Wednesday, April 11, 2012

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင် ဟောပြောပွဲ - ၎


စတုတ္ထပိုင်း

အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ် (၁၅ မိနစ်)

မြန်မာပြည် စံနှုံးကော်မတီဖွဲ့စည်းကာ နိုင်ငံတကာစံနှုံးများနှင့်ကိုက်ညီစေမည့် မြန်မာပြည်သုံး တိုင်းတာရေးစံနှုံးတစ်ခု ပေါ်ပေါက်လာစေရန် ဆောင်ရွက်ခြင်း (Metric System? ။ မြန်မာ တင်း၊ တောင်း၊ ပိဿာ၊ ကျပ်သား)

ပထမပိုင်း လုပ်ငန်းလမ်းညွှန်များရေးဆွဲရန် ပြောခဲ့စဉ်က လုပ်ငန်းလမ်းညွှန်များရေးဆွဲရန် အခြေခံစံနှုံးတစ်ခု လိုသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် သုံးမည့် အခြေခံစံနှုံးတစ်ခုပေါ်ပေါက်လာအောင် ၀ိုင်းဝန်းဆောင်ရွက်ကြရမည့်အကြောင်း ပြောခဲ့ပါသည်။

မြန်မာတစ်ပြည်လုံးအတွက် အခြေခံစံနှုံးသတ်မှတ်ပြဌာန်းရေးဆွဲရေးအတွက် ငွေကြေး၊ အချိန်နှင့် အင်အားများစွာ လိုပါလိမ့် မည်။ သို့သော် မြန်မာပြည်ကို နိုင်ငံတကာစီးပွားရေးလောကနှင့်ဆက်ဆံတော့မည်ဆိုလျှင် စံနှုံးသတ်မှတ်ချက်တစ်ခု မဖြစ်မနေ လိုပါလိမ့်မည်။ ပထမဦးဆုံးလိုမည်မှာ စံအလေးချိန်ခွင်တင်းတောင်းများအတွက် ပစ္စည်းအမျိုးအစား၊ ဖိအား၊ အပူချိန်စသည် သတ်မှတ်ချက်ဖြစ်ပါမည်။ ထို့နောက် နိုင်ငံတကာသုံး (ဗြိတိသျှစနစ် နှင့် မက်ထရစ်စနစ်) နှင့် ညီမျှသည့် ပြည်တွင်း အချင် အတွယ် အတိုင်းအတာ စံအတိုင်းအတာ (ဥပမာ - စပါးတစ်တင်းလျှင် ကုဗပေမည်မျှ၊ ကုဗမီတာမည်မျှ၊ စပါးတစ်တင်း အလေးချိန်သည် ပေါင်မည်မျှ၊ ကီလိုဂရမ်မည်မျှ စသည်) သတ်မှတ် ပေးရပါမည်။ ထိုအလေးချိန်ခွင်တင်းတောင်းများ ထုတ်လုပ်ရန် လိုအပ်သောစက်။ ထုတ်လုပ်လိုက်သော အလေးချိန်ခွင် တင်းတောင်းများကို ပြန်လည်ချိန်ကိုက်မည့်စက် (Calibration) အစရှိသည်တို့ကို ၀ယ်ယူရပါမည်။ ပုဂ္ဂလိက ကုမ္ပဏီများက ထုတ်လုပ်မည်ဆိုလျှင် ထိုကုမ္ပဏီများမှ စက်ကိရိယာ၊ ထုတ်လုပ်ထားသောပစ္စည်း အစရှိသည်တို့ကို စစ်ဆေးရန် အာဏာပိုင်အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထားရန် လိုပါမည်။ (ဥပမာ - စံနှုံးအာဏာပိုင်အဖွဲ့ - Standardization Authority)

ထို့နောက် စံကိုက်အလေးချိန်ခွင်၊ တင်းတောင်းများ ထုတ်လုပ်ရောင်းချကာ လက်ရှိသုံးနေသော အလေးချိန်ခွင်တင်းတောင်း များအား အချိန်အတိုင်းအတာတစ်ခုအတွင်း အပြီးသတ် အစားထိုးလဲလှယ်သုံးစွဲစေခြင်း။ ထိုအလေးချိန်ခွင်တင်းတောင်းများ ကို မှန်မမှန်စစ်လိုပါက ပြန်လည်ချိန်ကိုက်လိုလျှင် (calibration) အလွယ်တကူ ချိန်ကိုက်စေနိုင်ရန် ချိန်ကိုက်စက်များကို ပြည်သူအများ လက်လှမ်းတမီတွင် ထားပေးခြင်း။    

ထုပ်လုပ်ရောင်းချလိုက်သော စံအလေးချိန်ခွင်တင်းတောင်းများနှင့် ပတ်သက်၍ ပြည်သူများသို့ အသိပေးခြင်း။ ပြည်သူအများ လိုက်နာဆောင်ရွက်စေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် လိုပါသည်။

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် ပတ်ဝန်းကျင် အက်ဥပဒေ နှင့် ထိုအက်ဥပဒေကို အထောက်အကူပြုမည့် နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ ရေးဆွဲခြင်း

ယခု ဟောပြောပွဲမှရရှိလာသော တင်ပြချက်များကို ဌာနဆိုင်ရာ အကြီးအကဲများအနေနှင့် အသေးစိတ် တိုင်ပင်ဆွေးနွေး ညှိနှိုင်းကာ လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နိုင်ပါသည်။ ကျွန်တော်မှ လိုအပ်သည့်အကြံဉာဏ်များပေးရန် အသင့် ရှိပါသည်။ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျွန်တော်တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်ပေးမည် ဖြစ်ပြီး ကျွန်တော် လက်ရှိလုပ်နေသော စင်ကာပူနိုင်ငံမှ Safety Consultant ကုမ္ပဏီအားလည်း လိုအပ်လျှင် ပါဝင်အားဖြည့်နိုင်ရန် အသိပေးထားပြီး ဖြစ်ပါသည်။

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် ပတ်ဝန်းကျင် အက်ဥပဒေ နှင့် နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ ရေးဆွဲရာတွင် ရည်ညွှန်းရန် လိုအပ်မည့် နိုင်ငံတကာ စံချိန်စံညွှန်းစာအုပ်များလည်း ကျွန်တော်တတ်နိုင်သလောက် စုဆောင်း ပေးပါမည်။ ၀ယ်ယူရန် လိုသည့်စာအုပ်များကို ၀ယ်ယူစုဆောင်းပေးပါမည်။ ယခု လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ စင်ကာပူနိုင်ငံ စံချိန်စံညွှန်းစာအုပ်အားလုံး နှင့် ISO စာအုပ်အချို့ ၀ယ်ယူထားရှိပြီး ဖြစ်ပါသည်။ British Standard စာအုပ်များပါ လိုပါလိမ့်မည်။ ဥပဒေနှင့်နည်းဥပဒေများကိုမူ အင်တာနက်မှ download လုပ်ယူနိုင်ပါသည်။ ကျွန်တော့်တွင် အမေရိကန်၊ သြစတေးလျ၊ ကနေဒါ နှင့် စင်ကာပူမှ ဥပဒေနှင့် နည်းဥပဒေစာအုပ် တော်တော်များများ download လုပ်ထားပြီး ဖြစ်ပါသည်။

ယခု ကျွန်တော် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် ပတ်ဝန်းကျင် စာအုပ်များ ဆက်လက်ရေးသားလျှက် ရှိရာ ထိုအက်ဥပဒေ၊ နည်းဥပဒေများရေးဆွဲရာတွင်လည်းကောင်း၊ လုပ်ငန်းလမ်းညွှန်များ ပြုစုရာတွင်လည်းကောင်း အထောက်အကူပြုလိမ့်မည်ဟု ယူဆပါသည်။

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် ပတ်ဝန်းကျင်အကြောင်း ပြည်သူလူထုကို အသိပညာပေးခြင်း

ယခု ကျွန်တော် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် ပတ်ဝန်းကျင် စာအုပ်များရေးသားလျှက်ရှိရာ ထိုစာအုပ် များသည် ပြည်သူလူထု ပညာပေးအတွက် အထောက်အကူပြုပါလိမ့်မည်။ သို့သော် စာအုပ်ထက် ပိုစတာများ၊ လက်ကမ်း စာစောင်များက ပိုမိုကျယ်ပြန့် ထိရောက်ပါလိမ့်မည်။ ငွေကုန်ကျေးကြ မများလှသဖြင့် များများရိုက်နှိပ်ထုတ်ဝေကာ ကျေးလက် တောရွာများထိ ဖြန့်ဝေနိုင်ပါသည်။ 

ဗီဒီယိုများပြသခြင်း၊ လက်တွေ့သရုပ်ပြခြင်းများဖြင့်လည်း ပြည်သူလူထုကို စိတ်ပါဝင်စားလာအောင် ဆွဲဆောင်နိုင်ပါသည်။ ကလေးသူငယ်များအတွက် ကျန်းမာရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာတွန်းများ၊ game များ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ လုပ်ပေးခြင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ပါသည်။

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဇာတ်လမ်းရုပ်ရှင်တိုများရိုက်ကူးကာ မြန်မာ့ရုပ်မြင် သံကြားမှသော်လည်းကောင်း၊ ဗွီဒီယိုခွေများဖြင့်သော်လည်းကောင်း ပြသခြင်းဖြင့်လည်း ပြည်သူလူထုကို ပိုမိုစည်းရုံးနိုင် ပါသည်။

ဤသို့ပြုလုပ်ရာတွင် လက်ရှိဆောင်ရွက်နေသော ပုဂ္ဂလိက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် ပိုမိုအောင်မြင်မှု ရရှိနိုင်ပါသည်။

အားလုံးကိုကျေးဇူးတင်ပါသည်။

+++++++++++++++++++++++++++++++++++++++++++++++
နိဂုံး

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် ပတ်ဝန်းကျင်အကြောင်းကို နာမည်ကြီး အန္တရာယ်ကင်းရေး ကဗျာ တစ်ပုဒ်ဖြင့် အဆုံးသတ်ပါမည်။ မူရင်းကဗျာကို သူငယ်ချင်း Safety Officer တစ်ယောက်က ဘာသာပြန်ပေးပါရန် တောင်းဆို လာပါသဖြင့် ကျွန်တော်ဘာသာပြန်ထားတာ ဖြစ်ပါသည်။ အချို့စကားမချောသည့်နေရာများတွင် ကိုဌေးဝင်းနိုင် က ကူညီ ပြန်ဆိုပေးပါသည်။ နားထောင်ကြည့်ပါ။
I Choose To Look The Other Way - ငါတစ်ခြားလမ်းကို ရွေးခဲ့မိတယ်
I could have saved a life today,
But I chose to look the other way.
It wasn’t that I didn’t care,
I had the time, and I was there.
But I didn’t want to seem a fool,
Or argue over a safety rule.
I knew he’d done the job before,
If I called it wrong, he might get sore.
The chances didn’t seem that bad,
I’ve done the same, he knew I had.
So I shook my head and walked on by,
He knew the risks as well as I.
He took the chance, I closed an eye,
And with that act, I let him die.
I could have saved a life today,
But I chose to look the other way.
Now every time I see his wife,
I’ll know I should have saved his life.
That guilt is something I must bear,
But it isn’t something you need to share.
If you see a risk that others take,
That puts their health or life at stake.
The question asked, or thing you say,
Could help them live another day.
If you see a risk and walk away,
Then hope you never have to say,
I could have saved a life today,
But I chose to look the other way.
   
ငါ ဒီနေ့ အသက်တစ်ချောင်းကို ကယ်ဘို့ကြုံခဲ့တယ်
ဒါပေမဲ့ ငါ တစ်ခြားလမ်းကို ရွေးခဲ့မိတယ်
ငါ ဂရုမစိုက်လို့တော့ မဟုတ်ပါဘူး
ငါ အဲဒီနေရာမှာ ရှိနေပြီး ငါ့အတွက် အချိန်လည်းနှောင်းမနေခဲ့ဘူး
ဒါပေမဲ့ ငါ့ကို နေရာတကာပါသူလို့ အမြင်မခံစေချင်ခဲ့သလို
အန္တရာယ်ကင်းရေး စည်းမျဉ်းအတွက် အငြင်းမပွားလိုခဲ့ဘူး
သူ အရင်ကလည်း ဒီလိုလုပ်ဖူးတယ်ဆိုတာ ငါသိတယ်
တကယ်လို့သာ ငါက သူမှားနေတယ်လို့ ဆိုလိုက်ရင် သူ ဒေါသထွက်လိမ့်မယ်
ဆိုးဆိုးဝါးဝါးမဖြစ်လောက်ဘူးလို့လည်း တွက်ခဲ့မိတယ်
ငါကိုယ်တိုင် အဲသလိုလုပ်ခဲ့ဖူးတယ်၊ ဒါကိုသူလည်း အသိဆိုတော့
ငါလေ ခေါင်းခါပြီး ရှောင်ထွက်ခဲ့မိတယ်
ဒါဟာ အန္တရာယ်ဆိုတာ ငါသိသလို သူလည်းသိတာပဲ
သူ အရဲစွန့်ခဲ့သလို ငါလည်း မျက်စိတစ်ဖက်မှိတ်နေခဲ့
ငါ ဒီလိုနေလိုက်တာ သူ့ကို သေစေခဲ့သလို ဖြစ်သွားတယ်
ငါ ဒီနေ့ အသက်တစ်ချောင်းကို ကယ်ဘို့ ကြုံခဲ့တယ်


ဒါပေမဲ့ ငါ တစ်ခြားလမ်းကို ရွေးခဲ့မိတယ်

ခုတော့လေ ငါ သူ့ဇနီးကို တွေ့တဲ့ အခါတိုင်း
သူ့အသက်ကို ကယ်ခဲ့ဘို့ တသသဖြစ်ရတယ်
ဒီဝဋ်ကြွေးကို ငါ့တစ်သက်ခံပေဦးတော့
ဒါဟာ မင်း မျှဝေခံစားကောင်းတဲ့ အရာတစ်ခုတော့ မဟုတ်ပေဘူး
တကယ်လို့ တစုံတစ်ယောက်ကများ အန္တရာယ်ကို ဖိတ်ခေါ်နေတာ မင်းတွေ့ခဲ့ရရင်
ဒါဟာ သူတို့ဘ၀နဲ့၊ အသက်နဲ့ရင်းပြီးလုပ်နေတာပဲ ဆိုတာ
သူတို့ကို မေးခွန်းထုတ်စမ်းပါ၊ ရှင်းပြစမ်းပါ
နောက်နေ့မှာ သူတို့အသက်ဆက် ရှင်သန်နေဘို့ ကူညီလိုက်စမ်းပါ
အန္တရာယ်ကို မင်း မြင်ရက်ကနဲ့ မသိကျိုးကျွန်ပြု ထွက်သွားမယ်ဆိုရင်
နောက် ဘယ်တော့မှ နောင်တရဖို့လည်း မျှော်လင့်မထားပါနဲ့တော့
ငါ ဒီနေ့ အသက်တစ်ချောင်းကိုကယ်ဘို့ ကြုံခဲ့တယ်
ဒါပေမဲ့ ငါ တစ်ခြားလမ်းကို ရွေးခဲ့မိတယ်။        
အားလုံးကို ကျေးဇူးတင်ပါသည်။
+++++++++++++++++++++++++++++++++++++++++++++++
အမေးအဖြေကဏ္ဍ (မိနစ် ၂၀ သို့ နာရီဝက်)
(အသေးစိတ်ဆွေးနွေးလိုသူများ ရှိသေးပါက ညပိုင်းတွင် ထပ်မံချိန်းချက်ကာ ဆွေးနွေးနိုင်ပါသည်။)

No comments: