Monday, February 18, 2013

စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်သို့စီမံထားသည် ဆိုခြင်းအကြောင်း(၁က)


(၁) စင်ကာပူ ဥယျာဉ်နိုင်ငံ
















    စင်ကာပူနိုင်ငံသို့ရောက်ရှိလာသူ နိုင်ငံခြားသား ဧည့်သည်တစ်ဦးအဖို့ နိုင်ငံအတွင်း လှည့်လည်သွားလျှင် ပန်းခြံကြီးတစ်ခုအတွင်း သို့မဟုတ် ဥယျာဉ်ကြီးတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ခံစားရပါလိမ့်မည်။ မြေလွတ်အားလုံးကို မြက်ခင်းစိမ်းစိမ်းတို့ဖြင့် ဖုံးလွှမ်းလျှက်။ လမ်းဘေးဝဲယာတို့တွင် သစ်ပင်များ၊ ပန်းပွင့်များဝေဆာစွာပွင့်ဖူးနေသော ပန်းပင်၊ ပန်းခြုံ၊ ပန်းနွယ်များ စီတန်းလျှက်။ အိမ်များအကြား၊ အဆောက်အအုံများအကြား သစ်ပင်ကြီးများစိမ်းစိုလျှက်။ Jurong Bird Park, Night Safari, Singapore Zoo စသည့်နေရာများ၊ ပန်းခြံများ အတွင်း၌ စိမ်းစိုညိုမှောင်နေသော အပင်ကြီးများ၊ ပန်းခြုံများဖြင့် စိမ်းစိမ်းစိုစို ရှိလျှက်။ လူမနေသည့်တောတန်းများတွင် သစ်ပင်၊ ၀ါးပင်ကြီး များဖြင့် ပြည့်နှက်လျှက်။ ယုတ်စွအဆုံး၊ စူပါမားကက်ကြီးများအတွင်း၌ ပန်းပင်များကို အိုးကြီးများဖြင့် စိုက်ထားသည်၊ ကားရပ်နားသည့် အဆောက်အအုံ ခေါင်မိုးများပေါ်တွင်ပါ သစ်ပင်ပန်းမာလ်များဖြင့် ဝေဆာလှပလျှက်ရှိသည်ကို သတိထားမိကြပါလိမ့်မည်။
(ဆက်ပါဦးမည်)


No comments: