
“အနာဂါတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” ကို ရိုက်နှိပ်ထုတ်ဝေရန် ကြိုးစားနေရာ ယခုဆိုလျှင် ၆ လမျှပငိ ရှိသွားပြီ ဖြစ်ပါသည်။ သို့သော် စာအုပ်အဖြစ်မရောက်သေး။ အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် နှောင့်နှေးကြန့် ကြာလျှက် ရှိပေသည်။ ယခုလကုန်တွင်မူ ထွက်လိမ့်မည်ဟု ယူဆရပါ၏။ သို့သော် မသေချာပါ။
စာအုပ်ထုတ်ဝေခမှာလည်း မျှော်မှန်းထားသည်ထက် အဆပေါင်းများစွာ ပိုမို ကုန်ကျပါ၏။ တွက်ကြည့်လိုက် သောအခါ စာအုပ်တန်ဖိုးကို တစ်အုပ် ၅၅၀၀ ကျပ်ဖြင့်ရောင်းမှ ဖြစ်တော့မည်။ ယခင်ကမူ တစ်အုပ်ကို ၃၀၀၀ ကျပ်မျှ နှင့် ရောင်းမည် စိတ်ကူးထား၏။ စင်ကာပူနှင့် မလေးရှားတွင်ပါ ဖြန့်မည်ဟု စိတ်ကူးထားသော်လည်း သယ်ယူစရိတ် မသိရသေးသဖြင့် ဈေးနှုံးမည်မျှနှင့် ရောင်းမည်ကိုလည်း မသိရသေးပါ။
အုပ်ရေ ၁၅၀၀ ရိုက်ထားရာ စင်ကာပူတွင် အုပ် ၃၀၀၊ မလေးရှားတွင် အုပ် ၂၀၀၊ မြန်မာပြည်တွင် အုပ် ၉၀၀ ဖြန့်မည်ဖြစ်ပါသည်။ သက်ဆိုင်ရာ သို့ ၆၅ အုပ်ပေးရမည် သိရပါသည်။
စင်ကာပူတွင်မူ ပင်နင်စူလာရှိ စာအုပ်ဆိုင်အားလုံးလိုလို၌ တင်ထားရန် စိတ်ကူးရှိပါသည်။ သို့သော် ဖြန့်ဝေသူနှင့် မဆွေးနွေးရသေးပါ။ ကျွန်တော် နှင့် ကျွန်တော့်မိတ်ဆွေများ ထံတွင်လည်း စာအုပ်အချို့ထားမည် ဖြစ်ပြီး ကျွန်တော်တို့ထံတွင် တိုက်ရိုက်ဝယ်ပါက ၂၀% လျှော့ပေးမည် ဖြစ်ပါသည်။
စာအုပ်မှာ ဤ blog တွင်ရေးထားသော Working in Singapore/Study in Singapore/Living in Singapore စသည်များကို စုစည်းထုတ်ထားခြင်း ဖြစ်ပါသည်။
စောင့်မျှော် အားပေးကြပါကုန်။
No comments:
Post a Comment