Wednesday, April 29, 2015

အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း

အကြောင်းအမျိုးမျိုးဖြင့် မြန်မာပြည်မှ စင်ကာပူသို့လာမည့်သူများ၊ စင်ကာပူနိုင်ငံတွင် နေထိုင် လုပ်ကိုင်နေကြသူများအတွက် ရည်ရွယ်၍ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း အမည်ဖြင့် ၂၀၀၈ ခုနှစ်က ကျွန်တော် စာတစ်အုပ် ရေးထုတ်ခဲ့ပါသည်။
ထိုစဉ်က မြန်မာပြည်တွင်လည်း အင်တာနက်က မတွင်ကျယ်သေး။ ဖေ့စ်ဘွတ်ကဲ့သို့ လူမှုမီဒီယာလည်း ဝေလာဝေး။ ကျွန်တော်ကလည်း ဟိုဟိုသည်သည် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ စသည်တို့တွင် မကြော်ငြာ။ ထို့ကြောင့် စာအုပ် ရောင်းအားက ထင်သလောက် မကောင်း။ သို့တိုင် ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် အရောင်းရဆုံးစာအုပ် နံပါတ် (၂) ချိတ်ခဲ့ပါသည်။
နံပါတ် (၂) ချိတ်သည့်တိုင် တစ်နှစ်လောက်ကြာမှ အရင်းကျေသည်။ စာအုပ် ၁၅၀၀ ကုန်ဘို့ ဗျစ်ဗျစ်မြည်အောင် ရောင်းယူရသည်။ စာအုပ် ၅၀၀ လောက်မှာ ဟိုလူ့ပေး၊ သည်လူ့ပေး၊ စာကြည့်တိုက်များလှူ စသဖြင့် ကုန်၏။

ထို့ကြောင့် အများအတွက်အကျိုးရှိသည် မှန်သော်ငြား ကျွန်တော် ထပ်မထုတ်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်က ထပ် ထုတ်ဦးမည် ကြံသေးသော်လည်း မထုတ်ဖြစ်ခဲ့ပါ။

ယခု ဤစာအုပ်ကို အသစ်မွမ်းမံပြင်ဆင်၊ သက်ဆိုင်ရာ သတင်းအချက်အလက်တို့ကို update လုပ်၊ ထည့်သင့်သည်တို့ ထပ်ထည့်လျှက် စာအုပ်ထုတ်ရန် ကြိုးစားပါဦးမည်။

စာအုပ်ထဲမှာ ဘာတွေပါသလဲဆိုတာ မိတ်ဆွေများ သိနိုင်ရန် Jpeg ဖြင့် ဖော်ပြလိုက်ပါသည်။
ဖေ့စ်ဘွတ်ခေတ်စားလာသည့် ယနေ့ခေတ်တွင်မူ ကျွန်တော် အားထုတ်ထားသည့် ထိုစာအုပ်ဖြင့် လူအတော်များများ အကျိုးဖြစ်ထွန်း နိုင်လိမ့်မည်ဟု ယူဆပါသည်။

အေးငြိမ်း

၂၈ ဧပြီ။ ၂၀၁၅ 

No comments: