Wednesday, November 27, 2019

ICJ နှင့် ဂမ်ဘလား (ဟုတ်ပေါင်) ဂမ်ဘီယာ


အချီး

ကျွန်ုပ်မှာ ဆက်တိုက်ဆိုသလို အလုပ်ကြီးများ (ကြီးကျယ်လိုက်တာ) ဆက်တိုက် လုပ်လိုက်ရသဖြင့် ရေးချင်တာလေး တွေတောင် မရေးရ။ မနည်းအောင့်ထားရလေသည်။

၁။ မြန်မာစားသုံးသူများသမဂ္ဂ၏ အစီရင်ခံစာကို ဘာသာပြန်ပေးခြင်း
၂။ PPE စာအုပ် တစ်အုပ်လုံး proof ဖတ်ခြင်း
၃။ ဆောက်လုပ်ရေးလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးစာအုပ်ကြီးတစ်အုပ်လုံးကို အစအဆုံးပြန်ပြီး proof ဖတ်ခြင်း
၄။ ဇန္နဝါရီထွက်မည့် MES မဂ္ဂဇင်းအတွက် ဆောင်းပါးရေးခြင်း

ထို့ပြင်တဝ စာကလည်း နေ့တိုင်းလိုလိုသင်နေရသေး ဆိုတော့ ထိုကိစ္စများကို ညကျမှ အိပ်ရေးပျက်ခံကာ လုပ်ရတာ ဖြစ်၏။

အဲသဟာတွေပြီးတော့ WSH MM ဂျာနယ်အတွက် Forklift Safety အကြောင်း ရေးမလို့ဟာ မြန်မာပြည် ပြန်မယ့်ရက်နဲ့ ကပ်နေတော့ သင်မယ့်စာတွေ၊ ပြောမယ့် အကြောင်းအရာတွေ ပြန်နွှေးအုံးမှ ဟု ဆက်မရေးတော့ဘဲ စာပြန်ဖတ်နေ ပါသည်။ (စာပြန်ဖတ်နေတယ်ဆိုလို့ စာဖတ်နေသူကြီး နဲ့ မမှားပါနဲ့ခင်ဗျာ။ အမှားမခံနိုင်ကြောင်းပါ။ ဤကား စကားချပ်)

သိပ်မအားလှသည့်ကြားမှပင် ရင်ထဲ ကျလိကျလိဖြစ်နေတာလေးတော့ ရေးပါရစေဦး။ တော်ကြာမမီလိုက်မှာစိုးလို့။

+++++++++++++++

အခြားသူများနှင့် မတူလှစွာပင် ကျွန်ုပ်ကတော့ ဂမ်ဘီယာက ကျွန်ုပ်တို့နိုင်ငံ ခေါင်းဆောင်များအပေါ် တရားစွဲတာကို ပိုလို့တောင် သဘောကျမိလေသေး၏။ အမှန်ဆို သူတို့ကို ကျေးဇူးတောင် တင်ရဦးမည်။ ထို့ထက် ၎င်းတို့ကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ရင်ဆိုင်မည်ဆိုသည်ကို အလွန်တရာမှပင် ဝမ်းသာလှလေသည်။

တကယ်ဆို မြန်မာနိုင်ငံက အခြေအနေမှန်တွေကို မသိချင်ယောင်ဆောင်ကာ (အဲလေ သိချင်မှလည်း သိပါမည်။) ဟိုသတ္တဝါတွေကို မျက်နှာသာပေးကာ အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများ၊ ဘာညာသာရကာ နိုင်ငံများက ကျွန်ုပ်တို့နိုင်ငံကို ချေးကိုခွေးနိုင်သကဲ့သို့ နိုင်ချင်တိုင်းနိုင်၊ ပေါက်တတ်ကရတွေ စည်းလွတ်ဝါးလွတ်၊ ပြေချင်တိုင်းပြော၊ ရေးချင်တိုင်း ရေးနေတာကို ကျွန်ုပ်တော့ဖြင့် မတတ်သာ၍သာ သည်းခံနေရသည်။ ဖြစ်နိုင်လျှင် ထိုသူများကို ဖနောင့်ပါးနေပြီဖြစ်သော ခုံဖိနပ်အစုတ်၌ ယခုမှ ပူပူနွေးနွေးယိုထားသော ခွေးချေးကိုနိုင်နိုင်လူးကာ ပါးကို ဘယ်ပြန်ညာပြန် သွားချချင်မိနေသည်မှာ လက်ယားနေတာ ဖြစ်၏။

ယခုတော့ဖြင့် အနှီဂမြင်းမသားတို့ ပြောချင်တိုင်း ပြောနေသည်မှာ ဘာတစ်ခုမှ အခြေအမြစ်မရှိကြောင်း လူစုံတက်စုံ ရှေ့၌ ရှင်းလင်းခွင့် ရပေတော့မည်။

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နှယ်နှယ်မဟုတ်ပါ။ ICJ ကိုသွားမည်ဆိုတော့ ဘယ်နည်းနှင့်မှ သူ လက်ချည်းသွားမှာ မဟုတ်။ အင်မတန်မှ ခိုင်လုံလှသော သက်သေ၊ သက္ကာယ အထောက်အထားများ တပွေ့တပိုက်ကြီးယူကာ, ကျကျနန ပြင်ဆင်ပြီး သွားမှာ အလွန့်အလွန် သေချာလှပါသည်။ သူခေါင်းမော့ ရင်ကော့သွားပြီဆိုကတည်းက သူ အလွန်သေချာလှ သောကြောင့် ဖြစ်သတည်း။ ကျွန်ုပ်ကတော့ သူ့ကို အလွန်တရာမှ ယုံကြည်ကိုးစားလှပါသည်။

ကျွန်ုပ်ကတော့ ဖြစ်နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းနေစဉ် လူမျိုးတုံးသတ်ဖြတ်နေပါသည်ဟု အခြေအမြစ်မရှိ စွပ်စွဲနေသည့် အနှီ ဒေါ့ဂ်မသားများမျက်နှာကို စေ့စေ့စပ်စပ် ကြည့်ရှု အကဲခတ်ချင်ပါသည်။ ဤအကြောင်း၊ ထိုအကြောင်းများကို ၎င်းတို့ကြားရပါက ပါးစပ်ကြီးများပြဲကာ မေးစေ့ကြီးများ အောက်ပြုတ်ကျလျက် မျက်လုံးကြီး အပြူးသားဖြစ်နေမှာ မြင်ယောင်မိသောကြောင့် ဖြစ်၏။

ငှယ် - အဲလိုလား
ဩော် - ဖစ်မှ ဖစ်ရလေစ်
အမေရေ - တစ်ခါဖြင့် သားတို့ထင်တာတွေ မှားကုန်ပါပေါ့ - စသဖြင့် အာမေဋိတ်ပေါင်းများစွာ ထွက်မလာဘူးလို့ မဆိုနိုင်။

တစ်ခုတော့ စိုးရိမ်မိပါသည်။

တစ်ဖက်က ဆယ့်နှစ်ကြိုးကဝေမ ပြုစားထားသဖြင့် မှိုင်းမိနေသူကဲ့သို့ မည်သည့်ပယောဂဆရာမှ မနိုင်သလိုမျိုးဖြစ်နေမှာ တစ်ခုသာ စိုးရိမ်ပါသည်။

အမှန်တရားများကို ပစ်ပယ်ကာ ဘယ်သူခွဲခွဲ၊ ဒို့မကွဲ (ဟုတ်ပေါင် - ယောင်ကုန်ပြီ) ဘယ်သူဘာပြောပြော၊ ဒို့ကတော့ ဒို့မယားပါသားတွေကို အသားကုန် ကာကွယ်မှာပဲကွ ဆိုလျှင်တော့ မပြောတတ်။

အနို့ ဟိုဘက်ခြမ်းက ကောင်တွေနဲ့က စီးပွားဘက်လေ။ မြန်မာနဲ့ ဘာစီးပွားဖက်စရာရှိလို့ဒုန်း။ သူတို့ ဘယ်လောက် ကျွေးမွေး ပေးကမ်းထားသလဲ မပြောတတ်။ စားသောက်ထားတာ စားပိုးတောင်နင့်နေလောက်ပြီ ထင်၏။ သိလို့ပြောတာ မဟုတ်ပါ။ ရမ်းတုတ်တာသာ ဖြစ်ပါသည်။

အမှန်တရားများ ပျောက်ဆုံးနေသော လောကြီး၌၊ အဓမ္မတရားများ ကြီးစိုးနေသော လောကကြီး၌ -
တရားကို နတ်စောင့်ပါစေသတည်း။
အဓမ္မကို ဓမ္မက နိုင်ပါစေသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၄ နိုဝင်ဘာလ၊ ၂၀၁၉

No comments: