ်ဆေးခြင်း

မတော်တဆမှု (incident) ဟူသည် လုပ်ငန်းကိုနှောင့်နှေး ကြန့်ကြာစေသည့် ကြိုတင်စီစဉ်မထားသော၊ မလိုလား အပ်သည့် အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ဤကဲ့သို့ဖြစ်ပျက်ခြင်းကြောင့် လူများကို ထိခိုက်ဒဏ်ရာရစေခြင်း၊ ပစ္စည်းပျက်စီး

ဆုံးရှုံးခြင်းများ ရှိတတ်သည်။

            ထိခိုက်ဒဏ်ရာရခြင်း (accident) ဟူသည် လူများကို ထိခိုက်ဒဏ်ရာရစေခြင်း၊ ကျန်းမာရေး ချို့ယွင်းစေခြင်း၊ သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးခြင်းများ စသည့် မလိုလားအပ်သည့်အဖြစ်အပျက် သို့မဟုတ် အဖြစ်အပျက်အစဉ် ဖြစ်၏။

            ဖြစ်တော့မည့်ဆဲဆဲ (near miss) ဟူသည် လူများကို ထိခိုက်ဒဏ်ရာရစေခြင်း၊ ကျန်းမာရေး ချို့ယွင်းစေခြင်း၊ သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးခြင်းများ စသည်တို့မှ ပွတ်ကာသီကာ လွဲချော်သွားသည့် မတော်တဆမှုကို ခေါ်သည်။

            လုပ်ငန်းနှင့်ဆက်နွယ်နေသည့် အနာရောဂါများ (work related diseases) ဟူသည် အလုပ်လုပ်ရာမှ သို့မဟုတ် လုပ်ငန်းခွင်အတွင်းမှရလာသည့် ကျန်းမာရေးပြဿနာများကို ခေါ်သည်။ ထိုရောဂါများ၌ အောက်ပါတို့ပါဝင်သည်။



ဖြစ်စေသည့်ပစ္စည်း

ရနိုင်သည့်ရောဂါ

Occupational Diseases

အက်စ်ဘက်စ်တို့စ်

(Asbestos)

အဆုပ်ကင်ဆာ စသည်

Pleural Diseases

Pleural Plaques

Asbestosis

Mesothelioma

Lung Cancer

ဆီလီကာ

(Silica)

အဆုပ်တွင် အမာရွတ်ပေါ်ခြင်း

Silicosis

(Lung scarring)

ခဲ (Lead)

ခဲဆိပ်သင့်ခြင်း

Lead poisoning

ဓါတုပစ္စည်းများ (Chemicals)

အရေပြားရောဂါများ

Skin diseases

            လုပ်ငန်းခွင်အတွင်းမှ ကျန်းမာရေးအန္တရာယ်များသည် လုပ်ငန်းခွင်ကြောင့်ဖြစ်သည့် ရောဂါများ ရတတ်သည်။


v  ဖုံမှုန့်များ၊ အငွေ့များ၊ ဓါတ်ငွေ့များ

v  ဆူညံသံ

v  အဆိပ်သင့်စေတတ်သည့် ပစ္စည်းများ (အဆိပ်များ)

v  တုန်ခါမှု

v  ဓါတ်ရောင်ခြည်သင့်ခြင်း

v  ဗိုင်းရပ်စ်များ၊ ကူးစက်တတ်သည့်ပိုးမွှားများ

v  အလွန်ပူခြင်း၊ အလွန်အေးခြင်း

v  လေဖိအားမြင့်လွန်း၊ နိမ့်လွန်းသည့်နေရာများ

လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းစစ်ဆေးရေးတွင် အရေးကြီးဆုံးကား မတော်တဆမှု၊ ထိခိုက်ဒဏ်ရာရစေမှု အကြောင်းရင်း ကို ရှာဖွေဖော်ထုတ်ရန်နှင့် နောင်မဖြစ်စေရန် တားဆီးရေးပင်ဖြစ်သည်။ လုပ်ငန်းခွင်ထိခိုက်မှုကို စုံစမ်းစစ်ဆေးသည့်အခါ စုံစမ်း စစ်ဆေးခြင်း စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများထက် အဘယ်ကြောင့် ထိခိုက်မှုဖြစ်ရသည်ဆိုသည့် အရင်းအမြစ်ကို ဖော်ထုတ်နိုင်ရေးပင်ဖြစ်၏။

            အမှန်ဆိုရလျှင် မတော်တဆမှုကို စုံစမ်းစစ်ဆေးမည့်သူသည် ထိုကဲ့သို့စုံစမ်းစစ်ဆေးနိုင်လောက်သည့် ဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ၊ လုပ်နည်းလုပ်ဟန်များတတ်ကျွမ်းသူသာ ဖြစ်ရပါမည်။ ၎င်းသည် ဤလုပ်ငန်းအကြောင်း အသေးစိတ် နောကြေနေအောင် သိနားလည်ထားသူဖြစ်သည်။ မည်သည့်အရာများသည် မည်သည်တို့နှင့်ဆက်စပ်ပြီး မည်ကဲ့သို့သော အန္တရာယ်များကို ဖြစ်စေနိုင်ကြောင်း ခန့်မှန်းနားလည်ထားသူလည်း ဖြစ်သည်။

            ယေဘူယျအားဖြင့် မတော်တဆမှုကို စုံစမ်းစစ်ဆေးမည့် အစီအစဉ်တွင် အောက်ပါအဆင့်များ ပါဝင်သည်။

ü  အဖွဲ့အစည်းအတွင်းရှိ တာဝန်ရှိသူအား မတော်တဆမှုဖြစ်ပျက်သည့်အကြောင်း သတင်းပို့ခြင်း

ü  ဒဏ်ရာရသူအား ရှေးဦးသူနာပြုစုပေးခြင်း

ü  မတော်တဆမှုကို စုံစမ်းစစ်ဆေးခြင်း

ü  မတော်တဆမှုဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ခြင်း

ü  ရှာဖွေတွေ့ရှိသည်များကို အစီရင်ခံခြင်း

ü  ပြန်လည်ပြုပြင်၊ အရေးယူဆောင်ရွက်ရန် စီမံချက် ရေးဆွဲခြင်း

ü  ထိုစီမံချက်ကို အကောင်အထည်ဖော်ခြင်း

ü  ထိုစီမံချက်မည်မျှ ထိရောက်သည်ကို ပြန်လည် ဆန်းစစ်ခြင်း

နောက်ဆက်တွဲ ၆ (မတော်တဆမှု စုံစမ်းစစ်ဆေးမည့်ဇယား) ကို သုံးပြီး မတော်တဆမှုစစ်ဆေးရန် စီစဉ်ပါ။ ထို့နောက် အစီရင်ခံစာရေးပါ။ ထိုဇယားက မည်ကဲ့သို့လုပ်ရမည်ကို ညွှန်ပြပေးလိမ့်မည်။

အေးငြိမ်း
၁၇ - ၁ - ၂၀၁၃။ ည ၁၀း၂၅ နာရီ

No comments: