Tuesday, September 4, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၁၆)

  ၃၊ ၂၊ ၂၊ ၂။ ဒုတိယနည်း


            ဤဒုတိယနည်းမှာ ဆရာဦးအုန်းကြိုင်၏ မြန်မာ့ပက္ခဒိန် သုတေသနကျမ်းမှ ဖြစ်၏။

v  မြန်မာသက္ကရာဇ်တွင် ၃၇၃၉ ပေါင်းလျှင် ကလိယုဂ်နှစ်ကိုရမည်။

v  ကလိယုဂ်နှစ်ပေါင်းကို သူရိယမာသတစ်နှစ်ရှိ သာဝနရက်ပေါင်း ၃၆၅.၂၅၈၇၅၆ ဖြင့်မြှောက်သော် တွက်လိုသောနှစ်၏ သာဝနရက်ပေါင်းကိုရမည်။

v  ထိုသာဝနရက်ပေါင်းကို အဓိမာသ်တစ်ကြိမ်ပြိုရက်ပေါင်း ၉၉၀.၃၂၃၃၃၉၂၀၇၈ ဖြင့်စားပါ။

v  စားလဒ်သည် ပြိုခဲ့ပြီးသော အဓိမာသ်ပေါင်းဖြစ်၏။

v  စားကြွင်းကား ယခင်အဓိမာသ်ပြိုခဲ့ချိန်မှစ၍ ယခုတွက်နေသောနှစ်စ(သင်္ကြန်အတက်ရက်) တိုင်အောင်ရှိသော အတိတ် သုဒ္ဓဒိန်ရက်ပေါင်းဖြစ်၏။

v  အဓိမာသ်တစ်ကြိမ်ပြိုရက်ပေါင်း ၉၉၀.၃၂၃၃၃၉၂၀၇၈ မှ ထိုအတိတ် သုဒ္ဓဒိန်ရက်ပေါင်းကို နှုတ်လိုက်လျှင် တွက်နေသောနှစ်အတွက် အနာဂတ်သုဒ္ဓဒိန်ရက်ပေါင်းကို ရမည်။ ဆိုလိုသည်မှာ နှစ်ဆန်းတစ်ရက်နေ့အစမှ သည် အဓိမာသ်ပြိုချိန်တိုင်အောင်ရှိသော ရက်စုစုပေါင်းဖြစ်၏။ 

 
နမူနာ (၃)


၁၃၇၃ ခုနှစ်အတွက် -

မြန်မာသက္ကရာဇ်
၁၃၇၃
၃၇၃၉
ကလိယုဂ်နှစ်ပေါင်း =
၅၁၁၂
သူရိယမာသတစ်နှစ်ရှိ သာဝနရက်ပေါင်း =
၃၆၅.၂၅၈၇၅၆၄၈၁၄၈၁
၉၉၀.၃၂၃၃၃၉၂၀၇၈
၁၈၆၇၂၀၃
၁၈၈၅ (ပြိုပြီး အဓိမာသ်အကြိမ်ပေါင်း)
၁၈၆၆၇၅၉
၄၄၃.၂၆၈၇၂၆၆၂၇၈၀၈
(စားကြွင်း) (အတိတ် သုဒ္ဓဒိန်ရက်)
အဓိမာသ်တစ်ကြိမ်ပြိုရက်ပေါင်း =
၉၉၀.၃၂၃၃၃၉၂၀၇၈
အတိတ် သုဒ္ဓဒိန်ရက်ပေါင်း =
၄၄၃.၂၆၈၇၂၆၆၂၇၈
အနာဂတ် သုဒ္ဓဒိန်ရက်ပေါင်း =
၅၄၇.၀၅၄၆၁၂၆

တွက်ရလွယ်စေရန် ခရစ်နှစ်နှင့်တွက်ကြည့်ပါမည်။ ဒသမစွန်းအတွက် တစ်ရက်တိုးပြီး ၅၄၈ ရက်ဟုယူမည်။

            ၁၃၇၃ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ဖြစ်၏။
 

ရက်ပေါင်း
မှတ်ချက်
ဧပြီ၊ ၂၀၁၁
၁၄
ဧပြီလ ၁၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ
မေ
၃၁
ဇွန်
၃၀
ဇူလိုင်
၃၁
သြဂုတ်
၃၁
စက်တင်ဘာ
၃၀
အောက်တိုဘာ
၃၁
နိုဝင်ဘာ
၃၀
ဒီဇင်ဘာ
၃၁
ဇန္န၀ါရီ၊ ၂၀၁၂
၃၁
ဖေဖော်ဝါရီ
၂၈
မတ်
၃၁
ဧပြီ
၃၀
မေ
၃၁
ဇွန်
၃၀
ဇူလိုင်
၃၁
သြဂုတ်
၃၁
စက်တင်ဘာ
၃၀
အောက်တိုဘာ
၁၆
အောက်တိုဘာလ ၁ ရက်မှ ၁၆ ရက်နေ့ထိ
၅၄၈


            ထို့ကြောင့် အဓိမာသ်ပြိုသောရက်မှာ ၃၊ ၂၊ ၂၊ ၁ တွင်ဖော်ပြထားသော ဇယားအရ ကန်ရာသီအတွင်း ကျပါသည်။

            မြန်မာပြက္ခဒိန်နှင့်တွက်လိုသော် ၁၃၇၃ ခုနှစ်မှာ တော်တုလဲနှစ် (အတာပြန်နှစ်) ဖြစ်သဖြင့် ၅၄၈ တွင် ၃၆၆ ရက် နှုတ်ပေးရမည်။ ထိုအခါ ၁၃၇၄ ခုနှစ်သို့ပြောင်းသွားပြီး သုဒ္ဓဒိန်ရက်မှာ (၅၄၈ - ၃၆၆ = ) ၁၈၂ ရက်ဖြစ်မည်။ အထက်ပါဇယားတွင်ကြည့်လျှင် သုဒ္ဓဒိန် ၁၈၂ ရက်မှာ ကန်ရာသီအတွင်း ကျပါသည်။ 

            မြန်မာနိုင်ငံ ပြက္ခဒိန်ဆက်အဖွဲ့၏ လထပ်စည်းကမ်းအရ ရှေ့ ၈ ရာသီအတွင်း၌ အဓိမာသ်ပြိုခဲ့သော် ဤနှစ်၌ပင် လထပ်ရမည် ဆိုသောကြောင့် အဓိမာသ်ပြိုသော ၁၃၇၄ ခုနှစ်သည် ၀ါထပ်နှစ်ဖြစ်လေသည်။ 

 
အဓိမာသ်ပြိုသည့် နှစ်နှင့် ရာသီများ


မြန်မာ
ပြိုပြီး
အဓိမာသ်ပြိုသည့်နှစ်ရှိ
အဓိမာသ်ပြိုသည့်
သက္ကရာဇ်
အဓိမာသ်ပေါင်း
သုဒ္ဓဒိန်ရက်များ
ရာသီ
၁၃၀၁
၁၈၅၈
၁၀၇
ကြဋ်
၁၃၀၄
၁၈၅၉
မိဿ
၁၃၀၆
၁၈၆၀
၂၆၂
ဓနု
၁၃၀၉
၁၈၆၁
၁၅၆
ကန်
၁၃၁၂
၁၈၆၂
၅၁
ပြိဿ
၁၃၁၄
၁၈၆၃
၃၁၁
ကုမ်
၁၃၁၇
၁၈၆၄
၂၀၅
တူ
၁၃၂၀
၁၈၆၅
၁၀၀
ကြဋ်
၁၃၂၂
၁၈၆၆
၃၆၀
မိန်
၁၃၂၅
၁၈၆၇
၂၅၄
ဓနု
၁၃၂၈
၁၈၆၈
၁၄၉
သိဟ်
၁၃၃၁
၁၈၆၉
၄၃
ပြိဿ
၁၃၃၃
၁၈၇၀
၃၀၃
ကုမ်
၁၃၃၆
၁၈၇၁
၁၉၈
တူ
၁၃၃၉
၁၈၇၂
၉၂
ကြဋ်
၁၃၄၁
၁၈၇၃
၃၅၂
မိန်
၁၃၄၄
၁၈၇၄
၂၄၇
ဓနု
၁၃၄၇
၁၈၇၅
၁၄၁
သိဟ်
၁၃၅၀
၁၈၇၆
၃၆
ပြိဿ
၁၃၅၂
၁၈၇၇
၂၉၅
မကာရ
၁၃၅၅
၁၈၇၈
၁၉၀
တူ
၁၃၅၈
၁၈၇၉
၈၄
မေထုန်
၁၃၆၀
၁၈၈၀
၃၄၄
မိန်
၁၃၆၃
၁၈၈၁
၂၃၉
ၿဗိစ ၦာ
၁၃၆၆
၁၈၈၂
၁၃၃
သိဟ်
၁၃၆၉
၁၈၈၃
၂၈
ပြိဿ
၁၃၇၁
၁၈၈၄
၂၈၈
မကာရ
၁၃၇၄
၁၈၈၅
၁၈၂
ကန်
၁၃၇၇
၁၈၈၆
၇၇
မေထုန်
၁၃၇၉
၁၈၈၇
၃၃၇
မိန်
၁၃၈၂
၁၈၈၈
၂၃၁
ၿဗိစ ၦာ
၁၃၈၅
၁၈၈၉
၁၂၆
သိဟ်
၁၃၈၈
၁၈၉၀
၂၀
မိဿ
၁၃၉၀
၁၈၉၁
၂၈၀
မကာရ
၁၃၉၃
၁၈၉၂
၁၇၅
ကန်
၁၃၉၆
၁၈၉၃
၆၉
မေထုန်
၁၃၉၈
၁၈၉၄
၃၂၉
ကုမ်
၁၄၀၁
၁၈၉၅
၂၂၄
ၿဗိစ ၦာ
၁၄၀၄
၁၈၉၆
၁၁၈
ကြဋ်
၁၄၀၇
၁၈၉၇
၁၃
မိဿ
၁၄၀၉
၁၈၉၈
၂၇၂
ဓနု
၁၄၁၂
၁၈၉၉
၁၆၇
ကန်
၁၄၁၅
၁၉၀၀
၆၂
မေထုန်
၁၄၁၇
၁၉၀၁
၃၂၁
ကုမ်
၁၄၂၀
၁၉၀၂
၂၁၆
ၿဗိစ ၦာ
၁၄၂၃
၁၉၀၃
၁၁၀
ကြဋ်
၁၄၂၆
၁၉၀၄
မိဿ
၁၄၂၈
၁၉၀၅
၂၆၅
ဓနု
၁၄၃၁
၁၉၀၆
၁၅၉
ကန်
၁၄၃၄
၁၉၀၇
၅၄
ပြိဿ
၁၄၃၆
၁၉၀၈
၃၁၄
ကုမ်
၁၄၃၉
၁၉၀၉
၂၀၈
တူ
၁၄၄၂
၁၉၁၀
၁၀၃
ကြဋ်
၁၄၄၄
၁၉၁၁
၃၆၃
မိဿ
၁၄၄၇
၁၉၁၂
၂၅၇
ဓနု
၁၄၅၀
၁၉၁၃
၁၅၂
သိဟ်
၁၄၅၃
၁၉၁၄
၄၆
ပြိဿ
၁၄၅၅
၁၉၁၅
၃၀၆
ကုမ်
၁၄၅၈
၁၉၁၆
၂၀၁
တူ
၁၄၆၁
၁၉၁၇
၉၅
ကြဋ်
၁၄၆၃
၁၉၁၈
၃၅၅
မိန်
၁၄၆၆
၁၉၁၉
၂၄၉
ဓနု
၁၄၆၉
၁၉၂၀
၁၄၄
သိဟ်
၁၄၇၂
၁၉၂၁
၃၉
ပြိဿ
၁၄၇၄
၁၉၂၂
၂၉၈
မကာရ
၁၄၇၇
၁၉၂၃
၁၉၃
တူ
၁၄၈၀
၁၉၂၄
၈၇
မေထုန်
၁၄၈၂
၁၉၂၅
၃၄၇
မိန်
၁၄၈၅
၁၉၂၆
၂၄၂
ၿဗိစ ၦာ
၁၄၈၈
၁၉၂၇
၁၃၆
သိဟ်
၁၄၉၁
၁၉၂၈
၃၁
ပြိဿ
၁၄၉၃
၁၉၂၉
၂၉၁
မကာရ
၁၄၉၆
၁၉၃၀
၁၈၅
တူ
၁၄၉၉
၁၉၃၁
၈၀
မေထုန်
၁၅၀၀
၁၉၃၂
၇၀၅
- -

 
၃၊ ၂၊ ၃။ လထပ်ဥပဒေသ

 
            ကျွန်တော့်တွင်ရှိသော ပြက္ခဒိန်တွက်နည်းစာအုပ်များတွင် လထပ်ရက်ငင်ဥပဒေသကို တိတိပပ ပြဆိုမထားပါ။ ထို့ပြင် မြန်မာနိုင်ငံမှကျင့်သုံးနေသော လက်ရှိ လထပ်ဥပဒေသများလည်း ကျွန်တော့်တွင် မရှိသေးပါ။ မြန်မာပြည် ပြန်သည့်အခါ၌ ပြက္ခဒိန်အကြံပေးအဖွဲ့နှင့် ဆက်သွယ်ကာရယူလျှက် ပြန်လည်ရေးသားပါမည်။ ယခု ကျွန်တော်လေ့လာမိသလောက် ရေးလိုက်ပါသည်။

၁။ အဓိမာသ်ပြိုချိန်သည် ရှေ့ရှစ်ရာသီအတွင်းဖြစ်ခဲ့သော် ထိုပြိုသောနှစ်၌ပင် လထပ်ရမည်။ နောက် လေးရာသီအတွင်း ပြိုခဲ့သော် လာလတံ္တ့သောနှစ်၌ လထပ်ရမည် ဟု မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့က ၁၃၁၇ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ သည်။


ထိုဥပဒေသအရ ရှေ့ ၈ ရာသီဖြစ်သော မိဿ၊ ပြိဿ၊ မေထုန်၊ ကြဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာရာသီများတွင် အဓိမာသ် ပြိုလျှင် ထိုပြိုသောနှစ်၌ပင် ၀ါထပ်ရမည်။ နောက် လေးရာသီဖြစ်သော ဓနု၊ မကာရ၊ ကုမ်၊ မိန် ရာသီများတွင် အဓိမာသ်ပြို လျှင် ပြိုသည့် နောက်နှစ်၌ ၀ါထပ်ရမည်။

၂။ လထပ်သောနှစ်၌ ဒုတိယ၀ါဆိုလပြည့်သည် အာသဠှီနက္ခတ်နှင့်ယှဉ်ရမည်။ ပုဏ္ဏမီတိထီပြည့်မီရမည်။

ဤဥပဒေသမှာ လထပ်ခြင်းထက် ရက်ငင်ခြင်းနှင့်ပိုဆိုင်သည် ထင်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဆရာ ဦးကျော်ငြိမ်း၏ လထပ်ရက်ငင်စာအုပ်တွင် -

က) ၀ါထပ်သောအခါ ဒုတိယ၀ါဆိုလပြည့်နေ့၌ တိထီ၁၅ လုံးပြည့်ရမည်။ အကယ်၍ မပြည့်လျှင် ရက်ငင်ရမည်။

ခ) ဒု-၀ါဆိုလပြည့်နေ့၌ တိထီ ၁၅ လုံးရှိခြင်း၊ ပြုဗ္ဗာသဠ်၊ ဥတ္တရာသဠ်နက္ခတ် နှစ်လုံးတို့တွင် တစ်လုံးလုံးနှင့်စန်းယှဉ်ခြင်း ရှိစေရမည်။ အကယ်၍ ထိုလပြည့်နေ့သည် တိထီ ၁၄ လုံးသာရှိပြီး ပြုဗ္ဗာသဠ်နက္ခတ်နှင့်သာ စန်းယှဉ်ပါက ရက်ငင်ရမည်

- အစရှိသဖြင့် ဖော်ပြထားသောကြောင့် ဖြစ်ပါသည်။

 
၃၊ ၃။ ရက်ငင်ခြင်း

            မြန်မာပြက္ခဒိန်တွင် တန်ခူးရက်မစုံ ၂၉၊ ကဆုန်ရက်စုံ ၃၀ စသဖြင့်စီစဉ်ထားရာ ဝေါဟာရတစ်နှစ် (သာမန်နှစ်) တွင် ၃၅၄ ရက်ရှိသည်။ သို့သော် စန္ဒြမာသတစ်လတွင် ၂၉.၅၃၀၅၈၇၉၄၆၀၇၁၇ ရက်၊ စန္ဒြမာသတစ်နှစ်တွင် ရက်ပေါင်း ၃၅၄.၃၆၇၀၅၅၃၅၂၈၆၁ (၃၅၄ ရက်၊ ၈ နာရီ၊ ၄၈ မိနစ်၊ ၃၄ စက္ကန့်) ရှိ၏။ ထို့ကြောင့် ဝေါဟာရတစ်နှစ်တာကာလနှင့် စန္ဒြမာသတစ်နှစ်အကြား ကွာခြားမှု ရှိလာသည်။

သူရိယမာသနှစ် နှင့် တိထီနှစ်တို့အကြား၌လည်း ၅ ရက်ကျော်ကွာသည်။ ဤသည်ကို ခယရက် သို့မဟုတ် ဒိန္နက်သဲရက်ဟု ခေါ်သည်။

တိထီ တစ်နှစ်ရှိ သာဝနရက်ပေါင်း =
၃၇၁.၀၆၄၈၃၃၃၃၃၃၃၃
သူရိယမာသတစ်နှစ်ရှိ သာဝနရက်ပေါင်း =
၃၆၅.၂၅၈၇၅၆၄၈၁၄၈၁
တစ်နှစ်တွင် သူရိယမာသကလိုနေသော ရက်ပေါင်း =
၅.၈၀၆၀၇၆၈၅၁၈၅၂

ထိုအခါ တိထီနှစ်နှင့်ဝေါဟာရနှစ်တို့အကြား ကွာခြားချက်မှာ -

တိထီ တစ်နှစ်ရှိရက်ပေါင်း =
၃၆၀.၀၀
တစ်နှစ်ရှိ ခယရက် (ဒိန္နက်သဲရက်) ပေါင်း =
၅.၈၀၆၀၇၆၈၅၁၈၅၂
ဝေါဟာရသံဝစ္ဆရတစ်နှစ်ရှိရက်ပေါင်း =
၃၅၄.၁၉၃၉၂၃၁၄၈၁
ဝေါဟာရတစ်နှစ်ရှိရက်ပေါင်း =
၃၅၄.၀၀
တစ်နှစ်တွင် ကွာခြားသောရက်ပေါင်း =
ဝ.၁၉၃၉၂၃၁၄၈၁၄၈
တစ်ရက်ပြည့်ရန်လိုသောနှစ်ပေါင်း =
၅.၁၅၆၆၈၁၉၆၁၆၄၅ နှစ်
တစ်ရက်ပြည့်ရန်လိုသောရက်ပေါင်း =
၁၈၈၃.၅၂၃၂၄၀၈၈ ရက်

ထိုအခါ သူရိယမာသတစ်နှစ်တွင် ၀.၁၉၃၉၂၃၁၄၈၁၄၈ ရက် (၄ နာရီ ၃၉ မိနစ် ၁၄.၉၆ စက္ကန့်) လိုနေပေသည်။ ထိုအခါ ၅.၁၅၆၆၈၂ နှစ်တိုင်း သို့မဟုတ် ၁၈၈၃.၅၂၃၂၄၀၈၈ ရက် (၁၈၈၃ ရက်၊ ၁၂ နာရီ၊ ၃၃ မိနစ်၊ ၂၈.၀၁၂ စက္ကန့်) တိုင်း တစ်ရက် အကြွေးတင်လာသည်။ ထိုတစ်ရက်ကို ပြန်ဖြည့်ရန် ရက်ငင်ပေးရသည်။ ဆိုလိုသည်မှာ ထိုလိုနေသောရက်ကို ပြန်ဖြည့်ပေးရန် ၁၈၈၃ ရက်ကြာတိုင်း တစ်ရက်အစား ပြန်ထည့်ပေးရသည်။ ၎င်းကို ရက်ငင်သည်ဟု ခေါ်သည်။ 

            အကယ်၍ရက်မငင်ခဲ့လျှင် တိထီနှင့်ဝေါဟာရမာသတို့ မညီညွတ်သဖြင့် ပြက္ခဒိန်မှ လပြည့်၊ လကွယ်တို့သည် သဘာဝ လပြည့်၊ လကွယ်တို့နှင့် ကိုက်ညီမည်မဟုတ်။ ထိုအခါ ဗုဒ္ဓဘာသာဝင်တို့၏ ဥပုသ်သီလ ဆောက်တည်သော ရက် များသည်လည်း အမှားမှား အယွင်းယွင်းဖြစ်ကုန်ပေလိမ့်မည်။ လိုနေသောရက်ကိုငင်ပြီး ပြန်ညှိပေးမှ လပြည့်လကွယ်၊ နေကြတ်လကြတ်ရက်တို့ ကိုက်ညီပေမည်။
 

ရက်
နာရီ
မိနစ်
စက္ကန့်
သဘာဝရက်ငင်တစ်ကြိမ်ပြို =
၁၈၈၃
၁၂
၃၃
၂၈
စန္ဒြမာသ ၆၄ လ ရှိရက်ပေါင်း =
၁၈၈၉
၂၂
၅၈
၅၉


ဝေါဟာရမာသ ၆၄ လ အတွက် ပြက္ခဒိန်စီစဉ်လျှင် အောက်ပါအတိုင်းရပါမည်။

ရက်မစုံလများ
၃၁
x
၂၉
=
၈၉၉
ရက်
ရက်စုံလများ
၃၃
x
၃၀
=
၉၉၀
ရက်
ပေါင်း
=
၁၈၈၉
ရက်

သာမန်နှစ် ၃ နှစ် =
၃၅၄
x
=
၁၀၆၂
ရက်
ဝါငယ်ထပ် ၁ နှစ် =
၃၈၄
x
=
၃၈၄
ရက်
ဝါကြီးထပ် ၁ နှစ် =
၃၈၅
x
=
၃၈၅
ရက်
ရက်မစုံ ၂ လ =
၂၉
x
=
၅၈
ရက်
၁၈၈၉
ရက်

ဝေါဟာရမာသ ၆၄ လတွင် ၁၈၈၉ ရက် အတိအကျထွက်သော်လည်း စန္ဒြမာသ ၆၄ လတွင်မူ အထက်ပါဇယား အတိုင်း ၁၈၈၉ ရက်၊ ၂၂ နာရီ၊ ၅၈ မိနစ်၊ ၅၉ စက္ကန့်ရှိသဖြင့် ဝေါဟာရနှစ်များထက် ၂၃ နာရီခန့် ကွာနေသည်။ ထိုကွာနေခြင်း ကို ဝေါဟာရမာသတွင် တစ်ရက်တိုးပေးလိုက်ခြင်းဖြင့် ပြန်ညှိယူနိုင်သည်။ ထိုအခါ ပြက္ခဒိန်မှာ အောက်ပါအတိုင်း ဖြစ်သွား မည်။

သာမန်နှစ် ၃ နှစ် =
၃၅၄
x
=
၁၀၆၂
ရက်
ဝါငယ်ထပ် ၁ နှစ် =
၃၈၄
x
=
၃၈၄
ရက်
ဝါကြီးထပ် ၁ နှစ် =
၃၈၅
x
=
၃၈၅
ရက်
ရက်မစုံ ၁ လ =
၂၉
x
=
၂၉
ရက်
ရက်စုံ ၁ လ =
၃၀
x
=
၃၀
ရက်
ပေါင်း
၁၈၉၀
ရက်

ရက်ငင်ခြင်းတွင်လည်း လထပ်မှာကဲ့သို့ပင် ရက်ငင်ပြိုသောအချိန်၌ ရက်ငင်ပေးလိုက်လျှင် တိထီ၊ လပြည့်လကွယ် များ ပြည့်စုံ မှန်ကန်ပြီး သဘာဝနှင့်ပြက္ခဒိန် ကိုက်ညီမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံလထပ်စည်းကမ်းများအရ ရက်ငင် ပြိုချိန်၌ ရက်ငင်ခြင်းမပြုနိုင်။

            မြန်မာရက်ငင်စည်းကမ်းသည် -

၁။ နယုန်လ၌သာ ရက်ငင်ရခြင်း

၂။ လထပ်သောနှစ်များ၌သာ ရက်ငင်ရခြင်း

က) ရက်ငင်ချိန်ကြုံသော်လည်း ထိုနှစ်သည် လထပ်နှစ်မဟုတ်က ရက်ငင်ခြင်းမပြုရချေ။

ခ) ရက်ငင်ချိန်ပင် မကြုံသော်လည်း လွန်ခဲ့သောနှစ်၌ ရက်ငင်ကြုံခဲ့၍လည်းကောင်း၊ နောင်လာလတ္တံ့သောနှစ်၌ ရက်ငင် ကြုံမည် ဖြစ်လျှင်သော်လည်းကောင်း၊ ဤနှစ်၌ပင် ရက်ငင်ပြီး ၀ါကြီးထပ်နှစ် ပြုရမည်။ 

၃။ ဒုတိယ၀ါဆိုလပြည့်သည် သာမန်အားဖြင့် တိထီ ၁၅ အားပြည့်သော် ရက်ငင်မပြုရချေ။ တိထီ ၁၅ အားမပြည့်သော် ရက်ငင် ရချေသည်။

            ဤသို့စည်းကမ်းချက်ထုတ်ထားသောကြောင့် ဝေါဟာရမာသ ၆၄ လကြုံသော်လည်း ရက်မငင်နိုင်ချေ။ မြန်မာ ပြက္ခဒိန်တွင် ရက်ငင်တစ်ကြိမ်နှင့်တစ်ကြိမ်သည် ၃ နှစ်မှ ၆ နှစ်ထိ ကွာခြားသည်။ တစ်ခါတစ်ရံ ၈ နှစ်ထိပင် စောင့်ပြီး ရက်ငင်သည်။ ရက်ငင်ပြိုချိန်သည် ၁၈၉၀ ရက်နီးပါးဖြစ်ရာ မှန်ကန်သောပြက္ခဒိန်တစ်ခုဖြစ်စေရန် ရက်ပေါင်း ၁၈၉၀ ရှိတိုင်း တစ်ကြိမ်ရက်ငင်ရပါမည်။ သို့သော် ၀ါထပ်သောနှစ်များ၌သာ ရက်ငင်ရမည်ဟု စည်းကမ်းချက်ထုတ်ထားသဖြင့် ၅ နှစ် တစ်ကြိမ်၊ သို့မဟုတ် ၆ နှစ်တစ်ကြိမ် ရက်ငင်ပါက အမှန်တရားနှင့် ပိုမိုနီးစပ်နိုင်ပါသည်။  

၃၊ ၃၊ ၁။ အဓျာဟရက်ငင်ပြိုချိန်၏ သုဒ္ဓဒိန်ရက်တွက်နည်း

၃၊ ၃၊ ၁၊ ၁။ ပထမနည်း

            ဤပထမနည်းမှာ ဆရာကြီးဦးကျော်ငြိမ်း၏ ၀ါထပ်ရက်ငင် ၀ိဝါဒ ငြိမ်းချမ်းရေးကျမ်းမှ ဖြစ်၏။

v  (၁) ကလိယုဂ်နှစ်ကို အဓျာဟရက်ငင်ပေါင်းနှင့် မြှောက်ပြီး စတုယုဂ်နှစ်ပေါင်းနှင့်စားပါ။ စားလဒ်သည် ကလိယုဂ်နှစ်ဆန်း မှသည် တွက်လိုသောနှစ်၏ အတာနေ့တိုင် ပြိုခဲ့ပြီးသော ရက်ငင်အကြိမ်ပေါင်း ဖြစ်၏။

v  (၂) စားကြွင်းကို ရက်ငင်တစ်ကြိမ်ပြို သာဝနရက်ပေါင်းနှင့် မြှောက်ပြီး စတုယုဂ်နှစ်ပေါင်းနှင့်စားပါ။ စားလဒ်သည် အတိတ် ရက်ငင်ပြိုခဲ့သည်မှ တွက်လိုသောနှစ်၏ အတာနေ့အထိရှိသော သုဒ္ဓဒိန်ရက်၊နာရီ၊မိနစ် စသည် ဖြစ်၏။

v  (၃) ရက်ငင်တစ်ကြိမ်ပြို သာဝနရက်ပေါင်းတွင် ထိုအတိတ် ရက်၊ နာရီ၊ မိနစ် စသည်တို့ကို နှုတ်လျှင် ယခုတွက်နေ သောနှစ်၏ အတာနေ့မှစ၍ ရက်ငင်ပြိုသည့်နေ့တိုင်အောင်ရှိသော သုဒ္ဓဒိန် ရက်၊ နာရီ၊ မိနစ်တို့ကို ရပါသည်။

နမူနာ (၁)

 
၁၃၀၉ ခုနှစ်အတွက် -

မြန်မာသက္ကရာဇ်
၁၃၀၉
၃၇၃၉
ကလိယုဂ်နှစ်
၅၀၄၈
အဓျာဟရက်ငင်ပေါင်း =
၈၃၇၇၄၈
၄၃၂၀၀၀၀
၄၂၂၈၉၅၁၉၀၄
၉၇၈
(ပြိုပြီး ရက်ငင်အကြိမ်ပေါင်း)
၄၂၂၄၉၆၀၀၀၀
၃၉၉၁၉၀၄
(စားကြွင်း)
ရက်ငင်တစ်ကြိမ်ပြိုရက်ပေါင်း =
၁၈၈၃.၅၂၃၂၄၀၈၈
၄၃၂၀၀၀၀
၇၅၁၈၈၄၃၉၅၉
၁၇၄၀.၄၇၃၁၃၈၇၄
(အတိတ် သုဒ္ဓဒိန်ပေါင်း)
ရက်ငင်တစ်ကြိမ်ပြိုရက်ပေါင်း =
၁၈၈၃.၅၂၃၂၄၀၈၈
အတိတ် သုဒ္ဓဒိန်ရက်ပေါင်း =
၁၇၄၀.၄၇၃၁၃၈၇၄
အနာဂတ် သုဒ္ဓဒိန်ရက်ပေါင်း =
၁၄၃.၀၅၀၁၀၂၁၃၉


            ထို့ကြောင့် ၃၊ ၂၊ ၂၊ ၁။ မှ ဇယားကိုကြည့်လျှင် ၁၃၀၉ ခုနှစ်အတွက် သိဟ်ရာသီ၌ ရက်ငင်ပြိုကြောင်း သိနိုင်ပါသည်။

            ၎င်းကို ဝေါဟာရပြက္ခဒိန်၌ သုဒ္ဓဒိန်ရက်တွက်ကြည့်လျှင် အောက်ပါအတိုင်း ရပါသည်။
 

ရက်ပေါင်း
မှတ်ချက်
တန်ခူး
 
တန်ခူးလဆုတ် ၁၂ ရက်မှ တန်ခူးလကွယ်ထိ
ကဆုန်
 
၃၀
နယုန်
 
၂၉
ဝါဆို
 
၃၀
ဝါခေါင်
 
၂၉
တော်သလင်း
၂၂
တော်သလင်းလဆန်း ၁ ရက်မှ လဆုတ် ၇ ရက်ထိ
၁၄၃

            ထို့ကြောင့် ၁၃၀၉ ခုနှစ်၊ တော်သလင်း လဆုတ် ၇ ရက်နေ့တွင် ရက်လွန်ပြိုသည်။

 
၃၊ ၃၊ ၁၊ ၂။ ဒုတိယနည်း

 
            ဤဒုတိယနည်းမှာ ဆရာဦးအုန်းကြိုင်၏ မြန်မာ့ပက္ခဒိန် သုတေသနကျမ်းမှ ဖြစ်၏။

 
v  မြန်မာသက္ကရာဇ်တွင် ၃၇၃၉ ပေါင်းလျှင် ကလိယုဂ်နှစ်ကိုရမည်။

v  ကလိယုဂ်နှစ်ပေါင်းကို သူရိယမာသတစ်နှစ်ရှိ သာဝနရက်ပေါင်း ၃၆၅.၂၅၈၇၅၆ ဖြင့်မြှောက်သော် တွက်လိုသောနှစ်၏ သာဝနရက်ပေါင်းကိုရမည်။

v  ထိုသာဝနရက်ပေါင်းကို အဓျာဟရက်ငင်တစ်ကြိမ်ပြိုရက်ပေါင်း ၁၈၈၃.၅၂၃၂၄၀၈၈ ဖြင့်စားပါ။

v  စားလဒ်သည် ပြိုခဲ့ပြီးသော အဓျာဟရက်ငင်ပေါင်းဖြစ်၏။

v  စားကြွင်းကား ယခင်အဓျာဟရက်ငင်ပြိုခဲ့ချိန်မှစ၍ ယခုတွက်နေသောနှစ်စ(သင်္ကြန်အတက်ရက်) တိုင်အောင်ရှိသော အတိတ် သုဒ္ဓဒိန်ရက်ပေါင်းဖြစ်၏။

v  အဓျာဟရက်ငင်တစ်ကြိမ်ပြိုရက်ပေါင်း ၁၈၈၃.၅၂၃၂၄၀၈၈ မှ ထိုအတိတ် သုဒ္ဓဒိန်ရက်ပေါင်းကို နှုတ်လိုက်လျှင် တွက်နေသောနှစ်အတွက် အနာဂတ်သုဒ္ဓဒိန်ရက်ပေါင်းကို ရမည်။ ဆိုလိုသည်မှာ နှစ်ဆန်းတစ်ရက်နေ့အစမှ သည် အဓျာဟရက်ငင်ပြိုချိန်တိုင်အောင်ရှိသော ရက်စုစုပေါင်းဖြစ်၏။ 

 
နမူနာ (၂)

 
၁၃၁၉ ခုနှစ်အတွက် -

မြန်မာသက္ကရာဇ်
၁၃၁၉
၃၇၃၉
ကလိယုဂ်နှစ်
၅၀၅၈
သူရိယမာသတစ်နှစ်ရှိ သာဝနရက်ပေါင်း=
၃၆၅.၂၅၈၇၅၆၄၈၁၄၈၁
၁၈၈၃.၅၂၃၂၄၀၈၈
၁၈၄၇၄၇၉
၉၈၀ (ပြိုပြီး ရက်ငင်အကြိမ်ပေါင်း)
၁၈၄၅၈၅၃
၁၆၂၆.၀၁၄၂၂၀၉၃၀၆၃
(စားကြွင်း) (အတိတ် သုဒ္ဓဒိန်ရက်)
အဓျာဟရက်လွန်တစ်ကြိမ်ပြိုရက်ပေါင်း =
၁၈၈၃.၅၂၃၂၄၀၈၈
အတိတ် သုဒ္ဓဒိန်ရက်ပေါင်း =
၁၆၂၆.၀၁၄၂၂၀၉၃၁
အနာဂတ် သုဒ္ဓဒိန်ရက်ပေါင်း =
၂၅၇.၅၀၉၀၁၉၉

 
            ထို့ကြောင့် သက္ကရာဇ် ၁၃၁၉ ခုနှစ်၏ သုဒ္ဓဒိန် ၂၅၈ ရက်တွင် အဓျာဟရက်လွန်ပြို၏။

 
၃၊ ၃၊ ၁၊ ၃။ တတိယနည်း


            ဤဒုတိယနည်းမှာ ဆရာဦးအုန်းကြိုင်၏ မြန်မာ့ပက္ခဒိန် သုတေသနကျမ်းမှ ဖြစ်၏။

 မြန်မာသက္ကရာဇ်တွင် ၃၇၃၉ ပေါင်းလျှင် ကလိယုဂ်နှစ်ကိုရမည်။
ကလိယုဂ်နှစ်ပေါင်းကို တစ်နှစ်၏ ဒိန္နက်သဲရက် (ခယရက်) ပေါင်း ၅.၈၀၆၀၇၆၈၅၁၈၅၁၈၅ ဖြင့်မြှောက်။ မြှောက်ရကိန်း၏ ရက်ပိုင်းသည် တွက်လိုသောနှစ်၏ ခယရက်ပေါင်း ဖြစ်၏။ (ဒိန္နက်သဲရက်ကို ၃၊ ၁ တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။) ၎င်းခယရက် များ၏ ဒသမပိုင်းကို ရက်ငင်တစ်ကြိမ်ပြို သာဝနရက်ပေါင်း ၁၈၈၃.၅၂၃၂၄၀၈၈ ဖြင့်မြှောက်လျှင် ထိုနှစ်အတွက် ရက်ငင်ပြို သော သုဒ္ဓဒိန်ရက်ကို ရပါသည်။

 
နမူနာ (၃)

 
၁၃၁၉ ခုနှစ်အတွက် -

မြန်မာသက္ကရာဇ် =
၁၃၁၉
၃၇၃၉
ကလိယုဂ်နှစ် =
၅၀၅၈
တစ်နှစ်၏ ဒိန္နက်သဲရက် (ခယရက်) ပေါင်း =
၅.၈၀၆၀၇၆၈၅၁၈၅
၂၉၃၆၇.၁၃၆၇၁၆၆၇
ကိန်းပြည့်ကိုပယ်၊ ဒသမစွန်းကိုယူ =
ဝ.၁၃၆၇၁၆၆၇
ရက်လွန်တစ်ကြိမ်ပြို သာဝနရက်ပေါင်း =
၁၈၈၃.၅၂၃၂၄၀၈၈
သုဒ္ဓဒိန်ရက်ပေါင်း =
၂၅၇.၅၀၉၀၁၉၁

 
            ရက်ငင်ပြို သုဒ္ဓဒိန်ရက်၏ အချိန်နာရီ အတိအကျမလိုပါ။ ရက်ငင်ပြိုချိန်ရောက်သည့်တိုင် ၀ါထပ်သောနှစ်များ၌သာ ရက်ငင်ရသည်ဖြစ်ရာ မည်သည့်နှစ်တွင် ရက်ငင်ပြိုသည်ကို သိရလျှင်လုံလောက်ပြီဖြစ်ပြီး သုဒ္ဓဒိန် အစင်အကြယ်တွက်ရန်မူ မလိုအပ်ပါချေ။

မြန်မာ
ရက်လွန်ပြို
ရက်လွန်ပြို
 
သက္ကရာဇ်
အကြိမ်ပေါင်း
သုဒ္ဓဒိန်
ဝါကြီးထပ်နှစ်များ
၁၃၀၄
၉၇၇
၈၆
(၁၃၀၄)
၁၃၀၉
၉၇၈
၁၄၃
(၁၃၁၂)
၁၃၁၄
၉၇၉
၂၀၀
(၁၃၁၅)
၁၃၁၉
၉၈၀
၂၅၈
(၁၃၂၃)
၁၃၂၄
၉၈၁
၃၁၅
(၁၃၂၆)
၁၃၃၀
၉၈၂
(၁၃၃၁)
၁၃၃၅
၉၈၃
၆၄
(၁၃၃၉)
၁၃၄၀
၉၈၄
၁၂၁
(၁၃၄၂)
၁၃၄၅
၉၈၅
၁၇၈
(၁၃၄၇)
၁၃၅၀
၉၈၆
၂၃၆
(၁၃၅၃)
၁၃၅၅
၉၈၇
၂၉၃
(၁၃၅၈)
၁၃၆၀
၉၈၈
၃၅၀
(၁၃၆၃)
၁၃၆၆
၉၈၉
၄၂
(၁၃၆၉)
၁၃၇၁
၉၉၀
၉၉
(၁၃၇၂)
၁၃၇၆
၉၉၁
၁၅၇
 
၁၃၈၁
၉၉၂
၂၁၄
 
၁၃၈၆
၉၉၃
၂၇၁
 
၁၃၉၁
၉၉၄
၃၂၈
 
၁၃၉၇
၉၉၅
၂၀
 
၁၄၀၂
၉၉၆
၇၇
 
၁၄၀၇
၉၉၇
၁၃၅
 
၁၄၁၂
၉၉၈
၁၉၂
 
၁၄၁၇
၉၉၉
၂၄၉
 
၁၄၂၂
၁၀၀၀
၃၀၆
 
၁၄၂၇
၁၀၀၁
၃၆၄
 
၁၄၃၃
၁၀၀၂
၅၆
 
၁၄၃၈
၁၀၀၃
၁၁၃
 
၁၄၄၃
၁၀၀၄
၁၇၀
 
၁၄၄၈
၁၀၀၅
၂၂၇
 
၁၄၅၃
၁၀၀၆
၂၈၄
 
၁၄၅၈
၁၀၀၇
၃၄၂
 
၁၄၆၄
၁၀၀၈
၃၄
 
၁၄၆၉
၁၀၀၉
၉၁
 
၁၄၇၄
၁၀၁၀
၁၄၈
 
၁၄၇၉
၁၀၁၁
၂၀၅
 
၁၄၈၄
၁၀၁၂
၂၆၃
 
၁၄၈၉
၁၀၁၃
၃၂၀
 
၁၄၉၅
၁၀၁၄
၁၂
 
၁၅၀၀
၁၀၁၅
၆၉
 

  ဆက်ပါဦးမည်။
 
အေးငြိမ်း
၃ စက်တင်ဘာ၊ ၂၀၁၂ ည ၁၁း၄၈ နာရီ


No comments: