Thursday, January 4, 2018

သင္တန္းေက်ာင္းတစ္ခု တည္ေထာင္ျခင္း (၃)



ေအးၿငိမ္း (ေလးမ်က္ႏွာ)

(၅) CDA (Curriculum Development Advisory)

            သင္တန္းအတြက္ ျပင္ဆင္ရမည့္ စာရြက္စာတမ္းမ်ားမွာ Slide presentation တစ္ခုတည္း မဟုတ္။ ေအာက္ပါတို႔ ပါ၀င္၏။

၁။ Course Syllabus
၂။ Table of Specifications (TOS)
၃။ Course Reference Matrix
၄။ Assessment Plan
၅။ Lesson Plan
၆။ Learner's Guide
၇။ Trainer's Guide
၈။ Stanard Operation Procedure
၉။ Slide Presentation
၁၀။ Practical Site Layout
၁၁။ Assessment Question and Answer set

            ထိုစာရြက္စာတမ္းမ်ားျပင္ဆင္ရန္ Guideline ခ်ေပးထားသည္။ ထို Guideline ကို CDA (Curriculum Development Advisory) ဟု ေခၚ၏။ CDA ထဲတြင္ ေအာက္ပါအခ်က္မ်ားကို အေသးစိတ္ (ျပည့္စံုစြာ) ေဖာ္ျပထားသည္။
Ø  သင္တန္းနာမည္ (Name of the course)
Ø  အဘယ္ေၾကာင့္ ဤသင္တန္း ေပးရသည္ (According to which regulations)
Ø  သင္တန္းပိ႔ုခ်ရျခင္း ရည္ရြယ္ခ်က္ (Course Aim)
Ø  သင္တန္းၿပီးဆံုးသည့္အခါ သင္တန္းသားက မည္သည္တို႔တတ္ကြ်မ္းသြားရမည္ (Learning Objectives)
Ø  မည္ကဲ့သို႔ သင္တန္းပို႔ခ်ရမည္ (Training methodology)
Ø  မည္ကဲ့သို႔ စာေမးပဲြ စစ္ရမည္ (Assessment advice, method and duration)
Ø  စာေမးပဲြခန္းကို ျပင္ဆင္ရန္ ညႊန္ၾကားခ်က္ (Instruction for preparation of written test)
Ø  လက္ေတြ႔သင္တန္းအတြက္ လိုအပ္ခ်က္ (Practical training requirements)
Ø  လက္ေတြ႔စာေမးပဲြ (Practical Performance Assessment Record)
Ø  စာေတြ႔ ဆန္းစစ္ခ်က္မွတ္တမ္း (Assessment record)
Ø  ဤသင္တန္းအတြက္ သတ္မွတ္ထားေသာ သင္တန္းသား ႏွင့္ သင္တန္းဆရာ အခ်ိဳး (Trainer/trainee ratio)
Ø  သင္တန္းကာလ (ၾကာျမင့္ခ်ိန္) (Course duration)
Ø  တစ္တန္းတြင္အမ်ားဆံုးရိွရမည့္ သင္တန္းသား ဦးေရ (Class size)
Ø  ရည္မွန္းထားေသာ သင္တန္းသားမ်ား (Target Audience)
Ø  သင္တန္းသားမ်ားတြင္ရွိရမည့္ ဗဟုသုတႏွင့္ အေတြ႔အႀကံဳ(Assumed skills and knowledge)
Ø  သင္ရိုး (Couse Syllabus)
Ø  အနည္းဆံုး သင္တန္းတက္ရမည့္ရက္ (Course attendance)
Ø  သင္တန္းအတြက္ ရိွရမည့္ စာရြက္စာတမ္း ႏွင့္ ကိရိယာမ်ား (Training resource requirements)
Ø  သင္တန္းအုပ္ခ်ဳပ္မႈ ညႊန္ၾကားခ်က္ (Course administration instruction)
Ø  သင္တန္းေက်ာင္းတြင္ရိွရမည့္ လိုအပ္ခ်က္ (Trainig venue requirement)
Ø  သင္တန္းၿပီးဆံုးသည့္အခါ သင္တန္းအေပၚ သံုးသပ္ခ်က္ (End of course evaluation and feedback)

            CDA မွ လမ္းညႊန္ခ်က္မ်ားကို နမူနာ ျပပါမည္။ CDA တြင္ အေသးစိတ္ ညႊန္ျပထားသျဖင့္ အားလံုးအျပည့္အစံုေရးဘို႔ရာ သည္ေဆာင္းပါးမွ်ေလာက္ႏွင့္ မျဖစ္ႏိုင္။ အေရးႀကီးသည့္ အခ်က္မ်ားကိုသာ ေကာက္ႏုတ္ေဖာ္ျပပါမည္။ ကြ်န္ေတာ္နမူနာျပမည့္ CDA မွာ CSOC (Construction Safety Orientation Course for Workers) အတြက္ ေရးထားေသာ CDA ျဖစ္ပါသည္။
            ပထမဦးစြာ CSOC သင္တန္းကို အဘယ္ေၾကာင့္ တက္ရန္လိုေၾကာင္း ေဖာ္ျပ၏။ စင္ကာပူအစိုးရ၏ ဥပေဒအရ ေဆာက္လုပ္ေရးလုပ္ငန္းခြင္သို႔ ဝင္မည့္လုပ္သားတိုင္း CSOC သင္တန္းကို တက္ေရာက္ေအာင္ျမင္ရန္ လိုသည္ ဆိုသည္ကို ဥပေဒႏွင့္တကြ ေဖာ္ျပထားသည္။
            ထို႔ေနာက္ CSOC သင္တန္းကိုတက္ေရာက္ၿပီးသည့္ လုပ္သားတစ္ဦး ရသြားမည့္ အသိပညာဗဟုသုတမ်ားကို ေဖာ္ျပသည္။ ထိုအထဲတြင္ စင္ကာပူႏိုင္ငံအတြင္း ေနထိုင္လုပ္ကိုင္စဥ္ လိုက္နာရမည့္ စည္းမ်ဥ္းစည္းကမ္းမ်ား၊ ခံစားခြင့္ ရိွသည္မ်ား၊ စည္းကမ္းေဖာက္ဖ်က္ပါက ခ်မွတ္ႏိုင္ေသာ ျပစ္မႈျပစ္ဒဏ္မ်ားကိုပါ ထည့္သင္ရန္ ေဖာ္ျပထားသည္။
            ထို႔ေနာက္တြင္ အေရးႀကီးဆံုးအပိုင္းျဖစ္ေသာ သင္တန္းလိုအပ္ခ်က္ကို အပိုင္းလိုက္ ေဖာ္ျပထား၏။

၁။ CSOC သင္ၾကားရျခင္း ရည္ရြယ္ခ်က္
·         လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးဆုိင္ရာ ဥပေဒ၊ နည္းဥပေဒမ်ားကို သိရိွေစရန္
·         ေဆာက္လုပ္ေရးလုပ္ငန္းခြင္ရိွ အႏၱရာယ္မ်ားကို သိရိွ ေဖာ္ထုတ္ႏုိင္ေစရန္
·         အလုပ္လုပ္ခြင့္ျပဳမိန္႔ (Permit To Work) အေၾကာင္း သိရိွနားလည္ေစရန္
·         တစ္ကုိယ္ရည္ ကာကြယ္ေရးအသံုးအေဆာင္မ်ားကို ေသခ်ာက်နစြာ အသံုးျပဳတတ္ေစရန္
·         အျမင့္တြင္ အႏၱရာယ္ကင္းစြာ အလုပ္လုပ္တတ္ေစရန္
·         စင္ကာပူတြင္ အလုပ္လုပ္သူတို႔ ရသင့္ရထုိက္သည့္ အခြင့္အေရးမ်ားႏွင့္ တာဝန္ဝတၱရားမ်ားကို သိရိွေစရန္ . . . စသည္

၂။ တက္ေရာက္သင့္သူမ်ား - ေဆာက္လုပ္ေရးလုပ္ငန္း၌ လုပ္ကိုင္ေနသည့္ အလုပ္သမားအားလံုး
၃။ သင္တန္းကာလ - ၁၇ နာရီ
၄။ သင္တန္းတစ္ခုရိွ အမ်ားဆံုး သင္တန္းသား ဦးေရ - ၄၀
၅။ သင္တန္းဆရာ / သင္တန္းသား အခ်ိဳး
    စာသင္ျခင္း                  - ၁ း ၄၀
    လက္ေတြ႔ျပျခင္း            - ၁ း ၂၀
    စာေတြ႔ေျဖဆိုျခင္း          - ၁ း ၄၀
    လက္ေတြ႔ေျဖဆုိျခင္း      - ၁ း ၅
၆။ သင္တန္းတက္ေရာက္ရန္ လိုအပ္ခ်က္ - ၁ဝဝ%
၇။ သင္ၾကားမႈ နည္းစနစ္
            ထိုေအာက္တြင္ သင္တန္းဆရာလက္စဲြ၊ သင္တန္းသားလက္စဲြစာအုပ္မ်ားကို မည္ကဲ့သုိ႔ ျပင္ဆင္ရမည္ဟု အေသးစိတ္ ေဖာ္ျပထားပါသည္။ ဥပမာ -
သင္တန္းဆရာလက္စဲြ၌ ေအာက္ပါအခ်က္မ်ား ပါရမည္။
Ø  သင္တန္းပိ႔ုခ်ရျခင္း ရည္ရြယ္ခ်က္ (Course Aim)
Ø  သင္တန္းၿပီးဆံုးသည့္အခါ သင္တန္းသားက မည္သည္တို႔တတ္ကြ်မ္းသြားရမည္ (Learning Objectives)
Ø  ရည္မွန္းထားေသာ သင္တန္းသားမ်ား (Target Audience)
Ø  သင္တန္းသားမ်ားတြင္ရွိရမည့္ ဗဟုသုတႏွင့္ အေတြ႔အႀကံဳ(Assumed skills and knowledge)
Ø  သင္တန္းကာလ (ၾကာျမင့္ခ်ိန္) (Course duration)
Ø  မည္ကဲ့သို႔ သင္တန္းပို႔ခ်ရမည္ (Training methodology)
Ø  သင္တန္းအတြက္ ရိွရမည့္ စာရြက္စာတမ္း ႏွင့္ ကိရိယာမ်ား (Training resource requirements) . . . စသည္

၈။ လက္ေတြ႔သင္တန္း၌ သင္တန္းသားမ်ား အႏၱရာယ္ကင္းေရးအတြက္ သင္တန္းေက်ာင္းသည္ ေအာက္ပါတို႔ကို ျပင္ဆင္ေပး ထားရမည္။
Ø  အႏၱရာယ္ကင္းေရး ဆုိင္းဘုတ္မ်ား
Ø  တစ္ကုိယ္ရည္ကာကြယ္ေရး ပစၥည္းမ်ား
Ø  အကာအကြယ္၊ အရံအတားမ်ား . . . စသည္

            သင္ၾကားမႈနည္းစနစ္ေအာက္တြင္ သင္ခန္းစာကို မည္ကဲ့သို႔ သင္ၾကားမည့္အေၾကာင္း အေသးစိတ္ ေရးဆဲြ တင္ျပရ သည္။ ေအာက္တြင္ေဖာ္ျပမည့္ ဇယားတို႔မွာ CSOC သင္တန္းတစ္ခုကို မည္ကဲ့သို႔သင္ၾကားမည္ဆိုသည္ကို ေရးဆဲြထားေသာ ဇယားမ်ားျဖစ္၏။

၉။ သင္ရိုးဇယား (Course Syllabus)

            သင္ရိုးဇယားေအာက္တြင္ မည္သည့္ေခါင္းစဥ္ေအာက္၌ မည္သည့္အေၾကာင္းအရာမ်ားကို သင္မည္။ စာေတြ႔မည္မွ်၊ လက္ေတြ႔ မည္မွ် စသည္တို႔ကို ေဖာ္ျပထားသည္။

Course Syllabus နမူနာပံုစံ -



၁၀။ သင္ရိုးအခ်က္အလက္ ဇယား (Table Of Specifications) (TOS)

            စင္ကာပူတြင္ေပးသည့္သင္တန္းမ်ားကို တတ္ေျမာက္ကြ်မ္းက်င္မႈကို အေျခခံသည့္သင္တန္းမ်ား (Competency Based Training) ဟု ေခၚသည္။ ထုိသင္တန္းတက္ၿပီးသြားလွ်င္ သင္တန္းသားသည္ သင္တန္းမွ သင္ေပးလုိက္သည္မ်ားကို လက္ေတြ႔ လုပ္ငန္းခြင္တြင္ တကယ္အသံုးခ်တတ္ရန္ ရည္ရြယ္သည့္သင္တန္းဟု ဆုိလိုသည္။ ထုိ႔ေၾကာင့္ သင္တန္းမ်ားတြင္ စာေတြ႔၊ လက္ေတြ႔ ႏွစ္မ်ိဳး သင္ေပးသည္။
            ဤဇယားက ထုိသင္တန္းတြင္ စာေတြ႔မည္မွ်၊ လက္ေတြ႔မည္မွ် သင္ေပးသည္ကို ေဖာ္ျပသည္။

TOS နမူနာ -




၁၁။ သင္ခန္းစာ ရည္ညႊန္းဇယား (Course reference matrix)

            သင္ၾကားပို႔ခ်မည့္သင္တန္းအတြက္ သင္ခန္းစာ ရည္ညႊန္းဇယားကို ျပင္ဆင္ထားရမည္။ ဤဇယားတြင္ မည္သည့္သင္ခန္းစာကို မည္သည့္နည္း (သီအိုရီ (သို႔) လက္ေတြ႔) သင္မည္။ သည္မည့္နာရီ (မိနစ္)၊ ဆလိုက္နံပါတ္၊ မည္သည့္နည္းျဖင့္ စစ္ေဆးမည္ စသည္တို႔ ပါသည္။
            ပိုမိုနားလည္ေစႏိုင္ရန္ သင္ခန္းစာရည္ညႊန္းဇယား နမူနာကို အနည္းငယ္ ေကာက္ႏုတ္ေဖာ္ျပလိုက္ပါသည္။
 


၁၂။ သင္ခန္းစာ အစီအစဥ္ (Lesson Plan)

            သင္ခန္းစာ အစီအစဥ္က သည္သင္တန္းကို ဘယ္ႏွစ္ရက္သင္ရမည္၊ မည္သည့္ သင္ခန္းစာကုိ မည္သည့္အခ်ိန္မ်ားတြင္ သင္မည္၊ မည္သည့္အခ်ိန္သည္ ေကာ္ဖီခ်ိန္၊ မည္သည့္အခ်ိန္သည္ ေန႔လည္စာစားခ်ိန္၊ မည္သည့္အခ်ိန္တြင္ လက္ေတြ႔လုပ္မည္၊ မည္သည့္အခ်ိန္တြင္ စာေမးပဲြစစ္မည္ အစရိွသည္တုိ႔ကို အေသးစိတ္ ေဖာ္ျပထား၏။ ဤဇယားကိုၾကည့္ၿပီး သင္တန္းဆရာသည္ မိမိသင္မည့္ သင္ခန္းစာကို ခ်ိန္ကုိက္၍ သင္ရပါသည္။ ထို႔ေၾကာင့္ ဤဇယားသည္ သင္တန္းတစ္ခုအတြက္ အလြန္အေရးႀကီး၏။ သင္တန္းတစ္ခုတည္းတြင္ သင္တန္းဆရာႏွစ္ေယာက္၊ သံုးေယာက္ ေျပာင္းသင္သည့္တိုင္ မင္းဘယ္ေလာက္ထိ ၿပီးသြားၿပီလဲ၊ ငါ ဘယ္က စရမလဲ စသျဖင့္ ေမးေနစရာမလုိေတာ့။ ရက္၊ အခ်ိန္ႏွင့္ အတိအက် ေဖာ္ျပထား၍ သူ ဘယ္ေလာက္ၿပီးသြားၿပီကို သိႏုိင္ သည္။ ေအာက္တြင္ Lesson Plan နမူနာကို ေဖာ္ျပထားပါသည္။




ဆက္ပါဦးမည္။

==============+++++++++==============


သင်တန်းကျောင်းတစ်ခု တည်ထောင်ခြင်း (၃)


အေးငြိမ်း (လေးမျက်နှာ)

(၅) CDA (Curriculum Development Advisory)

            သင်တန်းအတွက် ပြင်ဆင်ရမည့် စာရွက်စာတမ်းများမှာ Slide presentation တစ်ခုတည်း မဟုတ်။ အောက်ပါတို့ ပါ၀င်၏။

၁။ Course Syllabus
၂။ Table of Specifications (TOS)
၃။ Course Reference Matrix
၄။ Assessment Plan
၅။ Lesson Plan
၆။ Learner's Guide
၇။ Trainer's Guide
၈။ Stanard Operation Procedure
၉။ Slide Presentation
၁၀။ Practical Site Layout
၁၁။ Assessment Question and Answer set

            ထိုစာရွက်စာတမ်းများပြင်ဆင်ရန် Guideline ချပေးထားသည်။ ထို Guideline ကို CDA (Curriculum Development Advisory) ဟု ခေါ်၏။ CDA ထဲတွင် အောက်ပါအချက်များကို အသေးစိတ် (ပြည့်စုံစွာ) ဖော်ပြထားသည်။
           သင်တန်းနာမည် (Name of the course)
           အဘယ်ကြောင့် ဤသင်တန်း ပေးရသည် (According to which regulations)
           သင်တန်းပို့ချရခြင်း ရည်ရွယ်ချက် (Course Aim)
           သင်တန်းပြီးဆုံးသည့်အခါ သင်တန်းသားက မည်သည်တို့တတ်ကျွမ်းသွားရမည် (Learning Objectives)
           မည်ကဲ့သို့ သင်တန်းပို့ချရမည် (Training methodology)
           မည်ကဲ့သို့ စာမေးပွဲ စစ်ရမည် (Assessment advice, method and duration)
           စာမေးပွဲခန်းကို ပြင်ဆင်ရန် ညွှန်ကြားချက် (Instruction for preparation of written test)
           လက်တွေ့သင်တန်းအတွက် လိုအပ်ချက် (Practical training requirements)
           လက်တွေ့စာမေးပွဲ (Practical Performance Assessment Record)
           စာတွေ့ ဆန်းစစ်ချက်မှတ်တမ်း (Assessment record)
           ဤသင်တန်းအတွက် သတ်မှတ်ထားသော သင်တန်းသား နှင့် သင်တန်းဆရာ အချိုး (Trainer/trainee ratio)
           သင်တန်းကာလ (ကြာမြင့်ချိန်) (Course duration)
           တစ်တန်းတွင်အများဆုံးရှိရမည့် သင်တန်းသား ဦးရေ (Class size)
           ရည်မှန်းထားသော သင်တန်းသားများ (Target Audience)
           သင်တန်းသားများတွင်ရှိရမည့် ဗဟုသုတနှင့် အတွေ့အကြုံ(Assumed skills and knowledge)
           သင်ရိုး (Couse Syllabus)
           အနည်းဆုံး သင်တန်းတက်ရမည့်ရက် (Course attendance)
           သင်တန်းအတွက် ရှိရမည့် စာရွက်စာတမ်း နှင့် ကိရိယာများ (Training resource requirements)
           သင်တန်းအုပ်ချုပ်မှု ညွှန်ကြားချက် (Course administration instruction)
           သင်တန်းကျောင်းတွင်ရှိရမည့် လိုအပ်ချက် (Trainig venue requirement)
           သင်တန်းပြီးဆုံးသည့်အခါ သင်တန်းအပေါ် သုံးသပ်ချက် (End of course evaluation and feedback)

            CDA မှ လမ်းညွှန်ချက်များကို နမူနာ ပြပါမည်။ CDA တွင် အသေးစိတ် ညွှန်ပြထားသဖြင့် အားလုံးအပြည့်အစုံရေးဘို့ရာ သည်ဆောင်းပါးမျှလောက်နှင့် မဖြစ်နိုင်။ အရေးကြီးသည့် အချက်များကိုသာ ကောက်နုတ်ဖော်ပြပါမည်။ ကျွန်တော်နမူနာပြမည့် CDA မှာ CSOC (Construction Safety Orientation Course for Workers) အတွက် ရေးထားသော CDA ဖြစ်ပါသည်။
            ပထမဦးစွာ CSOC သင်တန်းကို အဘယ်ကြောင့် တက်ရန်လိုကြောင်း ဖော်ပြ၏။ စင်ကာပူအစိုးရ၏ ဥပဒေအရ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ဝင်မည့်လုပ်သားတိုင်း CSOC သင်တန်းကို တက်ရောက်အောင်မြင်ရန် လိုသည် ဆိုသည်ကို ဥပဒေနှင့်တကွ ဖော်ပြထားသည်။
            ထို့နောက် CSOC သင်တန်းကိုတက်ရောက်ပြီးသည့် လုပ်သားတစ်ဦး ရသွားမည့် အသိပညာဗဟုသုတများကို ဖော်ပြသည်။ ထိုအထဲတွင် စင်ကာပူနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်စဉ် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ခံစားခွင့် ရှိသည်များ၊ စည်းကမ်းဖောက်ဖျက်ပါက ချမှတ်နိုင်သော ပြစ်မှုပြစ်ဒဏ်များကိုပါ ထည့်သင်ရန် ဖော်ပြထားသည်။
            ထို့နောက်တွင် အရေးကြီးဆုံးအပိုင်းဖြစ်သော သင်တန်းလိုအပ်ချက်ကို အပိုင်းလိုက် ဖော်ပြထား၏။

၁။ CSOC သင်ကြားရခြင်း ရည်ရွယ်ချက်
           လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သိရှိစေရန်
           ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အန္တရာယ်များကို သိရှိ ဖော်ထုတ်နိုင်စေရန်
           အလုပ်လုပ်ခွင့်ပြုမိန့် (Permit To Work) အကြောင်း သိရှိနားလည်စေရန်
           တစ်ကိုယ်ရည် ကာကွယ်ရေးအသုံးအဆောင်များကို သေချာကျနစွာ အသုံးပြုတတ်စေရန်
           အမြင့်တွင် အန္တရာယ်ကင်းစွာ အလုပ်လုပ်တတ်စေရန်
           စင်ကာပူတွင် အလုပ်လုပ်သူတို့ ရသင့်ရထိုက်သည့် အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို သိရှိစေရန် . . . စသည်

၂။ တက်ရောက်သင့်သူများ - ဆောက်လုပ်ရေးလုပ်ငန်း၌ လုပ်ကိုင်နေသည့် အလုပ်သမားအားလုံး
၃။ သင်တန်းကာလ - ၁၇ နာရီ
၄။ သင်တန်းတစ်ခုရှိ အများဆုံး သင်တန်းသား ဦးရေ - ၄၀
၅။ သင်တန်းဆရာ / သင်တန်းသား အချိုး
    စာသင်ခြင်း                  - ၁ း ၄၀
    လက်တွေ့ပြခြင်း           - ၁ း ၂၀
    စာတွေ့ဖြေဆိုခြင်း          - ၁ း ၄၀
    လက်တွေ့ဖြေဆိုခြင်း      - ၁ း ၅
၆။ သင်တန်းတက်ရောက်ရန် လိုအပ်ချက် - ၁ဝဝ%
၇။ သင်ကြားမှု နည်းစနစ်
            ထိုအောက်တွင် သင်တန်းဆရာလက်စွဲ၊ သင်တန်းသားလက်စွဲစာအုပ်များကို မည်ကဲ့သို့ ပြင်ဆင်ရမည်ဟု အသေးစိတ် ဖော်ပြထားပါသည်။ ဥပမာ -
သင်တန်းဆရာလက်စွဲ၌ အောက်ပါအချက်များ ပါရမည်။
           သင်တန်းပို့ချရခြင်း ရည်ရွယ်ချက် (Course Aim)
           သင်တန်းပြီးဆုံးသည့်အခါ သင်တန်းသားက မည်သည်တို့တတ်ကျွမ်းသွားရမည် (Learning Objectives)
           ရည်မှန်းထားသော သင်တန်းသားများ (Target Audience)
           သင်တန်းသားများတွင်ရှိရမည့် ဗဟုသုတနှင့် အတွေ့အကြံု(Assumed skills and knowledge)
           သင်တန်းကာလ (ကြာမြင့်ချိန်) (Course duration)
           မည်ကဲ့သို့ သင်တန်းပို့ချရမည် (Training methodology)
           သင်တန်းအတွက် ရှိရမည့် စာရွက်စာတမ်း နှင့် ကိရိယာများ (Training resource requirements) . . . စသည်

၈။ လက်တွေ့သင်တန်း၌ သင်တန်းသားများ အန္တရာယ်ကင်းရေးအတွက် သင်တန်းကျောင်းသည် အောက်ပါတို့ကို ပြင်ဆင်ပေး ထားရမည်။
           အန္တရာယ်ကင်းရေး ဆိုင်းဘုတ်များ
           တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းများ
           အကာအကွယ်၊ အရံအတားများ . . . စသည်

            သင်ကြားမှုနည်းစနစ်အောက်တွင် သင်ခန်းစာကို မည်ကဲ့သို့ သင်ကြားမည့်အကြောင်း အသေးစိတ် ရေးဆွဲ တင်ပြရ သည်။ အောက်တွင်ဖော်ပြမည့် ဇယားတို့မှာ CSOC သင်တန်းတစ်ခုကို မည်ကဲ့သို့သင်ကြားမည်ဆိုသည်ကို ရေးဆွဲထားသော ဇယားများဖြစ်၏။

၉။ သင်ရိုးဇယား (Course Syllabus)

            သင်ရိုးဇယားအောက်တွင် မည်သည့်ခေါင်းစဉ်အောက်၌ မည်သည့်အကြောင်းအရာများကို သင်မည်။ စာတွေ့မည်မျှ၊ လက်တွေ့ မည်မျှ စသည်တို့ကို ဖော်ပြထားသည်။

Course Syllabus နမူနာပုံစံ -



၁၀။ သင်ရိုးအချက်အလက် ဇယား (Table Of Specifications) (TOS)

            စင်ကာပူတွင်ပေးသည့်သင်တန်းများကို တတ်မြောက်ကျွမ်းကျင်မှုကို အခြေခံသည့်သင်တန်းများ (Competency Based Training) ဟု ခေါ်သည်။ ထိုသင်တန်းတက်ပြီးသွားလျှင် သင်တန်းသားသည် သင်တန်းမှ သင်ပေးလိုက်သည်များကို လက်တွေ့ လုပ်ငန်းခွင်တွင် တကယ်အသုံးချတတ်ရန် ရည်ရွယ်သည့်သင်တန်းဟု ဆိုလိုသည်။ ထို့ကြောင့် သင်တန်းများတွင် စာတွေ့၊ လက်တွေ့ နှစ်မျိုး သင်ပေးသည်။
            ဤဇယားက ထိုသင်တန်းတွင် စာတွေ့မည်မျှ၊ လက်တွေ့မည်မျှ သင်ပေးသည်ကို ဖော်ပြသည်။

TOS နမူနာ -





၁၁။ သင်ခန်းစာ ရည်ညွှန်းဇယား (Course reference matrix)

            သင်ကြားပို့ချမည့်သင်တန်းအတွက် သင်ခန်းစာ ရည်ညွှန်းဇယားကို ပြင်ဆင်ထားရမည်။ ဤဇယားတွင် မည်သည့်သင်ခန်းစာကို မည်သည့်နည်း (သီအိုရီ (သို့) လက်တွေ့) သင်မည်။ သည်မည့်နာရီ (မိနစ်)၊ ဆလိုက်နံပါတ်၊ မည်သည့်နည်းဖြင့် စစ်ဆေးမည် စသည်တို့ ပါသည်။
            ပိုမိုနားလည်စေနိုင်ရန် သင်ခန်းစာရည်ညွှန်းဇယား နမူနာကို အနည်းငယ် ကောက်နုတ်ဖော်ပြလိုက်ပါသည်။


           

၁၂။ သင်ခန်းစာ အစီအစဉ် (Lesson Plan)

            သင်ခန်းစာ အစီအစဉ်က သည်သင်တန်းကို ဘယ်နှစ်ရက်သင်ရမည်၊ မည်သည့် သင်ခန်းစာကို မည်သည့်အချိန်များတွင် သင်မည်၊ မည်သည့်အချိန်သည် ကော်ဖီချိန်၊ မည်သည့်အချိန်သည် နေ့လည်စာစားချိန်၊ မည်သည့်အချိန်တွင် လက်တွေ့လုပ်မည်၊ မည်သည့်အချိန်တွင် စာမေးပွဲစစ်မည် အစရှိသည်တို့ကို အသေးစိတ် ဖော်ပြထား၏။ ဤဇယားကိုကြည့်ပြီး သင်တန်းဆရာသည် မိမိသင်မည့် သင်ခန်းစာကို ချိန်ကိုက်၍ သင်ရပါသည်။ ထို့ကြောင့် ဤဇယားသည် သင်တန်းတစ်ခုအတွက် အလွန်အရေးကြီး၏။ သင်တန်းတစ်ခုတည်းတွင် သင်တန်းဆရာနှစ်ယောက်၊ သုံးယောက် ပြောင်းသင်သည့်တိုင် မင်းဘယ်လောက်ထိ ပြီးသွားပြီလဲ၊ ငါ ဘယ်က စရမလဲ စသဖြင့် မေးနေစရာမလိုတော့။ ရက်၊ အချိန်နှင့် အတိအကျ ဖော်ပြထား၍ သူ ဘယ်လောက်ပြီးသွားပြီကို သိနိုင် သည်။ အောက်တွင် Lesson Plan နမူနာကို ဖော်ပြထားပါသည်။





ဆက်ပါဦးမည်။

No comments: