Wednesday, August 29, 2018

စင်ကာပူတွင် အလုပ်လုပ်မည့် ဝပ်ပါမစ်သမားများအတွက် သင်တန်းအသစ် (၂)


၎၊ ၁၁။ နားရက်များ၌ အလုပ်လုပ်ခြင်း

Ø တစ်ပတ်လျှင် တစ်ရက် (လစာမဲ့) နားခွင့် ရရမည်။
Ø အရေးကြီးသည့်အလုပ်များမှ လွဲ၍ အလုပ်ရှင်သည် သင့်နားရက်တွင် အလုပ်လုပ်ရန် အတင်းအကျပ် ခိုင်းစေခွင့်မရှိပါ။
Ø အကယ်၍ နားရက်တွင် အလုပ်လုပ်ရပါက အောက်ပါအတိုင်း လုပ်ခ ရရမည်။

နားရက်တွင် လုပ်ရသည့် အလုပ်ချိန်နာရီ
အလုပ်ရှင်က အလုပ်လုပ်ပေးပါဟု ခိုင်းစေလာပါက
ကျွန်ုပ် အလုပ်လုပ်ပါရစေဟု သင်က အလုပ်ရှင်ကို တောင်းဆိုပါက
နေ့ဝက် (သို့မဟုတ်) ထို့ထက်နည်း
အခြေခံလစာ - ၁ ရက်စာ
အခြေခံလစာ - နေ့ဝက်စာ
နေ့ထက်ထက်ပို (သို့) တစ်နေ့
အခြေခံလစာ - ၂ ရက်စာ
အခြေခံလစာ - ၁ ရက်စာ
တစ်နေ့ထက်ပို
အခြေခံလစာ - ၂ ရက်စာ
ထို့ထက်ပိုလွန်သည့် နာရီများအတွက် အချိန်ပိုလုပ်ခ တစ်ဆခွဲ ရရမည်။
အခြေခံလစာ - ၁ ရက်စာ။ သာမန် အလုပ်လုပ်ချိန်ထက် ပိုလွန်သည့် နာရီများအတွက် အချိန်ပိုလုပ်ခ တစ်ဆခွဲ ရရမည်။


၎၊ ၁၂။ အများပြည်သူ အလုပ်ပိတ်ရက်

Ø သင်သည် တစ်နှစ်လျှင် အများပြည်သူရုံးပိတ်ရက် (၁၁) ရက်ကို ခံစားခွင့်ရှိ၏။
Ø ထိုရုံးပိတ်ရက်များ၌ အလုပ်မဆင်းရလျှင် အခြေခံလုပ်ခ တစ်ရက်စာ ရရမည်။
Ø ထိုရုံးပိတ်ရက်များ၌ အလုပ်ဆင်းရလျှင် အခြေခံလုပ်ခ၏ နှစ်ရက်စာ ရရမည်။ သို့မဟုတ် နားရက် အစားပေးနိုင်သည်။


၎၊ ၁၃။ လုပ်သက်ခွင့်

သင်သည် ကုမ္ပဏီ၌ အလုပ်ဝင်တာ (၃) လ ကျော်သွားပြီဆိုလျှင် လုပ်သက်ခွင့် ခံစားနိုင်သည်။
လုပ်သက်ခွင့်ကို သင်၏ လုပ်သက်နှင့် တွက်ပါသည်။ အောက်ပါအတိုင်း ဖြစ်၏။
(အကယ်၍ သင့်လုပ်သက်သည် ၁၂ လ မပြည့်သေးပါက လုပ်ခဲ့သည့်လအတိုင်း အချိုးကျခံစားခွင့်ရှိသည်။)

လုပ်သက်
တစ်နှစ်အတွက် ခံစားခွင့်ရှိသော လုပ်သက်ခွင့် (ရက်)
ပထမနှစ်
ဒုတိယနှစ်
တတိယနှစ်
စတုတ္ထနှစ်
၁၀
၅ နှစ်
၁၁
၆ နှစ်
၁၂
၇ နှစ်
၁၃
၈ နှစ် နှင့် အထက်
၁၄

၎၊ ၁၄။ အလုပ်ထွက်ခြင်း၊ အလုပ်ဖြုတ်ခြင်း

အကယ်၍ အလုပ်ထွက်ချင်ပါက ကန်ထရိုက်စာချုပ်ထဲတွင် ပါသည့်အတိုင်း အလုပ်ရှင်ထံ ကြိုတင်သတိပေးကာ အလုပ်ထွက်နိုင် ပါသည်။ ဥပမာ - ၁ လကြိုတင် သတိပေးရမည် ဆိုပါက အလုပ်ထွက်ရက်မတိုင်မီ တစ်လတင်ကြို၍ အသိပေးရမည်။ တစ်လ တင်ကြိုအသိမပေးနိုင်ပါက စာချုပ်ပါ လျော်ကြေးအတိုင်း ပေးလျော်၍ ထွက်နိုင်ပါသည်။
အကယ်၍ စာချုပ်ထဲတွင် မည်သို့မှ ဖြော်ပမထားပါက အောက်ပါဇယားအတိုင်း လိုက်နာနိုင်ပါသည်။

လုပ်သက်
အသိပေးရမည့်ကာလ
၂၆ ပတ်ထက်နည်း
၁ ရက်
၂၆ ပတ်မှ ၂ နှစ်ထိ
၁ ပတ်
၂ နှစ် မှ ၅ နှစ်ထိ
၂ ပတ်
၅ နှစ် နှင့် အထက်
၎ ပတ်

Ø  အသိပေးသည့်ရက်ကို အသိပေးသည့်ကာလအတွင်း ထည့်သွင်းရေတွက်သည်။
Ø  အကယ်၍ သင်သည် အသိပေးသည့်ကာလအတွင်း အလုပ်လုပ်နေပါက အလုပ်ရှင်သည် သင့်လစာကို အလုပ်လုပ်သည့် နောက်ဆုံးနေ့တွင် ပေးရမည်။
Ø  အကယ်၍ သင်သည့် အသိမပေးဘဲ အလုပ်ထွက်ပါက သို့မဟုတ် အသိပေးကာလအတွင်း အလုပ်မလုပ်ပါက သင့်လစာကို အလုပ်ခန့်ထားသည့် နောက်ဆုံးရက်မှ ခုနစ်ရက်အတွင်း ပေးရမည်။

အရေးကြီးသည့် မှတ်ချက်
--------------------------

v သင့်လုပ်ခလစာများကို အကြေမပေးချေရသေးဘဲ အလုပ်ရှင်သည် သင့်ကို အတင်းအဓမ္မ ပြန်ပို့ခြင်း မလုပ်ရပါ။
v သင့်လုပ်ခလစာများကို အကြေမပေးချေရသေးဘဲ အလုပ်ရှင်သည် သင့်ကို လေဆိပ်သို့ အတင်းအဓမ္မ လိုက်ပို့သည်ဆိုပါစို့။
v လေဆိပ်ထဲသို့ မဝင်ပါနှင့်။
v လေဆိပ်မှ လေဆိပ်အရာရှိ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ ချဉ်းကပ်ကာ အကူအညီတောင်းပါ။ သူတို့က MOM နှင့် ဆက်သွယ်ပြီး သင့်ပြဿနာကို ဖြေရှင်းပေးပါလိမ့်မည်။
v အကယ်၍ သင့်တွင် ဖုန်းရှိပါက MOM (ဖုန်းနံပါတ် - ၆၄၃၈ ၅၁၂၂) သို့ ဖုန်းဆက် အကူအညီတောင်းပါ။ သို့မဟုတ် MOM ရုံးရှိရာ 1500 Bendemeer Road, Singapore 339946 သို့ သွားရောက် အကူအညီတောင်းနိုင်ပါသည်။

၎၊ ၁၅။ Tripartite Alliance for Dispute Management (TADM)

သင့်တွင် လစာကိစ္စ သို့မဟုတ် အလုပ်ခန့်ထားခြင်းဆိုင်ရာ ပြဿနာများရှိပါက TADM သို့ လာခဲ့ပါ။ လိုအပ်သလို ကူညီပါမည်။
လစာမရသည့်ကိစ္စများအတွက် စောစောစီးစီးလာပါ။ စောစောလာလျှင် လစာအားလုံးပြန်ရရန် အခွင့်အလမ်းပိုကောင်းပါသည်။
အလုပ်သစ်လည်းရှာနိုင်ပါသည်။
လိုအပ်ပါက နေစရာနှင့် စားစရာလည်း ပေးပါမည်။
အကယ်၍ အကူအညီလိုပါက www.tadm.sg တွင် online appointment ယူနိုင်ပါသည်။ သို့မဟုတ် 1500 Bendemeer Road, MOM Services Centre, Level 3, Singapore 339946 ရှိ TADM ရုံးခန်းသို့ လာနိုင်ပါသည်။

၎၊ ၁၆။ Work Injury Compensation Act (WICA)

အလုပ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာတစ်ခုခု ရရှိခဲ့ပါက ဤဥပဒေအရ နစ်နာကြေး ခံစားခွင့်ရှိပါသည်။
သင့်အနေနှင့် ဆေးရုံဆေးခန်းပြရာမှ ရသည့်စာရွက်စာတမ်းမူရင်းများကို ကုမ္ပဏီသို့ ပေးရပါမည်။
တခြားဘာမှ လုပ်စရာမလိုပါ။ ရှေ့နေလည်း ငှားရန် မလိုပါ။ သင်ရမည့် နစ်နာကြေးကို သတ်မှတ်ထားသည့် ပုံသေနည်းများဖြင့် တွက်ချက်ပေးပါလိမ့်မည်။

အလုပ်နှင့်ဆိုင်သော ထိခိုက်ဒဏ်ရာရမှုများတွင် အောက်ပါတို့ ပါ၏။
Ø ကုမ္ပဏီမှလုပ်ခိုင်းထားသည့်အလုပ်ကို တရားဝင်လုပ်နေစဉ် ထိခိုက်ဒဏ်ရာရခြင်း
Ø အလုပ်ခွင်အတွင်း၌ အလုပ်လုပ်ရန်သွားစဉ် ချော်လဲခြင်း
Ø အလုပ်လုပ်နေသည့် နေရာ၌ ယာဉ်မတော်တဆဖြစ်မှု
Ø ကုမ္ပဏီမှစီစဉ်ပေးသည့်ယာဉ်ဖြင့် အလုပ်သွား/ပြန်စဉ် ယာဉ်မတော်တဆဖြစ်မှု
Ø အလုပ်ကြောင့်ရသော ရောဂါများ

ထိခိုက်ဒဏ်ရာရလျှင် သင့်အလုပ်ရှင်က အောက်ပါတို့ကို လုပ်ပေးရန် တာဝန်ရှိ၏။
Ø သေသေချာချာ ဆေးကုသပေးရမည်။
Ø ၂၄ နာရီထက်ပို၍ ဆေးရုံတက်ရသည့်၊ ၄ ရက်နှင့်အထက် ဆေးခွင့်ယူရသည့် ထိခိုက်ဒဏ်ရာရမှုများကို MOM သို့ သတင်းပို့ရမည်။
Ø လုပ်ငန်းခွင်ကြောင့်ရသည့် ရောဂါ (Occupational Disease)
Ø ဆေးခွင့်ယူသည့်ရက်များအတွက် ပေးရမည့်လစာကို သာမန်လခပေးရက်ထက် နောက်မကျစေပဲ ပေးရမည်။
Ø ဆေးကုသခြင်းအတွက် ကုန်ကျစရိတ်အားလုံးကို ပေးချေရမည်။
Ø ဆေးကုသခံယူနေစဉ် သင်ကျန်းမာလာစေရေးအတွက် သင့်လျော်လျောက်ပတ်သော နေထိုင်စရာ စီစဉ်ပေးရမည်။
Ø ဆရာဝန်၏ ထောက်ခံချက်ဖြင့် သင့်တော်သည့် ပေါ့ပါးသောအလုပ်တစ်ခု စီစဉ်ပေးရမည်။ (ဥပမာ - ဂိတ်စောင့်)
Ø လခ သို့မဟုတ် နစ်နာကြေးမရမီ မိခင်နိုင်ငံသို့ ပြန်ပို့ခြင်း မပြုရ။

သင့်အနေနှင့် ထိခိုက်ဒဏ်ရာရလျှင် အောက်ပါတို့ကို လုပ်ရမည်။
Ø ထိခိုက်ဒဏ်ရာရလျှင်ရချင်း ကြီးကြပ်သူထံ သတင်းပို့ပါ။
Ø ဆေးကုသမှု ခံယူပါ။
Ø ဆေးကုသမှုအတွက် ရက်ချိန်းအားလုံးကို မပျက်မကွက်သွားပါ။
Ø ဆေးကုသမှု မှတ်တမ်းအားလုံး၏ မိတ္တူကို သိမ်းဆည်းထားပါ။ (မူရင်းကို ကုမ္ပဏီသို့ ပေးရမည်။)
Ø မိမိ၏ ထိခိုက်ဒဏ်ရာရမှုကို MOM သို့ သတင်းပို့ပြီးမပြီး အလုပ်ရှင်ကို မေးပါ။
Ø အကယ်၍ သင့်အလုပ်ရှင်က သတင်းပို့ရန် ပျက်ကွက်ခဲ့လျှင် သင်ကိုယ်တိုင် သတင်းပို့နိုင်သည်။
Ø သင့်နစ်နာကြေးရရန် ရှေ့နေမလိုပါ။ MOM သို့ သတင်းပို့ရန်သာ လိုပါသည်။ နစ်နာကြေးကို သတ်မှတ်ထားသည့် ပုံသေနည်းအတိုင်း တွက်ချက်ပေးပါလိမ့်မည်။
Ø ထိခိုက်ဒဏ်ရာရမှုအတွက် နစ်နာကြေးကို ထိခိုက်ဒဏ်ရာရပြီး တစ်နှစ်အတွင်း တောင်းဆိုရမည်။
Ø နစ်နာကြေးကို MOM သို့ သတင်းပို့ပြီး ၆ လမှ တစ်နှစ်အတွင်း ရနိုင်ပါသည်။ (စာရွက်စာတမ်းများပြည့်စုံလျှင် ပိုမြန်သည်။)

နစ်နာကြေးရရှိမည့် အခြေအနေကို တယ်လီဖုန်း message ဖြင့် အောက်ပါအတိုင်း စုံစမ်းနိုင်ပါသည်။
(တစ်ကြိမ်ချင်းစီ မေးလိုလျှင်) ဖုန်းနံပါတ် 9617 5993 သို့ အောက်ပါအတိုင်း sms ပို့ပါ။

CS
ဥပမာ - CS W-2014010001

အကယ်၍ မိမိတင်ထားသော နစ်နာကြေးအခြေအနေကို (မျက်ခြေမပြတ် သိလိုပါက) ဖုန်းနံပါတ် 9617 5993 သို့ အောက်ပါအတိုင်း sms ပို့ပါ။
SUBCS
ဥပမာ - SUBCS W-2014010001

အကယ်၍ မိမိ subscribe လုပ်ထားသော sms ကို ပြန်ဖျက်လိုပါက ဖုန်းနံပါတ် 9617 5993 သို့ အောက်ပါအတိုင်း sms ပို့ပါ။
UNSUBCS
ဥပမာ - UNSUBCS W-2014010001

နစ်နာကြေးနှင့်ပတ်သက်၍ အကူအညီလိုပါက အောက်ပါဌာနများသို့ အမြန်ဆုံး ဆက်သွယ်ပါ။

Ministry of Manpower (MOM)
Tel: 6438 5122
Address: 1500 Bendemeer Road
Singapore 339946
ရုံးဖွင့်ချိန် - (တနင်္လာမှ သောကြာ - နံနက် ၈ နာရီမှ ညနေ ၅း၃၀ နာရီ)

Migrant Workers' Centre (MWC)
Tel: 6536 2692
Address: 579 Serangoon Road
Singapore 218193
ရုံးဖွင့်ချိန် -
အင်္ဂါ မှ သောကြာ - နံနက် ၉ နာရီမှ ညနေ ၇ နာရီ
စနေ၊ တနင်္ဂနွေ - နံနက် ၁၁ နာရီမှ ညနေ ၃ နာရီ
တနင်္လာနှင့် အများပြည်သူရုံးပိတ်ရက်များတွင် ပိတ်ပါသည်။

အခန်း ၅ - SGSevure နှင့် အခြား အရေးကြီးသည့် ဥပဒေများ

v  SGSecure ဆိုသည်မှာ စင်ကာပူနိုင်ငံကို အကြမ်းဖက်သမားများ၏ရန်မှ ကာကွယ်နိုင်ငံ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင် ဆောင်ရွက် စေသည့် အစီအမံဖြစ်ပါသည်။ အကြမ်းဖက်သမားများ၏ရန်ကို ကာကွယ်ရန် လူတိုင်းတွင် တာဝန်ရှိသည်။ သင်လည်း ပူးပေါင်း ပါဝင်နိုင်သည်။ မည်သို့ပါဝင်နိုင်သနည်း။
v  မတူညီသော ယဉ်ကျေးမှု၊ ဘာသာ၊ ဓလေ့ထုံးတမ်းများကို လေ့လာပါ။
v  မတူညီသော ယဉ်ကျေးမှု၊ ဘာသာ၊ ဓလေ့ထုံးတမ်းရှိသူများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် ကြိုးစားပါ။
v  အောက်ပါ ပစ္စည်း၊ အပြုအမူ၊ လူများကိုတွေ့လျှင် ရဲ (ဖုန်းနံပါတ် - ၉၉၉) ကို အကြောင်းကြားပါ။
Ø ပိုင်ရှင်မရှိသော မသင်္ကာဘွယ် အထုပ်အပိုး၊
Ø ပုံမှန်မဟုတ်သော အနံ့ထွက်နေသည့် ပစ္စည်း၊
Ø ဝါယာကြိုးများထွက်နေသည့် ပစ္စည်းများ၊
Ø မသင်္ကာဘွယ် လူစု၊
Ø အခြားဘာသာများကို လက်သင့်မခံနိုင်သူ၊ လူမျိုးခြားများကို မုန်းတီးသူ
Ø တစ်နေရာတည်းတွင် လှည့်လည်မောင်းနေသည့်ကား
Ø လူအုပ်ဆီသို့ အရှိန်မလျှော့ဘဲ မောင်းဝင်လာသည့်ကား
Ø အထုပ်အပိုးများစွာတင်ထားသော ကား

အကယ်၍ အကြမ်းဖက်မှုဖြစ်လာခဲ့ပါက -
Ø  အေးဆေးငြိမ်သက်စွာနေပါ၊ ပြာယာခတ်မနေပါနှင့်။ သတင်းကို နားစွင့်နေပါ။
Ø  ကောလာဟလများကို မဖြန့်ဝေပါနှင့်။
Ø  သတိထားနေပါ။ နေ့စဉ်လုပ်ငန်းများလုပ်ကိုင်နိုင်ရန် အခြားသူများကို ကူညီပါ။
Ø  အခြေအနေအကြောင်းထူးပါက အလုပ်ရှင်ကို အသိပေးပါ။

အထူးသတိပေးချက်
---------------------
စင်ကာပူအစိုးရသည် မည်သည့်အကြမ်းဖက်မှု၊ အကြမ်းဖက်သူများကို အားပေးထောက်ခံမှုမျိုးကိုမှ လက်သင့်ခံလိမ့်မည် မဟုတ်။ မည်သည့်လူမျိုး၊ ဘာသာဝင်ဖြစ်နေပါစေ အကြမ်းဖက်သူနှင့် ၎င်းတို့ကို အားပေးသူများဖြစ်နေပါက ပြင်းထန်စွာ အရေးယူမည်။
နိုင်ငံခြားသားများအနေနှင့် ၎င်းတို့နိုင်ငံမှ နိုင်ငံရေး၊ လူမျိုးရေးပြဿနာများကို စင်ကာပူသို့ ယူမလာရ။
စင်ကာပူနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လူမျိုး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တရားဥပဒေစိုးမိုးရေးကို ထိပါး နှောက်ယှက်သူများအား အနီးကပ်စောင့်ကြည့်နေမည်ဖြစ်ပြီး ဖမ်းမိပါက ပြင်းထန်စွာ အပြစ်ပေးအရေးယူမည် ဖြစ်သည်။

စင်ကာပူတွင်နေထိုင်လျှင် စင်ကာပူနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာရမည်။ ဥပဒေချိုးဖောက်သူများမှာ အပြစ်ပေး အရေးယူခြင်း ခံရမည်ဖြစ်ပြီး မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည်။

အချို့သော ပြစ်မှု၊ ပြစ်ဒဏ်များမှာ အောက်ပါအတိုင်းဖြစ်၏။

ပြစ်မှု
ပြစ်ဒဏ် (ဒဏ်ငွေ = စင်ကာပူဒေါ်လာ)
အမှိုက်ပစ်ခြင်း
ဒဏ်ငွေ ၂၀၀၀ ထိ
အများပြည်သူနေရာများ၌ တရားမဝင်အမှိုက်စွန့်ပစ်ခြင်း
ဒဏ်ငွေ ၅ သောင်း (နှင့်/သို့မဟုတ်) ထောင်ဒဏ် ၁၂ လထိ
တရားမဝင် အစားအသောက်ရောင်းခြင်း
ဒဏ်ငွေ ၅၀၀၀ ထိ
အများပြည်သူနေရာများ၌ အပေါ့သွားခြင်း
ဒဏ်ငွေ ၁၀၀၀ ထိ
တားမြစ်ထားသည့်နေရာများ/ယာဉ်များ၌ ဆေးလိပ် သောက်ခြင်း
ဒဏ်ငွေ ၁၀၀၀ ထိ
လူကူးရန်မဟုတ်သည့်နေရာမှ လမ်းဖြတ်ကူးခြင်း
ဒဏ်ငွေ ၁၀၀၀ သို့မဟုတ် ထောင်ဒဏ် ၃ လထိ
အများပြည်သူနေရာများ၌ အရက်သောက်ခြင်း
ဒဏ်ငွေ ၁၀၀၀ သို့မဟုတ် ထောင်ဒဏ် ၁ လထိ
ရဲကို မမှန်သတင်းပို့ခြင်း
ဒဏ်ငွေ ၁၀၀၀ နှင့်/သို့မဟုတ် ထောင်ဒဏ် ၆ လထိ
ဆိုင်မှပစ္စည်းကို အလစ်သုတ်ခြင်း/ခိုးခြင်း
ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်ထိ
အိမ်ဖောက်ထွင်းမှု
ဒဏ်ငွေ နှင့်/သို့မဟုတ် ထောင်ဒဏ် ၁၀ နှစ်ထိ
ညအချိန်၌ အိမ်ဖောက်ထွင်းမှု
ဒဏ်ငွေ နှင့်/သို့မဟုတ် ထောင်ဒဏ် ၁၄ နှစ်ထိ
အခွန်ဆောင်မထားသည့် စီးကရက်ကို ရောင်းမှု
ရုံးတင်တရားစွဲပြီး ထောင် ၆ နှစ်ထိ ချခံရမည်။
အခွန်ဆောင်မထားသည့် စီးကရက်ကို ဝယ်မှု
ဒဏ်ငွေ အနည်းဆံး ၅၀၀ သို့မဟုတ် တရားစွဲခံရမည်။
တရားမဝင်နေထိုင်မှု (Overstaying) (ရက် ၉၀ အတွင်း)
ဒဏ်ငွေ ၄၀၀၀ နှင့်/သို့မဟုတ် ထောင်ဒဏ် ၆ လထိ
တရားမဝင်နေထိုင်မှု (Overstaying) (ရက် ၉၀ ကျော်လျှင်)
၃ ချက်ထက်မနည်းသောကြိမ်ဒဏ် နှင့် ထောင်ဒဏ် ၆ လထိ
(ကြိမ် ၃ ချက် အစား ငွေဒဏ် ၆၀၀၀ ကျခံနိုင်သည်။)
တစုံတစ်ယောက်ကို ခြိမ်းခြောက်ခြင်း၊ ဒဏ်ရာအနာတရ ဖြစ်စေခြင်း၊ ပြစ်မှုကျူးလွန်ခြင်း
ဒဏ်ငွေ နှင့်/သို့မဟုတ် ထောင်ဒဏ် ၂ နှစ်ထိ
ခြိမ်းခြောက်ခြင်း၊ ဒဏ်ရာအနာတရ ဖြစ်စေခြင်းသည် တစုံတဦးကို သေစေနိုင်ပါက၊ သို့မဟုတ် အပြင်းအထန် ဒဏ်ရာရစေနိုင်ပါက၊ သို့မဟုတ် မီးရှို့ခြင်းဖြင့် ပစ္စည်းများ ပျက်စီးဆုံးရှုံးစေပါက
ဒဏ်ငွေ နှင့်/သို့မဟုတ် ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ထို့ထက်လည်းပိုနိုင်
တစ်စုံတစ်ဦးကို နာကျင်စေခြင်း
ဒဏ်ငွေ ၅၀၀၀ နှင့်/သို့မဟုတ် ထောင်ဒဏ် ၂ နှစ်ထိ
တစ်စုံတစ်ဦးကို အပြင်းအထန် နာကျင်စေခြင်း
ဒဏ်ငွေ (သို့) ကြိမ်ဒဏ် နှင့် ထောင်ဒဏ် ၁၀ နှစ်ထိ
တရားမဝင်စုရုံးခြင်း၊ ချီတက်ခြင်း
ထောင်ဒဏ် ၂ နှစ်ထိ
ဆူပူခြင်း၊ အဓိကရုဏ်းဖြစ်စေခြင်း
ကြိမ်ဒဏ်နှင့် ထောင်ဒဏ် ၇ နှစ်ထိ
ဆူပူခြင်း၊ အဓိကရုဏ်းဖြစ်စေခြင်း (လက်နက်များသုံးလျှင်)
ကြိမ်ဒဏ်နှင့် ထောင်ဒဏ် ၁၀ နှစ်ထိ
မဖွယ်မရာကိုင်တွယ်ခြင်း၊ ဗလက်ကာယပြုခြင်း
ဒဏ်ငွေ နှင့်/သို့မဟုတ် ထောင်ဒဏ် ၂ နှစ်ထိ
မဖွယ်မရာကိုင်တွယ်ခြင်း၊ ဗလက်ကာယပြုခြင်း (ပြုလုပ်ခံရသူသည် အသက် ၁၄ နှစ်အောက်ဖြစ်လျှင်)
ကြိမ်ဒဏ် နှင့် ထောင်ဒဏ် ၅ နှစ်ထိ
ဓားပြတိုက်ခြင်း
၆ ချက်ထက်မနည်းသော ကြိမ်ဒဏ် နှင့် ထောင်ဒဏ် ၂ နှစ်မှ ၁၀ အတွင်း
ဓားပြတိုက်ခြင်း (ညပိုင်း၌)
၁၂ ချက်ထက်မနည်းသော ကြိမ်ဒဏ် နှင့် ထောင်ဒဏ် ၃ နှစ်မှ ၁၄ အတွင်း
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း၊ သယ်ယူခြင်း
ကြိမ်ဒဏ် ၁၅ ချက် နှင့် ထောင်ဒဏ် အနှစ် ၃ဝ ထိ
သေဒဏ်ပင် ကျခံနိုင်ရပါသည်။
မူးယစ်ဆေးဝါးသုံးစွဲမှု/လက်ဝယ်တွေ့ရှိမှု
ငွေဒဏ် ၂ သောင်း နှင့်/သို့မဟုတ် ထောင်ဒဏ် ၁၀ နှစ်ထိ
လူသတ်မှု
သေဒဏ်
ဘာသာရေး၊ လူမျိုးရေး အမုန်းပွားစေရန် လှုံ့ဆော်ခြင်း
ငွေဒဏ် နှင့်/သို့မဟုတ် ထောင်ဒဏ် ၃ နှစ်ထိ

ပြီးပါပြီ။      

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၇ သြဂုတ်လ၊ ၂၀၁၈

No comments: