Saturday, December 21, 2019

ကျွန်ုပ်၏ဟောပြောပွဲများမှ အသံများ


MES (Mdy)_Seminar Feedback

·       Power Point ထဲမှာ ပြထားသည့် Design လုပ်ရသည့် Example များကို ပိုပြီး နားလည်အောင် ရှင်းပြစေချင် ပါသည်။
·       အင်ဂျင်နီယာများအတွက် အထူးကောင်းမွန်သော သင်တန်းဖြစ်သည့်အတွက် အမြဲမပြတ် သင်တန်းများ ပို့ချပေးစေလိုပါသည်။
·       ကျယ်ပြန့်စွာ သိရှိအောင် ကြိုးစားပြီး ကျယ်ပြန့်သလောက် လိုက်နာကျင့်သုံးဆောင်ရွက်သင့်ပါသည်။
·       Project sample တစ်ခုအား Inspection scope work, video clip for as per inspection items
·       သီးခြားအကြံပြုရန်မရှိပါ။ စေတနာထားဟောပြပေးပါသော ဆရာအား ကျေးဇူးတင်ပါသည်။
·       ယခုထက် အချိန်ပိုပေး၍ ဟောပြောစေချင်ပါသည်။
·       နောက်များတွင်လည်း ဟောပြောပွဲများကို မကြာခဏ ပြုလုပ်ပေးစေလိုပါသည်။
·       လုပ်ငန်းရှင်၊ ကြီးကြပ်သူ၊ ဝန်ထမ်းများ အဆင့်ဆင့်လိုက်နာခြင်းဖြင့် အန္တရာယ်ကင်းရှင်းသော လုပ်ငန်းခွင်များ အဖြစ် လုပ်ငန်းဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။
·       ဟောပြောသူသည် ကြမ်းတမ်းရိုင်းစိုင်းသော စကားလုံးများ သုံးစွဲမှုမရှိပါ။
·       Safety နှင့်ပတ်သက်၍ Major အလိုက် (eg., Civil, EP, MP,…stc) Specialize သီးသန့် ဆွေးနွေးပွဲများ လုပ်စေချင်ပါသည်။
·       Safety Engineering for lafting ကြိုးတိုင်းကြိုးတိုင်း Safety load ရှိ မတဲ့အခါ ကရိန်းကို ဘယ်လိုထားလို့ မရမည်ဆိုသည့် အကြောင်းရှင်းပြပါသည်။ Safety 12မျိုးအကြောင်း ရှင်းပြပါသည်။ လိုက်နာဆောင်ရွက် ကြပါရန် အကြံပြုပါသည်။
·       Construction လုပ်ငန်းစဉ်အတွင်း သက်ဆိုင်ရာ Electrical, Plumbing mechanicet လုပ်ငန်းစဉ် Safety များကို သီးသန့်ခေါင်းစဉ်ခွဲ၍ ဟောပြောလိုစေပါသည်။
·       Site အတွင်းသက်ဆိုင်ရာ Electrical, mechanical ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ဟောပြောစေလိုပါ သည်။
·       (၁) Safety နှင့်ပတ်သက်၍ Knowledge ရရှိသည့်အတွက် ကျေးဇူးတင်ပါသည်။
·       (၂) Formwork နှင့်ပတ်သက်၍ Site တွင်အသုံးပြုနေသော အသား Formwork နှင့် Steel Formwork များ၏ အားနည်းချက်၊ အားသာချက်များ ယှဉ်၍ ပြောကြားပေးစေလိုပါသည်။
·       (၃) Formwork ဆင်ရာတွင် Weak point ဖြစ်နိုင်သော နေရာများ၊ Failure ဖြစ်စေသော အချက်များ အထူးပြု ပြောကြားပေးစေလိုပါသည်။ Formwork Design တွက်ချက်မှုများ၊ Rules & Laws များ ပြောကြားပေးစေလို ပါသည်။
·       (၄) Scaffolding နှင့်ပတ်သက်၍ အသုံးပြုရမည့် Materials, Rules များ သိရှိလိုပါသည်။ အန္တရာယ်ဖြစ်စေနိုင် သော Scaffold weak point များ သိလိုပါသည်။ scaffold ဆင်ရာတွင် လိုက်နာရမည့် Rules & Laws များ အသေးစိတ် သိရှိလိုပါသည်။
·       (၅) Safety နှင့်ပတ်သက်သော Power Point File များ၊ Presentation Video များ မျှဝေပေးစေလိုပါသည်။
·       Safety Engineering Subject မှာ ကျယ်ပြန့်လွန်းလှပါ၍ အပိုင်းလိုက်ခွဲပြီး အချိန်ပေး ဟောပြောနိုင်ရန် စီစဉ် ပေးစေလိုပါသည်။
·       ဤဟောပြောပွဲသည် အင်ဂျင်နီယာတိုင်းအတွက် တတ်သင့်သိသင့်သည့် သင်တန်းတစ်ခု ဖြစ်ပါသည်။
·       သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် လှည့်လည်ပို့ချသင့်ပါသည်။ Safety အပိုင်းတို့ သက်ဆိုင်ရာနယ်ပယ်များတွင် လက်တွေ့ကျကျ လုပ်ဆောင်ပြီး လိုက်ပါဆောင်ရွက်နိုင်အောင် (Knowledge) ပေးသင့်ပါသည်။
·       ဤကဲ့သို့ ဟောပြောပွဲများ မကြာခဏ ပြုလုပ်ပေးစေလိုပါသည်။ နိုင်ငံတော် အစိုးရအားလည်း Safety အတွက် ရံပုံငွေ % တစ်ခုသတ်မှတ်စေပြီး Safety  အတွက် ဥပဒေများ ထပ်မံပြဋ္ဌာန်းနိုင်အောင် နိုင်ငံအကျိုးအားရှေးရှု၍ အကြံပြုကြစေလိုပါသည်။
·       ကောင်းမွန်ပါသည်။
·       Wark-Site များတွင် Safety နှင့်ပတ်သက်၍ လုပ်ငန်းပိုင်ရှင်များ နားလည်မှုရှိရန်၊ လေးစားလိုက်နာရန် နိုင်ငံတော်မှ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပေးရန် စစ်ဆေးအရေးယူမှုများ ပြုလုပ်သွားရန် လိုအပ်ပါသည်။
·       ယခုကဲ့သို့သော ဟောပြောပွဲများ ကျင်းပပေးခြင်းသည် ကောင်းမွန်ပါသည်။ သို့သော် မျိုးဆက်သစ် အင်ဂျင်နီယာများအတွက် ပါဝင်နိုင်သော ဟောပြောပွဲမျိုးများ ကျင်းပပေးနိုင်မည်ဆိုပါက ပိုမိုကောင်းမွန်သော အင်ဂျင်နီယာ အဝန်းအဝိုင်း ပေါ်ပေါက်လာစေရန် သင့်တော်မည်ဟု အကြံပြုပါသည်။ မျိုးဆက်သစ် အင်ဂျင်နီယာများ ပါဝင်မှုနည်းနေသည်ဟု မြင်မိပါသည်။
·       Safety နှင့်ပတ်သက်သော အထွေထွေဗဟုသုတများစွာ ရရှိပါသည်။ နောင်အခွင့်အခါ သင့်ရင်လဲ ယခုလို ဟောပြောပွဲများကို ထပ်မံတက်ရောက်လိုပါသည်။
·       ထိုကဲ့သို့သော ဟောပြောပို့ချချက်များသည် အင်ဂျင်နီယာများအတွက် ဗဟုသုတများစွာပေးသော ပို့ချချက်များဖြစ်သည့်အတွက် အကျိုးကျေးဇူးများစွာရရှိပါသည်။ ဤကဲ့သို့သော ဟောပြောပို့ချချက်များ အများအပြား လိုအပ်နေဦးမှာဖြစ်ပါသည်။
·       Safety နှင့်ပတ်သက်၍ ဟောပြောပွဲများ သင်တန်းများ စာတွေ့လက်တွေ့ မကြာခဏ နေရာအနှံ့ ပြုလုပ်ပေး စေလိုပါသည်။
·       အထူးသဖြင့် မြန်မာနိုင်ငံ ငလျင်ဧရိယာအတွင်း ငလျင်ဇုန်အတွင်း ငလျင်မည်သည့် အချိန် လှုပ်ခတ်မည့် ပြင်းအားမည်မျှရှိမည်ကို မသိရှိနိုင်သည့်အတွက် ငလျင်ဇုန်အတွင်း တည်ဆောက်သောလုပ်ငန်းများ လမ်း၊ တံတား၊ အဆောက်အဦလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပမာ မြစ်ကူးတံတားတည်ဆောက်ချိန် Construction လုပ်ငန်း ဆောင်ရွက်စဉ် တံတား၊ သံပေါင်များ Election လုပ်စဉ်၊ Launch လုပ်ခြင်း၊ Jack down လုပ်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နေစဉ် ရုတ်တရက်ငလျင်လှုပ်မှုကြောင့် လူများ ထိခိုက်ခြင်း၊ ပစ္စည်းဆုံးရှုံးခြင်း၊ လုပ်ငန်းနှောင့်နျေးခြင်းမဖြစ်ရလေအောင် Safety ပိုင်းအနေဖြင့် ကြိုတင်ကာကွယ်၍ ရနိုင်၊ မရနိုင် ကြိုတင်ကာကွယ်လို့ရနိုင်ပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို နောက်နောင် ဟောပြောပွဲများတွင် ထည့်သွင်းမှုပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

UMFCCI Seminar Feedback

·       စာအုပ်ထုတ်ဝေသင့်ပါသည်။ Fire Safety Manager စာအုပ်ထုတ်ဝေပေးပါရန် အကြံပေးအပ်ပါသည်။
·       Occupational Safety and Health Topic နှင့်ပတ်သက်၍ ဟောပြောပွဲများ ပိုမိုကျင်းပ ပေးစေလိုပါသည်။
·       စားပွဲဝိုင်းဆွေးနွေးပွဲများလည်း ကျင်းပလေးလိုပါသည်။
·       Workplace Safety and Health အကြောင်းများကို UMFCCI ကဲ့သိုသော အသင်းကြီးမှ ကြီးမှူး၍ အသိပညာ မျှဝေပေးစေလိုပါသည်။
·       Safety နှင့်ပတ်သက်၍ ဗဟုသုတရရှိပါသည်။
·       ယခုကဲ့သို့သော OSHM များကို အလျဉ်းသင့်သလိုဟောပြောပွဲများကို ပြုလုပ်ပေးစေချင်ပါသည်။ နားထောင်သူ များအတွက် အကျိုးရှိသလို လက်တွေ့ပြန်အသုံးချနိုင်ခြင်းဖြင့် မိမိလုပ်ငန်းခွင်များကို ဘေးအန္တရာယ်များကို လျော့ချနိုင်သည့်အတွက် အရမ်းတန်ဖိုးရှိ စေခြင်းကြောင့်ဖြစ်သည်။ မိမိတို့နိုင်ငံသည် Safety အတွက် အားနည်းနေပါသောကြောင့် တတ်ကျွမ်းနားလည်သော ဆရာများဖြင့် ဟောပြောမှုများ ဆက်လက် လုပ်ဆောင်စေချင်ပါသည်။
·       "1.There is no caplanation for SMEs. It is General.
·       2. In Order to understand, clear voice and using clear explantion is very needed. So, it can narke interesting by liseners.
·       3. There is no getting one capected by me. But it can be useful and knowledgable.
·       4. The speaker need to study Myanmar nature and for SME in OSHMS. Because it can be more understanding to liseners."
·       OSH - MS သည် မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများအတွက် အထူးသင့်လျော်ပြီး Zero vision အတွက် အထောက်အကူပြုပါသည်။
·       ဆရာခင်ဗျား- မေးချင်တာကတော့ Element 14 ခုမှာ Plan ကဘယ်နှစ်ခု၊ Do ကဘယ်နှစ်ခု၊ Check ကဘယ်နှစ်ခု၊ Action ကဘယ်နှစ်ခုရှိပါသဘဲ။
·       ဟောပြောခြင်းများသည် ဗဟုသုတရသည်မှာ မှန်ကန်သော်လည်း ယခုဟောပြောပွဲသည် Construction Oragnization များကို အဓိကထား၍ ဟောပြောသည်သာတွေ့ရှိရပါသည်။
·       "Presentation Slide ပေးပို့ပေးစေလိုပါတယ်ဗျာ။
Risk Assessment တွင် ပြင်းအားကို လျော့ချလို့ ရ/မရ သိပါရစေဆရာ။
မူရင်းစာအုပ်၏ Link ကိုလည်းပို့ပေးစေလိုပါတယ်ခင်ဗျာ။"
·       ဟောပြောမည့်အကြောင်းအရာများအား အကျဉ်းချုပ်၍ လက်ကမ်းစာစောင်များကြိုတင် ပေးဝေထားလျင် ပိုမိုကောင်းမွန်မည်ဟု ယူဆပါသည်။
·       Safety နှင့်ပတ်သက်သောအကြောင်းအရာများကို လေ့လာနေသူတစ်ယောက်ဖြစ်၍ အင်မတန် အကျိုးရှိလှပြီး၊ အသိပညာ ဗဟုသုတအပြင် လုပ်ငန်းခွင်နှင့်တိုက်ရိုက် ပတ်သတ်နေသော အကြောင်းအရာများကို ပေးစွမ်းနိုင်သောကြောင့် ဆရာကြီးနှင့်တကွ စီစဉ်ပေးသူများ အားလုံးအား ကျေးဇူးတင်ပါသည်။ နောင်တွင်လည်း ဤကဲ့သို့သော ဟောပြောပွဲများအား တက်ရောက်ချင်ပါသည်။
·       လူ့ပတ်ဝန်းကျင်၊ စက်ရုံများတွင် လိုအပ်နေသော ဘေးအန္တရာယ်ကင်းရှင်းရေးနည်းလမ်း၊ စနစ်များကို ပိုမို သိရှိနားလည်းအောင် ဖြန့်ဝေ၊ ဟောပြောပွဲများ အစဉ်မပြတ် လုပ်ဆောင်သင့်ပါသည်။
·       Heading တွင် အထူးပြု Target ထားသူတို့ကို ဖော်ပြစေချင်သည်။ နောက်ထပ်ကျင်းပမည့်ပွဲများကိုလည်း စောင့်မျှော်နေပါသည်။ Foreign Market ကို ရှင်းပြသည့်ပွဲများကို လုပ်ပေးစေချင်ပါသည်။
·       ဆရာရဲ့ဟောပြောချက်များ နားထောင်ရသည်မှာ ဆောက်လုပ်ရေးသင်တန်းကျောင်း Traiuiner တစ်ဦး အနေဖြင့် အလွန်အကျိုးရှိလှပါတယ်ရှင့်။ ဆရာ့ဟောပြောချက် PowerPoint များ ရနိုင်ပါလျင် လိုချင်ပါ တယ်ရှင့်။
·       လူအများထင်သာမြင်သာရှိစေရန်နှင့် စိတ်ဝင်စားမှုမြင့်တက်စေရန် Power Point ထဲတွင် ရုပ်ပုံများ၊ ဗွီဒီယိုများ ထည့်သွင်းသင့်ပါတယ်။
·       MS သည် သင်တန်းပို့ချနိုင်ရေးအတွက် အသုံးပြုလျင် ပို၍သင့်တော်ပါသည်။ အကြံပြုချင်သည်မှာ ဟောပြောပွဲမျိုးနှင့် သိပ်မလိုက်ဖက်သလိုရှိပါသည်။ System ကိုစနစ်တကျ ကျယ်ပြန့်စွာပြောဆိုနိုင်ရန်အတွက် သင်တန်း (Awareness) ပို့ချပေးနိုင်ပါက ပို၍သင့်တော် ကောင်းမွန်ပါသည်။ အချိန်လုံလောက်စွာလဲပေးနိုင်ပါသည်။ ယခုကဲ့သို့ System များ၊ ဘာသာရပ်များကို ဟောပြောပွဲမလုပ်ပဲ သင်တန်းအနေဖြင့်သာ အသုံးပြုလျှင် ကုမ္ပဏီအတွင်း မှ System ပိုင်းတာဝန်ယူနေရသည့် ပုဂ္ဂိုလ်များ သီးသန့်တက်နိုင်မည်။ System အကောင်အထည်ဖော်နေသည့်သူများ တက်နိုင်သည်။ ဟောပြောပွဲနှင့် မလိုက်ဖက်ဟု ခံစားမိပါသည်။ ထပ်မံ၍ ယခင်ကဲ့သို့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများ ဆက်လက်ဟောပြောစေချင်ပါသည်။ အချိန် (Time Management) ကိုသေချာလေး လုပ်စေချင်ပါသည်။
·       ပြုလုပ်သည့်ခေါင်းစဉ်နှင့်ပတ်သက်သော ခေါင်းစဉ်ဖြင့် မိတ္တူများကို တက်ရောက်လာသော သူများအား ကြိုတင်ဝေငှထားစေချင်ပါသည်။
·       လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သင်တန်းများ မကြာခဏ ပြုလုပ်ပေးသင့်ပါသည်။
·       Company နဲ့ ဝန်ထမ်းအန္တရာယ်ကင်းစေရန်အတွက် ဟောပြောပွဲ/ဆွေးနွေးပွဲတွေ ပေးသင့်ပါသည်။

MES (Ygn) Seminar Feedback

·       Microhone ကြည်င်ပြတ်သားမှုရှိလျှင် ပိုကောင်းပါမည်။ Projector  ရုပ်/သံ ရှင်းလင်း ကြည်လင်ပြတ်သားလျှင် ပိုကောင်းပါမည်။
·       Safety သည် Engineer များသာမက လူတိုင်းသိသင့်ပါသည်။
·       "ဆရာကြီးနှင့်တကွ စီစဉ်ပေးသူများအားလုံးအား ကျေးဇူးတင်ပါတယ်ရှင့်။
ဆရာကြိးကို မေးခွန်း (၂)ခုလောက် မေးခွင့်ပြုပါ။
(၁) သမီးက operator တစ်ခုမှာ Safety program တွေကို organize လုပ်နေသူတစ်ယောက်ပါ။ သမီးသင်တန်းအတွက် Effective ဖြစ်အောင် ဘယ်လို partners မျိုးကို ဘယ်လိုစံညွှန်းနဲ့ ရွေးချယ်သင့်ပါသလဲ?
(၂) သမီးက  Electronics major နဲ့ကျောင်းပြီးထားတော့ Safety လိုင်းကို လေ့လာချင်တယ်။ Safety Officer or manager တစ်ယောက်ဖြစ်ဖို့ ဘယ်လို Course ကို စလေ့လာသင့်ပြီး အဆင့်ဆင့် ဘယ်လို Course တွေ ဆက်လေ့လာသင့်သလဲဆိုတာကို ဆရာကြီးဆီမှ အကြံပေးချက်များကို ရရှိလိုပါသည်။
ကျေးဇူးတင်ပါတယ် ဆရာကြီး။"
·       Projector ပေါ်တွင် စာများ ယခုထက် ပိုမိုထင်ရှားမြင်သာစွာ ဆောင်ရွက်သင့်။
·       လွှတ်တော်မှ ပြဌာန်းထားသော Safety Law ကို မည်သည့်အဖွဲ့အစည်းမှ အဆင့်ဆင့် တာဝန်ယူဆောင်ရွက် သနည်း ?
·       "၁။ MES ကို အကြံပြုပေးစေလိုပါသည်။ အသင်းဝင်များ (MES)၊ လေ့လာရေး (Field) လာသော ကျောင်းသား၊ ကျောင်းသူများကို Basic Safety နှင့်ပတ်သက်သော Knowledge များ (အကောင်း၊ အဆိုး) ဝေမျှပေးစေ လိုပါသည်။
၂။ MES ကို အကြံပြုပေးစေလိုပါသည်။ RE, RSE, PE နှင့်အခြားလက်မှတ်များ ထုတ်ပေး၊ သက်တမ်းတိုးပေးရာ တွင် Safety နှင့်ပတ်သက်သော CPD များ ထည့်သွင်းသတ်မှတ်ပေးစေလိုပါသည်။"
·       Safety & Health awareness မျှဝေပေးနိုင်ရေး ပူပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အတွေ့အကြုံ ရှိသူများမှ မကြာခဏ အသိပညာမျှဝေစည်းရုံးခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ စံသတ်မှတ်ချက်များဖြင့် သတ်မှတ်ပြဌာန်း ကျင့်သုံးခြင်းများ အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။
·       "၁။ Safety Halmet ရဲ့ ခံနိုင်အားသည် အမြင့်ပေ ၇၀၀ မှ ကျလာသော အမာပစ္စည်းဒဏ်ခံနိုင်ပါသလား။
၂။ ပေ ၁၀၀ အထက် ထက်ပိုသော အမြင့်မှကျလာရင်ရော ခံနိုင်လား။"
·       Presentation Slide ပို့ပေးစေလိုပါတယ်ခင်ဗျား။
·       Safety Engineer သည် မြန်မာနိုင်ငံရှိ Engineer များအားလုံးသိရှိနားလည်ပြီး၊ သင်တန်းမှ ရရှိသော အသိများကို လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချပါက လုပ်ငန်းခွင် ထိခိုက်မှုများ မရှိသလောက်နည်းပါးသွားပြီး အတော်အကျိုးထူးကို ရရှိစေပါသည်။
·       ဓာတ်ပုံမှတ်တမ်းနှင့် Video presentation များများ ထည့်သွင်းစေလိုပါသည်။
·       ဆွေးနွေးဟောပြောချက်ကောင်းမွန်ပါသည်။ စဉ်ဆက်မပြတ်/အလျင်းသင့်သလို ပို့ချပေးနိုင်ပါက ပို၍ကောင်းပါ သည်။
·       အမှတ်စဉ်(၄)နှင့် (၅) အတွက် မှတ်ချက်ပေးလိုပါသည်။ Safety နှင့်ပတ်သက်၍ ငယ်စဉ် မူလတန်း အဆင့် အတန်းကျောင်းမှစတင်ရန် လိုက်ဖက်ညီစွာ သင့်တော်သလိုစ၍ သင်ကြားပေးသင့်ပါသည်။ ကျွန်ုပ်၏ မိတ်ဆွေ ဖင်လန်နိုင်ငံမှ Engineer တစ်ဦးမှ ၎င်းတို့ နိုင်ငံတွင် Safety System အဆင့်ဆင့်အား ငယ်စဉ်မှကြီးသည့်အထိ စဉ်ဆက်မပြတ် သင်းကြားရ၍ အသိအမှတ်ပြုလက်မှတ်များကို စီစစ်ထုတ်ပေးကြောင်း ပြောပြပါသည်။ ၎င်း ID ကဒ်များကို ရရှိရန် လူတိုင်း ကြိုးစားလုပ်ဆောင်ရကြောင်းပြောပါသည်။
·       လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းနိုင်စေရန်အတွက် ဤအကြောင်းအရာ (Safety) အကြောင်းအရာဟောပြောပွဲ များကို မကြာခဏ ပြုလုပ်ပေးပါရန် အကြံပြုလိုပါသည်။
·       "MES အစည်းအဝေးခန်းမနှင့် လူဦးရေ+အခန်း၏ဧရိယာ+ Air Con အချိုးမညီပါ။ အစည်းအဝေးတက်ရတာ Confortable မဖြစ်ပါက အအေးနှုန်းမကိုက်ညီပါ။
အခန်းအတွင်း အသံလုံစေသော အသံပဲ့တင်မနိုင်သော Insulation တပ်ထားပေးစေချင် ပါတယ်။ ဥပမာ- နံရံတွင် အသံလုံသော Insulation၊ မျက်နှာကျက်တွင် အသံလုံသော Insulation ဟောပြောသည့်အခါ အသံလုံးနေပါသည်။ အသံကောင်းစွာမသဲကွဲပါ။ အသံသဲသဲကွဲကွဲ ကြားချင်ပါတယ်။"
·       Safety နှင့်ပတ်သက်၍ အများပြည်သူများ (အင်ဂျင်နီယာများသာမက) သိရှိစေရန် အလွယ်တကူ ဖတ်ရှုနိုင် သော Facebook Page များတွင် တင်ပေးသင့်ပါသည်။ အင်ဂျင်နီယာလုပ်ငန်းခွင်နှင့်ပတ်သက်သော ကျွမ်းကျင် လုပ်သားများပါ Safety နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်သော ဟောပြောပွဲများ ပြုလုပ်ပေးသင့် ပါသည်။
·       ပထမပိုင်းဟောပြောသူအသံနာနေမှုနှင့် Microphone မကောင်းမွန်မှုကြောင့် ဟောပြောသည့် အသံလုံးနေ၍ သဲကွဲစွာ မကြားရပါ။ ဒုတိယပိုင်း Microphone ပိုကောင်းမွန်လာ၍ အသံကွဲပြားမှုရှိပါသည်။ နောင်တွင် Microphone ကောင်းမွန်စွာ ပြင်ဆင်ထားသင့်ပါသည်။ Safety သင်တန်းများပို၍ တိုးချဲ့ပို့ချသင့်ပါသည်။
·       "ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ အန္တရာယ်ကင်းရှင်းစေရေးသာမက အခြားလူမှုရေးနယ်ပယ်များတွင်ပါ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် တကယ့်အဖြစ်အပျက်များ တင်ပြရှင်းလင်းရာတွင် အန္တရာယ် ဖြစ်ရခြင်းအကြောင်းများကို ဖော်ပြပေးနိုင်ပါက ပိုမိုကောင်းမွန်မည်ဟု ထင်မြင်ပါသည်။ ဤကဲ့သို့ ဟောပြောပွဲများကို ထပ်မံကျင်းပနိုင်ရန် အကြံပြုအပ်ပါသည်။"
·       Safety Aet ဥပဒေရေးဆွဲပြဌာန်းသင့်ပါသည်။ Engineering Specification ကိုကျိုးပေါက် နေသူများသည် Safety ကို % ပြည့်ထိခိုက်စေသည့်အတွက် အင်ဂျင်နီယာများနှင့် ပြည်သူများမှ ပူးပေါင်းပြီး ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းရေး ဆောင်ရွက်သင့်ပါသည်။
·       "Safety Engineer အနေဖြင့် Bachelor of Engineering Degree Holder ဖြစ်ရမည်ဟု ဖော်ပြထားသဖြင့် AGTI Diploma Holder များသည်လည်း Safety Engineer ဖြစ်နိုင်ပါသလား?
ယနေ့ဟောပြောသည့် Safety Engineering Presentation Slide များအား Email လိပ်စာမှ တဆင့် ရယူလိုပါသည်။
Safety Supervisor Course သင်တန်းအား (၁၀) တန်းအောင်အဆင့်သာရှိသောသူများ တက်ရောက်နိုင်ပါ သလား?"
·       Mathod of stetement များကို ခေါင်းစဉ်အလိုက်ပူးတွဲ တင်ပြနှိုင်းယှဉ်လျင် ပို၍သင့်တော် စိတ်ဝင်စားမှုရှိပါ လိမ့်မည်။
·       Industrial safety နှင့်ပတ်သက်သော သင်တန်းမျိုး စီစဉ်ပေးစေချင်ပါသည်။
·       "ဤဟောပြောပွဲလာရောက်ရခြင်းအတွက် အချိန်ကုန်ရကျိုးနပ်ပါသည်။ နောင်တွင်လည်းဤကဲ့သို့ ဟောပြောပွဲများ ထပ်မံစီမံပေးစေလိုပါသည်။
အထူးသဖြင့် နိုင်ငံခြားသားများမှ Knowledge Share ပြုလုပ်ရာတွင် ယနေ့ပြုလုပ်သော ဂျပန်နိုင်ငံသားမှ ဟောပြောသည့်အစီအစဉ်တွင် ဘာသာပြန်ပေးသကဲ့သို့ အမြဲတန်း ဆောင်ရွက်ပေးနိုင်လျင် ပိုမိုသင့်လျော် ကောင်းမွန်ပါမည်ဟု အကြံပြုအပ်ပါသည်။"
·       အသံစနစ်မကောင်းပါ။
·       တက်ရောက်လာသူတစ်ဦးအနေဖြင့် ဟောပြောသူသည် ခေါင်းစဉ်နှင့် ပြောဆိုသည့် အကြောင်းအရာသည် လိုက်ဖက်မှုရှိပါသည်။ ဟောပြောသည့်အကြောင်းအရာသည် အများပြည်သူထံသို့မျှဝေပေးသင့်ပါသည်။ နောင်တွင်ဤအကြောင်းအရာနှင့်ပတ်သက်၍ ထပ်မံဟောပြောပေးစေလိုကြောင်း အကြံပြုပါသည်။
·       နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအားလုံးသည် Safety First ကို စတင်ပြီးမှ လုပ်ဆောင်ရန်ကို ဟောပြောပို့ချသည်မှာ အလွန်တန်ဖိုးရှိပါသည်။ Safety First နှင့်ပတ်သက်သောစာအုပ်များ ဖတ်ရှုလေ့လာ ရန်အတွက် စာအုပ်များအား သက်ဆိုင်ရာ ဘာသာရပ်အလိုက် ညွှန်ကြားလျှင် ပိုမိုကောင်းမွန်မည်ဟု ယူဆပါသည်။ နောင်များတွင်လည်း အခါအားလျော်စွာ ဟောပြောပို့ချပေးပါရန် အကြံပြုပါသည်။ ဟောပြော ပို့ချမည့် အကြောင်းအရာများအား ဟောပြောပွဲမစမီ မှတ်စုစာအုပ်အဖြစ် ဖြန့်ဝေပေးလျင် အလွန်ကောင်းမည် ဟု ယူဆမိပါသည်။
·       "Electrical Safety အကြောင်းအရာများကိုလည်း ထည့်သွင်းဟောပြောပေးစေချင်ပါသည်။ Safety သည် အများပြည်သူအတွက်၊ အင်ဂျင်နီယာများအတွက် အလွန်အရေးကြီးပါသဖြင့် အဆင်ပြေနိုင်မည်ဆိုပါက မီဒီယာများသို့ပါ ဖိတ်ကြားပြီး ထပ်ဆင့်ပညာပေးလုပ်ဆောင်ပေးပါရန် လေးစားစွာ အကြံပြုပါသည်။
ဥပမာ- Skynet - Home Channel, MRTV- 4, FMs Ratio Channels"

No comments: