Sunday, May 10, 2009

Living in Singapore XXVIII (Health Care I)

အခန်း (၉)

၉၊ ၁။ ကျန်းမာရေး စောင့်ရှောက်မှု

စင်ကာပူ နိုင်ငံ၏ ကျန်းမာရေး အခြေအနေသည် ကမ္ဘာ့ ကျန်းမာရေး အဆင့်အတန်းတွင် အကောင်းဆုံး အခြေ အနေ၌ ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး (WHO) က သတ်မှတ် ထားသည်။ WHO ၏ အစီရင်ခံစာတွင် စင်ကာပူ နိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၁ နိုင်ငံ အနက် ကျန်းမာရေးတွင် အဆင့် ၆ ၌ ရှိကြောင်း၊ အာရှတွင်မူ စင်ကာပူ နိုင်ငံ၏ ကျန်းမာရေး အခြေအနေမှာ ထိပ်ဆုံးတွင် ရှိကြောင်း ဖော်ပြ ထားသည်။
Ref: http://www.moh.gov.sg/

နိုင်ငံသားများ၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် စင်ကာပူ အစိုးရ၏ ငွေကြေးဆိုင်ရာ မူဝါဒမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ ၏ တာဝန်ယူမှုနှင့် လူ့အဖွဲ့အစည်း ၏ ၀ိုင်းဝန်း ထောက်ပံ့မှု အပေါ် အခြေခံ ထားပါသည်။ လူနာရှင် များသည် ၎င်းတို့၏ ဆေးကုသစရိတ်များ အတွက် တစ်စိတ်တစ်ပိုင်း ကျခံရန် နှင့် ပိုမို များပြားသော ဆေးကုသ စရိတ်များ အတွက် ပိုမို ကျခံရန် ဖြစ်ပါသည်။ နိုင်ငံသား များသည် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ကို ခံယူနိုင်ရန် အစိုးရက ငွေကြေး ပံ့ပိုးမှု များ (subsidies) ပေးပါသည်။
စင်ကာပူ နိုင်ငံတွင် ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းများ ကို အစိုးရ ပိုင်း အနေနှင့်ရော ပုဂ္ဂလိက ပိုင်း ဆိုင်ရာ များကပါ ဆောင်ရွက် ပေးလျှက် ရှိပါသည်။ စင်ကာပူ နိုင်ငံသားများ အနေနှင့် အခြေခံ ကျန်းမာရေး ကုန်ကျစရိတ် များအတွက် ၀န်ထုပ် ၀န်ပိုး မဖြစ်စေရန် အစိုးရမှ ရာခိုင်နှုံး တော်တော် များများကို ကျခံပေး ပါသည်။ မည်မျှ ကျခံ ပေးသနည်း ဆိုသည်မှာ လူနာ၏ ၀င်ငွေ ပေါ် မူတည် တွက်ချက် ပါသည်။ ဤအကြောင်း နောက်ပိုင်းတွင် အသေးစိတ် ဖော်ပြပါမည်။
နိုင်ငံခြားသား အလုပ်သမား များအတွက် ကုမ္ပဏီများမှ ဆေးအာမခံ ၀ယ်ရန် MOM မှ ထုတ်ပြန် ထားပြီး ဖြစ်ပါသည်။ Ref: http://www.mom.gov.sg/publish/momportal/en/general/FW_Medical_Insurance.html
၂၀၀၈ ခုနှစ် ဇန္န၀ါရီလ ၁ ရက်နေ့မှ စတင်ကာ Work Permit, S Pass နှင့် Foreign Domestic Worker (အိမ်ဖော်) အလုပ်သမား များအတွက် သက်ဆိုင်ရာ ကုမ္ပဏီများ သည် အလုပ်သမား တစ်ဦးလျှင် တစ်နှစ် အတွက် အနည်းဆုံး စင်ကာပူ ဒေါ်လာ ၅၀၀၀ တန် ဆေးအာမခံ ကို ၀ယ်ရပါမည်။ သို့အတွက် အလုပ်သမားများ ၏ ကျန်းမာ ရေး စောင့်ရှောက်မှု သည် သက်ဆိုင်ရာ ကုမ္ပဏီများ၏ တာဝန် ဖြစ်ပါသည်။ အကယ်၍ အလုပ်သမား တစ်ဦးဦးသည် မကျန်းမာ သဖြင့် ဆေးခန်းများ သို့ သွားရောက် ကုသသည် ဖြစ်စေ၊ ဆေးရုံတက် ရသည် ဖြစ်စေ ထို စရိတ်များ ကို အာမခံ ကုမ္ပဏီက ပေးချေရမည် ဖြစ်ပြီး အလုပ်သမား များ အနေနှင့် ကျခံစရာ မလိုပါ။
စင်ကာပူ တွင် အထွေထွေ ရောဂါကု ဆေးရုံကြီးပေါင်း ၉ ခုရှိပါသည်။ ၎င်းတို့မှာ -

Alexandra Hospital
Changi General Hospital
East Shore Hospital
Gleneagles Hospital
Mount Alvernia Hospital
National University Hospital
Raffles Hospital
Singapore General Hospital
Tan Tock Seng Hospital - တို့ ဖြစ်၏။
ထို့ပြင် Community Hospital ၆ ခု နှင့် Specialists Hospitals & Institutions ၁၂ ခု ရှိပါသေးသည်။ လက်ရှိတွင် စင်ကာပူ၌ ဒေသန္တရ ဆေးခန်း (polyclinic) ပေါင်း ၁၈ ခုရှိ၏။ ထို polyclinic များကို National Healthcare Group (NHG) နှင့် Singapore Health Services (Singhealth) တို့မှ စီမံခန့်ခွဲ ပါသည်။

ထိုဆေးရုံ ဆေးခန်းများအပြင် ပုဂ္ဂလိက ဆေးခန်းများလည်း အမြောက်အများ ရှိပါသေးသည်။ အချို့ ဆေးခန်း များမှာ ၂၄ နာရီ ဖွင့်ပါသည်။ ထုံးစံအတိုင်း အစိုးရ ဆေးခန်းများထက် ပုဂ္ဂလိက ဆေးခန်းများက ပိုပြီး ဈေးကြီး ပါသည်။ သို့သော် ဈေးသက်သာသော အစိုးရ ဆေးခန်းများတွင် လာရောက်ပြသသူ အလွန်များပြားလှ သည်ဖြစ်ရာ အပြင် ဆေးခန်း များထက် စာလျှင် အစိုးရ ဆေးခန်းများမှာ အချိန် ပိုကုန် ပါသည်။ ဥပမာ - Polyclinic တစ်ခုတွင် ကြိုတင် အချိန်းအချက် (appointment) မယူဘဲ သွားပြပါက စုစုပေါင်း သုံးနာရီ မှ သုံးနာရီခွဲ ထိ ကြာတတ်ပါသည်။
စင်ကာပူတွင် အလုပ်လုပ်ရန် (သို့မဟုတ်) နေထိုင်ရန် အတွက် အစိုးရထံသို့ လျှောက်ထား ရာတွင် ဆေးစစ် ဆေးခြင်း သည်လည်း မရှိမဖြစ် လိုအပ်ချက် တစ်ခု ဖြစ်ပါသည်။ သို့အတွက် လိုင်စင်ရ ဆေးစစ်ဌာန များလည်း စင်ကာ ပူတွင် အများအပြား ရှိပါသည်။ ဈေးလည်း သင့်တော်ပါသည်။ အထူးသဖြင့် ကုမ္ပဏီများ သည် နိုင်ငံခြားသား အလုပ် သမား များကို ခေါ်သွင်းလာသည့် အခါ အသုတ်လိုက် သွင်းတတ်ကြသည် ဖြစ်ရာ ထိုသူများကို ဆေးစစ်ရာ၌ ဆေးစစ် ဌာနများက လူဦးရေ အလိုက် အထူးနှုံး များဖြင့် စစ်ဆေး ပေးတတ်ကြ ပါသည်။ တစ်ဦး၊ နှစ်ဦးချင်းသာ စစ်လျှင် ဈေးကြီး သော်လည်း အယောက် ၂၀၊ ၃၀ စသဖြင့် စစ်လျှင်မူ ဈေးသက်သာ ပါသည်။

၉၊ ၂။ အစိုးရ ၏ စီမံချက်များ

စင်ကာပူနိုင်ငံမှ ဆေးရုံဆေးခန်းများ သည် ၀န်ဆောင်မှု ကောင်းသလို ခေတ်မီသော စက်များ၊ နည်းပညာများ ကို သုံးထားသည် ဖြစ်ရာ ဆေးကုသ စရိတ်မှာ လည်း မြင့်မားပါသည်။ သို့အတွက် ၀င်ငွေ နည်းသူ နှင့် လခနည်း ၀န်ထမ်း များ အတွက် ဆေးကုသ စရိတ် ကို ကျခံစေနိုင်ရန် အစိုးရမှ အစီအစဉ်များ ရေးဆွဲထား ပါသည်။
စင်ကာပူ တစ်မျိုးသားလုံး ကျန်းမာရေး တိုးတက် ကောင်းမွန် လာစေရန်၊ နိုင်ငံသားများ အနေနှင့် မိမိတို့ ကျန်းမာရေး ကို မိမိတို့ တာဝန်ယူလာတတ် စေရန် နှင့် လူမှုဖူလုံရေး အဖွဲ့များ အပေါ် အလွန်အကျွံ မှီခိုမှု မဖြစ်စေရန်၊ စင်ကာပူနိုင်ငံ သားတိုင်း တတ်နိုင်သည့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ခံစား ရနိုင်စေရန်၊ ပိုမို တိုးတက် ပြီး ထိရောက် ကောင်းမွန်သော ဆေးကုသမှုများ ပေးနိုင်ရန် တို့အတွက် ရေရှည် စီမံကိန်းများ ချမှတ် ထားသည်။ ထို စီမံကိန်း များတွင် ပြည်သူများအား ကျန်းမာရေး အသိပညာ ပေးရေး၊ ရောဂါ ကာကွယ်ရေး စီမံချက်များ၊ ပြည်သူများ ကိုယ်တိုင် ကျန်းမာ ပျော်ရွှင်သော လူနေမှု ဘ၀ ကို ဖန်တီး နိုင်ရေး အတွက် အားပေး အားမြှောက် ပြုရန်တို့ ပါဝင်ပါသည်။ တစ်နည်းအားဖြင့် ကျန်းမာသော လူနေမှု ဘ၀ ကို ဖန်တီး ထားခြင်းဖြင့် ကြီးမားလှသော ဆေးကုသစရိတ် များကို လျှော့ချ နိုင်ရန် ဖြစ်ပါသည်။
စင်ကာပူ နိုင်ငံသားများ၊ အမြဲနေထိုင်ခွင့် ရသူများ (SPR) အနေနှင့် ကျန်းမာရေး ကုန်ကျ စရိတ်များကို ပေးဆောင်စေ နိုင်ရန် အစိုးရက 3M စီမံချက် ချမှတ် လုပ်ဆောင်လျှက် ရှိပါသည်။ 3M ဆိုသည်မှာ Medisave, Medishield, Medisave Approved Integrated Shield Plans နှင့် Medifund တို့ ဖြစ်ပါသည်။ ဤတွင် Medisave- approved Integrated Shield Plans ဆိုသည်မှာ 3M ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး MediShield ကို ပိုမို ကောင်းမွန် စွာ လုပ်ဆောင်နိုင်ရန် ရေးဆွဲ ထားသည့် အစီအစဉ် ဖြစ်ပါသည်။

၉၊ ၂၊ ၁။ CPF (Central Provident Fund)

Medisave အကြောင်းပြောလျှင် CPF အကြောင်းပါ သိထားမှ ဖြစ်ပေလိမ့်မည်။ သို့အတွက် CPF အကြောင်း ဦးစွာ ရှင်းပြပါမည်။ နိုင်ငံသားများ အနေနှင့် ပင်စင်ယူပြီးသည့်နောက် နေရေးထိုင်ရေး၊ ဆေးကုသရေး စသည့် စရိတ် စကများ အတွက် ပူပင် ကြောင့်ကြခြင်း မရှိရ လေအောင် အစိုးရမှ အလုပ်လုပ်သူများ ၏ ၀င်ငွေ တစ်စိတ် တစ်ဒေသ ကို စုဆောင်း ပေးထား ပါသည်။ ထိုရံပုံငွေကို CPF ဟု ခေါ်ပါသည်။ အချို့ ကိစ္စအနည်းငယ် မှ အပ ထို CPF ကို ထုတ်ယူ သုံးစွဲခွင့် မပြုပါ။
၂၀၀၆ ခုနှစ် စာရင်းများ အရ စင်ကာပူတွင် အသက် ၆၅ နှစ်အထက် လူကြီးများအနက် ၆၇ ရာခိုင်နှုံး သည် အသက် ၈၀ ထိ၊ ၄၇ ရာခိုင်နှုံး သည် အသက် ၈၅ နှစ် ထိ အသက် ရှည်လိမ့်မည် ဟု ခန့်မှန်းပါသည်။ စင်ကာပူ၏ ပျှမ်းမျှ သက်တမ်း သည် တိုးလာသည် ဖြစ်ရာ ၂၀၃၀ ခုနှစ် ရောက်လျှင် အသက် ၆၅ နှစ်အထက် လူအိုများ သည် လက်ရှိ အရေအတွက် ထက် နှစ်ဆ ပိုလာလိမ့်မည် ဟု ခန့်မှန်းပါသည်။
CPF စုဆောင်းငွေ များဖြင့် အောက်ပါ အကျိုး အမြတ် များကို ရရှိနိုင်ပါသည်။
၁။ ပင်စင်ယူပြီးနောက် နေထိုင်စရိတ်
၂။ ကျန်းမာရေး စောင့်ရှောက်မှု စရိတ်
၃။ အိမ်ပိုင်ဆိုင်မှု
၎။ မိသားစု စောင့်ရှောက်မှု စရိတ်
၅။ ငွေပင်ငွေရင်း တိုးပွားစေမှု

လစဉ်ဝင်ငွေ ထဲမှ ရာခိုင်နှုံး အချို့ကို CPF စုဆောင်းငွေ အတွက် ထည့်ဝင်ရပေရာ ထို ထည့်ဝင်ငွေကို သုံးပိုင်း ခွဲ၍ စုပေးထားပါသည်။ ၎င်းတို့မှာ -
၁။ သာမန် စုငွေ စာရင်း (Ordinary Account)
၂။ အထူး စုငွေ စာရင်း (Special Account)
၃။ ဆေးကုစရိတ် စုငွေ စာရင်း (Medisave Account) - ဟူ၍ ဖြစ်ပါသည်။

CPF စုငွေနှုံးထားများမှာ များပြားလှသည် ဖြစ်ရာ ဤနေရာတွင် ကျွန်တော် လိုသလောက်သာ ဗဟုသုတ အဖြစ် တင်ပြ ပါမည်။ အသေးစိတ် သိလိုသူများ http://mycpf.cpf.gov.sg/ တွင် ၀င်ရောက်လေ့လာ နိုင်ပါသည်။

CPF နှုံးထား သတ်မှတ်ရာတွင် -
(က) Singapore Citizen(SC) သို့မဟုတ် Singapore Permanent Resident(SPR)
(ခ) အလုပ်လုပ်နေသော အဖွဲ့အစည်း
(ဂ) အသက်အပိုင်း အခြား
(ဃ) စတင် အလုပ်လုပ်ကိုင်သည့် နှစ် - စသည်တို့ အပေါ် မူတည်ကာ သတ်မှတ်ပါသည်။
စင်ကာပူ နိုင်ငံသား(SC) နှင့် အမြဲနေထိုင်ခွင့် ရသူ (SPR) တို့အတွက် အချို့ CPF နှုံးထားများမှာ မတူပါ။ ထို့အတူ အလုပ် လုပ်ကိုင် နေသော အဖွဲ့အစည်း စသည် တို့အပေါ်လည်း မူတည်ကာ ကွဲသွားပါသည်။

အလုပ်လုပ်နေသော အဖွဲ့အစည်း ကို -
v ပင်စင် ခံစားခွင့်ရှိသော အစိုးရ အဖွဲ့အစည်း
v ပင်စင် ခံစားခွင့် မရှိသော အစိုးရ အဖွဲ့အစည်း
v ပင်စင်ခံစားခွင့် ရှိသော အဖွဲ့အစည်း
v ပင်စင်ခံစားခွင့် မရှိသော အဖွဲ့အစည်း
v ပုဂ္ဂလိက ကုမ္ပဏီ - ဟု ခွဲခြား တွက်ချက် ပါသည်။

အသက်အပိုင်း အခြား ကို -
v အသက် ၃၅ နှစ်အောက်
v ၃၅ မှ ၄၅ အကြား
v ၄၅ မှ ၅၀ အကြား
v ၅၀ မှ ၅၅ နှစ် အကြား
v ၅၅ မှ အသက် ၆၀ အကြား
v အသက် ၆၀ မှ ၆၅ နှစ် အကြား
v အသက် ၆၅ နှစ် အထက် - ဟု ခွဲခြား တွက်ချက် ပါသည်။

အမြဲနေထိုင်ခွင့် ရသူ (SPR) တို့အတွက် -

v ပုဂ္ဂလိက ကုမ္ပဏီ၊ ပင်စင်ခံစားခွင့် မရှိသော အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ပထမနှစ် အတွက်
v ပုဂ္ဂလိက ကုမ္ပဏီ၊ ပင်စင်ခံစားခွင့် မရှိသော အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ဒုတိယနှစ် အတွက်
v ပင်စင် ခံစားခွင့်ရှိသော အစိုးရ အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ပထမနှစ် အတွက်
v ပင်စင် ခံစားခွင့်ရှိသော အစိုးရ အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ဒုတိယနှစ် အတွက်
v ပင်စင် ခံစားခွင့် မရှိသော အစိုးရ အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ပထမနှစ် အတွက်
v ပင်စင် ခံစားခွင့် မရှိသော အစိုးရ အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ဒုတိယနှစ် အတွက်
v ပင်စင်ခံစားခွင့် ရှိသော အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ပထမနှစ် အတွက်
v ပင်စင်ခံစားခွင့် ရှိသော အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ဒုတိယနှစ် အတွက်
v အလုပ်လုပ်သော တတိယနှစ် နှင့် အထက် အတွက် - ပိုင်းခြား တွက်ချက် ပါသည်။

ဤနေရာတွင် ပင်စင်ခံစားခွင့် မရှိသော ပုဂ္ဂလိက ကုမ္ပဏီ များတွင် အလုပ်လုပ်နေသူ အမြဲနေထိုင်ခွင့် ရသူ (SPR) တို့အတွက် CPF တွက်ပုံကို နမူနာ အဖြစ် ဖော်ပြပါမည်။

ပုဂ္ဂလိက ကုမ္ပဏီ၊ ပင်စင်ခံစားခွင့် မရှိသော အဖွဲ့အစည်း တို့တွင် စတင် အလုပ်ဝင်သော SPR များ အတွက် -

ပုဂ္ဂလိက ကုမ္ပဏီ၊ ပင်စင်ခံစားခွင့် မရှိသော အဖွဲ့အစည်း တို့တွင် အလုပ်ဝင်ပြီး ဒုတိယနှစ် SPR များ အတွက် -
လုပ်သက် သုံးနှစ်နှင့် အထက်ရှိသော SPR များ အတွက် -

ရှင်းလင်းချက် ၁။

အကယ်၍ သင်သည် အသက် ၃၈ နှစ်ရှိပြီး ယခု နှစ်မှ စတင်ကာ SPR ဖြစ်လာသူ ဆိုကြပါစို့။ သင် အလုပ်လုပ်နေသော ကုမ္ပဏီသည် ပင်စင် လစာ ခံစားခွင့်မရှိသော ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု ဖြစ်ပြီး သင်သည် လက်ရှိ လခ စင်ကာပူ ဒေါ်လာ ၂၀၀၀ ထုတ်ယူ နေသူ ဖြစ်ပါက သင်၏ CPF ကို အောက်ပါ အတိုင်း တွက်ချက် ပါမည်။

အထက်ပါ Table C အရ -

သင့် CPF အတွက် အလုပ်ရှင်သည် သင့်လခ၏ ၄ ရာခိုင်နှုံး ဖြစ်သော S$ 80.00 ( 4% of 2000) ပေးဆောင်ရ မည် ဖြစ်ပြီး သင့်လခထဲမှ သင့်လခ၏ ၅ ရာခိုင်နှုံး ဖြစ်သော S$ 100.00 ( 5% of 2000) ပေးဆောင်ရမည် ဖြစ်ပါသည်။
သို့အတွက် သင်SPRအဖြစ် စတင် အလုပ်လုပ်သော နှစ်များ၏ လများတွင် သင့်အတွက် CPF စုဆောင်းငွေမှာ တစ်လ လျှင် S$ 180.00 (အလုပ်ရှင် ပေးဆောင်ငွေ S$80 + သင်ကိုယ်တိုင် ပေးဆောင်ငွေ S$100) ဖြစ်ပါ၏။

ထို S$ 180.00 ကို အောက်ပါအတိုင်း ခွဲဝေ စုဆောင်းပါသည်။
သာမန် စုငွေ (Ordinary Account) (60.88% of S$ 180.00) = S$ 109.58
အထူး စုငွေ (Special Account) (17.39% of S$ 180.00) = S$ 31.30
ဆေးကုသစရိတ် စုငွေ (Medisave Account) (21.73% of S$ 180.00) = S$ 39.12

ရှင်းလင်းချက် ၂။

အကယ်၍ သင်သည် အသက် ၅၂ နှစ်ရှိပြီး SPR အဖြစ် အလုပ်လုပ်နေသည်မှာ ၈ နှစ် ရှိပြီ ဆိုကြပါစို့။ သင် လက်ရှိ အလုပ်လုပ်နေသော ကုမ္ပဏီသည် ပင်စင် လစာ ခံစားခွင့်မရှိသော ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု ဖြစ်ပြီး သင်သည် လက်ရှိ လခ စင်ကာပူ ဒေါ်လာ ၃၀၀၀ ထုတ်ယူ နေသူ ဖြစ်ပါက သင်၏ CPF ကို အောက်ပါ အတိုင်း တွက်ချက် ပါမည်။

အထက်ပါ Table A အရ -

သင့် CPF အတွက် အလုပ်ရှင်သည် သင့်လခ၏ ၁၀.၅ ရာခိုင်နှုံး ဖြစ်သော S$ 315.00 ( 10.5 % of 3000) ပေးဆောင် ရမည် ဖြစ်ပြီး သင့်လခထဲမှ သင့်လခ၏ ၁၈ ရာခိုင်နှုံး ဖြစ်သော S$ 540.00 ( 18 % of 3000) ပေးဆောင်ရမည် ဖြစ်ပါ သည်။ သို့အတွက် ထိုနှစ်များတွင် သင့်အတွက် CPF စုဆောင်းငွေမှာ တစ်လ လျှင် S$ 855.00 (အလုပ်ရှင် ပေးဆောင်ငွေ S$315 + သင်ကိုယ်တိုင် ပေးဆောင်ငွေ S$540) ဖြစ်ပါ၏။

ထို S$ 855.00 ကို အောက်ပါအတိုင်း ခွဲဝေ စုဆောင်းပါသည်။
သာမန် စုငွေ (Ordinary Account) (45.62% of S$ 855.00) = S$ 390.05
အထူး စုငွေ (Special Account) (24.56% of S$ 855.00) = S$ 210.00
ဆေးကုသစရိတ် စုငွေ (Medisave Account) (29.82% of S$ 855.00) = S$ 254.95

မှတ်ချက်။ ။ ၁။ အထက်ပါ ဇယားများမှာ လခ စင်ကာပူ ဒေါ်လာ ၁၅၀၀ အထက် ရသူများ အတွက် သာဖြစ်ပြီး လခ စင်ကာပူ ဒေါ်လာ ၁၅၀၀ နှင့် အောက် ရသူများ အတွက် မူ နှုံးထား သီးသန့် ရှိပါသည်။ သိလိုသူများ - http://mycpf.cpf.gov.sg/NR/rdonlyres/9F114FAD-9ED0-479E-BC80-875DEBFA37DB/0/AnnexB.pdf တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။ စာရှည်မည် စိုး၍ ဤတွင် မဖော်ပြတော့ပါ။
၂။ မိမိ မည်မျှ CPF ထည့်ဝင်ရသည်ကို အင်တာနက် တွင်လည်း တွက်ချက်နိုင် ပါသည်။ http://www.cpf.gov.sg/cpf_info/online/Contri.asp သို့ ၀င်ရောက်၍ မိမိ၏ မွေးသက္ကရာဇ်၊ မိမိရသော လခ များကို ရိုက်ထည့်လိုက် ပါက Ordinary Account တွင် မည်မျှ၊ Special Account တွင် မည်မျှ၊ Medisave Account တွင် မည်မျှ၊ Employer က မည်မျှထည့်ဝင်သည်၊ Employee က မည်မျှ ထည့်ဝင်သည် စသည်များကို သိရှိနိုင်ပါသည်။
၃။ မိမိတွင် မည်သည့် account ၌ CPF မည်မျှ စုမိနေပြီကို သိလိုပါက http://mycpf.cpf.gov.sg/ မှ my CPF online service တွင် SingPass ဖြင့် ၀င်ရောက် ကြည့်ရှု နိုင်ပါသည်။ သို့ရာတွင် ဤသို့ ကြည့်ရှုနိုင်ရန် အတွက် သင့်ကွန်ပြူတာ တွင် Java Script ရှိရမည် ဖြစ်ပါ၏။ Java Script မရှိပါက ၀င်၍ ရမည် မဟုတ်ပါ။

CPF စုငွေများ အပေါ်တွင် အတိုး ပေးပါသည်။ အတိုးနှုံးမှာ Ordinary Account အတွက် တစ်နှစ်လျှင် ၂.၅ ရာခိုင်နှုံး၊ Special နှင့် Medisave & Retirement Account များ အတွက် တစ်နှစ်လျှင် ၄.၀၀ ရာခိုင်နှုံး ဖြစ်ပါသည်။
CPF စုငွေများ ကို အိမ်ဝယ်ယူရာတွင် လည်းကောင်း၊ ရင်းနှီး မြှုပ်နှံမှုများ အတွက်သော် လည်းကောင်း၊ ပညာရေး ချေးငွေများ ပြန်လည် ဆပ်ရာတွင် လည်းကောင်း အသုံးပြုနိုင် ပါသည်။ အိမ်ဝယ်လိုလျှင် မိမိတွင် CPF စုငွေ မည်မျှ ရှိရမည်၊ ငွေသား အနေနှင့် မည်မျှ ရှိထားရမည်။ အတိုး စုစုပေါင်း မည်မျှ ပေးဆပ်ရမည်၊ မည်မျှ ချေးရမည် စသည်တို့ ကို တွက်ချက်လိုပါက http://mycpf.cpf.gov.sg/Members/Calculators/mbr-Calculators.htm သို့ ၀င်ရောက် တွက်ချက် နိုင်ပါသည်။

မှတ်သားစရာများ။

၁။ အကယ်၍ မိမိတွင် သုံးစရာ မလို၍ Ordinary Account ထဲတွင် စုငွေများ များနေပါက ပိုပြီး အတိုးများသော Special Account သို့ ပြောင်းထည့်နိုင် ပါသည်။
၂။ အနည်းဆုံး CPF စုငွေ (CPF Minimum Sum) သည် S$106,000 (ယမန်နှစ် အထိ) ဖြစ်ပါသည်။ သို့သော် ဤ ကိန်း ဂဏန်းကို နှစ်စဉ် တိုးနေပြီး ၂၀၁၃ ခုနှစ် အရောက်တွင် S$120,000 ထိ တိုးမြှင့် သွားမည် ဖြစ်ပါသည်။ ငွေဖောင်းပွမှု နှုံး အလိုက် နှစ်စဉ် အပြောင်းအလဲ ရှိပါသည်။
၃။ အနည်းဆုံး Medisave စုငွေ (Medisave Minimum Sum) သည် S$ 29,500 (ယမန်နှစ် အထိ) ဖြစ်ပြီး ဤ ကိန်း ဂဏန်းကို နှစ်စဉ် ဇူလိုင်လတွင် ပြန်လည် ပြင်ဆင် မည် ဖြစ်ပါသည်။
၎။ မိမိ၏ CPF စုငွေများကို အသက် ၅၅ နှစ် ပြည့်သည်နှင့် အရစ်ကျ ပြန်လည် ထုတ်ယူ နိုင်ပါသည်။ မည်ရွေ့မည်မျှ ထုတ်ယူနိုင်သည် ဆိုသည်မှာ မည်မျှ စုမိပြီ ဆိုသည့် အပေါ်မူတည်ပါသည်။
၅။ CPF Minimum Sum မပြည့်မီပါက Top-up (ထပ်မံ ဖြည့်တင်း) နိုင်ပါသည်။
၆။ သတ်မှတ်ထားသော Medisave ပမာဏ မပြည့်မီပါကလည်း Top-up (ထပ်မံ ဖြည့်တင်း) ရပါမည်။ မည်မျှ ထပ်မံ ဖြည့်တင်းရန် လိုသည်ကို CPF ရုံးမှ စာပို့ အကြောင်းကြား ပါလိမ့်မည်။

No comments: