Friday, July 28, 2023

Stillwater




Mektub

(From Quran 7:157)

 

Acceptance.

Accept your fate.

You just embrace your fate and learn to live in peace with it.

It’s about letting go of all of that shame and guilt that pushes you down and keep you down and makes you feel so powerless.

Powerless and Forgotten.

And that makes living really hard.

 

It doesn’t matter that I am innocent, Dad.

It’s not about justice.

It’s about finding peace.

 

များသောအားဖြင့် ကျွန်ုပ်ကြိုက်သည်မှာ စွန့်စားခန်း၊ ထိုးခန်းကြိတ်ခန်း၊ ဆော်ပလော်တီးခန်းများဖြင့် ပြည့်နှက်နေသည့် ရုပ်ရှင်ကားများ ဖြစ်၏။ 

 

သို့သော် ဟိုတစ်နေ့ကတော့ Stillwater ကို အမှတ်တမဲ့ ကြည့်မိ၏။ ဘာကားမှန်းသိလို့မဟုတ်။ ကျွန်ုပ်ကြိုက်သည့် မင်းသား (Matt Damon) ဖြစ်၍ ကောင်းမည်ထင်လို့ ကြည့်ခဲ့တာဖြစ်၏။

 

အလုပ်ကတဖက်၊ အိမ်ပြန်ရောက်တော့လည်း သောက်တလွဲတွေကြောင့် ရုပ်ရှင်မကြည့်ရ။ 

ဆိုတော့ အားသည့်အချိန်ကလေးများ၌ အပြေးအလွှား ကြည့်ရတာဖြစ်သဖြင့် ၅ ရက်လောက် ကြာ၏။ 

 

မေတ္တာဘွဲ့မဟုတ်သော မေတ္တာဘွဲ့ဇာတ်ကားကောင်း တစ်ခု ဖြစ်၏။ 

ဖခင်တစ်ဦး၏ မေတ္တာကို နက်ရှိုင်းစွာ တွေ့နိုင်ပါမည်။

 

ဇာတ်လမ်းကတော့ . . .

(အဟိ) အရသာပျက်မှာစိုးလို့ မပြောတော့ပါ။

 

Recommended.

 

(မင်းသမီးတွေကလည်း ဆိုးလိုက်ပါတဲ့ ရုပ်၊ ယခွမ်းဒဲ့မှ)

 

အေးငြိမ်း

27/07/2023

No comments: