Sunday, January 27, 2019

ISO 45001 အကြောင်း


ISO 45001 ကို ကျွန်တော် ရှင်းလင်းချက်တွေနဲ့တကွ ဘာသာပြန်နေတာ တစ်ဝက်လောက်ပြီးနေပါပြီ။
ပြီးသလောက်ကို မြန်မာနိုင်ငံစံနှုန်းအဖွဲ့ကို သွားပြပါတယ်။

ရည်ရွယ်ချက်ကတော့ ကိုယ်ဘာသာပြန်ထားတာတွေကို တတ်သိနားလည်သူ တစ်ယောက်ယောက်ကို ဖတ်ခိုင်းပြီး ချွတ်ချော် မှားယွင်းနေတာတွေ၊ မသင့်တော်တာတွေ၊ ဘာသာပြန်အယူအဆလွဲနေတာတွေရှိရင် ထောက်ပြဝေဘန်၊ အကြံပြုနိုင်အောင်ပါ။

သူတို့က အခု ဘာသာပြန်နေတာကို နှစ်ပိုင်းလုပ်ရင် ပိုကောင်းမယ် လို့ အကြံပြုပါတယ်။
တစ်ပိုင်းက စံနှုန်းသီးသီးကိုပဲ ဘာသာပြန်ဘို့နဲ့
နောက်တစ်ခုက လက်တွေ့အသုံးချမယ့်အပိုင်းကို ရှင်းလင်းချက်တွေ နမူနာပုံစံတွေနဲ့ အပြည့်အစုံရေးဘို့ပါ။
 ဆိုတော့ စာအုပ်နှစ်အုပ်ဖြစ်သွားမှာပေါ့။

ကိုယ်လည်း နဂိုကတည်းက နှစ်အုပ် ရေးဘို့ပါဘဲ။
ဒါပေမယ့် သူတို့ပြောသလိုမဟုတ်ဘူး။ မူရင်းစံနှုန်း ISO 45001 ကို ရှင်းလင်းချက်နဲ့တကွ ဘာသာပြန်မယ်။
နောက်တစ်ခုက implementation ပိုင်းဖြစ်တဲ့ BS 45002 ကို ရှင်းလင်းချက်နဲ့တကွ ဘာသာပြန်ဘို့ပါ။

ဒါပေမယ့် အခုတော့ သူတို့ပြောသလို ISO 45001 ကို မူရင်းအတိုင်း အတိအကျ ဘာသာပြန်လိုက်မယ်။ အဲဒါဆို MM ISO 45001 Myanmar version ထွက်လာမှာပေါ့။

ဒါပေမယ့် ISO 45001 စာအုပ်ကို မူရင်းအတိုင်းဖတ်ပြီး နားလည်နိုင်စရာမရှိဘူး။ ရှင်းလင်းချက်တစ်အုပ်တော့ ရေးဘို့လိုမယ်လို့ တွက်ပါတယ်။ ဒါပေမယ့် ISO 45001 ရှင်းလင်းချက်ကို စာတစ်အုပ် သပ်သပ်မထုတ်တော့ဘူး။ implementation ပိုင်းဖြစ်တဲ့ BS 45002 မှာ ပထမပိုင်း ISO 45001 ရှင်းလင်းချက်။ ဒုတိယပိုင်း BS 45002 ဆိုပြီးတော့ပဲ လုပ်လိုက်တော့မယ်။

အချိန်တော့ နည်းနည်းပိုကြာသွားမှာပေါ့။
ISO 45001 ကတော့ ဧပြီမကုန်ခင် ထွက်နိုင်မှာပါ။ (အဲဒီစာအုပ်ကိုတော့ မြန်မာနိုင်ငံစံနှုန်းအဖွဲ့ကို မူပိုင်အဖြစ် ပေးလိုက်ပါမယ်။ မြန်မာနိုင်ငံအတွက် ကျွန်ုပ်လက်ဆောင်ပေါ့။)

BS 45002 တော့ ဇွန်လမတိုင်မီ ထွက်လာနိုင်လိမ့်မယ်လို့ ယူဆပါကြောင်း။

အားပေးသူအပေါင်းကို ကျေးဇူးတင်ပါကြောင်း

အေးငြိမ်း
၂၆ ဇန္နဝါရီလ၊ ၂၀၁၉

No comments: