Friday, July 26, 2019

Scissor Lift အကြောင်း သိကောင်းစရာ (1)



နိဒါန်း

မည်သည့်လုပ်ငန်း၌မဆို အမြင့်တစ်နေရာရာ၌ လုပ်ရသော လုပ်ငန်းများ ရှိကြသည်ချည်း ဖြစ်၏။ ထိုသို့ အမြင့်၌ အလုပ်လုပ်ရန် စက် သို့မဟုတ် စင် တစ်မျိုးမျိုးကို သုံးကြရသည်။ ဥပမာ - လှေခါး၊ ငြမ်းစင်၊ scissor lift, boom lift

ငြမ်းစင်ထိုးရာ၌ လေ့ကျင့်သင်ကြားပေးထားသူများက ကြီးကြပ်ရေးမှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့်သာ ငြမ်းစင်ထိုးရသည်။ ငြမ်းစင် ပေါ်၌ အလုပ်လုပ်သူများသည်လည်း လေ့ကျင့်သင်ကြားပေးထားသူများဖြစ်ရမည်။

ထို့အတူ scissor lift, boom lift, mast climber, gondola စသည့်စက်များဖြင့် အလုပ်လုပ်ရန်အတွက် သုံးမည့်သူများကို လေ့ကျင့်သင်ကြားပေးရသည်။ သို့မှသာ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်မည်။ မတော်တဆမှုများကို လျှော့ချနိုင်မည်။

ယခု အမြင့်၌ အလုပ်လုပ်ရာတွင် အသုံးပြုသောစက်များထဲမှ scissor lift အကြောင်း သိကောင်းစရာများကို စုစည်းတင်ပြ လိုက်ပါသည်။

ရည်ညွှန်း

၁။ Operator and Safety Manual, JLG, Doc No. 3120736, November, 2003
၂။ Operators & Safety, Service & Maintenance, Illustrated Parts, JLG, Doc No. 3120573, October, 1995



ဖတ်ပါ၊ အလေးဂရုပြုပါ။





အပိုင်း (၁) အန္တရာယ်ကင်းရေးအတွက် သတိထားစရာများ

၁၊ ၁။ အထွေထွေ

            Scissor lift ကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် စက်ကိုအသုံးမပြုမီ စက်ပိုင်ရှင်လက်စွဲစာအုပ်ကို ဦးစွာဖတ်ရှု လေ့လာ မှတ်သားကာ လိုက်နာသင့်သည်တို့ကို အတိအကျ လိုက်နာရမည် ဖြစ်ပါသည်။ စက်ပိုင်ရှင်လက်စွဲကို မဖတ်ဘဲ၊ စက်မောင်းရန် သေချာစွာ လေ့ကျင့်ပေးမထားဘဲ စက်ကို အသုံးပြုခြင်းမှာ အလွန်အန္တရာယ်များပါသည်။
            ထို့ပြင် ပိုင်ရှင်လက်စွဲ၌ ဖော်ပြထားသည့်အတိုင်း ပြုပြင်ထိန်းသိမ်းမှုကို ပုံမှန်လုပ်ရမည်။ ပြုပြင်ထိန်းသိမ်းမှုလုပ်သူသည် တကယ်နားလည် တတ်ကျွမ်းသူဖြစ်ရမည်။ ပြုပြင်ထိန်းသိမ်းမှုလုပ်စဉ် လက်စွဲစာအုပ်၌ ဖော်ပြထားသည့် အန္တရာယ်ကင်းရေး စည်းမျဉ်းများကို အတိအကျလိုက်နာရမည်။
            စက်ပိုင်ရှင်၊ စက်ကိုအသုံးပြုသူ၊ စက်ကိုမောင်းသူ၊ စက်ကိုငှားရမ်းသူ (ပေးသူ)၊ စက်ကိုငှားယူသူ (ယူသူ) တို့သည် စက်ပိုင်ရှင်လက်စွဲစာအုပ်ကို မဖတ်ဘဲ မည်သည့်တာဝန်ယူခြင်းမှ မပြုရ။ ၎င်းတို့သည် စက်သုံးခြင်းအတွက် ၎င်းတို့လိုက်နာရမည့် တာဝန် ဝတ္တရားများကို သိရှိထားရမည်။ ထိုတာဝန် တ္တရားများကို ANSI A92.6-1999: Sections 6, 7, 8, 9, 10 တို့တွင် ဖော်ပြထား၏။ ထိုအပိုင်းတို့တွင် စက်ပိုင်ရှင်၊ စက်ကိုအသုံးပြုသူ၊ စက်ကိုမောင်းသူ၊ စက်ကိုငှားရမ်းသူ၊ စက်ကိုငှားယူသူတို့အတွက် အန္တရာယ်ကင်းရေး၊ သင်တန်း၊ စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်း၊ မောင်းနှင်ခြင်းတို့ကို ဖြော်ပထားသည်။




၁၊ ၂။ စက်မမောင်းမီ

ü  စက်မောင်းသူသည် စက်ကိုမမောင်းမီ ပိုင်ရှင်လက်စွဲစာအုပ်ကို သေချာစွာ ဖတ်ရှုနားလည်ထားရမည်။ စက်ကို မည်ကဲ့သို့ ကိုင်တွယ်မောင်းနှင်ရမည်ကို သေချာစွာမသိဘဲ မမောင်းရ။ အလုပ်ရှင်သည် အလုပ်သမားတစ်ဦးအား စက်မောင်းနည်း ကို သေချာစွာ လေ့ကျင့်သင်ကြားပေးမထားဘဲ scissor lift ကို မောင်းနှင်ခိုင်းခြင်း မပြုရ။
ü  စက်မောင်းသူသည် စက်မှ အရေးပေါ်ခလုတ်များနှင့် ရင်းနှီးနေရမည်။ အရေးပေါ်အခြေအနေတွင် မည်ကဲ့သို့ ပြုလုပ်ရ မည်ကို သေချာစွာနားလည်သိရှိထားရမည်။
ü  လော်ရီ၊ ထရေလာ သို့မဟုတ် အခြားမည်သည့် ယာဉ်တစ်ခုခုမဆို အပေါ်တွင်ရှိနေစဉ် scissor lift ကို မမောင်းရ။ အပေါ်သို့ မြှင့်ခြင်း မပြုရ။
ü  စက်ကို အသုံးမပြုမီ စက်သုံးမည့်နေရာ အပေါ်တွင် ကောင်းကင်ဓာတ်အားလိုင်းများ၊ ထုပ်တန်းများ၊ ခေါင်မိုး စသည့်  အန္တရာယ်ဖြစ်စေနိုင်သည့်အရာများ ရှိနေမနေ စစ်ဆေးပါ။
ü  စက်မောင်းမည့်နေရာ ကြမ်းပြင်တွင် အဖုအထစ်များ၊ ကျွင်းများ၊ ချိုင့်များ၊ အနိမ့်အမြင့် မညီညာသောနေရာများ စသည် တို့ ရှိနေမနေ စစ်ဆေးပါ။ အန္တရာယ်များသည့်ပတ်ဝန်းကျင်တွင် စက်ကို အသုံးမပြုရ။
ü  စက်မောင်းမည့် ကြမ်းပြင်/မြေပြင်သည် စက်၏တာယာအနီး ကိုယ်ထည်ပေါ်တွင် ဖြော်ပထားသည့် တာယာဝန်အား (tire load) ကို ခံနိုင်ရည်ရှိသည်ထိ တောင့်တင်းခိုင်မာရမည်။
ü  လေတိုက်နှုန်း တစ်နာရီလျှင် ၂၈ မိုင် (တစ်နာရီလျှင် ၄၅ ကီလိုမီတာ) (၂၄ နော့ = 24 knot) ထက်ကျော်ပါက စက်ကို အသုံးမပြုပါနှင့်။
ü  စက်ကိုမမောင်းမီ ဦးစွာစစ်ဆေးပါ။ မစစ်ဆေးဘဲ စက်ကိုမမောင်းပါနှင့်။
ü  စက်၏ကြမ်းပြင်ပေါ်တွင် မည်သည့် အမှိုက်သရိုက်မှ ရှိမနေစေရ။ အလုပ်ပြီးသည့်အခါတိုင်း ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်ပါ။

၁၊ ၃။ စက်ကိုမောင်းနှင်ခြင်း

ü  ဤစက်ကို အလုပ်လုပ်ရန်အတွက် လူ၊ လက်သုံးကိရိယာ စသည်တို့တင်ဆောင်ခြင်းမှလွဲ၍ အခြား ရည်၇ွယ်ချက်ဖြင့် မသုံးရ။ (ဥပမာ - စင်တစ်ခုခုကို ထောက်ထားရန် သုံးခြင်း၊ တစ်နေရာသို့ တက်ရောက်ရန်သုံးခြင်း စသည်)
ü  စက်ကိုသုံးသူသည် စက်ပေါ်တွင် လူဘယ်နှစ်ယောက်၊ ပစ္စည်းအလေးချိန်မည်မျှ တင်နိုင်သည်တို့ကို သိထားရမည်။
ü  အန္တရာယ်ကင်းရေးအတွက် တပ်ဆင်ထားသည့် မည်သည့် ပစ္စည်းကိရိယာကိုမျှ ဖြုတ်ခြင်း၊ ပြင်ခြင်း၊ ပြောင်းရွှေ့ခြင်း မလုပ်ရ။
ü  စက်အထိန်းခလုတ်များကို ဖြည်းညင်းစွာ ရွှေ့ရမည်။ အထိန်းခလုတ်ကို ပြောင်းပြန်အရွေ့ (ဥပမာ - "ရှေ့သို့သွား" အနေအထားမှ "နောက်သို့သွား" အနေအထားသို့) ချက်ချင်းမပြောင်းရွှေ့ရ။ မည်သည့်ခလုတ်ကိုမဆို အနေအထား တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေလိုလျှင် အလယ် (neutral) သို့ ဦးစွာရွှေ့ပြီး စက်ကိုရပ်ရမည်။ ထို့နောက်မှ နောက် အနေ အထားတစ်ခုသို့ ရွှေ့ရမည်။ ဥပမာ - အထိန်းလက်တံကို "ရှေ့သို့သွား" အနေအထားမှ နောက်ဆုတ်သည့် အနေအထား ပြောင်းလိုလျှင် ဦးစွာ အလယ် (neutral) သို့ ရွှေ့ပါ။ ထို့နောက်မှ "နောက်သို့သွား" နေရာသို့ ရွှေ့ပါ။
ü  အလုပ်ပြီးသွား၍ စက်ကိုရပ်သည့်အခါတွင်လည်းကောင်း၊ စက်ကိုအသုံးမပြုဘဲ ကြာရှည်စွာရပ်ထားမည် ဆိုလျှင်သော် လည်းကောင်း၊ ဟိုက်ဒြောလစ်ကို အဆုံးထိမြှင့်ပြီး (စက်၏ပလက်ဖောင်းကို အဆုံးထိမြှင့်ထားပြီး) ရပ်မထားရ။ စက်ကို အနိမ့်ဆုံးရောက်သည်ထိ ဖြည်းညင်းစွာချပါ။ စက်မှမောင်းတံများသည် အောက်ဆုံးဘောင်ကို ဒုံးကနဲထိကာ ရပ်သွားပါ စေ။ စက်ကို ရပ်သည့်အခါဖြစ်စေ၊ တစ်နေရာမှ တစ်နေရာသို့ သယ်ပို့သည့်အခါဖြစ်စေ ဤအနေအထားအတိုင်း ထားရ မည်။
ü  အရေးပေါ်အခြေအနေများမှလွဲ၍ ပလက်ဖောင်းပေါ်တွင် တစ်ယောက်ယောက်ရှိနေစဉ် ကြမ်းပြင်မှနေ၍ အထိန်းခလုတ် များ အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်ထားရမည်။
ü  Scissor lift ကို ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းအတွက် အသုံးမပြုရ။
ü  လျှပ်စစ်သုံးကိရိယာများမှ ဝါယာကြိုးများကို Scissor lift ၏ လက်ရမ်းများတွင် တန်းလန်းဆွဲမထားရ။
ü  ကပ်နေသော ပျဉ်ပြားကို ဆွဲခွာခြင်း၊ ပျက်နေသော ယာဉ်တစ်ခုခုကိုဆွဲခြင်းအတွက် scissor lift ကိုမသုံးရ။ အကယ်၍ ဆွဲရန်လိုအပ်လာလျှင် အောက်ပိုင်းကိုယ်ထည်ရှိ ဆွဲရမည့်နေရာမှသာ ဆွဲပါ။
ü  အလုပ်ပြီးလျှင် စက်မောင်းတံအားလုံးကို ချပါ။ ပါဝါအားလုံးကို ပိတ်ခဲ့ပါ။
ü  Scissor lift ပေါ်လိုက်ပါသူအားလုံးသည် ကိုယ်သိုင်းကြိုး (body harness) ဝတ်ဆင်ကာ သတ်မှတ်ထားသည့်နေရာ (designated anchor point) တွင် ချိတ်ကို ချိတ်ထားရမည်။ ချိတ်ချိတ်ရမည့်နေရာတစ်ခုတွင် တစ်ဦးသာ ချိတ်ရမည်။ နှစ်ဦးမချိတ်ရ။




ü  စက်ပေါ်ရောက်သည်နှင့် စက်၏ ပလက်ဖောင်းရှိ အတက်အဆင်းနေရာကို ပိတ်ထားရမည်။
ü  အလုပ်လုပ်သည့်အခါ စက်၏ပလက်ဖောင်ကြမ်းပြင်ပေါ်တွင် ခြေနှစ်ချောင်းကို ခိုင်မြဲစွာရပ်ပါ။ ပလက်ဖောင်းကြမ်းပြင် ပေါ်၌သာ ရပ်ပါ။ အမြင့်တစ်နေရာသို့ ပိုရောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပလက်ဖောင်းပေါ်တွင် ပုံးများ၊ လှေခါးများ တင်၍သော်လည်းကောင်း၊ လက်ရမ်းပေါ်တွင် ပျဉ်ပြားများ တင်၍သော်လည်းကောင်း ထပ်ဆင့်ပြီး တက်ရပ်ခြင်းမပြုရ။
ü  Scissor lift ပေါ်အတက်အဆင်းပြုရာတွင် မောင်းတံများပေါ်နင်းပြီး အတက်အဆင်းမပြုရ။ သတ်မှတ်ထားသည့် ပလက် ဖောင်း အပေါက်မှသာ တက်၊ ဆင်းရမည်။
ü  Scissor lift ပေါ် တက်/ဆင်းရာတွင် အထူးသတိထားပြီး တက်/ဆင်းပါ။ ခြေချော်ကျတတ်သည်။ Scissor lift ပလက် ဖောင်းကို အနိမ့်ဆုံးသို့နှိမ့်ပြီးမှ တက်/ဆင်းရမည်။ အတက်အဆင်းလုပ်ရာတွင် စက်ဘက်သို့ မျက်နှာမူထားပါ။ လက်ကိုင် ကိုကိုင်ပြီး တက်/ဆင်းပါ။ အတက်အဆင်းလုပ်စဉ် လက်ထဲ၌ ဘာမှကိုင်မထားပါနှင့်။ လက်နှစ်ဘက်လုံး လွတ်နေပါစေ။
ü  Scissor lift မှနေ၍ အဆောက်အဦသို့သော်လည်းကောင်း၊ အဆောက်အဦမှ Scissor lift သို့သော်လည်းကောင်း လှမ်း တက်ခြင်း၊ ဆင်းခြင်း မပြုရ။ အကယ်၍ တက်/ဆင်းရန်လိုအပ်လာပါက Scissor lift ပလက်ဖောင်းမှ လူဝင်ထွက်သည့် အပေါက်မှ အဆောက်အဦသို့ အနည်းဆုံးအကျယ် ၃၀၀ မီလီမီတာရှိသည့် လျှောက်လမ်းခင်းပါ။ ထို့နောက် ကိုယ်သိုင်းကြိုးမှ တစ်ချောင်းကို အဆောက်အဦဘက်တွင်၊ အခြားတစ်ချောင်းကို scissor lift တွင် ချိတ်ပြီးမှ တက်/ဆင်း ရမည်။ တက်/ဆင်းရာတွင် 100% tie off (တစ်ချိန်တွင် အနည်းဆုံး အသက်ကယ်ကြိုးတစ်ချောင်း ချိတ်ထားရမည်။) သုံးရမည်။




ü  Scissor lift ကိုမသုံးမီ ဖိနပ်တွင် ပေနေသော ရွှံ့များ၊ ဖုန်၊ သဲများကို ဦးစွာ သန့်ရှင်းရေးလုပ်ပါ။
ü  မည်သည့်စက်ပစ္စည်း၊ ကိရိယာနှင့်မဆို အနည်းဆုံး ၁၀ ပေ (၃ မီတာ) ကွာရမည်။
ü  Scissor lift ကို သံထည်များနှင့် ပြုလုပ်ထားသည်ဖြစ်ရာ ဓာတ်ကြိုးများနှင့်ထိလျှင် ဓာတ်လိုက်တတ်ပါသည်။ ထို့ကြောင့် ကောင်းကင်ဓာတ်ကြိုးများနှင့် စိတ်ချရသော အကွာအဝေးတစ်ခုတွင်သာ အလုပ်လုပ်ရပါမည်။




ü  အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်သော ကောင်းကင်ဓာတ်ကြိုးများနှင့် အနီးဆုံး အကွာအဝေးမှာ အောက်ပါ ဇယား အတိုင်း ဖြစ်ပါသည်။





၁၊ ၄။ Scissor Lift လဲကျခြင်း အန္တရာယ်

ü  Scissor lift ရပ်တည်မည့်နေရာမှ မြေကြီး/ကြမ်းခင်းသည် scissor lift နှင့်တကွ ၎င်းအပေါ်တင်ဆောင်လာသည့် လူအား၊ ဝန်အား အားလုံးကို ခံနိုင်ရည်ရှိရမည်။ (ဘီးအနီးရှိ စက်၏ကိုယ်ထည်ပေါ်တွင် ဝန်အားကို ရေးထားပါသည်။)
ü   Scissor lift ကို အောက်တွင် ထောက်များမရှိသော ကြမ်းခင်းပေါ်၌ မရပ်ရ။
ü  Scissor lift ကို မောင်းသူသည် မိမိမောင်းနှင်မည့်ကြမ်းခင်း အနေအထားကို လေ့လာထားရမည်။ သတ်မှတ်ထားသည့် အစောင်းထောင့်ထက် ပိုမစောင်းစေရ။ Scissor lift လဲကျတတ်သည်။
ü  မညီညာသော မျက်နှာပြင်ပေါ်တွင်သော်လည်းကောင်း၊ စောင်းနေသည့် မျက်နှာပြင်တွင်သော်လည်းကောင်း၊ မျက်နှာပြင် အပျော့များပေါ်တွင်သော် လည်းကောင်း Scissor lift ၏ ပလက်ဖောင်းကို မြှောက်မထားရ။ သို့မဟုတ် ပလက်ဖောင်းကို မြှောက်တင်ပြီး မောင်းမသွားရ။ Scissor lift ၏ ပလက်ဖောင်းကို မြှောက်လိုလျှင် သို့မဟုတ် ပလက်ဖောင်းကို မြှောက် တင်ပြီး မောင်းသွားလိုလျှင် မျက်နှာပြင်သည် ညီညာနေပါစေ၊ အဖုအထစ်မရှိပါစေနှင့်၊ မြှင့်ထားသော အခင်း/စင် ဖြစ်ပါက အောက်တွင် ဒေါက်ထောက်ထားကြောင်း သေချာပါစေ။
ü  အခင်းများ၊ တံတားများ၊ စင်များပေါ်တွင် မောင်းနှင်ရမည်ဆိုပါက ထို အခင်း၊ တံတား၊ စင်များသည် scissor lift နှင့်တကွ ၎င်းအပေါ်တင်ဆောင်လာသည့် လူအား၊ ဝန်အား အားလုံးကို ခံနိုင်ရည်ရှိကြောင်း သေချာစေရမည်။





ü  Scissor lift ပလက်ဖောင်းပေါ်တွင် သတ်မှတ်ထားသည့် ဝန်ထက် မည်သည့်အခါမှ ပိုမတင်ပါနှင့်။ ပလက်ဖောင်းပေါ် တင်ထားသည့် ဝန်များအားလုံး ပလက်ဖောင်းအတွင်း၌သာ ရှိနေစေရမည်။ အပြင်ကို ကျွံထွက်မနေစေရ။
ü  Scissor lift ၏ ကိုယ်ထည်ကို တွင်း၊ ချိုင့်၊ ကမူ၊ နိမ့်မြင့်၊ အတားအဆီး စသည်တို့မှ အနည်းဆုံး ၂ ပေ (၆၀၀ မီလီမီတာ) အကွာတွင် ရှိနေစေရမည်။
ü  Scissor lift ကို ကရိန်းကဲ့သို့ အသုံးမချရ။ Scissor lift ကို အနီးအနားရှိ တိုင် စသည်တို့တွင် တုပ်နှောင်မထားရ။ Scissor lift ၏ လက်တန်းများကို ချည်နှောင်ပြီး ကြိုးတန်းအဖြစ် မသုံးရ။
ü  Scissor lift ၏ ပလက်ဖောင်းမှ တန်းများကို သုံးထပ်သားပြားများဖြင့် ကာရံခြင်း မပြုရ။ ထိုသို့ကာရံထားခြင်းဖြင့် လေတိုက်သည့်ဧရိယာပိုများလာပြီး စက်ပြိုလဲတတ်သည်။
ü  ပလက်ဖောင်း အရွယ်အစားကို မူလရှိနေသည့် အရွယ်အစားထက် မိမိဘာသာ ပိုကြီးအောင် မလုပ်ရ။
ü  အကယ်၍ ပလက်ဖောင်း သို့မဟုတ် လက်တံများသည် တစ်ခုခုနှင့်ညပ်ကာ ဘီးများလွတ်သွားလျှင် လွတ်နေသော ဘီးများကို တစ်ခုခုဖြင့်ခု၍ တည်ငြိမ်အောင်လုပ်ပြီးမှ အပေါ်မှလူများကို ချရမည်။

၁၊ ၅။ တိုက်မိခြင်း၊ ညပ်မိခြင်း အန္တရာယ်

ü  Scissor lift သုံးသူသည် အန္တရာယ်ကင်းဦးထုပ် (helmet) ဆောင်းထားရမည်။
ü  Scissor lift အလုပ်လုပ်နေစဉ် ခြေလက် စသည့်ကိုယ်ခန္ဓာအစိတ်အပိုင်းများကို စက်၏ လက်တံများနှင့် ဝေးဝေးမှာ ရှိနေပါစေ။
ü  စက်ကိုအသုံးပြုနေစဉ် ဘေးဘယ်ညာ၊ အောက်ဘက်၊ အပေါ်ဘက်တို့၌ တိုက်မိခိုက်မိမည့် အတားအဆီး အဟန့်အတား များကို သတိပြုပါ။




ü  စက်ကိုအသုံးပြုနေစဉ် လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှာ ပလက်ဖောင်း လက်ရမ်းတန်းများအတွင်း၌သာ ရှိနေစေ ရမည်။
ü  မြင်ကွင်းကွယ်နေသည့် နေရာများ၌မောင်းနှင်ရလျှင် အသံဖြင့် အချက်ပေးပါ။
ü  စက်မောင်းနေစဉ်၌ အလုပ်နှင့်မပတ်သက်သူများသည် စက်မှ အနည်းဆုံး ၆ ပေ (၁.၈ မီတာ) အကွာတွင်ရှိနေရမည်။
ü  စက်မောင်းသူသည် မြေပြင်/ကြမ်းခင်းအခြေအနေ၊ မြင်ကွင်းရှင်းလင်းပြတ်သားမှု၊ နေရာ၏ ရှုပ်ထွေးမှု၊ ဆင်ခြေလျှော၊ လူအသွားအလာ စသည်တို့အပေါ်မူတည်၍ မိမိစက်မောင်းသည့် အမြန်နှုန်းကို ချိန်ဆကာ ထိန်းချုပ်ထားရမည်။
ü  ကန့်သတ်ထားသည့်နေရာများ၊ ရှုပ်ထွေးနေသည့်နေရာများတွင်ဖြစ်စေ၊ နောက်ဆုတ်လျှင်ဖြစ်စေ၊ လူများနေထိုင်ရာ အနီးအနားတွင်ဖြစစေ scissor lift ကို အမြန်မမောင်းရ။
ü  အထိန်းခလုတ်များကို မတော်တဆထိခိုက်မိခြင်း၊ ကွယ်နေခြင်း၊ အလွယ်တကူ အသုံးမပြုနိုင်ခြင်းတို့ မဖြစ်စေရန် အမြဲ ဂရုစိုက်ပါ။
ü  Overhead crane တို့ကဲ့သို့ scissor lift ကို ထိခိုက်စေနိုင်သည့် စက်များရှိနေလျှင် ထိုစက်မောင်းသူသည် scissor lift မိမိဧရိယာ၌ ရှိနေကြောင်း သတိပြုမိပါစေ။
ü  ပလက်ဖောင်းပေါ်၌ လူရှိနေစဉ် ကြမ်းပြင်မှ တစ်ယောက်ယောက်က စက်၏ အထိန်းခလုတ်များအား ကစားခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါ။ ပလက်ဖောင်းပေါ်၌ အလုပ်လုပ်နေစဉ် စက်အနားသို့ မည်သူမှ မလာစေရန် အကာအရံ၊ အတားအဆီးတို့ကို စက်ပတ်ပတ်လည်တွင် ချထားပါ။

၁၊ ၆။ စက်ကိုဆွဲယူခြင်း၊ မ,ချီခြင်း နှင့် တွန်းခြင်း

ü  စက်ကို တွန်းသည်အခါ၊ ဆွဲသည့်အခါ၊ ချီ,မသည့်အခါများတွင် စက်၏ပလက်ဖောင်းပေါ်၌ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေစေရ။
ü  အရေးပေါ်ကိစ္စ၊ စက်ပျက်သည့်အခါ၊ စက်ပုံမှန်အလုပ်မလုပ်သည့်အခါနှင့် စက်ကိုထရေလာပေါ် အတင်အချလုပ်သည့် အခါများမှလွဲ၍ စက်ကို တွန်းခြင်း၊ ဆွဲခြင်းများ မလုပ်ပါနှင့်။
ü  စက်ကို တွန်းသည်အခါ၊ ဆွဲသည့်အခါ၊ ချီ,မသည့်အခါများတွင် ပလက်ဖောင်းကို အောက်ဆုံးထိချထားပါ။ ပလက်ဖောင်း ပေါ်တွင် မည်သည့် ပစ္စည်းကိရိယာမှ မရှိစေရ။ အားလုံးရှင်းထားရမည်။
ü  စက်ကို ဖောက်ကလစ်ဖြင့်မ,လျှင် ဖောက်ကလစ်နှုတ်သီးများကို scissor lift မှသတ်မှတ်ထားသည့်နေရာများ၌ ထား၍ မ,ရမည်။ ဖောက်ကလစ်၏ ချီမ,နိုင်သော ဝန်အားသည် scissor lift ၏အလေးချိန်ထက်ပိုကြောင်း သေချာပါစေ။


၁၊ ၇။ ပြုပြင်ထိန်းသိမ်းခြင်း




ü  ပြင်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းမပြုမီ အထိန်းခလုတ်အားလုံးမှ ပါဝါများကို ပိတ်ပါ။ ပြုပြင်နေစဉ် မတော်တဆ ရွေ့လျား သွားခြင်းမျိုးမဖြစ်စေရန် စက်၏ အလုပ်လုပ်သည့်စနစ်ကို သေချာကျနစွာ ထိန်းချုပ်ထားပါ။
ü  စက်၏ပလက်ဖောင်းကိုမြှင့်ပြီး အောက်သို့ဝင်ကာ ပြင်ဆင်ရန်လိုအပ်လျှင် စက်၏လက်တံ (scissor lift arm) များကို အန္တရာယ်ကင်းရေးဒေါက် (safety prop) ဖြင့် သေချာစွာ ထောက်၍သော်လည်းကောင်း၊ တုံးဖြင့်ခု၍ သော်လည်း ကောင်း ထားရမည်။
ü  ပြင်ဆင်ရန်အတွက် ဟိုက်ဒြောလစ်ပိုက်များကို ဖြုတ်ရန်လိုလျှင် ပထမဦးစွာ ဟိုက်ဒြောလစ်ဆာ့ကစ်အတွင်းမှ ဖိအားများ အားလုံးကို လျှော့ထုတ်ပစ်ရမည်။
ü  စက်ကို ဂဟေဆော်ရန်လိုအပ်သည့်အခါ သို့မဟုတ် စက်၏ လျှပ်စစ်ပိုင်းဆိုင်ရာများကို ပြုပြင်ထိန်းသိမ်းရန်လိုသည့်အခါ များတွင် ဘက်ထရီအိုးကို ဖြုတ်ထားပါ။
ü  အားသွင်းနေစဉ်တွင်သော်လည်းကောင်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်နေစဉ်တွင် သော်လည်းကောင်း ဘက်ထရီအိုးနားတွင် ဆေးလိပ်သောက်ခြင်း၊ မီးခြစ်ခြင်း၊ မီးပွားထွက်သည့်အလုပ်များလုပ်ခြင်း မပြုရ။
ü  ဘက်ထရီအိုး အပေါင်းငုတ်နှင့် အနုတ်ငုတ်ကို မည်သည့်အခါမှ ဝက်အူလှည့်စသော သတ္တုပစ္စည်းများဖြင့် ဖြတ်တင်ခြင်း၊ ဆက်ခြင်းမပြုရ။
ü  ဘက်ထရီအိုးများကို ဖြုတ်ခြင်း၊ ပြင်ခြင်းပြုသည့်အခါ လက်အိတ်၊ အန္တရာယ်ကင်းမျက်မှန်၊ လက်ရှည်အင်္ကျီများ ဝတ်ဆင် ပါ။ မျက်လုံးအတွင်းသို့ ဘက်ထရီအိုးမှ အက်စစ်ဝင်ခြင်း၊ အရေပြားကိုထိခြင်းများ မဖြစ်စေရန် အထူးသတိပြုပါ။
ü  ဘက်ထရီအိုးလဲလှယ်ခြင်းကို လေဝင်လေထွက်ကောင်းသည့်နေရာတွင်သာ လုပ်ပါ။
ü  ဘက်ထရီအိုးမှ အက်စစ်များကို မည်သည့်အခါမှ ပိုမထည့်မိပါစေနှင့်။ မိုးရေဖြည့်ခြင်းကို ဘက်ထရီအိုး အားလုံးဝပြည့်ပြီး သည့်အချိန်၌သာ လုပ်ပါ။
ü  အင်ဂျင်ဖြင့်မောင်းသောစက်ဖြစ်လျှင် ဆီဖြည့်နေစဉ် စက်ရပ်ထားပါ။
ü  အစားထိုးတပ်ဆင်မည့် အစိတ်အပိုင်းများသည် မူရင်းအစိတ်အပိုင်းနှင့် လုံးဝချွတ်စွပ်တူနေပါစေ။ သို့မဟုတ်ပါက မူရင်း အစိတ်အပိုင်းနှင့် တသမတ်တည်းတူသည့် အစိတ်အပိုင်းများ ဖြစ်နေပါစေ။
ü  စက်ပစ္စည်း၏ လေးလံသည့်အစိတ်အပိုင်းများကို မ,သည့်အခါ စက်ကိရိယာအကူအညီမယူဘဲ လူအားဖြင့် မ,မပါနှင့်။
ü  စက်ပြင်သည့်အခါ နာရီ၊ ဆွဲကြိုးအစရှိသည့် လက်ဝတ်လက်စားများကို ချွတ်ထားပါ။ ဆံပင်ရှည်များကို ကောင်းစွာ ထုံးနှောင် ထားပါ။ အဝတ်အစားများကို လျော့တိလျော့ရဲမဝတ်ပါနှင့်။
ü  ချွတ်ဆေးများဖြင့် သန့်ရှင်းရေးလုပ်ရာတွင် မီးမလောင်နိုင်သည့်အဝတ်ကိုသာ သုံးပါ။
ü  တိုင်ယာ၊ ဘက်ထရီ၊ ပလက်ဖောင်း၊ ကောင်တာဝိတ်များကို အစားထိုးခြင်း၊ ဖြုတ်ခြင်း၊ မိမိဘာသာပြုပြင်သုံးစွဲခြင်းများ မလုပ်ပါနှင့်။ ဤသို့လုပ်ခြင်းက စက်၏ အလေးချိန်ညီမျှမှုကို ထိခိုက်စေပြီး မလိုအပ်ဘဲ စက်လဲပြိုခြင်းများကို ဖြစ်စေ တတ်သည်။


အပိုင်း (၂) Scissor Lift ကို စစ်ဆေးခြင်း

၂၊ ၁။ ဘက်ထရီအားသွင်းခြင်း

ü နောက်နေ့တွင်အလုပ်လုပ်ရန်အတွက် Scissor lift ကို အသုံးပြုပြီးတိုင်း အမြဲအားသွင်းထားပါ။
ü အားသွင်းလျှင် အရေးပေါ် ရပ်ခလုတ် (Emergency Stop switch) ကို ပိတ် (OFF) အနေအထား၌ ထားပါ။
ü အားမသွင်းမီ အိုးထဲမှ အက်စစ်အရည်များသည် ဘက်ထရီ ပလိတ်ပြားများအပေါ်တွင် ရှိနေပါစေ။
ü အားသွင်းသည့်အခါ စက်ကို လမ်းကို ပိတ်၍သော်လည်းကောင်း၊ ကန့်လန့်ဖြတ်၍သော် လည်းကောင်း ရပ်မထားရ။
ü အားသွင်းပြီးသွားသည့်အခါ အိုးထဲမှ အက်စစ်အရည်များ၏ အခြေအနေကို ပြန်လည်စစ်ဆေးပါ။ အကယ်၍ ပလိတ်ပြားများ ပေါ်လာပါက မိုးရေကို လိုသလို ထပ်ဖြည့်ပါ။
ü အားအပြည့်သွင်းထားသည့် ဘက်ထရီသည် ဟိုက်ဒြိုမီတာပေါ်၌ specific gravity ၁.၂၆၀ အထက်တွင် ပြနေရမည်။




၂၊ ၂။ စစ်ဆေးခြင်း




            စက်ကို နေ့စဉ်စစ်ဆေးရာ၌ အောက်ဖော်ပြပါပုံရှိ နံပါတ် (၁) မှ စကာ လက်ဝဲရစ်အတိုင်း နံပါတ်စဉ်လိုက် စစ်သွားရန် ဖြစ် ပါသည်။

၁။ ပလက်ဖောင်းပေါ်မှ အထိန်းခလုတ်များ - သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ ကပ်ထားသော အမှတ်အသားများသည် စုတ်ပြဲမနေစေရ။ စက်အသုံးပြုခြင်းလက်စွဲစာအုပ်သည် သေတ္တာထဲ၌ ရှိနေစေ ရမည်။




၂။ စတီယာရင်အထိန်းတံများ - သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။ အဆက်များမှ ဟိုက်ဒြောလစ်ဆီယိုစိမ့်နေခြင်း မရှိစေရ။
၃။ အန္တရာယ်ကင်း ဒေါက် - သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။
၎၊ ၁၈၊ ၂၄၊ ၃၆။ Scissor lift လက်တံများနှင့် အစားခံတုံးများ- သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။
၅၊ ၁၆၊ ၂၆၊ ၃၃။ ဘီးများနှင့် တိုင်ယာများ - သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ဘိုးနပ်များ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။
၆။ အဆက်ဖြတ်ခလုတ် - သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။
၇၊ ၃၂။ သေတ္တာအဖုံးနှင့် ပတ္တာများ - ကောင်းစွာ ပိတ်/ဖွင့်နိုင်ရမည်။ သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။
၈။ မြေပြင် အထိန်းခလုတ်များ- ခလုတ်များ ကောင်းကောင်းအလုပ်လုပ်ရမည်။ အညွှန်းကပ်ပြားများ သေချာခိုင်မြဲစွာရှိနေရမည်။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။
၉။ ဟိုက်ဒြောလစ်တိုင်ကီ - မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ ဟိုက်ဒြောလစ်ဆီယိုစိမ့်နေခြင်း မရှိစေရ။ ဆီသည် သတ်မှတ်ထားသည့် အမှတ်ထိ ရှိနေရမည်။ လေရှူပေါက်သည် ကောင်းမွန်နေရမည်။
၁၀။ ဟိုက်ဒြောလစ်ဆီစစ် - မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။ သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ဟိုက်ဒြောလစ် ဆီယိုစိမ့်နေခြင်း မရှိစေရ။
၁၁။ မော်တာနှင့်ပန့် အတွဲ - သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။ ဟိုက်ဒြောလစ် ဆီယိုစိမ့်နေခြင်း မရှိစေရ။
၁၂၊ ၃ဝ။ Pothole Protection System (Scisso lift ဘီးများ မြောင်းများ၊ အပေါက်များအတွင်း ကျသွားခြင်းမှ ကာကွယ်ပေးထားသည့် စနစ်) - ကိုယ်ထည်၊ အထိန်းခလုတ်များကို သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။
၁၃။ နာရီပြဒိုင်ခွက်- မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။
၁၄။ ဝိုင်ယာကြိုးများ - မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှု၊ ပြတ်တောက်နေခြင်းများ မရှိစေရ။
၁၅။ အထိန်းဗား - ဝိုင်ယာကြိုးများတွင် မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှု၊ ပြတ်တောက်နေခြင်းများ မရှိစေရ။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။
၁၇၊ ၂၅။ မော်တာ - သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ ဟိုက်ဒြောလစ် ဆီယိုစိမ့်နေခြင်း မရှိစေရ။
၁၉၊ ၂၀၊ ၂၁။ ပန့်လက်ကိုင် - မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။
၂၂။ ဘရိတ်ဆလင်ဒါ- သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ ဟိုက်ဒြောလစ် ဆီယိုစိမ့်နေခြင်း မရှိစေရ။
၂၃။ လှေခါး - သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။
၂၇။ အတင်အချ ဆလင်ဒါ - သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။ ဟိုက်ဒြောလစ် ဆီယိုစိမ့်နေခြင်း မရှိစေရ။
၂၈။ အတိမ်းအစောင်းခလုတ် - သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ ဝိုင်ယာကြိုးများ ပျက်စီးမနေစေရ။
၂၉။ ဘက်ထရီအိုးများ - အက်စစ်သည် သတ်မှတ်ထားသည့် အမှတ်ထိ ရှိနေရမည်။ ဝါယာကြီးများ သေချာစွာ တပ်ဆင်ထားရ မည်။ စားနေခြင်း၊ ပျက်စီးနေခြင်းများ မရှိစေရ။  
၃၁။ ဘက်ထရီအားသွင်းရာနေရာ - သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။
၃၄၊ ၃၅။ ပလက်ဖောင်းနှင့် လက်ရမ်းတန်းများ - သေချာခိုင်မြဲစွာ တပ်ဆင်ထားရမည်။ ပျောက်ဆုံးနေခြင်း၊ ချောင်နေခြင်းများ မရှိစေရ။ မျက်စိဖြင့် မြင်နိုင်သော ပျက်စီးမှုများ မရှိစေရ။


No comments: