Saturday, May 2, 2009

Living in Singapore XXVII (Banks II)

၈၊ ၅။ AXS Stations

နောက်တစ်ခု အလွန် အသုံးဝင်သော စက်တစ်မျိုးမှာ AXS Station များ ဖြစ်ပါသည်။ စင်ကာပူ နိုင်ငံ တ၀ှမ်း တွင် AXS Station ပေါင်း ၅၆၀ ခန့် ရှိပြီး စူပါ မားကက်ကြီးများ၊ ဓါတ်ဆီဆိုင်များ၊ ဈေးများ တွင် ထားရှိပေးသဖြင့် အဆင် ပြေစွာ သုံးနိုင်ပါသည်။
AXS Station များတွင် အောက်ပါ တို့ ပြုလုပ် / ပေးဆောင် နိုင်ပါသည်။

၁။ Bills Payments(ကျသင့်ငွေများ ပေးဆောင်ခြင်း)
v Telecommunication
v HDB
v IRAS
v M1
v Pacific Internet
v SP Services
v StarHub
v Sunpage

v Credit Cards (Citibank, DBS, HSBC, OCBC, POSB, UOB စသည်)
v Town Councils (Aljunied Town Council, East Coast Town Council, Hong Kah Town Council စသည်)
v Season Parking (Ascendas, Housing Development Board, Metro Parking စသည်)
v Loans (Citibank, DBS, Housing Development Board, OCBC စသည်)
v Hospitals (Alexandra Hospital, Changi General Hospital (CGH), KK Women's & Children's Hospital, Singapore General Hospital (SGH) စသည်)
v Insurance (Manulife Insurance, NTUC Income Insurance, Great Eastern Life စသည်)
v Memberships (Automobile Association of Singapore, Civil Service Club စသည်)
v Condo / Pte Apt (Equatorial Apartments, The Summit, Yishun Sapphire စသည်)

၂။ Fine Payments (ဒါဏ်ကြေးများ ပေးဆောင်ခြင်း)
v Subordinate Courts
v Traffic Police
v Land Transportation Authority (LTA)
v Housing Development Board (HDB)
v Urban Redevelopment Authority (URA)
v Singapore Customs
v National Environment Agency

၃။ 4D / TOTO result များ ကြည့်ခြင်း၊ ထုတ်ခြင်း။ ဘတ်စ်ကား လမ်းညွှန် ကြည့်ခြင်း
၎။ လစဉ် မဂ္ဂဇင်း ကြေးများ ပေးသွင်းခြင်း
၅။ အစိုးရနှင့် သက်ဆိုင်သော CPF စာရင်းကြည့်ခြင်း၊ ထပ်ဖြည့်ခြင်း၊ လုံခြုံရေး နံပါတ် ပြောင်းခြင်း၊ မီးအာမခံ ပေးခြင်း၊ ၀င်ငွေခွန်၊ လမ်းခွန် များပေးခြင်း၊ တီဗီ၊ ရေဒီယို လိုင်စင်ခွန် ပေးခြင်း၊ စားသောက်ဆိုင် လိုင်စင်ခွန် ပေးခြင်း၊ အကောက် ခွန် ဆိုင်ရာ အခွန် အခများ ပေးခြင်း၊ ကားရပ်နားခ များ ပေးခြင်း။
၆။ ကလေးလူငယ်များ ကင်ဆာ ဖောင်ဒေးရှင်း၊ ဘာသာရေး ဆိုင်ရာ၊ ကြက်ခြေနီ စသည့် အသင်း အဖွဲ့များသို့ အလှူငွေ များ လှူဒါန်းခြင်း
၇။ ez link card များ ငွေထပ်ဖြည့်ခြင်း၊ ငွေ ကြိုပေး ဖုံးကဒ်များ ၀ယ်ယူခြင်း၊ ငွေထပ်ဖြည့်ခြင်း
၈။ အာမခံကြေး များ သွင်းခြင်း၊ ခရက်ဒစ် ကဒ်များ အတွက် ငွေပေးချေခြင်း၊ ငွေထပ် ဖြည့်ခြင်း
၉။ ရုပ်ရှင်လက်မှတ်များ ၀ယ်ယူခြင်း
၁၀။ M1, Singtel, Starhub, Smart Tel စသော တယ်လီဖုံးကဒ် များအတွင်း ငွေထပ်ဖြည့် ခြင်း

၈၊ ၆။ အင်တာနက် ဘဏ်လုပ်ငန်း (Internet Banking – iBanking)

ယခု အင်တာနက် ခေတ်တွင် အရာရာသည် လွယ်ကူ လျှင်မြန်လာခဲ့ပြီ။ သတင်း အချက်အလက် ဖလှယ်မှု၊ စာပေးစာယူ ကိစ္စများကို မိနစ်ပိုင်း၊ စက္ကန့်ပိုင်း အတွင်း ပြုလုပ်နိုင်ပြီ ဖြစ်၏။ မိမိလိုသော သတင်း အချက်အလက် များကို အင်တာနက်တွင် လွယ်ကူစွာ ရှာဖွေနိုင်ပါသည်။ အခမဲ့ရနိုင်သော အချက်အလက် များမှာ သန်းနှင့် ချီရှိပါသည်။
အင်တာနက်က ဆောင်ရွက်ပေးနိုင် သည်များထဲတွင် ဘဏ်လုပ်ငန်း သည်လည်း တစ်ခု အပါအ၀င် ဖြစ်ပါ၏။ အင်တာနက် ဘဏ်လုပ်ငန်း သည် လွယ်ကူ လျှင်မြန်သလို ဘဏ်သို့ သွားရခြင်း၊ တန်းစီရခြင်း ဒုက္ခများ ကင်းဝေးသဖြင့် အင်တာနက် ဘဏ်လုပ်ငန်း ကို သုံးစွဲသူများ တစ်နေ့တခြား တိုးပွား များပြားလာ နေပါသည်။
သို့အတွက် အလွန် အဆင်ပြေ အသုံးဝင်လှသော အင်တာနက် ဘဏ်လုပ်ငန်း အကြောင်း ထည့်သွင်း ရေးသား လိုက်ရခြင်း ဖြစ်ပါ၏။



Internet Banking လုပ်ရန်အတွက် အင်တာနက် ရှိရမည်။ အထူးသဖြင့် ကိုယ်ပိုင် ကွန်ပြူတာ နှင့် သုံးလျှင် ပိုကောင်း ပါသည်။ အဘယ်ကြောင့် ဆိုသော် အများသုံး ကွန်ပြူတာနှင့် အင်တာနက် ဘဏ်လုပ်ငန်း လုပ်ပါက မသမာ သူများ မိမိ၏ အချက်အလက်များကို ခိုးယူ သုံးစွဲမှာ စိုးရိမ်ရ ပါသည်။ တစ်နည်းအားဖြင့် မိမိ ၏ ဘဏ်စာရင်း ထဲမှ မိမိပိုင် ငွေများကို သူ့ ဘဏ်စာရင်းထဲ ခိုးထည့် လိုက်လျှင် မိမိပိုင် ငွေများ ဆုံးရှုံးနိုင် ပါသည်။ နောက်ပိုင်းတွင် ဤ အကြောင်း ပါ ထည့်သွင်း ရေးသားမည် ဖြစ်ပါသည်။
ယေဘူယျအားဖြင့် ပြောရလျှင် ဘဏ်၌ လုပ်၍ရသည့် ဘဏ်လုပ်ငန်း အားလုံး လိုလိုကို (လူကိုယ်တိုင် တင်မှ ရသည့် စာရွက်စာတမ်း ကိစ္စများမှ အပ) အင်တာနက်ဘဏ် တွင် လုပ်၍ ရပါသည်။
iBanking ကို ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဘဏ်လုပ်ငန်း (Personal iBanking) နှင့် စီးပွားရေး လုပ်ငန်း ဆိုင်ရာ ဘဏ်လုပ်ငန်း (Business Internet Banking) ဟု နှစ်မျိုး ခွဲနိုင်ပါသည်။

၈၊ ၆၊ ၁။ ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဘဏ်လုပ်ငန်း (Personal Banking)

Personal Banking တွင် အောက်ပါ တို့ ပြုလုပ်နိုင်ပါသည်။

၈၊ ၆၊ ၁၊ ၁။ ဘဏ်စာရင်း နှင့် ပတ်သက်သော သတင်းအချက်အလက်များ ရယူခြင်း (Account Information)

Account Summary (ဘဏ်စာရင်း လက်ကျန်များကို ကြည့်ခြင်း)
Credit / Charge Card (credit limit, full payment, available limit စသည်တို့ကို ကြည့်ခြင်း)
Cashline (credit limit, full payment, available limit စသည်တို့ကို ကြည့်ခြင်း)
Transaction History (မိမိ ဘဏ်စာရင်း ၏ ငွေအ၀င်၊ အထွက် များကို ကြည့်ခြင်း)
Debit Card Enquiry (သုံးစွဲခဲ့သော အသေးစိတ် အသုံးစာရင်း များကို ကြည့်ခြင်း)
Interbank GIRO Enquiry ( Bank GIRO link များကို ကြည့်ခြင်း)
Standing Instruction Enquiry (Standing Instruction များကို မေးမြန်းခြင်း)
Cheque Status Enquiry (မိမိ ထုတ်ပေးခဲ့သော ချက်လက်မှတ်များ အကြောင်း စုံစမ်းခြင်း)

၈၊ ၆၊ ၁၊ ၂။ မိမိ ဘဏ်စာရင်းမှ အခြားသူတစ်ဦး၏ ဘဏ်စာရင်းသို့ ငွေလွှဲခြင်း (Fund Transfer)

Funds Transfer To My A/C (မိမိ ဘဏ်စာရင်းထဲသို့ ငွေလွှဲခြင်း)
(မိမိတွင် အခြား ဘဏ်စာရင်း တစ်ခု ရှိသေးပါက မိမိပိုင် ဘဏ်စာရင်း တစ်ခုမှ တစ်ခုသို့ ငွေလွှဲခြင်း)
Funds Transfer To Other A/C (ဘဏ်ချင်းတူသော အခြား သူတစ်ဦး၏ ဘဏ်စာရင်း ထဲသို့ ငွေလွှဲခြင်း)
Funds Transfer To Other Bank (ဘဏ်ချင်း မတူသော အခြား သူတစ်ဦး၏ ဘဏ်စာရင်း ထဲသို့ ငွေလွှဲခြင်း)
Funds Transfer: Add New Payee ( ဘဏ်ချင်းတူသည့် ငွေလွှဲလိုသူ အသစ် ထပ်တိုးခြင်း)
Funds Transfer: Add New Other Bank Payee (ဘဏ်ချင်းမတူသည့် ငွေလွှဲလိုသူ အသစ် ထပ်တိုးခြင်း)
Make OTP Application (လုံခြုံရေး တိုကင် ထပ်မံ မှာယူခြင်း)
Funds Transfer: Delete Payee (ဘဏ်ချင်းတူ ငွေလွှဲမည့်သူ နာမည်အား စာရင်းမှ ပယ်ဖျက်ခြင်း)
Funds Transfer: Delete Other Bank Payee (ဘဏ်ချင်းမတူ ငွေလွှဲမည့်သူ နာမည်အား ပယ်ဖျက်ခြင်း)
Change Funds Transfer Limit (လွှဲမည့်ငွေ ပမာဏ ပြောင်းလဲ သတ်မှတ်ခြင်း)
Deactivate Funds Transfer (ငွေလွှဲလုပ်ငန်း အား ရပ်တန့်ခြင်း)
View/Delete Postdated Funds Transfer (ရက်လွန် ငွေလွှဲစာရင်း များအား ကြည့်ခြင်း / ပယ်ဖျက်ခြင်း)
Set up Standing Instruction (ညွှန်ကြားချက် သတ်မှတ်ခြင်း)
Terminate Standing Instruction (ညွှန်ကြားချက်ကို ရပ်တန့်ခြင်း)

၈၊ ၆၊ ၁၊ ၃။ ငွေပေးချေခြင်း များ (Payment Services)

Bill Payment (ငွေတောင်းခံလွှာ များ အတွက် ငွေပေးသွင်းခြင်း)
Add New Billing Arrangement (ငွေတောင်းခံလွှာ စာရင်း အသစ် ထပ်တိုးခြင်း)
Delete Billing Arrangement (ငွေတောင်းခံလွှာ ကို စာရင်းမှ ပယ်ဖျက်ခြင်း)
View/Delete Postdated Bill Payment (ရက်လွန် ငွေတောင်းခံလွှာ များအား ကြည့်ခြင်း၊ ပယ်ဖျက်ခြင်း)
Add GIRO Arrangement (အလိုအလျှောက် ငွေချေစနစ် စာရင်း အသစ် ထပ်တိုးခြင်း)
Delete GIRO Arrangement (အလိုအလျှောက် ငွေချေစနစ် စာရင်း မှ ပယ်ဖျက်ခြင်း)
Change d2pay Limit (တိုက်ရိုက် ငွေချေ ပမာဏ ကန့်သတ်ချက် ပြောင်းလဲခြင်း)
Pay Easy: Mail iB Cheque (အင်တာနက် ဘဏ်ချက်လက်မှတ် ပို့ခြင်း)
Pay Easy: Mail Demand Draft (Demand Draft ပို့ခြင်း)
Pay Easy: Add New iB Cheque/Demand Draft Payee (အင်တာနက် ဘဏ် ချက်လက်မှတ် ၊ Demand Draft စာရင်းသစ် တိုးခြင်း)
Pay Easy: Delete iB Cheque/Demand Draft Payee (အင်တာနက် ဘဏ် ချက်လက်မှတ် ၊ Demand Draft စာရင်းမှ ပယ်ဖျက်ခြင်း)
Make OTP Application (လုံခြုံရေး တိုကင် ထပ်မံ မှာယူခြင်း)
Purchase Cashier`s Order (Cashier`s Order ၀ယ်ယူခြင်း)
Purchase Demand Draft (Demand Draft ၀ယ်ယူခြင်း)

၈၊ ၆၊ ၁၊ ၄။ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ (Investment Services )

Electronic Security Application (ESA) (အီလက်ထရောနစ် လုံခြုံရေးစနစ် လျှောက်ခြင်း)
ESA Withdrawal (အီလက်ထရောနစ် လုံခြုံရေးစနစ် ပြန်လည် ရုပ်သိမ်းခြင်း)
ESA Results Enquiry (အီလက်ထရောနစ် လုံခြုံရေးစနစ် လျှောက်ခြင်း)
Purchase Unit Trust: Cash (Unit Trust ၀ယ်ယူခြင်း) (ငွေသား)
Purchase Unit Trust: CPF (Unit Trust ၀ယ်ယူခြင်း) (CPF)
Setup/Update Regular Savings Plan (ပုံမှန် ငွေစုစနစ်ကို ပြန်လည် သတ်မှတ်ခြင်း)
View/Terminate Regular Savings Plan (ပုံမှန် ငွေစုစနစ်ကို ကြည့်ခြင်း၊ ရပ်တန့်ခြင်း)
Electronic Payment for Shares (EPS)
Place S$ Fixed Deposit (စင်ကာပူ ဒေါ်လာ စာရင်းသေ ဖွင့်လှစ်ခြင်း)
Place Foreign Currency Fixed Deposit (နိုင်ငံခြားငွေ စာရင်းသေ ဖွင့်လှစ်ခြင်း)
Buying Insurance (အာမခံ ပေါ်လစီများ ၀ယ်ယူခြင်း)

၈၊ ၆၊ ၂။ Internet Banking လျှောက်ထားခြင်း

အင်တာနက် ဘဏ်လုပ်ငန်းသည် လွယ်ကူ လျှင်မြန် စိတ်ချရပါသည်။ ငွေပို့လျှင် ချက်ချင်းပို့၊ ချက်ချင်းရောက်
ဖြစ်ပါ၏။ ထို့ပြင် မိမိ ငွေပို့လိုသူများ ၏ နာမည်၊ ဘဏ်စာရင်း နံပါတ်များ ကို မှတ်ထား၍ ရပါသည်။ သို့ဖြစ်၍ ငွေပို့လို လျှင် ဘာမှ အထွေအထူး ထပ်မံ လုပ်ရန် မလိုတော့ပဲ မိမိ ငွေပို့လိုသူ ၏ နာမည်ကို ကလစ်နှိပ်ပြီး ငွေသား ပမာဏ ကို ရိုက်ထည့်ကာ confirm လုပ်လိုက်ရန်သာ လိုပါသည်။ ငွေပို့ပြီး သောအခါ မှတ်တမ်း အနေနှင့် ထားရန် ပုံနှိပ်ထား လိုက် ရုံသာ ဖြစ်ပါ၏။

မှတ်ချက်။ ။ အင်တာနက် ဘဏ်လုပ်ငန်း လုပ်ရန် သင့် ကွန်ပြူတာတွင် Java and Javascript ရှိထားရန် လိုပါသည်။ Internet Explorer browser တွင် Latest version of Java Virtual Machine လည်း ရှိထား ရပါမည်။ သို့ သော် မရှိသေးသူများ အဖို့ ပူစရာ မလိုပါ။ Frequently Asked Questions မှ နေ၍ အခမဲ့ download လုပ် ယူနိုင်ပါသည်။

အင်တာနက် ဘဏ်လုပ်ငန်း လုပ်ရန် အင်တာနက်မှ လျှောက်နိုင်ပါသည်။ ဤနေရာတွင် DBS ဘဏ်ကို နမူနာ အနေနှင့် တင်ပြလိုက်ပါသည်။
ပထမ DBS Main Page http://www.dbs.com/sg/Pages/default.aspx ကို ၀င်ပါ။
ထို့နောက် Personal Banking သို့ သွားပါ။
ထို့နောက် ညာဘက် ကော်လံ ရှိ Apply for Online Banking သို့ ကလစ် နှိပ်ပါ။
ထို့နောက် ပေါ်လာသော စာမျက်နှာ တွင် လိုသော အချက်အလက်များကို ဖြည့်ပါ။
Ø Internet Banking လျှောက် ရန် မိမိတွင် လျှောက်လိုသော ဘဏ်၏ ဘဏ်စာရင်း (Bank Account) တစ်ခု ဖွင့်လှစ် ထားရှိပြီး ဖြစ်ရပါမည်။
Ø လျှောက်ထားသူသည် အသက် ၁၆ နှစ် အထက် ဖြစ်ရပါမည်။

လျှောက်လွှာတွင် ဖြည့်ရန် - ၁။ ဘဏ်ကဒ် နံပါတ်

၂။ ထို ဘဏ်ကဒ်ကို သုံးနေသည့် မိမိ၏ PIN နံပါတ်
၃။ မိမိ၏ မှတ်ပုံတင် (IC) အမျိုးအစား (Singaporean / SPR / Malaysian / Foreign Passport)
၎။ မွေးသက္ကရာဇ်
၅။ အမျိုးသား မှတ်ပုံတင် အမှတ် သို့မဟုတ် ပတ်စ်ပို့ နံပါတ် (NRIC / IC / Passport Number)

အားလုံးဖြည့် ပြီးသော Submit ကို ကလစ် နှိပ်လိုက်ပါ။
ထို့နောက် မိမိ၏ Log in လုပ်လိုသော User ID (မိမိ ကြိုက်နှစ်သက်ရာ နာမည်၊ သို့မဟုတ် နာမည် အတိုကောက်) နှင့် လုံခြုံရေး PIN နံပါတ် ကို ရွေးပါ။ ဤနေရာတွင် PIN နံပါတ်ရွေးရာ၌ အလွန် လွယ်ကူသော 123456 ၊ abcdef ၊ 00000 စသည့် နံပတ်များ မရွေးမိပါစေနှင့်။ မသမာသူတို့ အလွယ်တကူ ရှာဖွေတွေ့ရှိ နိုင်ပါသည်။

လျှောက်ပြီးသည်နှင့် မိမိထံသို့ စာတိုက်မှ confirmation letter ရောက်လာပြီး နီးစပ်ရာ ATM စက်တွင် activate လုပ်ရပါသည်။ Activate လုပ်ရန် နံပါတ်ကို မိမိဖုံးနံပါတ်သို့ sms ပို့ပေးပါလိမ့်မည်။
ထို့နောက် အင်တာနက် လုံခြုံရေး သော့ (Secure Device) ကို စာတိုက်မှ ပို့ပေးပါလိမ့်မည်။ (အောက်တွင် DBS Secure Device နှင့် UOB Secure Device များကို နမူနာ ပြထားပါသည်။) ထို Secure Device လက်ထဲရောက် လာလျှင် ဘာမှ မလုပ်ရသေးမီ ခလုတ်ကို မနှိပ်မိပါစေနှင့်။ Internet Banking သို့ Login လုပ်ပြီး လိုအပ်လာသော အခါ မှ နှိပ်ပါ။ ထို ပေါ်လာသော ဂဏန်းများမှာ တစ်ခါသုံး သာ ဖြစ်ပါသည်။ နောက်တစ်ကြိမ် ထပ်နှိပ်လျှင် နောက် နံပါတ် အသစ် တစ်ခု ပေါ်လာမည် ဖြစ်ပါ၏။ မလိုဘဲ သွားနှိပ်မိပါက နံပါတ်များ အစီအစဉ် ကျော်သွားမည် ဖြစ်သဖြင့် Internet Banking Login လုပ်ရာတွင် ပြဿနာ တက်တတ် ပါသည်။

DBS Internet Token (Security Device)

ဤတွင် အင်တာနက် ဘဏ်လုပ်ငန်းများ လုံခြုံစိတ်ချ ရစေရန် လုံခြုံရေး နံပါတ်ကို နှစ်ဆင့် ထားရှိသည်ကို တွေ့နိုင်ပါသည်။ ပထမ တစ်ခုမှာ မိမိ User ID နှင့် တွဲသုံးရသည့် PIN နံပါတ် ဖြစ်ပြီး၊ ဒုတိယ တစ်ခုမှာ OTP (One Time Password) ဖြစ်ပါသည်။ သို့အတွက် မိမိ PIN နံပါတ်ကို အလွယ်တကူ ရေးမှတ်မထားမိ စေရန် နှင့် အထူး သဖြင့် မိမိ PIN နံပါတ် နှင့် Secure Device ကို တွဲမထားမိစေရန် အထူး သတိထားပါ။ မသမာသူများ တွေ့ရှိသွားပါက မိမိ ဘဏ်စာရင်း ထဲမှ ငွေအားလုံးကို သူ့ ဘဏ်စာရင်းထဲ လွှဲထည့်သွား လိမ့်မည်။
ထို့ပြင်လည်း Secure Device မှ ခလုတ်ကလေးကို မတော် တဆ ဖြစ်စေ၊ ကလေးများကြောင့် ဖြစ်စေ မနှိပ်မိ ပါစေနှင့်။ ထိုနံပါတ်များသည် တစ်ခါသုံး နံပါတ်များ ဖြစ်သဖြင့် မတော်တဆ နှိပ်မိပါက Internet Banking သို့ Login လုပ် မရတော့ဘဲ ဘဏ်သို့သွားရခြင်း စသည့် မလိုလားအပ်သော ပြဿနာများ ပေါ်လာနိုင်ပါသည်။
ပိုမို အသေးစိတ် သိလိုသေးသူများ နမူနာ ကို အောက်ပါ Link တွင် ကြည့်နိုင်ပါသည်။ http://www.dbs.com/sg/personal/newlook/ibdemo/Pages/default.aspx?hasRedirected=true

၈၊ ၆၊ ၃။ စီးပွားရေး လုပ်ငန်း ဆိုင်ရာ ဘဏ်လုပ်ငန်း (Business Internet Banking - BIB)

စီးပွားရေး ဆိုင်ရာ အင်တာနက် ဘဏ်လုပ်ငန်းသည် Personal Internet Banking နှင့် စာလျှင် ပိုမို ကျယ်ပြန့် ပြီး ငွေပမာဏ လည်းပိုပြီး များများစားစား (သိန်းဂဏန်း တော်တော်များများ ထိ) လုပ်ကိုင်၍ ရပါသည်။ ထို့ပြင် စင်ကာပူ ဒေါ်လာသာ မက နိုင်ငံခြား သုံးငွေများ ဖြစ်သော အမေရိကန် ဒေါ်လာ၊ ယူရို စသည့် ဘဏ်စာရင်း များပါ ဖွင့်လှစ် ဆောင်ရွက် နိုင်ပါသည်။ သို့သော် အပြည့်အစုံ မဖော်ပြတော့ပဲ အကျဉ်း သိသာရုံလောက်သာ ဖော်ပြပါမည်။

၈၊ ၆၊ ၃၊ ၁။ BIB လျှောက်ထားခြင်း

မိမိ လျှောက်ထားလိုသည့် ဘဏ်၏ အင်တာနက် စာမျက်နှာသို့ ၀င်ပါ။ ဤနေရာတွင် UOB ကို နမူနာ ထား ဖော်ပြလိုက်ပါသည်။

http://www.uob.com.sg/ အင်တာနက် စာမျက်နှာကို ဖွင့်လိုက်ပါ။
ထို့နောက် Corporate & Institutional Banking သို့ ၀င်ပါ။
ထို့နောက် Business Internet Banking သို့ ၀င်ပါ။
ထို့နောက် Apply Now ကို click နှိပ်ပါ။
ထို့နောက် Registration Form ကို download လုပ်ပြီး ဖြည့်ကာ ဘဏ်တွင် သွားတင်ပါ။
ထို့နောက် http://www.uob.com.sg/assets/pdfs/corporate/ebanking/bib_adminguide.pdf ကို download လုပ်ကာ ဖတ်ပါ။ ၎င်း တွင် မည်သို့လုပ်ရမည် ဆိုသည်ကို အသေးစိတ် ညွှန်ကြားထားပါသည်။

UOB Internet Token
Business Internet Banking တွင် သုံးမည့်သူ များကို သတ်မှတ်ပေးရပါသည်။ ထိုအထဲတွင် မဖြစ်မနေ ပါရမည့် သူများ မှာ Company Administrator (CA) နှင့် Company Signatory (CS) ဖြစ်ပါသည်။ Company Administrator သည် ဘဏ်စာရင်းများကို ကြည့်ခြင်း၊ ငွေအလွှဲအပြောင်း ကိစ္စများကို အတည် ပြုပေးခြင်း တို့ လုပ်နိုင်ပြီး Company Signatory မှာမူ ဘဏ်စာရင်းများကို ကြည့်ခြင်း၊ ငွေအလွှဲအပြောင်း ကိစ္စများကို ပြင်ဆင်ခြင်း၊ အတည် ပြုပေးခြင်း တို့ ပြုလုပ်နိုင်ပါသည်။
ထို့ပြင် ကုမ္ပဏီတွင် တစ်ဦးထက် ပိုပြီး အင်တာနက် ဘဏ်လုပ်ငန်းကို လုပ်မည် ဆိုပါက တစ်ဦးချင်းစီ အတွက် User ID နှင့် Password တစ်ခုစီ၊ BIB Token (Secure Device) တစ်ခုစီ ထားရှိရ ပါမည်။ ပိုပြီး အသေးစိတ် သိလို သေးသူများ Business.Internet.Banking@UOBgroup.com သို့ e-mail ပို့ပြီး မေးမြန်းနိုင်ပါသည်။

၈၊ ၆၊ ၃၊ ၂။ Business Internet Banking တွင် လုပ်နိုင်သော ဘဏ် လုပ်ငန်းများ

Business Internet Banking တွင် အောက်ပါ ဘဏ်လုပ်ငန်းများ လုပ်နိုင်ပါ၏။

(1) Search
Transaction Search (ဤအပိုင်းတွင် မိမိ ယခင်က လုပ်ခဲ့သော ငွေပေး၊ ငွေယူ ကိစ္စများကို ရှာနိုင်ပါ၏။ မည်သည့် ဘဏ်စာရင်းမှ၊ မည်သည့် Transaction အမျိုးအစား (Telegraphic Transfer/Cashier’s Order/Inter Bank Fund Transfer ... etc) ကို မည်သည့် ငွေကြေးအတွက် မည်သည့် ကာလ က ငွေအပေးအယူ လုပ်ခဲ့သည် စသည် တို့ကို ကြည့်နိုင် ပါသည်။)

(2) Account Services
2.a. Account Enquiry (မိမိ ဘဏ်စာရင်း အား စစ်ဆေးကြည့်ခြင်း)
Current Account Summary (မိမိ ဘဏ်စာရင်း ထဲတွင် ပိုက်ဆံ မည်မျှ ကျန်သေးသည် ကို စစ်ဆေး ကြည့်ခြင်း)
Current Account Statement (မိမိ ဘဏ်စာရင်း အတွင်း ပိုက်ဆံ မည်မျှ ၀င်လာသည်။ မည်မျှ ထွက် သွားသည် စသည်များကို အသေးစိတ် ကြည့်ခြင်း)

2.b. Cheque Services
Stop Cheque (ပျောက်ဆုံးသွားသော သို့မဟုတ် အခိုးခံရသော ချက်လက်မှတ်များကို ပယ်ဖျက်ခြင်း)
Cheque Status Enquiry (ထုတ်ပေးထားသော ချက်လက်မှတ်များ ၏ အခြေအနေကို စစ်ဆေးခြင်း)
Cheque Reconciliation Statement (ချက်လက်မှတ် နံပါတ်များကို စစ်ဆေးခြင်း)

2.c. Bill Payment (ငွေတောင်းခံလွှာ အတွက် ငွေများ ပေးသွင်းခြင်း)
Bill Payment (မိမိ ပေးလိုသော အဖိုးအခများကို အင်တာနက် မှ ပေးသွင်းနိုင်သည်။)

2.d. Fixed Deposit Placement (စာရင်းသေ အပ်နှံခြင်း)
Time/Fixed Deposit Placement

2.e. Funds Transfer (ငွေလွှဲပြောင်း ပေးအပ်ခြင်း)
Inter Account (UOB ဘဏ်စာရင်း တစ်ခုမှ အခြား UOB ဘဏ်စာရင်း တစ်ခုသို့ လွှဲခြင်း)
Inter Bank (UOB ဘဏ်စာရင်း တစ်ခုမှ အခြား ဘဏ်စာရင်း တစ်ခုသို့ လွှဲခြင်း)

(3) Remittance (ငွေပို့ခြင်း)
Inward Telegraphic Transfer Enquiry (အခြား တိုင်းပြည်တစ်ခုမှ ပို့လိုက်သောငွေ မိမိ ဘဏ်စာရင်းထဲ ၀င်၊ မ၀င် စစ်ဆေးခြင်း)
Telegraphic Transfer (နိုင်ငံခြား တိုင်းပြည်တစ်ခုခု သို့ ငွေပို့ခြင်း)
Demand Draft

(4) Maintenance
Applicant Beneficiary Insurance Company Standard Clause Shipper Shipping Company Template

(5) Communication
Notification Feedback

(6) To Do/To Track (ပြုလုပ်ရန် ၊ ပြန်ရှာရန်)
To Do (ငွေပေး ငွေယူ၊ ငွေပို့ခြင်း ကိစ္စများကို ဆက်လက် ဆောင်ရွက်ခြင်း)
To Track (ငွေပေး ငွေယူ၊ ငွေပို့ခြင်း မှတ်တမ်းများကို ပြန်လည် ရှာဖွေခြင်း)

(7) Other Services
Change Password (လျှို့ဝှက် လုံခြုံရေး နံပါတ် ပြောင်းခြင်း)

၈၊ ၆၊ ၄။ အင်တာနက် ဘဏ်လုပ်ငန်းမှ ပြန်ထွက်ခြင်း (Log out from Internet Banking)

ပိုမို လုံခြုံ စိတ်ချရစေရန် အင်တာနက် ဘဏ်လုပ်ငန်းမှ ပြန်ထွက်သော အခါတွင် မိမိ ကွန်ပြူတာကို အမြဲ ရှင်းလင်း ရန် လိုပါသည်။ သို့မှ မိမိ မည်သည့် အင်တာနက် စာမျက်နှာများသို့ မည်သည့် လုံခြုံရေး နံပါတ်ဖြင့် ၀င်ခဲ့ သည် စသည်များကို နောက် ကွန်ပြူတာ အသုံးပြုသူများ ခြေရာ မခံမိမှာ ဖြစ်သည်။
ထိုသို့ ကွန်ပြူတာ အသုံးပြုခြင်း သမိုင်းကြောင်း ကို အောက်ပါအတိုင်း ရှင်းပါ။
Select Tools from the Menu bar.
Select Internet Options.
Select General tab.
Click the Delete Files button under Temporary Internet files.
Click OK to exit the dialogue box.

No comments: