Saturday, September 12, 2009

Bitter Life XI(မမျိုးသီတာ-၂)

နောက်ပြီး အင်္ဂလိပ်စာ အရေးအသားနဲ့ ပတ်သက်လို့ လိုသေးတယ်။ တကယ့်တကယ် စာတမ်းတွေ ရေးတဲ့ အခါကျတော့ အင်္ဂလိပ်လို ကောင်းကောင်း မရေးတတ်ရင် အရမ်း ဒုက္ခရောက်တယ်။ ဒီအကြောင်းအရာကို သိနေ တယ်။ ပြောလည်းပြောချင်တယ်။ ဒါပေမဲ့ အင်္ဂလိပ်လို ကိုယ် ဆိုလိုချင်တဲ့ အဓိပါယ်ရောက်အောင် ဘယ်လိုရေးရ၊ ပြောရမှန်း မသိဘူး ဆိုတော့ အလိုလိုနေရင်း အမှတ်လျော့စရာတွေ ဖြစ်လာတယ်။ နောက်ပြီး ဘာသာရပ် ဆိုင်ရာ စာတမ်းတွေ ရေးတဲ့အခါကျတော့ ရိုးရိုး အင်္ဂလိပ်စာ နဲ့မတူပဲ သူ့ သက်ဆိုင်ရာ အခေါ်အဝေါ်၊ အသုံးအနှုံးတွေကို လည်း ယဉ်ပါးနေမှ ရမယ်။
သြစတေးလျလို တက္ကသိုလ်ကြီးတွေမှာ ကျတော့ ကျောင်းမတက်ခင် ဒီ subject ရဲ့ flow က ဘယ်လို။ ဘယ်လို way နဲ့ သွားရမလဲ။ ဘယ်လို argue လုပ်မလဲ။ ဘယ်လို puzzle question ထုတ်ဘို့အတွက် ဘယ်လို တွေးရမလဲ ဆိုတာတွေကို အနည်းဆုံး သုံးလ သင်ပေးတယ်။ အဲဒီ ဌာနရဲ့ ဆရာတွေကိုယ်နှိုက်က သင်ပေးတာ။ Presentation တွေ ဘယ်လို ပြင်မလဲ။ ဘယ်လိုခေါင်းစဉ် ရေးရင် ဘယ်လို ပြင်ရမလဲ ဆိုတာတွေပေါ့။
ဒီတိုင်းပြည်တစ်ခု ဆင်းရဲနေတာ ဘာ့ကြောင့်လဲ။ သူ့မှာ ဘယ်လို သဘာဝ သယံဇာတ ပစ္စည်းတွေ ရှိသလဲ။ လူ့အရင်းအမြစ်ကို ဘယ်လို ပြုစုပျိုးထောင်သလဲ။ အစိုးရရဲ့ ပေါ်လစီက ဘာလဲ။ ဒီ သယံဇာတ ပစ္စည်းတွေကို ဘယ်လို စီမံခန့်ခွဲသလဲ။ ပညာရေး ရည်မှန်းချက်တွေက ဘာလဲ။ တခြားနိုင်ငံ တွေနဲ့ စီးပွားရေးအရ ဆက်ဆံရေးက ဘယ်လိုရှိ သလဲ စသဖြင့် ဖော်ပြပြီးမှ နောက်ဆုံးမှာ ဒါဆိုရင် အဲဒါတွေကို ပြုပြင်ပြောင်းလဲပြီး စီးပွားရေးစနစ် တိုးတက် ကောင်းမွန်လာအောင် ဘယ်လိုတွေ လုပ်နိုင်သလဲ၊ ဘယ်လို လုပ်ရင် ရနိုင်သလဲ ဆိုတာ သုံးသပ်ပြရတယ်။ အဲဒါမှ Thesis တစ်ခုရဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတယ်။
ဒါတွေကောင်းပါတယ်ချည်း ရေးနေရင် paper တစ်ခုရဲ့ လက္ခဏာနဲ့ မကိုက်ညီသေးဘူး။ ပထမ အခန်း ၁ နဲ့ ၂ လောက်မှာ ကောင်းတာတွေ ရေးမယ်။ ဒါတွေ ဒါတွေကြောင်း ကောင်းပါတယ် ပေါ့။ အခန်း ၃ နဲ့ ၄ လောက်မှာ အဲဒီ စနစ်ရဲ့ အားနည်းချက် ချို့ယွင်းချက်တွေကို ထောက်ပြရမယ်။ ဒါတွေတော့ဖြင့် လိုသေးတယ်။ ဒါတွေကတော့ မကောင်း ဘူး စသဖြင့် ကိုယ်ပိုင် ယူဆချက်တွေ ရေးမယ်။ နောက်ဆုံး နိဂုံးချုပ် ကျရင် အဲဒီ လိုနေတာတွေ၊ မကောင်းတာတွေ နဲ့ ဟာကွက် တွေကို ဘယ်လို ပြုပြင် လိုက်ရင်တော့ ကောင်းသွားမယ် ဆိုတဲ့ သုံးသပ်ချက်တွေကို ရေးရမယ်။
ကျွန်မတို့ အခက်အခဲက ကျောင်းကို စရောက်ရောက်ချင်း ယူရတဲ့ ဘာသာတွေက core course တွေ ဖြစ်နေလို့ ရွေးချယ်ပိုင်ခွင့် မရှိတာရယ်။ သင်တဲ့ ဆရာကြီးတွေက ကျောင်းက မဟုတ်ပဲ အင်မတန် တော်တဲ့ ကမ္ဘာ့ထိပ် တန်း ပညာရှင်ကြီးတွေ ဖြစ်နေတော့ သူတို့ သင်တာတွေကို ကျောင်းသားတွေ မလိုက်နိုင်ဘူး။ သူတို့ ဘာပေးချင်သလဲ ဆိုတာ တိတိကျကျ မသိဘူး ဖြစ်နေတယ်။ ဘယ်လို ပုံစံမျိုးနဲ့ သွားချင်သလဲ ဆိုတာ မခန့်မှန်းနိုင်ဘူး။
ဗမာပြည်မှာ ကျတော့ မေးခွန်းတစ်ခု မေးလိုက်ရင် ဒီမေးခွန်းကို ဖြေရမဲ့ အဖြေက တစ်မျိုးထဲပဲ ရှိတယ်။ ကျောင်းသား ၃၀ ရှိရင် ထွက်လာမဲ့ အဖြေ ၃၀ သည် တစ်မျိုးထဲပဲ။ လုံးဝ မလွဲဘူး။ အဲဒီ အထဲမှာမှ သည်၏ မလွဲ၊ ကွက်တိ ဖြေနိုင်တဲ့ ကျောင်းသားဟာ အမှတ် အများဆုံးရမယ်။ ကျက်တော့ထားပါရဲ့၊ တချို့ စာပိုဒ်တွေ မေ့နေလို့ မဖြေနိုင်တဲ့ ကျောင်းသားက အလယ်အလတ်တန်းမှာ ရှိမယ်။ တစ်ခါမှ မကျက်ပဲ ဘာမှ မရတဲ့ ကျောင်းသားကျတော့ စာမေးပွဲ ကျမယ်။
ဒီမှာ ကျတော့ မေးခွန်းတစ်ခုအပေါ်မှာ ကျောင်းသား အယောက် ၃၀ ဖြေရင် အဖြေ အမျိုး ၃၀ ဖြစ်နိုင်တယ်။ ဒီလို တစ်ယောက်နဲ့ တစ်ယောက် အဖြေတွေ မတူတဲ့ အတွက် professor က ဒါကို ကျတယ် လို့ မပြောနိုင်ဘူး။ ကိုယ့် အယူအဆနဲ့ကိုယ် ဖြေထားတာ ဖြစ်တဲ့အတွက် သူ့ အဖြေဟာ ကြောင်းကျိုးဆီလျော်ရင် ဒါ လက်ခံတယ်။ နောက်ဆုံး မှာ conclusion ထုတ်ပေးနိုင်ရမယ်။
နောက်ပြီး သူက ဆရာဖြစ်နေတာမို့လို့ သူပြောတဲ့ argument အားလုံးကို အမှန်လို့ ယူဆရမယ် မဟုတ်ဘူး။ ဆရာပြောတဲ့ အပေါ်မှာ ကိုယ့်သဘောနဲ့ကိုယ် လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိတယ်။ ကျောင်းသားရဲ့ argument မှန်နေရင်လည်း သူတို့က ထောက်ခံပေးတယ်။ ပြန်ပြီးဖြန့်ဝေပေးတယ်။ ဘယ်နှခုနှစ်မှာ တက်ခဲ့တဲ့ ကျောင်းသားရဲ့ argument ကတော့ဖြင့် ဘယ်လိုရှိတယ်၊ ဘယ်လိုအချက်တွေကို ထောက်ပြထားတယ်၊ ဘယ်လို တင်ပြထားတွေက တော့ဖြင့် အရမ်းကောင်းတယ် ဆိုပြီး တင်ပြတယ်။ ဒါကြောင့်မို့လို့ ဒီမှာ တက်ခဲ့တဲ့ ကျောင်းသား အားလုံးရဲ့ paper တွေကို သူတို့ သိမ်းထားတယ်။
နောက်ပြီး ကမ္ဘာ့ စက်မှု တက္ကသိုလ်တွေ အားလုံးကို အဆင့်ခွဲလိုက်ရင် NTU က အဆင့် ၂၅ မှာ ရှိတယ်။ ကမ္ဘာ့ တက္ကသိုလ်ကြီးတွေအနေနဲ့ ဆိုရင် ထိပ်သီး တက္ကသိုလ် ၁၀၀ ထဲမှာ ပါတယ်။ ဘယ်လို အဆင့်အတန်း သတ်မှတ်သလဲ ဆိုတော့ ဒီတက္ကသိုလ်ဟာ ဘာသာရပ် ဘယ်နှစ်ခု သင်ပေးသလဲ၊ တစ်နှစ်မှာ ဘွဲ့ရကျောင်းသား ဘယ်လောက် မွေးထုတ်ပေးနိုင်သလဲ စသဖြင့် ပေါ့ သတ်မှတ်ထားတာကိုး။ အမေရိကန် မှာ တက္ကသိုလ်ပေါင်း ၁၀၀ ပေမဲ့ ဒီ တက္ကသိုလ်အားလုံးဟာ ကမ္ဘာ့ ထိပ်သီး တက္ကသိုလ်တွေချည်း ဖြစ်ချင် မှ ဖြစ်မယ် ပေါ့။ တခြားနိုင်ငံတွေမှာ လည်း သူ့ထက်သာတဲ့ တက္ကသိုလ်တွေ ရှိနေနိုင်တာပဲ။
ဆိုတော့ NTU အနေနဲ့က သူတို့ တက္ကသိုလ်ရဲ့ အဆင့်ကို ထိမ်းထားချင်တယ်။ အဲဒီ အခါကျတော့ ကမ္ဘာ့ ထင်ရှားတဲ့ ဆရာကြီးတွေ ငှားတယ်။ နောက်ပြီး ကျောင်းသားတစ်ဦးရဲ့ paper ကို ဒီဆရာက သင်ပေးလိုက်ပေတဲ့၊ ဒီ ဆရာကတင် စစ်တာ မဟုတ်ပဲ အပြင်က တခြားဆရာကြီးတွေဆီ ပို့ပေးပြီး စစ်သေးတယ်။
မူလ သင်တဲ့ဆရာက ဒီကျောင်းသား ရေးထားတဲ့ စာတမ်းက အရမ်းကောင်းနေလို့ Grade A ပေးလိုက်တယ်။ ဒါပေမဲ့ အပြင်စာစစ် ဆရာကြီးတွေ စစ်လိုက်တဲ့ အခါကျတော့ ဒီအချက်တွေကတော့ ကောင်းပါ တယ်။ ဒါပေမဲ့ ဒီလိုသုံးသပ် ထားတာကတော့ သိပ်မကောင်းသေးဘူး။ ဒီလိုရေးမှ မှန်မယ်။ အဲဒီအတွက် ဒီကျောင်း သားကို Grade A မပေးသင့်ဘူး။ B+ ပဲပေးသင့်တယ် လို့ လုပ်လိုက်ရင် ကျောင်းသားအနေနဲ့ Grade B+ ပဲ ရတော့ တယ်။
ဆိုလိုတာက သူတို့ဆီက ကျောင်းသားတစ်ယောက် ရေးလိုက်တဲ့ စာတမ်းဟာ ဘယ်သူစစ်လိုက်၊ စစ်လိုက်၊ အစစ်ခံနိုင်ရမယ် လို့ မှတ်ကျောက်တင်ထားတာပဲ။
ကျွန်မတို့ အဖြေလွှာတွေဆိုရင် ဒီကျောင်းက ဆရာတွေလဲ စစ်ပြီးရော အင်္ဂလန်တက္ကသိုလ်ကို ပို့ပြီး အစစ်ခိုင်း တယ်။ ဟိုက ပြန်လာတဲ့ ရမှတ်တွေကိုကျမှ ကြေငြာတာ။ ဒီတော့ စာမေးပွဲ စစ်ပြီးပြီးချင်း အမှတ်တွေကို ချက်ခြင်း မသိနိုင်သေးဘူး။ တစ်လကျော်ကြာမှ သိရတယ်။ နောက်ပြီး ဒီကျောင်းမှာ စစ်လိုက်လို့ အောင်သွားပေမဲ့ ဟို တက္ကသိုလ်က အအောင်မပေးဘူး ဆိုလဲ လက်ခံနိုင်ရမယ်။
ဒီမှာ Master ကျောင်းသား တစ်ယောက်ဟာ course work အနေနဲ့ ကျောင်း ဆယ်လ တက်ရတယ်။ အနည်းဆုံး seminar (အကြီး) အခု ၂၀ ပြီးရမယ်။ အဲဒီ seminar တွေကျတော့ ဒီတက္ကသိုလ် တစ်ခုထဲကတင် မဟုတ်တော့ဘူး။ ကမ္ဘာအနှံ့အပြားက ထိပ်တန်း တက္ကသိုလ်ကြီးတွေက ပါမောက္ခကြီးတွေကို ဖိတ်ပြီး သူတို့ရဲ့ ဟောပြောချက်တွေ၊ ဗဟုသုတတွေကို ပေးတယ်၊ idea တွေကို share လုပ်တယ် ဆိုတော့ မဖြစ်မနေ၊ တက်ကို တက်ရတယ်။
အဲဒီမှာ မေးခွန်းတွေလည်း မေးရတယ်။ နောက်ပြီး ဒီ seminar တွေကို အစိုးရ အရာရှိကြီးတွေလည်း လာတက်ပြီး သူတို့ သိချင်တာတွေ မေးကြ၊ အပြန်အလှန် ဆွေးနွေးကြ ဆိုတော့ အရမ်း ဗဟုသုတ ရတယ်။ ဒါကြောင့် ဒီ seminar အခု ၂၀ သည် မဟာသိပံဘွဲ့ယူ ကျောင်းသားတွေအတွက် မတက်မဖြစ် တက်ရတဲ့ လိုအပ်ချက် တစ်ခု ဖြစ်တယ်။
နောက်တစ်ခုက Dissertation ပဲ။ Master of the Crown လို့တောင် ခေါ်တယ်။ ကျောင်းသားတစ်ယောက် ဟာ အတန်းတွေတော့ အောင်သွားပါရဲ့။ လိုတဲ့ စာတမ်းတွေလည်း တင်ပြီးပါရဲ့။ ဒါပေမဲ့ ဒီ Dissertation မရေးနိုင်သူ တစ်ယောက်ကို Master ဘွဲ့နဲ့ မထိုက်တန်သေးဘူး လို့ ယူဆပြီး ဘွဲ့မပေးဘူး။ သူဟာ ဘာသာရပ်တိုင်းမှာ Grade A ရနေသည့်တိုင် Dissertation မရေးနိုင်ဘူး ဆိုရင် ဘွဲ့မရနိုင်ဘူး။
အဲဒါကြောင်း ဂျာမဏီတို့၊ နော်ဝေ တို့က လာတက်တဲ့ ကျောင်းသားတွေတောင် ဘွဲ့မရပဲ ပြန်သွားရတဲ့သူတွေ ရှိတယ်။ ကျွန်မတို့ မြန်မာပြည်က လာတက်တဲ့ သူတွေထဲမှာလည်း ဘွဲ့မရပဲ ပြန်သွားရတဲ့သူတွေ အများကြီး ရှိတယ်။ ကျွန်မတို့ တက်တဲ့ အတန်းမှာ စုစုပေါင်း ဗမာပြည်က လာတက်တာ ယောက် ရှိတဲ့ အနက် မဟာသိပံဘွဲ့ ကို အောင်အောင်မြင်မြင် ဆွတ်ခူးသွားတာ ဆိုလို့ ကျွန်မ အပါအ၀င် ယောက်ပဲ ရှိတယ်။
ဒီလိုပဲ တရုပ်ပြည်ကလည်း အစိုးရအရာရှိတွေ ပညာသင်ဆုနဲ့ လာတက်တဲ့ သူတွေ ရှိတယ်။ သူတို့ရေးတဲ့ Dissertation ကို ပါမောက္ခက အတည်ပြုမပေးလို့ နောက်ဆုံးအဆင့်ကျမှ ဘွဲ့မရပဲ ပြန်သွားရတဲ့သူတွေ ရှိတယ်။

ဗမာပြည်မှာတုံးကတော့ မနက်ဖြန် သင်မဲ့ ဘာသာကို ဒီနေ့ကြိုဖတ်သွားတယ် ဆိုတာမျိုး မရှိခဲ့ဘူး။ ဆရာသင်တော့မှပဲ နားထောင်၊ လိုက်မှတ်။ ညကျမှ ပြန်ကျက်။ ဒါမျိုးပဲ ရှိခဲ့တယ်။ စာမေးပွဲ ဖြေခါနီးကျရင် အရင်တုံးက မေးခဲ့တဲ့ မေးခွန်းဟောင်းတွေ လိုက်ရှာ၊ ဖြေကြည့် စသဖြင့် ပြင်တာဆင်တာ မျိုးတွေ ရှိတယ်။ Course တစ်ခုလုံးကို ခြုံပြီး လေ့လာတဲ့၊ မေးတဲ့ ပုံစံမျိုး မရှိဘူး။
နောက်ပြီး ဗမာပြည်မှာ ခုနောက်ပိုင်းကျ ပိုလွယ်သေးတယ်။ ဆရာ ဆရာမတွေက စာမေးပွဲမှာ မေးမဲ့ မေးခွန်း ကို ကြိုထုတ်ထားတယ်။ စာမေးပွဲမှာ ၆ ပုဒ်မေးမယ် ဆိုရင် ကျောင်းသားတွေကို hint ပေးတဲ့ အနေနဲ့ ၈ ပုဒ် လောက် ပေးထားတယ်။ အဲဒါ ကျက်ဖြေလိုက်ရုံပဲ။ ဘာမှ ခေါင်းစားစရာ မလိုဘူး။ အဲဒီ ပေးထားတဲ့ ၈ ပုဒ်ကို အာဂုံဆောင်နိုင်ရင် အောင်မှာပဲ။ ဂုဏ်ထူးထွက်မှာပဲ။
ဒီမှာကျတော့ အဲဒီလို မဟုတ်တော့ဘူး။ နောက်တစ်ပတ် သင်မဲ့ သင်ခန်းစာနဲ့ ပတ်သက်တဲ့ lecture notes တွေကို web site ပေါ်မှာ တင်ပေးထားတယ်။ နောက်ပြီး ကျောင်းသားတွေဆီကို e-mail တွေ ပို့ထားတယ်။ ကျောင်းသားတွေက အဲဒါတွေကို print ထုတ်ပြီး ကြိုဖတ်ထား။ ရှေ့အပတ် သုံးနာရီစာလောက် သင်မဲ့ lecture ကို ဒီ အပတ်ထဲမှာ သေသေချာချာ ဖတ်ထားရတယ်။ အဲဒီလို ဖတ်ထားမှ ဆရာလာသင်တဲ့ အခါ သူဘာတွေ ပြောနေတာ လဲ၊ ဒါက ဘာကိုဆိုလိုတာလဲ ဆိုတာ နားလည်မှာ။ ဒါမှမဟုတ်ပဲ စာသင်ခန်းထဲရောက်မှ ဆရာပြောတာ နားထောင်ရင် ဘာတွေ ပြောနေမှန်း သိမှာ မဟုတ်ဘူး။
နောက်ပြီး အတန်းထဲမှာ ဆရာစာသင်သွားတာကို နားထောင်ပြီး ပြန်သွားတာမျိုး သူတို့ မလိုလားဘူး။ ဆရာ သင်သွားတဲ့ အပေါ်မှာ ကျောင်းသားက ပြန်ပြီး ဆွေးနွေးတာ၊ မေးမြန်းတာမျိုး လုပ်နိုင်ရမယ်။ ဆရာသင်သွားတဲ့ အပေါ် မှာကိုပဲ ကျောင်းသားက အချက်အလက်ပိုင်ပိုင်နိုင်နိုင်နဲ့ ပြန်ပြီး ငြင်းချက်ထုတ်နိုင်ရမယ်။ ဒီမှာ စာသင်တာကျတော့ စကားရည်လုပွဲ ပုံစံမျိုးပဲ။ ဆရာက positive way ကနေ တင်ပြတယ်။ ကျောင်းသားက negative way ကနေ ပြန်ပြီး ချေပတယ်။ ဆိုတော့ ဒီလိုမျိုး ပြန်ပြီး ဆွေးနွေး၊ မေးမြန်းတာ၊ ငြင်းချက်ထုတ်တာမျိုးတွေကို စာကြိုမဖတ်ထားပဲ ဘယ်လိုမှ မလုပ်နိုင်ဘူး။
နောက်ပြီး presentation တွေ ပေးရတယ်။ ကျောင်းစတက်တက်ချင်း first trimester မှာ presentation က အပတ်တိုင်း ပါတယ်။ ကျောင်းသားများရင် နှစ်ယောက် တစ်စု၊ သုံးယောက် တစ်စု။ နည်းတယ် ဆိုရင်တော့ တစ်ယောက်ချင်းစီ ပေးရတယ်။ ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်ကို ရွေးပြီး လုပ်လို့ရတယ်။ ကိုယ်က ပြင်ဆင်ထားပြီး အတန်းကို ရှင်းပြမယ်။ အဲဒီအခါ ကျောင်းသားတွေနဲ့ ဆရာတွေက ကိုယ်တင်ပြတဲ့ အပေါ်မှာ မေးခွန်းတွေ ပြန်ထုတ် မယ် ပေါ့။
အတွေ့အကြုံမရှိသေးခင် first trimester မှာ အုပ်စုလိုက် presentation လုပ်ရတယ်။ ဒါပေမဲ့ နောက် second trimester ကျတော့ အုပ်စုလိုက် လုပ်လို့ မရတော့ဘူး။ အတွေ့အကြုံ ရလာပြီ ဆိုတော့ တစ်ယောက်ချင်းစီပဲ လုပ်ရတော့တယ်။ ဘယ် topic ပြောမလဲ ဆိုတာ ကိုယ့်ဟာကိုယ်ရွေး။ ဘယ်အချက်အလက်တွေ ထည့်မလဲ ဆိုတာ လဲ ကိုယ့်ဟာကိုယ်ရွေး။ Reference တွေကိုလည်း ကိုယ့်ဟာကိုယ် ထည့်ရတယ်။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ ကို ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ပြောနိုင်တယ်။

No comments: