Tuesday, August 8, 2017







သီချင်းလေးတစ်ပုဒ်ရယ် ပန်းကလေးတစ်ဆုပ်ရယ်ကို ကျွန်တော်တို့ အလွန်နှစ်သက်စွာ အော်ဆိုခဲ့ကြသည်ပဲ . . .

ကျွန်တော် ယခုအချိန်အထိ ခိုင်ထူးသီချင်းများကို နှစ်သက်စွာ နားထောင်မြဲ . . . .

သည်သီချင်းများကို ဘယ်နှစ်ခါပြန်နားထောင်ထောင် ရိုးသွားသည်မရှိ အီသွားသည်မရှိ ဟောင်းသွားတယ်ဆိုတာမရှိ . . . .


တစ်ယောက်နှင့်တစ်ယောက် အကြိုက်ချင်း တူချင်မှတူပါမည် . . . . .



ခြေဆင်းတီးလုံးကလေးနှင့် အဖွင့်စာသားလေးတွေကိုက ချစ်စရာ . . နှစ်သက်စရာ . . . မြတ်နိုးစရာ . . .

တရံတခါဆီကို ကျွန်တော်နားထောင်ဖြစ်သည့်အကြိမ်မှာ ရာဂဏန်းတော်တော်များများ ရှိပါလိမ့်မည် . . .

ယခုမှ အင်္ဂလိပ်သီချင်းတွေကို နားထောင်ဖြစ်လို့ မြန်မာသီချင်းနားထောင်သည့်အကြိမ်အရေအတွက် လျော့သွားတာဖြစ်သည် . . .


ကျွန်တော်ကတောသားဆိုတော့ မြို့ကြီးပြကြီးတွေအကြောင်း သိပ်မသိ . . . အဲလေ လုံးဝမသိဆို ပိုမှန်ပါလိမ့်မည် . . .

သို့အတွက် စစ်ကိုင်းလမ်းကို နားထောင်စက စစ်ကိုင်းမှာရှိတဲ့လမ်းတွေအကြောင်းဖွဲ့ထားတာလို့ပင် ထင်မိသည် . . .

စစ်ကိုင်းလမ်းဆိုတာ ဘယ်နားနေမှန်းမသိဘဲ ရမ်းလွမ်းရတာ ဖြစ်၏ . . . .

စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့ . . ဆိုတော့

ကျွန်တော့်မှာ . . . မရှိသည့် ရည်းစားကိုမှန်းကာ လွမ်းရသည် . . . .

သိဟ်ရာသီ ၀ါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ . . .

သူသီချင်းဆိုပုံက အားနှင့်မာန်နှင့်ဖြစ်သည် . . .



နှုတ်ခမ်းကိုလည်း လျှာနှင့် သပ်လိုက်သေးသည် . . .


ဒို့ . . . . . .  . လာတယ် . . . . . .



လူတွေရင်ထဲ အများဆုံး ထိုးဖောက်ဝင်ရောက်တာ . . . . နှစ်ပေါင်းများစွာ မသေမပျောက်ပဲ ရှိနေတာ . . .
အနုပညာရှင်တွေ ဖြစ်သည် . . .

မင်းသွားနှင့်တော့ သွားနှင့်တော့ နောက်ကလိုက်ခဲ့မယ်နော် သူငယ်ချင်းရေ . . . ဆိုခဲ့သော စိုင်းထီးဆိုင်လည်း  နောက်ကလိုက်သွားခဲ့ပြီ . . .

ထူးအိမ်သင်သည်လည်း နာရီပေါ်မှာ မျက်ရေစက်တွေကို ထားခဲ့ပြီ . . .


ခုတော့ . . .


ကျွန်တော်တို့ကတော့ ခင်ဗျားတို့တွေကို ဆက် ရှိနေစေချင်ဆဲ . . .



တရံတခါဆီကို သတိရမိနေမှာပါ . . .


အေးငြိမ်း
၈ သြဂုတ်လ၊ ၂၀၁၇



စစ်ကိုင်းလမ်း သို့ တရံတခါဆီ
================

ကြင်နာသူရယ် စိတ်ချပြစေ . . . .

ခိုင်ထူးကျန်းမာရေးသတင်းတွေဖတ်ရင်း အလိုလို ၀မ်းနည်းနေမိသည် . . .

ခိုင်ထူးဆိုတာ RC တက်ခဲ့ဖူးသော ကျွန်တော်တို့အရွယ်များ၏ အသည်းထောင့်တစ်နေရာတွင် နေရာယူခဲ့ဖူးသူပေကပဲ . . .

သီချင်းလေးတစ်ပုဒ်ရယ် ပန်းကလေးတစ်ဆုပ်ရယ်ကို ကျွန်တော်တို့ အလွန်နစ်သက်စွာ အော်ဆိုခဲ့ကြသည်ပဲ . . .

ကျွန်တော် ယခုအချိန်အထိ ခိုင်ထူးသီချင်းများကို နစ်သက်စွာ နားထောင်မြဲ . . . .

သည်သီချင်းများကို ဘယ်နစ်ခါပြန်နားထောင်ထောင် ရိုးသွားသည်မရိ အီသွားသည်မရိ ဟောင်းသွားတယ်ဆိုတာမရိ . . . .

နားထောင်သည့်အခါတိုင်းလည်း သို့ တရံတခါဆီက မပါမဖြစ်ပါရမြဲ . . .

တစ်ယောက်နင့်တစ်ယောက် အကြိုက်ချင်း တူချင်မတူပါမည် . . . . .

တရံတခါဆီ သည် ကျွန်တော့် အသည်းစွဲ . . . . .

ဘာလို့ကြိုက်သည်ဆိုသည်ကို ကျွန်တော်မပြောပြတတ်ပါ . . . .

ခြေဆင်းတီးလုံးကလေးနင့် အဖွင့်စာသားလေးတွေကိုက ချစ်စရာ . . နစ်သက်စရာ . . . မြတ်နိုးစရာ . . .

တရံတခါဆီကို ကျွန်တော်နားထောင်ဖြစ်သည့်အကြိမ်မာ ရာဂဏန်းတော်တော်များများ ရိပါလိမ့်မည် . . .

ယခုမ အင်္ဂလိပ်သီချင်းတွေကို နားထောင်ဖြစ်လို့ မြန်မာသီချင်းနားထောင်သည့်အကြိမ်အရေအတွက် လျော့သွားတာဖြစ်သည် . . .

ယခင်အခါများကမူ မြန်မာသီချင်းတွေကိုပဲ ညတိုင်း နားထောင်ခဲ့တာ . . . .

ကျွန်တော်ကတောသားဆိုတော့ မြို့ကြီးပြကြီးတွေအကြောင်း သိပ်မသိ . . . အဲလေ လုံးဝမသိဆို ပိုမန်ပါလိမ့်မည် . . .

သို့အတွက် စစ်ကိုင်းလမ်းကို နားထောင်စက စစ်ကိုင်းမာရိတဲ့လမ်းတွေအကြောင်းဖွဲ့ထားတာလို့ပင် ထင်မိသည် . . .

စစ်ကိုင်းလမ်းဆိုတာ ဘယ်နားနေမန်းမသိဘဲ ရမ်းလွမ်းရတာ ဖြစ်၏ . . . .

စစ်ကိုင်းလမ်းက စောင့်နေမယ် သူမာလို့ . . ဆိုတော့

ကျွန်တော့်မာ . . . မရိသည့် ရည်းစားကိုမန်းကာ လွမ်းရသည် . . . .

သိဟ်ရာသီ ၀ါခေါင်မိုးနဲ့ လမ်းလာခဲ့တော့ ခတ္တာရေ . . .

သူသီချင်းဆိုပုံက အားနင့်မာန်နင့်ဖြစ်သည် . . .

သီချင်းဆိုမည်ဆိုကတည်းက ကျကျနန နေရာယူသည် . . .

ဂစ်တာကိုင်ထားသောလက်များက ကြွက်သားများကို အမြောင်းလိုက် အမြောင်းလိုက် မြင်နေရသည် . . .

ုတ်ခမ်းကိုလည်း လျာနင့် သပ်လိုက်သေးသည် . . .

ထို့နောက် ပါးစပ်ထဲ မိုက်ဝင်တော့မတတ် အနားကပ်ကာ အသားကုန် အားထည့်ဆိုသည် . . .

ဒို့ . . . . . .  . လာတယ် . . . . . .

အမေရိကန်က လစ်ဘာတီရုပ်ထုကြီးကို ဘယ်သူဒီဇိုင်းထုတ် ရေးဆွဲခဲ့တယ်ဆိုတာ မိတ်ဆွေသိပါသလား . . . .

ဒါပေသိ မိုက်ကယ်ဂျက်ဆင်ဆိုရင် (သူ့ခေတ်က) တောက ကလေးတွေတောင် သိသည် . . . .

လူတွေရင်ထဲ အများဆုံး ထိုးဖောက်ဝင်ရောက်တာ . . . . နစ်ပေါင်းများစွာ မသေမပျောက်ပဲ ရိနေတာ . . .
အနုပညာရင်တွေ ဖြစ်သည် . . .

မင်းသွားနင့်တော့ သွားနင့်တော့ နောက်ကလိုက်ခဲ့မယ်နော် သူငယ်ချင်းရေ . . . ဆိုခဲ့သော စိုင်းထီးဆိုင်လည်း  နောက်ကလိုက်သွားခဲ့ပြီ . . .

ထူးအိမ်သင်သည်လည်း နာရီပေါ်မာ မျက်ရေစက်တွေကို ထားခဲ့ပြီ . . .

ဒါနဲ့ . . . အားလုံးကို ကျော်ဖြတ်ရမယ် ဆိုဗျာ . . .

ခုတော့ . . .

ကိုခိုင်ထူးရေ . . . ခင်ဗျား . . . နေညိုချိန်ကို ဦးညွတ်ဂုဏ်ပြုနေပြီလား . . .

ကျွန်တော်တို့ကတော့ ခင်ဗျားတို့တွေကို ဆက် ရိနေစေချင်ဆဲ . . .

အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း . . .

ခေတ်တွေ ဘယ်လိုဟောင်းဟောင်း . . .

တရံတခါဆီကို သတိရမိနေမာပါ . . .

ဆက်ချစ်နေဆဲ . . ချစ်နေမြဲ . . ပါဗျာ . . . .

အေးငြိမ်း
၈ သြဂုတ်လ၊ ၂၀၁၇

No comments: