Wednesday, November 14, 2012

ပိုးသတ်ဆေးအကြောင်း သိကောင်းစရာ




















(ကော်တက်စီ ဘိုင် ဦးကိုကိုမောင်)




 ပိုးသတ်ဆေးအမျိုးအစား ခွဲခြားပုံ
မည်သည့်ကုမ္ပဏီ မည်သည့်နိုင်ငံမှထုတ်သည်ဖြစ်စေ ပိုးသတ်ဆေးအတွက် ဖော်ပြထားသော တံဆိပ်မှာ အားလုံး တညီတညွတ်တည်း ဖြစ်ရမည်။

ပိုးသတ်ဆေးအမျိုးအစားခွဲခြားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ဓာတုပစ္စည်းအမျိုးအစား

၂။ ပိုးသတ်ဆေးကို အဓိကအသုံးချမည့်နေရာ

၃။ အန္တရာယ်အဆင့်အတန်း

၁။ ဓာတုပစ္စည်းအမျိုးအစား


AS - အာဆင်းနစ်ဒြပ်ပေါင်း

CU - ကြေးနီဒြပ်ပေါင်း

HG - ပြဒါးဒြပ်ပေါင်း - - စသည်

၂။ ပိုးသတ်ဆေးကို အဓိကအသုံးချမည့်နေရာ


            အသုံးချသည့်နေရာကို သင်္ကေတဖြင့် ဖော်ပြထားရာ အချို့ကို နမူနာအဖြစ် ဖော်ပြလိုက်ပါသည်။


F          – Fungicide - မှိုသတ်ဆေး (မျိုးစေ့များမှလွဲ၍)

PGR      – Plant Growth Regular (အပင်ကြီးဆေး)

R          - Rodenticide (ကြွက်သတ်ဆေး)

L          - Lavicide (ပိုးလောက်လန်းသတ်ဆေး)

M          - Miticide (ကမျဉ်းနီပိုးသတ်ဆေး)

FST       - Fungicide, for seed treatment (မျိုးစေ့အတွက် မှိုသတ်ဆေး)

H          - Herbicide (ပေါင်းသတ်ဆေး)

I           - Insecticide (အင်းဆက်ပိုးသတ်ဆေး)

၃။ အန္တရာယ်အဆင့်အတန်း

            WHO အဖွဲ့ကြီးက ထောက်ခံထားသော ပိုးသတ်ဆေးအဆင့်အတန်းသတ်မှတ်ချက် ကို ၁၉၇၅ ခုနှစ်တွင် ကျင်းပခဲ့သော၂၈ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံကြီးက အတည်ပြုပေးခဲ့ပြီး တစ်ကမ္ဘာလုံး တွင်တွင် ကျယ်ကျယ် သုံးစွဲလာခဲ့ကြသည်။

            WHO က သတ်မှတ်ထားသည့် ရေတိုအန္တရာယ်ဖြစ်နိုင်ချေသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်၏။



WHO Class for Pesticide



WHO Class


LD50 for the rat


(mg/kg body weight)



Oral

Dermal

Ia

Extremely hazardous

< 5

< 50

Ib

Highly hazardous

5 - 50

50 - 200

II

Moderately hazardous

50 - 2000

200 - 2000

III

Slightly hazardous

Over 2000

Over 2000

U

Unlikely to present acute hazard

5000 or higher


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး မှ


LD50 (ကြွက်)

သတ်မှတ်ထားသော

အန္တရာယ်ရှိနိုင်ချေ

မီလီဂရမ်/ခန္ဓာကိုယ်အလေးချိန် ကီလိုဂရမ်

အဆင့်အတန်း


ပါးစပ်မှဝင်လျှင်

အရေပြားမှတစ်ဆင့်ဝင်လျှင်

၁က

အလွန်အန္တရာယ်များ

၅ ထက်နည်း

၅၀ ထက်နည်း

၁ခ

အန္တရာယ်များ

၅ မှ ၅၀

၅၀ မှ ၂၀၀


အသင့်အတင့်အန္တရာယ်များ

၅၀ မှ ၂၀၀၀

၂၀၀ မှ ၂၀၀၀


အနည်းငယ်အန္တရာယ်များ

၂၀၀၀ အထက်

၂၀၀၀ အထက်


လတ်တလောအန္တရာယ်ဖြစ်နိုင်ချေမရှိ

၅၀၀၀ နှင့် အထက်




ဤတွင် ဖော်ပြထားသော LD50 တန်ဘိုးကို ရှင်းပြပါမည်။ ဥပမာအားဖြင့် LD50 5 mg/Kg ဆိုသည်မှာ ၁ ကီလိုဂရမ်အလေးချိန်ရှိသည့် ကြွက် အကောင် ၁၀၀ ကို ပိုးသတ်ဆေးချည်း (သို့မဟုတ်) ဓါတုဗေဒပစ္စည်းစစ်စစ် တစ်ခုကို ၅ မီလီဂရမ် ကျွေး လိုက်ခြင်းဖြင့် ကြွက် အကောင် ၅၀ သေလျှင် 5mg/kg နှုန်းထားရှိသော ထိုဆေးကို LD50 (Lethal Dose 50) ဟု ခေါ်ပါသည်။ ဥပမာ - ပါရာစီတမော့၏ LD50 တန်ဘိုးမှာ 1250/kg ရှိ၏။ ၈၀ ကီလိုဂရမ်အလေးချိန်ရှိသူတစ်ဦးအတွက် ၁၂၅၀ x ၈၀ = ၁၀၀၀၀၀ မီလီဂရမ်ဖြစ်ပါသည်။ ဆေးတစ်လုံးလျှင် ၅၀၀ မီလီဂရမ်ရှိသဖြင့် ဆေးအလုံး ၂၀၀ တစ်ပြိုင်နက်သောက်ပါက သေရန်ရာခိုင်နှုံး ၅၀ ဖြစ်သည်ဟု ဆိုလိုပါသည်။

ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန် ၈၀ ကီလိုဂရမ်ရှိသူတစ်ဦးအနေနှင့် LD50 - 5mg/kg ရှိသောဆေးကို ၄၀၀ မီလီဂရမ်လောက် သောက်မိပါက သေဘို့တစ်ဝက် သေချာနေပြီဟု ဆိုလိုပါသည်။ (၅ x ၈၀ = ၄၀၀)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၁ - ၁၁ - ၂၀၁၂ နေ့လည် ၄း၂၁ နာရီ (Revised)


3 comments:

Back stories of me said...

ဆရာရေ .... ဒီမှာတော့ LD50 Value ကို ppm နဲ့မပြောဘူးဆရာ ဥပမာ >5mg/Kg ဆိုတာ LD50 Value မှာ 1 Kg weight ရှိတဲ့ ကြွက်တစ်တွေကို ဆေးရဲ့ အဆိပ်အစစ် a.i. 5mg ကြွေးကြည့်ရင် အကောင် ၅ဝ (50%-ပေါ့) သေစရင် သူ့ရဲ့ LD50 Value က 5mg/Kg လို့ပြောတာပါဆရာ ...

Back stories of me said...

ဆရာ ခင်ဗျား ဒီနေရာ မှာ LD50 နဲ့ ပြောတဲ့အခါ ppm နဲ့ မပြောပါဘူးခင်ဗျာ ... LD50 Value ကိုရှင်းပြရရင် ဥပမာ LD50 5mg/Kg လို့ရေးထားတယ်ဆိုပါစို့ ... ဒီဟာကဘာပြောသလဲဆိုတော့ 1Kg အလေးချိန်ရှိတဲ့ ကြွက်အကောင်(၁ဝဝ)ကို ပိုးသတ်ဆေး(သို့)ဘယ် Chemical ပဲဖြစ်ဖြစ် သူရဲ့ pure a.i. အဆိပ်အစစ် 5mg ကြွေးကြည့်ရင် အကောင် ၅ဝ သေသွားရင် ဒီနှုန်း (5mg/Kg) ကို LD50 (lethal dose 50) လို့ခေါ်ပါတယ်။ ဆိုတော့ 80Kg ရှိတဲ့ ကျွန်တော်ဆိုရင် 400gm လောက် Oral (ဆို) ပါးစပ်ထဲဝင်သွားရင် 50% သေဖို့သေချာနေပြီလို့ဆိုလိုတာပါ။ နောက်ထပ်ဥပမာတစ်ခုက ကျွန်တော်တို့သောက်သုံးလေံရှိတဲ့ အကိုက်အခဲပြောက်ဆေး Paracetamol ဆိုပါတော့ သူ့ရဲ့ LD50 Value က 1250/Kg ရှိပါတယ်။ ဆိုတော့ စောစောကလိုတွက်ရင် ကျွန်တော့် Body weight အတွက် 1250 x 80 ဆိုတော့ 100000mg ပါ။ တစ်လုံး 500 mg ဆိုတော့ အလုံး ၂ဝဝ တစ်ပြိုင်နက်ထဲသောက်မိရင် သေဖို့ 50% သေချာပြီပေါ့ .. လေးစားစွာဖြင့် ကိုကိုမောင်

အေးငြိမ်း said...

mg/kg က ppm နဲ့ အချိုးတူနေတော့ ကျွန်တော်က ppm နဲ့အတူတူပဲလို့ ယူဆမိသကိုးဗျ။ ppm က များသောအားဖြင့် အရည်မှာသုံးတာ။ ခုဟာက အခဲဆိုတော့ ယူနစ်ခြင်းမတူတာပေါ့။ ရှင်းပြပေးတာ ကျေးဇူးပါကိုမောင်။ ကျွန်တော်ပြန်ပြင်လိုက်ပါ့မယ်။