Wednesday, November 27, 2019

Tax before 6 mths for foreign workers


တစ်ယောက်က စင်ကာပူမှာ အလုပ်လုပ်တာ ၆ လမပြည့်ဘဲ အလုပ်ထွက်ရင်/အလုပ်ဖြုတ်လိုက်ရင် ဘာတွေဖြစ်မလဲလို့ မေးလာပါတယ်။

ကျွန်တော်သေသေချာချာ မသိပါ။

သူက ၆ လမပြည့်ဘဲ အလုပ်ထွက်/အလုပ်ဖြုတ်ခံရရင် အခွန် အများကြီးပေးရတယ်လို့ ဆိုကြောင်း screen shot ရိုက်ထားတာ ပြပြီးမေး။ အရင် အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်းစာအုပ်ရေးစဉ်ကတော့ အသေးစိတ်သိပါတယ်။ ဒါပေမယ့် အဲဒါက လွန်ခဲ့တဲ့ ၁၀ နှစ်အကျော်က။ အခု မမှတ်မိတော့။ အဲသဟာကြောင့် IRAS website မှာရှာတော့ ဟောဒါတွေ့ပါတယ်။
လိုအပ်သူများအတွက် . . . .

၁။
စင်ကာပူမှာ အလုပ်လုပ်တာ ရက် ၆၀ အောက်ဆို အခွန်ဆောင်စရာမလိုဘူး။
ဒါပေမယ့် ဒါရိုက်တာကြေးနဲ့ တခြား ဝင်ငွေခွန်တွေအတွက် ၂၀% ဆောင်ရမယ်။
အခွန်ကင်းလွတ်ခွင့်တွေ မရဘူး။
(စင်ကာပူမှာ အခွန်ဆောင်တဲ့အခါ ကိုယ်ကိုယ်တိုင်၊ အိမ်ထောင်ဘက်၊ သားသမီး စတာတွေအတွက် အခွန်လျှော့ပေးပါတယ်။)

၂။
စင်ကာပူမှာ အလုပ်လုပ်တာ ၆၁ ရက်ကနေ ၁၈၂ ရက် အထိဆိုရင် ၁၅% ဒါမှမဟုတ် ပုံမှန်ဆောင်နေကျ အခွန်နှုန်းထားအတိုင်း (အခွန်နှုန်းပိုမြင့်တာနဲ့တွက်မယ်) ဆောင်ရမယ်။ အဲဒါအပြင် ဒါရိုက်တာကြေးနဲ့ တခြား ဝင်ငွေခွန်တွေအတွက် ၂၀% ဆောင်ရမယ်။
အခွန်ကင်းလွတ်ခွင့်တွေ မရဘူး။

၃။
စင်ကာပူမှာ အလုပ်လုပ်တာ ၁၈၃ ရက် နဲ့ အထက်ဆိုရင်တော့ အခွန်ရုံးက သတ်မှတ်ထားတဲ့ နှုန်းတွေအတိုင်း ဆောင်ရပါမယ်။ အဲဒီအခွန်မှာတော့ သားစရိတ်၊ မယားစရိတ်နှုတ်လို့ရတယ်။




No comments: