Saturday, November 12, 2011

အရေးပေါ် လက်စွဲစာအုပ်

အခန်း ၁

ရှေးဦးသူနာပြုစုနည်း


သဘာဝဘေးအန္တရာယ် ကျရောက်ပြီဆိုသည်နှင့် ထိခိုက်ဒါဏ်ရာရသူ အနည်းနှင့်အများ ရှိမည်မလွဲ။ ထိခိုက် ဒါဏ်ရာရသူ များကို ဆေးရုံဆေးခန်းများသို့ပို့ကာ ကုသမှုခံယူရမည် မလွဲ။ သို့သော်ငြားလည်း ဒါဏ်ရာရချိန်နှင့် ဆေးရုံရောက်ချိန်အကြား တွင် ဒါဏ်ရာပိုကြီးမလာစေရန်၊ သွေးထွက်မလွန်စေရန် စသည်တို့အတွက် ရှေးဦးပြုစုခြင်း လိုအပ်သည်။ တောလက်ကျေးရွာ များတွင် အဘယ်မှာလာ၍ အရေးပေါ်ယာဉ် ခေါ်နိုင်ပါမည်နည်း။ ကားလမ်းမပေါက်သောနေရာများတွင် လှည်း၊ လှေ၊ လူ စသည်တို့ဖြင့် သယ်ရမည်။ အချိန်များစွာကြာမည်။ သို့အတွက် လမ်းတွင် လူနာတစ်ခုခု ဖြစ်မသွားစေရန် ရှေးဦးပြုစုပေးရန် အရေးကြီးလှသည်။

ဤနေရာတွင် အရေးကြီးသော အချက်များကို ထည့်ထားသည်။ မူရင်းစာအုပ်မှာ အလွန်နည်းလှသဖြင့် ကျွန်တော်က ဖြည့်စွက်ထည့်ထားသည်။ သို့တိုင် ဤစာအုပ်သည် ရှေးဦးသူနာပြုစုနည်း စာအုပ်မဟုတ်သဖြင့် အပြည့်အစုံပါမည်မဟုတ်။ ပိုပြီး ပြည့်ပြည့်စုံစုံလေ့လာလိုသူများအတွက် ရှေးဦးသူနာပြု စာအုပ်များ ဈေးကွက်တွင် ရနိုင်ပါသည်။ ရှာဖွေဖတ်ကြပါ။



၁၊ ၁။ ရှေးဦးသူနာပြုသေတ္တာ (First Aid Kit)



အိမ်တိုင်းအိမ်တိုင်း ရှေးဦးသူနာပြုသေတ္တာ ဆောင်ထားရန် လိုပါလိမ့်မည်။ ရွာများ၊ ရပ်ကွက်ရုံးများတွင်လည်း ရှိထားလျှင် အရေးအကြောင်းရှိက အလွယ်တကူ သုံးနိုင်ပါမည်။ သို့သော် သေတ္တာအတွင်းရှိ ဆေးများ သက်တမ်းကုန်မည့် ရက်စွဲကို တော့ အမြဲစစ်ဆေးနေရန် လိုပါသည်။ သက်တမ်းကုန်သွားသောပစ္စည်းများကို ဆက်မသုံးတော့ရန်နှင့် အသစ်ဝယ်ပြီး အစား ထိုးရန် အရေးကြီးပါသည်။

နောက်တစ်ခုကို ဆေးသေတ္တာကို ကလေးများမမီသည့်နေရာတွင် ထားရပါမည်။ နေရောင်တိုက်ရိုက်ကျသောနေရာ၊ စိုစွတ် သောနေရာတို့တွင်လည်း မထားရပါ။ ဆေးသေတ္တာကို တစ်စုံတစ်ယောက်က တာဝန်ယူ ကိုင်တွယ်ရပါမည်။ ဆေးသေတ္တာ အတွင်းမှ ပစ္စည်းများကို မည့်သည့်အတွက် မည်သူ့ကို မည်မျှ သုံးလိုက်ရကြောင်း စနစ်တကျ မှတ်တမ်းတင်ထားရပါမည်။ အချို့ပစ္စည်းများ ကုန်လုနီးပြီဆိုလျှင် ထပ်မံဖြည့်တင်းထားရန်လည်း လိုပါသည်။



ရှေးဦးသူနာပြုသေတ္တာအတွင်း ပါဝင်ရမည့် ပစ္စည်းများ (ယေဘူယျအားဖြင့်)

ပစ္စည်းအမည်
အသုံးချရမည့်နေရာ
ဇာဂနာ / မွေးညှပ်
အရေပြားပေါ် ဆူးကလေးများစူးလျှင် နှုတ်နိုင်သည်။
ကပ်ကြေး
ပတ်တီးများ၊ ဖျင်စများကို ညှပ်နိုင်သည်။
ပါးစပ်မှလေမှုတ်သွင်းလျှင် သုံးသည့် အကာ
CPR လုပ်ရန်လိုလျှင် ပါးစပ်မှလေမှုတ်သွင်းသည့်အခါ ထိုအကာသုံးခြင်းဖြင့် မိမိပါးစပ်နှင့် လူနာ၏ပါးစပ်တို့ တိုက်ရိုက်မထိနိုင်တော့ပါ။
ပြဒါးတိုင် (သာမိုမီတာ)
ခန္ဓာကိုယ် အပူချိန်တိုင်းရန် သုံးနိုင်သည်။
တစ်ခါသုံးလက်အိတ်
လူနာကို ကိုင်တွယ်သည့်အခါ သုံးခြင်းဖြင့် ကူးစက်ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်သည်။
ပလာစတာ
ပတ်တီး၊ ဂွမ်း စသည်တို့ကို ကပ်ရာတွင်သုံးသည်။
အရက်ပျံ
ထိခိုက်ဒါဏ်ရာများကို အရက်ပျံဖြင့် ဆေးပေးခြင်းဖြင့် မလိုလားအပ်သော ရောဂါပိုးများ ၀င်ခြင်းမှ ကာကွယ်နိုင်သည်။
ပတ်တီးများ
ဒါဏ်ရာများကို စီးရန် သို့မဟုတ် ဒါဏ်ရာရထားသော ခြေ၊ လက်တို့ကို ထိန်းရန်
သုံးနိုင်သည်။
အပ်၊ ကျင်တွယ်၊ ချိတ်
ဆူးထွင်ရာတွင် သုံးနိုင်သည်။
ဂွမ်းထုပ်
သွေးထွက်လျှင် သုတ်နိုင်သည်။ အရက်ပျံဆွတ်ရာတွင် သုံးနိုင်သည်။
လက်ချောင်းများအတွက် ပလာစတာ (Handiplast)
လက်ချောင်း၊ ခြေချောင်းများတွင် ထိမိ၊ ရှမိလျှင် သုံးနိုင်သည်။




၁၊ ၂။   သွေးတိတ်အောင်လုပ်နည်း

သွေးထွက်ခြင်းဟူသည် တစ်ခုခုဖြင့် ခြစ်မိ၊ ရှမိ၊ ပွတ်မိရာမှ သွေးကြောများပေါက်ကာ သွေးထွက်လာခြင်း ဖြစ်သည်။ သွေးမှန်သမျှ မည်သည့်သွေးထွက်ခြင်းမှ မကောင်း။ သွေးထွက်ခြင်းကြောင့် မည်မျှ စိုးရိမ်ရသနည်းဆိုသည်မှာ ဒါဏ်ရာ မည်မျှ ကြီးသနည်း၊ မည်မျှသွေးထွက်သနည်း ဆိုသည့်အပေါ်မူတည်သည်။

သွေးတိတ်အောင်လုပ်ရန် အလွယ်ဆုံးနှင့် အရှင်းဆုံးနည်းကား သွေးထွက်နေသည့်နေရာသို့ တိုက်ရိုက်ဖိပေးခြင်းဖြစ်သည်။ ဤသို့ဖိလိုက်ခြင်းဖြင့် သွေးကြောများကို ပိတ်သွားစေသည်။ ထိုအခါ သွေးတိတ်သွားမည်။

၁) ပြုစုမည့်သူသည် လက်အိတ်ဦးစွာဝတ်ပါ။

၂) သွေးထွက်နေသည့်နေရာတွင် တစ်ခုခု စူးဝင်နေသလားကြည့်ပါ။

၃) မည်သည့်ပစ္စည်းမှ စူးဝင်နေခြင်းမရှိဟု ဆိုလျှင် -

            က) ပတ်တီးစ သို့မဟုတ် အ၀တ်သန့်သန့်ကို ခေါက်ပြီး အနာပေါ်အုပ်ပါ။

            ခ) လက်ချောင်းများသို့မဟုတ် လက်ဝါးဖြင့် ထိုအပေါ်တိုက်ရိုက်ဖိပါ။

            ဂ) ထို့နောက် ထိုအ၀တ်ခေါက်ပေါ်မှ ပတ်တီးစဖြင့် တင်းကျပ်စွာ ချည်နှောင်ပါ။

            ဃ) ဒါဏ်ရာရထားသော ခြေ သို့မဟုတ် လက်ကို ရင်ညွန့်အထက်ရောက်သည်ထိ မြှောက်ထားပါ။



တိုက်ရိုက်ဖိခြင်း

ခန္ဓာကိုယ် မည်သည့်နေရာမှ သွေးထွက်သည်ဖြစ်စေ။ ဤနည်းကို သုံးနိုင်သည်။ ဤနည်းမှာ လွယ်ကူပြီး ထိရောက်၏။ လက်ချောင်းများ သို့မဟုတ် လက်ဝါးဖြင့် ဒါဏ်ရာပေါ်သို့ တိုက်ရိုက်ဖိပေးပါ။ ခဏနေလျှင် သွေးတိတ်သွားလိမ့်မည်။

မြက်ရှရာကဲ့သို့ ဒါဏ်ရာသေးလျှင်မူ အလိုလိုသွေးတိတ်ပါလိမ့်မည်။ ဒါဏ်ရာကို သန့်ရှင်းအောင်သာ ထားပါ။

သို့သော်လည်း သစ်သားစ၊ မှန်စ စသည်တစ်ခုခု စိုက်ဝင်နေလျှင်၊ သို့မဟုတ် အရိုးကျိုးသွားသည်ဟု ယူဆရလျှင် ဤနည်းကို မသုံးရပါ။

သတိပြုရန်မှာ သင့်လက်များညစ်ပတ်နေပါက လက်မှပိုးများ ဒါဏ်ရာအတွင်းဝင်ကာ အနာရင်းတတ်သည်။ ထို့ကြောင့် မပြုစုမီ လက်အိတ်ဝတ်ပါ။ ပတ်တီးစ၊ သန့်ရှင်းသော အ၀တ်ပါးစ စသည်ကိုခေါက်ပြီး ဒါဏ်ရာပေါ်တင်ကာ ဖိပါ။



၁၊ ၃။   အရိုးကျိုးခြင်းကို ပြုစုနည်း



အရိုးကျိုးခြင်း၌ တစ်ခါတစ်ရံ အတွင်း၌သာ ကျိုးနေတတ်ပြီး တစ်ခါတစ်ရံတွင် အရေပြားထိ ဖောက်ကာ ငေါထွက်နေသော အရိုးကို မြင်ရတတ်သည်။

အရိုးကျိုးသည့် လက္ခဏာများ -

v  ထိုနေရာတွင် မခံမရပ်နိုင်အောင်နာမည်။

v  ထိုနေရာသည် ပုံမှန်မဟုတ်။ ပုံစံပျက်ယွင်းနေမည်။

v  ကျိုးသော ခြေလက်တို့ကို မလှုပ်နိုင်။

v  ယောင်ယမ်းလာမည်။

v  အတွင်းကြေ ကြေမည်။

v  အရိုးအပြင်ထိ ငေါထွက်လာလျှင် မြင်နေရမည်။



အရိုးကျိုးလျှင် -

၁) လူနာကို စိတ်အေးအေးထားရန် ပြောပြီး သက်တောင့်သက်သာ ထိုင်ခိုင်းပါ။

၂) အရိုးငေါထွက်လာကာ သွေးထွက်နေလျှင် ဒါဏ်ရာပေါ် ပတ်တီးခေါက်တင် ခပ်ကျပ်ကျပ်စည်းကာ   သွေးတိတ်အောင်လုပ်ပါ။ ပတ်တီးကို ငေါထွက်နေသော အရိုးကိုပါ အုပ်မိအောင် စည်းပါ။

၃) ဒါဏ်ရာရထားသော အပိုင်းကို သက်တောင့်သက်သာ အနေအထားရောက်အောင် ပြုပြင်ပေးပါ။ ထို့နောက် မလှုပ်နိုင်အောင် ပင့်ထားပေး၊ ပူးချည်ထားပေးပါ။

၃က) အကယ်၍ လက်ကျိုးသည်ဆိုလျှင် ဖော်ပြပါပုံအတိုင်း လက်ကို သိုင်းချည်ထားပေးပါ။



၃ခ) အကယ်၍ ခြေကျိုးသည်ဆိုပါက အောက်တွင် ဖော်ပြထားသည့်အတိုင်း အဆင့်ဆင့်လုပ်ပါ။



လူနာ၏ အခြေအနေကို မျက်ခြည်မပြတ် အကဲခတ်နေပါ။ ခံစားရမှုအခြေအနေကို မေးပါ။

ထို့နောက် မြို့တွင်ဖြစ်လျှင် အရေးပေါ်ယာဉ်ကို ခေါ်ပါ။ ဆေးရုံသို့ပို့ပါ။ တောတွင်ဖြစ်လျှင် ထမ်းစင်ပြင်ပြီး ဆေးရုံသို့ပို့ပါ။ လူနာကို တတ်နိုင်သမျှ မလှုပ်ပါစေနှင့်။

၁၊ ၄။   မီးလောင်ဒါဏ်ရာကို ပြုစုနည်း




 
မီးလောင်ဒါဏ်ရာကို ပြုစုရာတွင် သတိပြုရမည့် အချက်များ


၁။ မီးလောင်ဒါဏ်ရာ သို့မဟုတ် အပူဟပ်သည့်နေရာများသို့ ပရုတ်ဆီ၊ သွားတိုက်ဆေး၊ ဆီ၊ lotion စသည်တို့ လိမ်းခြင်း၊ ငံပြာရည်ဖြင့် လောင်းခြင်းတို့ လုံးဝမပြုလုပ်ပါနှင့်။ အခြားမည်သည့် လိမ်းဆေးကိုမှလည်း မလိမ်းပါနှင့်။ ရေသန့်သန့်ဖြင့်သာ ဆေးပေး / အအေးခံပေးပါ။

၂။ မီးလောင်ဒါဏ်ရာ သို့မဟုတ် အပူဟပ်သည့်နေရာများသို့ ဂွမ်းဖြင့် မအုပ်ပါနှင့်။ အသားတွင် ကပ်နေတတ်သည်။

၃။ မီးလောင်နာမှ အရေပြား၊ သို့မဟုတ် မီးလောင်နာတွင် ကပ်နေသည့် အ၀တ် စသည်တို့ကို မခွာပါနှင့်။ သည်အတိုင်းထားပါ။



၁၊ ၅။ တက်ခြင်း



အကြောင်းအမျိုးမျိုးကြောင့် တက်တတ်သည်။

ရောဂါလက္ခဏာများ

v  တစ်ကိုယ်လုံး တုန်ခါနေခြင်း

v  မြေပြင်၊ ကြမ်းပြင်ပေါ်သို့ အထိန်းအကွပ်မဲ့ လဲကျခြင်း

v  သွားကြိတ်ခြင်း

v  မျက်လုံးများ လည်နေခြင်း

v  ဆီးဝမ်း မထိန်းနိုင်ခြင်း

v  မေ့မျောသွားခြင်း



တစ်ဦးတစ်ယောက်သည် တက်နေလျှင် -

ü  အနီးတွင်ရှိသော ဒါး၊ ကပ်ကျေး၊ သံချောင်း၊ အုတ်ခဲ၊ ကျောက်ခဲ စသည့် အန္တရာယ်ရှိသော ပစ္စည်းများကို ရှင်းလင်းပေးပါ။

ü  တက်နေပြီး တွန့်လိမ်နေလျှင် လွတ်လပ်စွာထားပါ။ ချုပ်နှောင်ရန် မကြိုးစားပါနှင့်။

ü  ပါးစပ်အတွင်းသို့ အ၀တ်စများ စသည် မထည့်ပါနှင့်။

ü  အတက်ရပ်သွားလျှင် ရရှိထားသော ဒါဏ်ရာများကို ပြုစုပေးပါ။

ü  ဆေးခန်း / ဆေးရုံသို့ ပို့ပါ။

၁ ၊ ၆။ လေဖြတ်ခြင်း

ဦးဏှောက်သို့ သွေးမရောက်လျှင် လေဖြတ်တတ်သည်။

လေဖြတ်ခြင်း ၏ လက္ခဏာများ


 
တစ်စုံတစ်ဦးသည် လေဖြတ်သည်ဟု သံသယရှိပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ပါ။
၁၊ ၇။ အဆစ်လွဲခြင်း
ခြေခေါက်လဲသည့် အခါ၊ ကစားသည့်အခါ၊ ခုန်သည့်အခါ များတွင် အခန့်မသင့်ပါက အဆစ်လွဲတတ်သည်။



၁၊ ၈။ လည်ချောင်းတွင် တစ်ခုခုနှင့်ဆို့နေခြင်း။ နင်ခြင်း
လည်ချောင်းအတွင်း တစ်ခုခုဝင်သွားပါက အသက်ရှူလမ်းကြောင်းပိတ်ပြီး မိနစ်ပိုင်းအတွင်း သေတတ်သည်။ လူကြီးသူမများ ထမင်းစားနေစဉ် ထမင်းနင်တတ်သည်။ ရေသောက်လျှင်လည်း ရေနင်တတ်သည်။ ကလေးသူငယ်များ ဂေါ်လီလုံး၊ ဇီးသီး စသည်တို့ မျိုကာ နင်တတ်သည်။
လည်ချောင်းနင်နေသူသည် အောက်ပါအတိုင်း လက္ခဏာပြမည်။

လည်ချောင်းနင်နေသူကို အောက်ပါအတိုင်း ပြုစုပါ။





၁၊ ၈၊ က။ အကယ်၍ လူနာသည် ဗိုက်ပူနေသူ သို့မဟုတ် ကိုယ်ဝန်ဆောင်ဖြစ်ပါက -


၁၊ ၉။ နှာခေါင်းသွေးယိုခြင်း
နှာခေါင်းကို တစ်ခုခုနှင့်ခိုက်မိလျှင်၊ နှာခေါင်းအတွင်း တစ်ခုခုဝင်လျှင်၊ နှာခေါင်းကိုနှိုက်ရာတွင် လက်သည်းဖြင့် နှာခေါင်း အတွင်းပိုင်းကို ခြစ်မိလျှင်၊ ပူလွန်းလျှင်၊ ခြောက်သွေ့လွန်းလျှင်၊ ပူပေါင်းကို အားဖြင့် မှုတ်သောအခါ နှာခေါင်းသွေး ယိုတတ်ပါသည်။
နှာခေါင်းသွေးယိုခြင်းသည် ဖြစ်လေ့ဖြစ်ထရှိ၏။ ကြောက်စရာမဟုတ်။ စိတ်အေးအေးထားပါ။ သို့ရာတွင် မကြာခဏနှာခေါင်းသွေးယိုခြင်းသည် မကောင်း။ ဆရာဝန်နှင့် အမြန်ဆုံးပြပါ။

နှာခေါင်းသွေးယိုနေသူအား ပြုစုပုံ
အေးအေးဆေးဆေးထိုင်ခိုင်းပါ။ ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းထားပါ။ နောက်လှန်မထားပါနှင့်။
နှာခေါင်းမှ နှာနုအောက် အရိုးနုနှင့်အပျော့ပိုင်းကို လက်မနှင့် လက်ညှိုးဖြင့် ညှပ်ပြီး ဖျစ်လည်းဖျစ်၊ တွန်းလည်းထားပါ။




နှာခေါင်းကို ၅ မိနစ်ကြာသည်ထိ ဖျစ်ထားပါ။ ထို့နောက် သွေးဆက်ထွက်မထွက် ကြည့်ပါ။
သွေးမတိတ်သေးလျှင် နောက်ထပ် ဆယ်မိနစ်ကြာသည်ထိ နှာခေါင်းကို ဖျစ်ထားပါ။ ထို့နောက် သွေးဆက်ထွက်မထွက် စစ် ကြည့်ပါ။
သွေးမတိတ်သေးလျှင် နောက်ထပ် ဆယ်မိနစ်ကြာသည်ထိ နှာခေါင်းကို ဖျစ်ထားပါ။ ထို့နောက် သွေးဆက်ထွက်မထွက် စစ် ကြည့်ပါ။
တတိယအကြိမ်ဖျစ်ပြီးသော်မှ သွေးမတိတ်သေးလျှင် ဆေးခန်းသို့ အမြန်ပို့ပါ။
သတိပြုရန်
  • နှာခေါင်းပေါ်သို့ ရေခဲအိတ်တင်ပေးလျှင် သွေးကြောကလေးများ ကျဉ်းသွားကာ သွေးတိတ်ခြင်းကို အထောက်အကူ ဖြစ်စေသည်။
  • နှာခေါင်းကို တောက်လျှောက် ဖျစ်မထားရ။ သွေးတိတ်မတိတ် စစ်ကြည့်ရန် လိုပါသည်။
  • သွေးတိတ်သွားပြီဆိုလျှင် နှပ်မညှစ်ပါစေနှင့်။ သွေးကြောပြန်ပွင့်သွားပြီး သွေးပြန်ထွက်လာတတ်သည်။
မြွေကိုက်ခြင်း၊ ၀မ်းလျှောခြင်း၊ CPR စသည်တို့ကို ဆက်ပါမည်။
ရှေးဦးသူနာပြုပြီးလျှင် အရေးပေါ်စီမံချက်များအကြောင်း ဆက်ရေးပါမည်။
မီးအရေးပေါ်၊ ရေလျှံခြင်းအရေးပေါ်၊ ရေပြတ်လတ်ခြင်း အရေးပေါ်၊ မိုးကြိုးပစ်ခြင်း၊ ငလျင်အရေးပေါ်၊ မုန်တိုင်းအရေးပေါ် စသည်တို့ ပါဝင်ပါမည်။


No comments: