Sunday, July 1, 2018

ငါးပိသည်တွေ အိပ်နေလို့ ဆားသည်က ယင်မောင်းရခြင်း

၅ တန်းနဲ့ ၈ တန်း စာအုပ်တွေကို ဖတ်ပြီး အမှားတွေ စုရေးနေတာ ရပ်လိုက်ပြီဗျို့။ ၈ တန်းသင်္ချာ၊ အင်္ဂလိပ်စာ၊ သိပ္ပံ စတာတွေ မဖတ်တော့ဘူး။ သိပ်စာမျက်နှာများနေလို့။ ခုကို A4 နဲ့ ၂၅ မျက်နှာ။ ကြာရင် ဂျာနယ်နဲ့မဆန့်လို့ အယ်ဒီတာရိုက်တာခံနေရအုံးမယ်။
သေချာအောင် မူရင်းစာအုပ်တွေကိုရှာဖွေပြီး ပြန်တိုက်ကြည့်ရသေးသကိုးဗျ။ သင်္ချာပုစ္ဆာတွေလည်း ပြန်တွက်ကြည့်ရ သေးတာဆိုတော့ အင်မတန်အချိန်ကုန်ပြီး ခေါင်းကိုက်တယ်။ အချက်အလက်တွေ သေချာအောင် အင်တာနက်ကို မွှေနှောက်ရှာရသေးတယ် ဆိုတော့ ဒီဆောင်းပါးပြီးဘို့ တစ်လလောက် ကြာပါတယ်။

ကျုပ်ကတော့ အပင်ပန်းခံပြီး လုပ်လိုက်တာပဲ။ ဘယ်လောက် ခရီးပေါက်မလဲတော့ မသိဘူး။

ဟိုပုစ္ဆာထဲမှာ အသက် (၄) နှစ်နဲ့ မိန်းမယူတဲ့ကောင်တစ်ကောင် တွေ့တယ်။ ဘယ်သူလဲလို့ လိုက်ရှာလိုက်ဦးမယ်။ သက်ငယ်မုဒိန်းမှုနဲ့ တြားစွဲမလို့။




ကျေးဇူးတင်ပါတယ်။

အေးငြိမ်း

၁ ဇူလိုင်၊ ၂၀၁၈

No comments: