Thursday, January 4, 2018

WSH MM ဂ်ာနယ္ အယ္ဒီတာ့အာေဘာ္_Dec 2017

(၂၀၁၇၊ ဒီဇင္ဘာလထုတ္ - WSH Myanmar Safety ဂ်ာနယ္)

လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးႏွင့္ က်န္းမာေရးအေၾကာင္း ျမန္မာျပည္တြင္ၾကားလာရသည္မွာ မၾကာေသးပါ။ သည္အေၾကာင္းမွာ ဟုိးယခင္ကာလမ်ားဆီတံုးက မည္သူမွ စိတ္၀င္စားၾကေသာ အေၾကာင္းအရာမဟုတ္။

ျမန္မာႏိုင္ငံတြင္ လုပ္သားမ်ားအႏၱရာယ္ကင္းေရးအေၾကာင္း ဥပေဒျပ႒ာန္းေဆာင္ရြက္ခဲ့သည္မွာ ယခုမွ မဟုတ္။ လြတ္လပ္ေရးရခါစ ႏွစ္မ်ားကတည္းက ျဖစ္၏။ သို႔ေသာ္ တရားဥပေဒစုိးမိုးမႈ အားနည္းခဲ့သည့္အတြက္ လုပ္ငန္းခြင္ အႏၱရာယ္ကင္းေရးႏွင့္ က်န္းမာေရးမွာ လူထုၾကားထဲ ေရာက္မလာခဲ့။ ေျပာရလွ်င္ လုပ္သားေတာ္ေတာ္မ်ားမ်ားမွာ သည္အေၾကာင္း ၾကားပင္ မၾကားစဖူးခဲ့ၾက။ ၀မ္းနည္းစရာ ျဖစ္ပါ၏။

တိုးတက္ဖြံ႔ၿဖိဳးလာေသာ စီးပြားေရးစနစ္ႏွင့္အတူ ႏိုင္ငံျခားကုမၸဏီမ်ား ျမန္မာႏိုင္ငံတြင္း ၀င္ေရာက္ လုပ္ကိုင္လာၾက၏။ ၎တို႔ႏွင့္အတူ လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးႏွင့္ က်န္းမာေရးလည္း ပါလာခဲ့၏။ ေခတ္ေရစီးအရ ျပည္တြင္းကုမၸဏီမ်ား သည္လည္း လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးႏွင့္ က်န္းမာေရးကို မလုပ္မျဖစ္ လုပ္ရမည့္အေျခအေနသို႔ ေရာက္လာခဲ့၏။

ဤသည္မွာ တိုးတက္သည့္ လကၡဏာျဖစ္၏။ သို႔တိုင္ ျမန္မာႏိုင္ငံတြင္ လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးဆိုင္ရာ ဥပေဒဟူ၍ ယခုတိုင္ ေပၚထြက္မလာေသးသည္မွာ စိတ္မေကာင္းစရာ ျဖစ္ပါသည္။ သို႔ဆိုလွ်င္ လက္ရိွကုမၸဏီမ်ားမွာ ဥပေဒမရိွဘဲ မည္ကဲ့သို႔ လုပ္ေနၾကပါသနည္း။ ကိုယ့္ဘာသာကိုယ္ အဆင္ေျပသလို ၾကည့္လုပ္ေနၾကရပါသည္ဟုသာ ေျဖရမည္ျဖစ္၏။

လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးတာ၀န္ ထမ္းေဆာင္ေနၾကရသူမ်ားအေနႏွင့္ လံုေလာက္ေသာ အႏၱရာယ္ကင္းေရးဆုိင္ရာ ဗဟုသုတမ်ား ရိွထားသင့္ပါသည္။ ယခုအခါ လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးသင္တန္းမ်ားကို သင္တန္းေက်ာင္းမ်ား ဖြင့္လွစ္လ်က္ သင္ၾကားေပးေနၾကသည္လည္း ရိွ၏။ သုိ႔တိုင္ ဖတ္စရာ၊ မီွျငမ္းျပဳစရာ ျမန္မာဘာသာျဖင့္ေရးသားထားေသာ လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးဆိုင္ရာ စာအုပ္စာတမ္းမ်ားမွာ အလြန္နည္းပါးေနပါေသးသည္။

ယခု WSH Myanmar က လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးဂ်ာနယ္ကို ျမန္မာဘာသာျဖင့္ ထုတ္ေ၀လုိက္ပါၿပီ။ ဤဂ်ာနယ္တြင္ လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးနယ္ပယ္၌ အေတြ႔အႀကံဳဗဟုသုတျပည့္၀ေသာ ဆရာမ်ား ပါ၀င္ ေရးသားၾကပါလိမ့္မည္။ ဤဂ်ာနယ္သည္ ျမန္မာႏိုင္ငံအတြက္ အေရးတႀကီးလိုအပ္ေနေသာ လုပ္ငန္းခြင္ အႏၱရာယ္ကင္းေရးႏွင့္ က်န္းမာေရး ဗဟုသုတမ်ားကို တစ္ေဒါင့္တစ္ေနရာက ျဖည့္ဆည့္ေပးႏုိင္လိမ့္မည္ဟု ယုံၾကည္ပါသည္။

ကြ်ႏု္ပ္တို႔ ဂ်ာနယ္သည္ အလုပ္ရွင္မ်ား၊ မန္ေနဂ်ာမ်ား၊ အင္ဂ်င္နီယာ၊ ႀကီးၾကပ္ေရးမႉးမ်ား၊ အလုပ္သမားမ်ားအတြက္ တစ္စံုတစ္ရာေသာ အသိပညာမ်ား ေပးႏုိင္သည္၊ ထိုအသိပညာမ်ားကို အသံုးခ်၍ အလုပ္လုပ္ေနသူမ်ားအား မေတာ္တဆမႈမ်ားမွ အကာအကြယ္ေပးႏုိင္သည္ ဆိုလွ်င္ပင္ စီစဥ္သူမ်ားအေနႏွင့္ ေက်နပ္ ၀မ္းေျမာက္လွၿပီ ျဖစ္ပါေၾကာင္း။

အယ္ဒီတာ

=================

WSH MM ဂျာနယ် အယ်ဒီတာ့အာဘော် (2017, December Issue)

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးအကြောင်း မြန်မာပြည်တွင်ကြားလာရသည်မှာ မကြာသေးပါ။ သည်အကြောင်းမှာ ဟိုးယခင်ကာလများဆီတုံးက မည်သူမှ စိတ်ဝင်စားကြသော အကြောင်းအရာမဟုတ်။

မြန်မာနိုင်ငံတွင် လုပ်သားများအန္တရာယ်ကင်းရေးအကြောင်း ဥပဒေပြဋ္ဌာန်းဆောင်ရွက်ခဲ့သည်မှာ ယခုမှ မဟုတ်။ လွတ်လပ်ရေးရခါစ နှစ်များကတည်းက ဖြစ်၏။ သို့သော် တရားဥပဒေစိုးမိုးမှု အားနည်းခဲ့သည့်အတွက် လုပ်ငန်းခွင် အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးမှာ လူထုကြားထဲ ရောက်မလာခဲ့။ ပြောရလျှင် လုပ်သားတော်တော်များများမှာ သည်အကြောင်း ကြားပင် မကြားစဖူးခဲ့ကြ။ ၀မ်းနည်းစရာ ဖြစ်ပါ၏။

တိုးတက်ဖွံ့ဖြိုးလာသော စီးပွားရေးစနစ်နှင့်အတူ နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံတွင်း ၀င်ရောက် လုပ်ကိုင်လာကြ၏။ ၎င်းတို့နှင့်အတူ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးလည်း ပါလာခဲ့၏။ ခေတ်ရေစီးအရ ပြည်တွင်းကုမ္ပဏီများ သည်လည်း လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးကို မလုပ်မဖြစ် လုပ်ရမည့်အခြေအနေသို့ ရောက်လာခဲ့၏။

ဤသည်မှာ တိုးတက်သည့် လက္ခဏာဖြစ်၏။ သို့တိုင် မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဆိုင်ရာ ဥပဒေဟူ၍ ယခုတိုင် ပေါ်ထွက်မလာသေးသည်မှာ စိတ်မကောင်းစရာ ဖြစ်ပါသည်။ သို့ဆိုလျှင် လက်ရှိကုမ္ပဏီများမှာ ဥပဒေမရှိဘဲ မည်ကဲ့သို့ လုပ်နေကြပါသနည်း။ ကိုယ့်ဘာသာကိုယ် အဆင်ပြေသလို ကြည့်လုပ်နေကြရပါသည်ဟုသာ ဖြေရမည်ဖြစ်၏။

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးတာဝန် ထမ်းဆောင်နေကြရသူများအနေနှင့် လုံလောက်သော အန္တရာယ်ကင်းရေးဆိုင်ရာ ဗဟုသုတများ ရှိထားသင့်ပါသည်။ ယခုအခါ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးသင်တန်းများကို သင်တန်းကျောင်းများ ဖွင့်လှစ်လျက် သင်ကြားပေးနေကြသည်လည်း ရှိ၏။ သို့တိုင် ဖတ်စရာ၊ မှီငြမ်းပြုစရာ မြန်မာဘာသာဖြင့်ရေးသားထားသော လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဆိုင်ရာ စာအုပ်စာတမ်းများမှာ အလွန်နည်းပါးနေပါသေးသည်။

ယခု WSH Myanmar က လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဂျာနယ်ကို မြန်မာဘာသာဖြင့် ထုတ်ဝေလိုက်ပါပြီ။ ဤဂျာနယ်တွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနယ်ပယ်၌ အတွေ့အကြုံဗဟုသုတပြည့်ဝသော ဆရာများ ပါ၀င် ရေးသားကြပါလိမ့်မည်။ ဤဂျာနယ်သည် မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေသော လုပ်ငန်းခွင် အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး ဗဟုသုတများကို တစ်ဒေါင့်တစ်နေရာက ဖြည့်ဆည့်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ကျွနု်ပ်တို့ ဂျာနယ်သည် အလုပ်ရှင်များ၊ မန်နေဂျာများ၊ အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူးများ၊ အလုပ်သမားများအတွက် တစ်စုံတစ်ရာသော အသိပညာများ ပေးနိုင်သည်၊ ထိုအသိပညာများကို အသုံးချ၍ အလုပ်လုပ်နေသူများအား မတော်တဆမှုများမှ အကာအကွယ်ပေးနိုင်သည် ဆိုလျှင်ပင် စီစဉ်သူများအနေနှင့် ကျေနပ် ၀မ်းမြောက်လှပြီ ဖြစ်ပါကြောင်း။


အယ်ဒီတာ

No comments: