Sunday, September 12, 2010

နှုတ်ထွက်စကားတစ်ခွန်း

လွန်ခဲ့သော ၄ နှစ်ကျော် ၂၀၀၆ ခုနှစ်က လူပေါင်း သိန်းသောင်းချီကိုးကွယ်နေကြသော မဟုတ်တာလုပ်နေသည့် နာမည်ကြီးဘုန်းကြီးများကို ပယ်ပယ်နယ်နယ် ဝေဖန်ထားသည့် “ဘာသာရေးလိုက်စားသူများ” ဟူသော ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါသည်။ အမှန်က မူရင်းဆောင်းပါးကိုရေးတာ ၁၉၉၆ ခုနှစ်ကတည်းက ဖြစ်ပါ၏။ ၂၀၀၆ ခုနှစ်တွင် ပြန်ဆွလိုက်ခြင်း ဖြစ်ပါသည်။ နိုင်ငံကျော် ဆရာတော်ကြီးများကို ပစ်ပစ်ခါခါ ဝေဖန်လိုက်သောအခါ ကျွန်တော့်မိတ်ဆွေအများစုက လက်မခံနိုင်ပါ။ ကျွန်တော့်ကိုလည်း ပြင်းပြင်းထန်ထန် ပြန်လည် ထိုးနှက်ပါ၏။

လူဆိုသည်မှာ ကိုယ်ယုံကြည်ရာ ကိုယ်ရေးပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ ကိုးကွယ်နိုင်ခွင့်ရှိပါသည်။ သို့အတွက် ထို ကျွန်တော့်ကို ဝေဖန်သူများကို ကျွန်တော့်စိတ်ထဲ ဘယ်လိုမှမနေပါ။ သည်ဆောင်းပါး စရေးကတည်းက လူကြိုက်မည်မဟုတ်မှန်း သိပါသည်။ ထို ဆောင်းပါးတွင် ကျွန်တော်က ကျွန်တော့်မိတ်ဆွေများကို ပြန်လည် ချေပထားသော စကားတစ်ခွန်းကို ပြန်လည်ကိုးကားလို၍ ဤမျှ စကားတံ ရှည်နေရခြင်း ဖြစ်ပါ၏။

ကျွန်တော်က သူတို့ကို -

“ခင်ဗျားတို့၊ ကျွန်တော်တို့လို သာမဉ်ညောင်ည၊ ဗလချီးနမ်း၊ သာမန်လူတစ်ယောက် မဟုတ်တာလုပ်၍ ခံရလျှင် ကျွန်တော်တစ်ဦး တည်း၊ အများဆုံး ကိုယ်လုပ်ကျွေးသမှုပြုနေသော ကိုယ့်မိသားစု တစ်ခုသာ ခံရမည်။ သို့သော် လူအများကိုးကွယ်နေသော ဘုန်းကြီး တစ်ပါးက မဟုတ်တာလုပ်မိလျှင်တော့ သူ့ကိုကိုးကွယ်နေသော လူပေါင်း အထောင်အသောင်း အကျိုးနည်းရမည်။ (နည်းနည်းဖြည့် စွက်ပြောရလျှင် တိုင်းပြည်ကိုခေါင်းဆောင်နေသူက မဟုတ်တာလုပ်လျှင် သန်း ၅၀ မျှသောလူပေါင်း အကျိုးနည်းရမည်။) အကျိုး နည်းသည်မှ လောကီအကျိုးသာမက သံသရာကျိုးပါ နည်းတော့မည်။ ထို့အတွက် လူအများကိုးကွယ်နေသည့် ဘုန်းကြီးများမှာ တရားဟောရာတွင် ဖြစ်စေ၊ စကားပြောရာတွင် ဖြစ်စေ၊ ကိုယ်လက်လှုပ်ရှားရာတွင် ဖြစ်စေ၊ ဘာပဲလုပ်လုပ် အလွန် သတိဝီရိယထား၍ လုပ်သင့်ပေသည်။ - - - -“
- ဟု ပြန်ကြားလိုက်ခြင်း ဖြစ်ပါသည်။

ယခုတလော ပွစိပွစိ ဖြစ်သွားသော PR များအရေးကို ရေးကြီးခွင်ကျယ်လုပ်ရေးချင်၍ ဤမျှ အချီး၊နိဒါန်း ပျိုးနေခြင်း ဖြစ်ပါ၏။ သတင်းဆိုသည်မှာ တစ်ယောက်စကားမှ တစ်ယောက်နားသို့ ကူးစက်သွားရာတွင် ခလုတ်တိုက်သည်ကို ဖားပြုတ်ကိုက် သည် ဖြစ်၊ ထိုမှ ငတုတ်ရိုက်သည် ဖြစ် စသဖြင့် ဖြစ်တတ်ပေရာ သတင်းဇာစ်မြစ်ကို ရေရေရာရာ မလေ့လာ၊ သူများပြောသံကြားနှင့် ရမ်းတုတ်ကြသူများသောကြောင့် ဤစာကိုရေးပါသတည်း။

သည် “စင်ကာပူနိုင်ငံသားခံဘို့ တောင်းခံလာတဲ့ PR တွေကို သူတို့က ငြင်းရင် PR သက်တမ်း ဆက်တိုးပေးမှာ မဟုတ်ဘူး” ဆိုသော စကားကိုသာ ကျွန်တော်ပြောပါက ဘာမှအကြောင်းမဟုတ်။ သို့သော် SM Mr. Goh က ပြောလိုက်သောအခါ စင်ကာပူ တစ်နိုင်ငံလုံး ပျားအုံကို တုတ်နှင့်ထိုးလိုက်သည့်နှယ် (ကျွန်တော်တို့ ကိုရွှေမြန်မာများအပါအ၀င်) ဖြစ်သွားပေသည်။ စကားဆိုသည် မှာ စ ပြီဆိုကတည်းက ကား သွားတတ်ပေရာ သည်သတင်းပေါ် အခြေခံပြီး အကယ်၍ ကိုကိုရွှေတို့ စလုံးခံအံ့။ လစဉ်လှူဒါန်းနေကျ ၂၀ ရာနှုံး ကို သံရုံးသို့ပေးရန် မလိုတော့ဘဲ စင်ကာပူအစိုးရသို့သာ ၁၀ ရာခိုင်နှုံး ပေးရတော့မည်ဟု သတင်းထဲလည်း ထည့်လိုက်ပါသေး၏။ ကျွန်ုပ်မှာ ရယ်ချင်ပက်ကျိ ဖြစ်မိပါဘိတောင်း။

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက Marine Parade တွင် စင်ကာပူအမျိုးသားနေ့၌ ၀န်ကြီးချုပ်ပြောသွား သော မိန့်ခွန်းအပေါ် သူရို့နိုင်ငံသားတွေ ဘယ်လိုများ တုံ့ပြန်ကြပါ့မလဲ ဟု စစ်တမ်းကောက်ယူရာ တက်ရောက်လာသူ စလုံး ၂၀၀ ခန့်အနက်မှ တစ်ဦးက ဒီမှာလာလုပ်နေတဲ့ EP (Employment Pass) တွေကို စလုံးခံခိုင်းလိုက်ရ မကောင်းဘူးလား ဟု Senior Minister Goh Chok Tong ကို မေးခွန်းထုတ်၏။ ထိုအခါ မစ္စတာ ဂို က စင်ကာပူမှာ ခု PR ၅ သိန်းလောက် ရှိတယ်။ အဲဒီအထဲက ၅ သောင်းလောက်ရွေးပြီး စလုံးခံဘို့တိုက်တွန်းမယ်။ ဒါမှ စလုံးခံဘို့ငြင်းတဲ့သူတွေကို PR သက်တမ်း ဆက်မတိုးပေးဘူး ဟု ပြန်လည် ဖြေကြားလိုက်ပါသည်။

မင်း တို့၏ နှုတ်ထွက်စကားတစ်လုံးသည် ဥပဒေကဲ့သို့ အာဏာတည်နိုင်ပေရာ သူပြောလိုက်သော ထိုစကားကြားလိုက်ရသူ ကိုကို မမ PR အပေါင်းတို့မှာ ဟဲ့၊ သောက်ကျိုးနည်း။ အဲဒီ ၅ သောင်းထဲ ငါတို့ပါနေ ဘယ့်နဲ့လုပ်ရပါ့ ဟု ထိတ်လန့်တုန်လှုပ်ကြ၊ မျက်ကလဲဆန်ပြာ ဖြစ်ကြကုန်၏။

ဘယ်သတင်း ဘယ်လိုလှုပ်မလဲ ဟု ပွဲဆူအောင် အခွင့်ကောင်းကို စောင့်ဆိုင်းနေကြသူ ကိုမီဒီယာတို့အဖို့ကား ဘာပြောကောင်း မတုံး။
သူတို့ရေးထားတာလေးများ နည်းနည်းလောက် မြည်းကြည့်ပါ။ ဧရာဝတီသတင်းတွင် အောက်ပါအတိုင်း ဖော်ပြထားပါ၏။

PR များကို နိုင်ငံသား ခံယူခိုင်း၍ စင်ကာပူရောက် မြန်မာများ အခက်တွေ့


စိုင်းဇွမ်ဆိုင်း FRIDAY, SEPTEMBER 10, 2010

စင်ကာပူနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် (Permanent Residents-PR) လက်မှတ် ကိုင်ဆောင်ထားသူများကို နိုင်ငံသားအဖြစ် ပြောင်းလဲခံယူရန် ညွှန်ကြားလိုက်သဖြင့် စင်ကာပူရောက် မြန်မာနိုင်ငံသားများ အခက်တွေ့နေကြောင်း သိရသည်။
စင်ကာပူ လူဝင်မှု ကြီးကြပ်ရေး ဌာနက PR လက်မှတ် ကိုင်ဆောင်ထားသူများကို နိုင်ငံသား အဖြစ်ပြောင်းလဲ ခံယူရန် တိုက်ရိုက် ညွှန်ကြားထားခြင်းဖြစ်ပြီး မလုပ်ဆောင်သူများကို သက်တမ်းထပ်မံ တိုးပေးတော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။
စင်ကာပူ နိုင်ငံသားအဖြစ် ခံယူခြင်းမရှိသေးပါက မြန်မာနိုင်ငံသားတဦး အနေဖြင့် တလလျှင် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းကို မြန်မာသံရုံးသို့ ပေးဆောင်ရပြီး စင်ကာပူနိုင်ငံသား ဖြစ်သွားပါက တနှစ်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကိုသာ စင်ကာပူအစိုးရထံ ပေးဆောင်ရကြောင်း သိရသည်။

ရည်ညွှန်း။ ။ http://www.irrawaddy.org/bur/index.php/news/1-news/4035-pr------

သတင်းသမားဟူသည် မှန်ကန်သောသတင်းကို ပြည်သူအများသို့ မြန်ဆန်စွာ ပေးပို့ရန်သာဖြစ်ပြီး လေသံကြားနှင့် ဖမ်း တရားနာရန် မသင့်ပါ။ မိမိ၏ သတင်းဌာန သိက္ခာကျပါသည်။ ဤသတင်းအကြောင်း ကျွန်တော်သိသည်မဟုတ်။ မလေးရှားမှ ကိုကျော်ဝင်းက ဖုံးဆက်မေးလာပါမှ ကျွန်တော့်မှာ တအံ့တသြနှင့် ဖတ်ကြည့်မိရပါ၏။

ခုန သတင်းကလေး ဆက်ကြပါစို့။

အထက်ပါအတိုင်း SM Mr. Goh က ပြောလိုက်သောအခါ အများသူငါ ပါးစပ်ပြောနှင့်မျှမက ExpatSingapore website တွင်လည်း Singapore to Expel 10% of Permanent Residents ဟူသော ခေါင်းစဉ်ဖြင့် ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြ၊ ငြင်းခုံကြ သည်များမှာ ရာဂဏန်းနီးနီးမျှ ရှိပါ၏။

နောက်နေ့ 7-9-2010 တွင် Institute of Policy Studies မှ Dr Leong Chan Hoong က အဲလိုလုပ်လိုက်ရင် EP တွေ အနေနဲ့ PR လျှောက်ဖို့ ပိုစဉ်းစားသွားတော့မှာပေါ့ဗျာ ဟု Channel News Asia မှ ပြောခဲ့ပါ၏။ ထို့ပြင် Singapore Management University မှ Assistant Professor ဖြစ်သူ Eugene Tan ကလည်း သူတို့အဖို့ အခြားနိုင်ငံသားအနေနဲ့ စင်ကာပူ PR အဖြစ် နေရတာ ပိုကောင်းပါလိမ့်မယ် ဟု ဆိုခဲ့ပါသည်။

သည့်အတွက် အစိုးရလည်း သည်အတိုင်းတော့ အသာငြိမ်နေလို့ မဖြစ်ချေဘူး။ တစ်ခုခုတော့ အကြောင်းပြန်မှ ဖြစ်မယ် ဟု တွေးကာ အောက်ပါအတိုင်း ဖြေရှင်းချက်ပေးပါသည်။

Converting 10% of PRs to citizens "not a target": SM Goh's press secretary

By Joanne Chan
Posted: 08 September 2010 1912 hrs

SINGAPORE: The press secretary to Senior Minister Goh Chok Tong has said that the figure mentioned by Mr Goh about Permanent Residents who will be asked to take up citizenship, was only for "illustrative purposes".

Mr Ho Tong Yen was replying to queries following Mr Goh's comments at a dialogue session at Marine Parade on Monday.


Mr Goh was reported as saying that the government might approach ten percent of PRs in Singapore to take up citizenship and if they did not do so, their PR status would not be renewed.

Mr Ho said that the Senior Minister was making a general observation to illustrate the point that the government would be managing the inflow of PRs and that some would be encouraged to become citizens.

The figure of ten percent which Mr Goh gave was "not a target", and it is also not the case that all PRs who turn down the offer of Singapore citizenship would not have their PR status renewed, said Mr Ho.

The government will continue to review and refine its policies to ensure that those who have PR status are an asset to Singapore's society and that those who are given citizenship are, in addition, assessed to be committed in their allegiance to Singapore, added Mr Ho.

မစ္စတာ ဂိုချောက်တောင်၏ အတွင်းရေးမှုး မစ္စတာဟိုက ပြောသည်မှာ မစ္စတာဂိုပြောခဲ့သော စီတီဇင်မခံသူ ပီအာများကို သက်တမ်းတိုးမပေး ဆိုသည်မှာ ထင်သာမြင်သာရုံ သရုပ်ဖော်ပြောခြင်းသာ ဖြစ်ပါသည်။ ဤ ၁၀ ရာခိုင်နှုံးဆိုသည်မှာ အစိုးရ၏ ရည်မှန်းချက် မဟုတ်ပါ။ စီတီဇင်ခံရန် ငြင်းပယ်သော ပီအာများကို သက်တမ်းတိုးမတိုး ဆိုသည့် ကိစ္စလည်း မဟုတ်ပါ ဟု ဆိုပါ သည်။ ပီအာများ စီတီဇင်ပြောင်းရေးတွင် ၎င်းတို့၏ သဘောထား၊ စင်ကာပူနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာမှု၊ သစ္စာရှိမှု စသည်တို့အပေါ်အကဲဖြတ်ပြီး အစိုးရက မူဝါဒများကို ပြန်လည်သုံးသပ်ပြင်ဆင်သွားမည် ဟု မစ္စတာဟိုက ထပ်လောင်း ပြောကြားသွားပါသေးသည်။

တရားဝင်ထုတ်ပြန်သောစာမှာ အောက်ပါအတိုင်း ဖြစ်ပါ၏။

COMMENTS BY PRESS SECRETARY TO SENIOR MINISTER GOH CHOK TONG

In response to queries from the media, Press Secretary to Senior Minister Goh
Chok Tong made the following comments:
At a dialogue in Marine Parade on 6 September 2010 evening, SM was reported to
have commented on a possible change in policy regarding Permanent Residents
(PRs), namely that the government might approach certain PRs to take up
Singapore citizenship, and if they did not do so, their PR status would not be
renewed. There has since been a wide range of reactions to SM's comments, which
SM welcomes.
At the dialogue, SM was making a general observation to illustrate the point
that the government would be managing the inflow of PRs and would encourage some
of those who are already here to become Singapore citizens. The figure of 10%
which SM gave was only for illustrative purposes. It is not a target, nor is it
the case that all PRs who turned down the offer of Singapore citizenship would
not have their PR status renewed.
The Government will continue to review and refine its policies to ensure that
those who have PR status are an asset to our society, and that those who are
given citizenship are, in addition, assessed to be committed in their allegiance
to Singapore.

………….

PRIME MINISTER’S OFFICE
SINGAPORE

အထက်ပါစာကို ဘာသာပြန်ရလျှင် -


စာနယ်ဇင်းများမှ စူးစမ်းလာချက်များအပေါ် SM မစ္စတာဂိုချောက်တောင်၏ အတွင်းရေးမှုး၏ မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- 2010 စက်တင်ဘာ ၆ ရက် ညနေပိုင်းက Marine Parade တွင်ပြောကြားခဲ့သော SM ၏ အချို့သော PR များကို နိုင်ငံသားခံရန် ချဉ်းကပ်မည်။ ငြင်းဆိုသူများ၏ PR ကို သက်တမ်းမတိုးပေး ဆိုသည့်အပေါ် တုံ့ပြန်မှုအများအပြား ပေါ်ထွက်ခဲ့ပါသည်။

- ဤတွင် SM ကပြောခဲ့သည်များမှာ စင်ကာပူနိုင်ငံ၏ PR များလိုအပ်ချက်နှင့် နိုင်ငံသားခံလိုသူ အချို့ PR များအား တိုက်တွန်းရန် ယေဘူယျစူးစမ်းချက်နှင့် သရုပ်ပေါ်အောင်ပြောဆိုခြင်းမျှသာ ဖြစ်သည်။ ၁၀ ရာခိုင်နှုံးဆိုသည်မှာ အစိုးရ၏ ရည်မှန်းချက်မဟုတ်သလို နိုင်ငံသားခံရန် ငြင်းပယ်သူများအား PR သက်တမ်း တိုးပေးမပေး ဆိုသည့် ကိစ္စ လည်းမဟုတ်ပါ။

- လက်ရှိ PR များသည် စင်ကာပူနိုင်ငံအတွက် မည်မျှ အသုံးတည့်သည်။ မည်မျှ အရည်အသွေးရှိသည် စသည်တို့ကို သေချာစွာ ပြန်လည်သုံးသပ်မည်။ နိုင်ငံသားအဖြစ် ကမ်းလှမ်းမည့်သူများအားလည်း စင်ကာပူနိုင်ငံတည်ဆောက်ရေး အတွက် မည်မျှ ပါဝင်ဆောင်ရွက်နိုင်မည်၊ နိုင်ငံတော်အပေါ်မည်မျှ သစ္စာရှိနိုင်မည်တို့ကို ကျကျနန ဆန်းစစ်ရေးတို့ အတွက် အစိုးရ၏ မူဝါဒကို ပြန်လည်သုံးသပ်ပြင်ဆင်သွားမည်။

ဝန်ကြီးချုပ်ရုံး
စင်ကာပူ


သည်မျှဆိုလျှင် အားလုံးရှင်းသွားလောက်ပါပြီ။ အစိုးရတစ်ရပ်သည် ဥပဒေကို လွယ်လွယ်ကလေး လုပ်လို့မရ။ ပါလီမန်မှာတင်၊ ကျကျနန ဆွေးနွေးပြီးမှ အတည်ပြုရမည်ဖြစ်ပေ၏။ ပါးစပ်ကပြောလိုက်ရုံနှင့်တော့ ဥပဒေ မဖြစ်နိုင်လောက်သေး။ သို့သော် ဤစကားတစ်ခွန်းသည်လည်း ဥပဒေဖြစ်လာဘို့ လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ပါသည်။

ခပ်တိုတို ပြောရလျှင် စိတ်မပူပါနှင့်။ လောလောဆယ် ဘာမှမဖြစ်သေးပါ ဟူ၏။
အကယ်၍ ဖြစ်လာလျှင်သော်မှ ဘာမှလုပ်မရပါ။ စလုံးမပြောင်းချင်သူများ EP သို့မဟုတ် S Pass ပြန်ပြောင်း။ ဒါမှ မဟုတ် ပြည်တော်ပြန်ပေါ့။ ဒါ့ထက်ပိုပြီး ဘာမှ မဖြစ်နိုင်ပါ ဟုသာ ပြောချင်ပါသည်။

12-9-2010
လင်းအားကြီး မနက် ၂ ချက်ထိုးပြီး ၃ မိနစ်

No comments: