Wednesday, July 24, 2024

စင်ကာပူက အစိုးရထောက်ပံ့ကြေးများအကြောင်း

အားတော့နာပါသည် မိတ်ဆွေများ

 

သို့သော်လည်းလေ၊ တတ်နိုင်ပုစ်

ခညားတို့ သွားရည်ကျအောင် နည်းနည်းလောက်တော့ ပြောပါရစေဦး။

 

အစာအိမ်ထဲ ဘာဖြစ်လို့ဆိုလား မဟေသီဖြစ်သူက အစာအိမ်မှန်ပြောင်း ကြည့်ချင်လှချည်ရဲ့ ဆိုသောကြောင့် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က အနီးရှိ ဆေးရုံကြီးတွင် သွားကြည့်လေ၏။ ဆေးရုံကြီးက အသစ်ကျပ်ချွတ်၊ ဖိုက်စတားဟိုတယ် ထက်တောင် ကောင်းပါသေး။ အဲလေ ဈေးကလေးကလည်း ဖိုက်စတားဟိုတယ်လောက် ကြီးပါသေး။

 

ပထမတစ်ခေါက် သွားကတည်းက သူတို့က ဘယ်လောက်ကျမယ်ဆိုတာ တစ်ခါတည်း တွက်ပေးလိုက်၏။ စင်းဒေါ်လှ ၄၀၀၀ လောက်ကုန်မည်။ အောင်မငီး။ ကျွန်ုပ်ရင်ထဲ အတော် ဖိုးသိုးဖတ်သတ် ဖြစ်သွား၏။ သို့သော်လည်းလေး ငုံးပူ၊ လူမသိ ဆို ရှိသယ်မဟုတ်လား။ ကျွန်ုပ်လည်း ဘာမှ မဖြစ်လေဟန်နှင့် ‘နိုးပလုံပလုံ’ ဟု ပြောလိုက်ရလေသော ဟူသတတ်။ ယခွမ်း

 

အစာအိမ်မှန်ပြောင်းကြည့်တာ အနည်းဆုံး ၃ နာရီကြာမည်ဆိုတော့ ကျွန်ုပ်လည်း အလုပ်မသွားနိုင်ပဲ လိုက်ပို့ရလေ၏။ အားလုံးပြီးသွားတော့ ပိုက်ဆံက တခါတည်း ရှင်းပေးလိုက်ရတာမဟုတ်။ ဘေလ်ပို့လိုက်မည်ဆို၍ ပြန်ခဲ့၏။

 

တစ်ပတ်လောက်နေလို့ HealthHub မှာ စစ်ကြည့်လိုက်တော့ ၄၀၀၀ လောက်ကျသည့် အစာအိမ်မှန်ပြောင်းဘိုးက ၇ ကျပ်လောက်ပဲ ပေးရမည်ဆိုပါလာ့စ်။ ငင့်

 

ကျွန်ုပ်လည်း မယုံသည်နှင့် သေချာအောင် မျက်မှန်ကိုချွတ်။ ကွန်ပြူတာမျက်နှာပြင်ကို သုတ်သည့် အဝတ်စကို screen cleaner solution နှင့် အသေအချာပွတ်လျက် ပြန်ကြည့်။

 

ဟုတ်ပါ့ခညာ။ အစာအိမ်မှန်ပြောင်းကြည့်တာ စုစုပေါင်း $4001.39 ကျ၏။ သို့သော် ကျွန်ုပ်ပေးရသည်မှာ $6.56 သာ ဖြစ်၏။ ကျွန်ုပ်လည်း ဝမ်းသာအားရ ချက်ချင်း ငွေချေလိုက်လေသော ဟူ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်




 

ဟိုတလောကလည်း ဆေးရုံ၌ ဘေလ်တစ်ခု မျက်စိလည် လမ်းမှားကာ ကျွန်ုပ်ထံ ရောက်လာလေ၏။ 

ထိုပြေစာ၌ စလုံးနိုင်ငံသားတစ်ယောက် ဆေးရုံတက်တာ ၄၉၀၀ ကျော် ကျ၏။ သို့သော် ပိုက်ပိုက်တစ်ပြားကမှ မပေးရ။

မိုက်ချက်ခွာ၊ ကတောက်စ်

ကျွန်ုပ်လည်း ထိုပြေစာကို ဓာ့ပုံရိုက် ယူထားလိုက်၏။ 




 

အဲသဟာပါပဲ မိတ်ဆွေများ -

 

ကျွန်ုပ်က စလုံးအစိုးရကောင်းကြောင်း ကြော်ငြာနေတာ မဟုတ်ပါ။

စင်ကာပူအစိုးရသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် သူတို့တိုင်းသူပြည်သားများ ဝန်ထုပ်ဝန်ပိုး မဖြစ်ရစေရန် မည်ကဲ့သို့ စီမံထားသည် ဆိုခြင်းအကြောင်း အရိပ်အမြွက်မျှ ပြောပြခြင်း ဖြစ်၏။

အပြည့်အစုံဖတ်လိုသူများ ကျွန်ုပ်ရေးနေသော “စင်ကာပူ ခြင်္သေ့မြို့တော်” စာအုပ်တွင် ဖတ်နိုင်ပါသည်။ သိပ်မကြာခင် ထွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါ၏။

 

ရသမျှပိုက်ဆံအကုန်လုံးကို အိတ်ထဲထည့်ဘို့၊ ဉာတကာနဉ္စ သင်္ဂဟောလုပ်ဖို့လောက် ကြံစည်နေတဲ့ ဟို မြေနိုး ခွားသဒေါင်းဇေးတွေနဲ့များ သေးနဲ့ ကိုကာကိုလာလို ကွာပါ့။

 

ဆိုတော့ ပိတ်သတ်ကြီး၊ you know what to do ah !!!

 

မြေနိုးတသိုက် ငရဲ၌၊ လောင်မြိုက်ပြီးလည်း ဂန့်ပါစေ

 

အေးငြိမ်း

၂၄ ဇူလိုင်၊ ၂၀၂၄

No comments: