Wednesday, August 24, 2022

သီချင်းများနဲ့လူ

(၁)

 

ဤဒွန္နယာကြီးတွင် အလွန်သနားစရာကောင်းသော လူထူးလူဆန်းများသည် ရှိ၏။

၎င်းတို့ကား သီချင်းလည်း နားမထောင်တတ်၊ သီချင်းလည်း မဆိုတတ်၊ ရုပ်ရှင်လည်း မကြည့်တတ်သောသူများ ဖြစ်သတည်း။

မိတ်ဆွေတို့ ၎င်းတို့၏ ဘဝကြီးကို နည်းနည်းလောက် ဝင်ကြည့်စမ်းပါ။

ပျင်းစရာကောင်းလိုက်တာခင်ဗျာ။

ကျွန်ုပ်ကတော့ တခြားဟာတွေသာ မလုပ်ရှိရမည်။ 

သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့ကိုမူ (သေလောက်အောင် အလုပ်ရှုပ်နေပါစေ) လုပ်ဖြစ်အောင် လုပ်လေသည်။ 

ကျွန်ုပ်အဖို့ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းများမှာ ထမင်းစားခြင်း၊ အိပ်ခြင်းများကဲ့သို့ပင် အရေးကြီးလေ၏။ 

ဆိုတော့ -

ယခု ကျွန်ုပ်ကြိုက်သော၊ နားထောင်သော သီချင်းများအကြောင်း မိတ်ဆွေတို့ နားထောင်ချင်သည်ဖြစ်စေ၊ မထောင်ချင်သည်ဖြစ်စေ နည်းနည်းလောက်တော့ ပြောပြပါရစေအုံး။

 

(၂)

 

အနားယူချိန်ရောက်ပြီဆိုသည်နှင့် ကျွန်ုပ် စ ဖွင့်မိသည်မှာ Rick Astley ၏ Never Gonna Give You Up ဖြစ်၏။

နောက်ဆက်လာသည်မှာ Madonna ၏ La Isla Bonita, ထို့နောက် Elton John ၏ Sacrifice 

အချိန်ရ၍ ဗီဒီယိုလေးပါကြည့်ချင်လျှင် -

တိုးခိုင်နှင့် Jewel ၏ နေရဲ့နေ့၊ လရဲ့ည။ ပန်းချစ်သူ။ အလင်္ကာညချမ်း။

ထို နေရဲ့နေ့၊ လရဲ့ည ကိုပင် စံလင်းနှင့် မီမီဝင်းဖေ ဗားရှင်းကို ဆက်၊

နောက်ပြီးတော့ Jewel ၏ နှင်းဝေတဲ့ဆောင်း၊ ပန်းချစ်သူ။ အလင်္ကာညချမ်း စသည် . . . 

 

ညဘက်များတွင် ကျွန်ုပ်ကြည့်လေ့ရှိသည်မှာ မိုက်ကယ်ဂျက်ဆင် ၏ Black or White, They Don’t Care About Us (They Don’t Care About Us မှာ version အမျိုးမျိုးနှင့် ရိုက်ထားလေရာ ထိုဗားရှင်းအမျိုးမျိုးကို မျိုးစုံအောင်ကြည့်၏), ထို့နောက် Remember The Time, နောက် Heal the World နှင့် We are the World.

ကျွန်ုပ် မိုက်ကယ်ဂျက်ဆင်၏ ထို MTV များကိုကြည့်တာ အခါ တစ်ရာမကတော့ပါ။ သို့သော် ဘယ်အခါကြည့်ကြည့် မရိုးနိုင်။  

 

မိုက်ကယ်ဂျက်ဆင်မှာ ကျွန်တော့် ဖေးဘရိတ်ဖြစ်၏။ အခြား performance များကို ကြိုက်ပါသည်။ သို့သော် သူ့ကို ပိုသဘောကျ၏။

 

နောက်ပြီး ကျွန်တော်ကြိုက်သည်များမှာ Native American Song ဖြစ်သည့် Buffalo White, Farewell . . .

Boney M. အဖွဲ့၏ By the Rivers of Babylon, Rasputin, Ma Baker, Daddy Cool, Gotta Go Home, Brown Girl in the Ring, etc.

 

နောက်ပြီးတော့ Air Supply အဖွဲ့၏ Making Love Out of Nothing At All, Lonely is The Night, All Out of Love, Even the Nights are Better, Without You, Goodbye, Here I am, Two Less Lonely People စသည့်သီချင်းများ။ 

 

ထိုသည့်နောက် -

ABBA – Dancing Queen, Take A Change On Me, Thank You for the Music, Mamma Mia, Knowing Me Knowing You, Waterloo, S.O.S 

MLTR ၏ Paint My Love series, Rod Stewart, Phil Collins, Lionel Richie, Scorpions . . . . . 

 

Queen အဖွဲ့၏ I want to break free, Radio Gaga . . . . 

 

နောက်ပြီး . . . 

Careless Whisper, Nothing’s Gonna Stop Us Now, Because I love You, Roxette ၏ It must have been Love, Listen to your Heart, Joan Jett ၏ I hate myself for loving you, I love Rock ‘N Roll . . .

 

အများဆိုမှ အများကြီးဗျာ . . .

 

ယင်းဂလစ်ရှ်သီချင်းများချည်း ပြောနေ၍ ကျွန်ုပ်ကို မြန်မာသီချင်း လျှာမတွေ့သူဟု မထင်ပါလေနှင့်။

 

မည်သည့်အခါ နားထောင်ထောင်၊ မရိုးနိုင်ဘဲ ကျွန်ုပ်နားထောင်သည့် သီချင်းများမှာ . . .

သန်းနိုင်နှင့် အယ်လ်ခွန်းရီ၏ မှားလား (ထိုသီချင်းကို ညတိုင်းလိုလိုနားထောင်တာ ဖြစ်သည့်အတွက် နားထောင်သည့် အကြိမ်ရေပေါင်း ၅၀၀ မကတော့ဟု ဆိုနိုင်ပါသည်။) 

မအိ - သတိရနေမှာပါ

မချို - တမာလမ်းကို ပြန်ခဲ့ပါ

ခင်ဝမ်း - ဆယ်လမွန်ငါးတို့အပြန် နှင့် . . . . ပြန်ဆိုတေးစီးရီး

မွန်းအောင် - လွမ်းရတဲ့ညတွေ လွန်ပါစေ၊ ဝတ်မှုံ၊ ရင်သို့တိုးဝှေ့ဆဲပါခိုင်။ 

ခင်မောင်တိုး - လွမ်း၊ ရတနာသူ။ 

ခိုင်ထူး - စစ်ကိုင်းလမ်း၊ ခတ္တာ၊ အိမ်အလွမ်း။ 

လွှမ်းမိုး - ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ၊ ဟင်္သာတို့ရဲ့နန်းတော်ရှေ့၊ ကံ့ကော်မြို့တော်။ 

စိုင်းထီးဆိုင်၊ စိုင်းဆိုင်မော်၊ ကိုင်ဇာ၊ မေဆွိ၊ မေခလာ၊ ဟေမာနေဝင်း၊ သိန်းတန် (မြန်မာပြည်) ၏ စုံတောမြိုင် အမြုတေ၊ သန်းနိုင်၊ အယ်လ်ခွန်းရီ၊ ခိုင်ထူး၊ ခင်ဝမ်း၊ နွဲ့ယဉ်ဝင်း၊ မာမာအေး၊ တင်တင်မြ၊ နွဲ့ယဉ်ဝင်း၏ သီချင်းကိုပြန်ဆိုထားသော ရတနာဦး၏ ရွှေပင်လယ်၊ ပိုးအိစံ၏ ရေဒီယို 99, မေဆွိ၊ခင်မောင်တိုး - စိတ်ရောင်စုံ သီချင်းများ . . . 

 

ဌေးဌေးမြင့်၏ အစိန္တေယျ၊ မိုးဇာဗျော အပါအဝင် မြန်မာသံစစ်စစ် သီချင်းများ၊ ကိုအံ့ကြီး၏သီချင်းများ 

စံပယ်ပွင့်ချိန် စံပယ်ပါကွယ် ပိတောက်ပွင့်ချိန် ပိတောက်ဆက်ခဲ့တယ် ဆိုသည့် မင်းယျာ၏ ဗျတ္တလို ပန်းဆက်သမား . . . 

 

ရီရီသန့်၏ ဇေယျာကမ်းအလှပန်းချီနှင့် စကားဝါမြေ သီချင်းများမှာ ကျွန်ုပ် အလွန်နှစ်သက်သည့် သီချင်းများအနက် ထိပ်ဆုံးက ဖြစ်၏။

 

ယခင်က ဖြူဖြူကျော်သိန်း၏ ‘ဇာတ်ဆရာအလိုကျ’ ကိုလည်း ညတိုင်းလိုလိုကြည့်ဖြစ်၏။

စေတမန် တေးထုတ်လုပ်ရေးမှ ထုတ်လွှင့်ခဲ့သည့် VCD ကာရာအိုကေ တစ်ခွေလုံးကိုလည်း ကြိုက်ပါသည်။

သန်းနိုင်၏ ‘ဆု’ ကို နားထောင်သည်မှာ အခါပေါင်း မရေတွက်နိုင်။ 

 

ကျွန်ုပ်တို့ငယ်စဉ်က ရေဒီမှလာသော ရုပ်ရှင်သီချင်းများကို အလွန်နှစ်သက်ခဲ့ပါသည်။ ဝမ်းနည်းစရာကောင်းသည်မှာ နောက်ပိုင်းကာလများတွင် ရုပ်ရှင်သီချင်းဟု သီးသန့် မကြားရတော့တာ ဖြစ်၏။

 

Instrumental တွင် ကျွန်ုပ် အကြိုက်ဆုံးမှာ တရုတ်ဝါးပုလွေ ဖြစ်ပြီး ဒုတိယအကြိုက်ဆုံးမှာ စန္ဒယားလက်သံများ ဖြစ်၏။

မိုးဇက်ဘေ့သိုဘင်ကိုမူ တခါတရံမှ နားထောင်ဖြစ်ပါသည်။

 

မြန်မာ instrumental များအနက် စောင်းဦးဘသန်း၏ စောင်းတီးလုံးများ၊ အေးသဒ္ဒါဖြူ၏ စောင်းလက်သံ၊ အခြား စောင်းလက်သံ၊ စန္ဒယားနှင့် ပတ္တလားတီးလုံးများ နားထောင်ဖြစ်ပါသည်။

 

(၃)

 

တခါတလေ ကျွန်တော် ဆရာလေးထံသွား၍ ဘီယာလေးစုပ်ရင်း သီချင်းဟဲ၏။

အရင်တုံးက Burmese Classic မှ ကာရာအိုကေများမှာ မဆိုးလှ။

အခု CDH မှ ကာရာအိုကေများမှာ ကောင်းသည်။ အခြားသူများလုပ်ထားသည့် ကာရာအိုကေများမှာ ဆိုရတာ အဆင်မပြေ။

 

ကျွန်တော်အဆိုများသည့် သီချင်းများမှာ -

လွှမ်းမိုး၏ ဟင်္သာတို့ရဲ့ နန်းတော်ရှေ့၊ မိုးစက်တင်လေ၊ ဟိုအစ်ကိုကြီးရဲ့ မခင်နှင်းဆီ၊ ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ စသည်

စိုင်းထီးဆိုင် - ပေါ်လာသမျှသီချင်း အကုန်ဆိုသည် (ချစ်သူလမ်းကြား၊ ရာသီပြောင်းချိန်၊ မေမြို့မိုး၊ မောင်းအရိုင်းပန်း စသည်)

ခင်ဝမ်း - ပန်းခရမ်းပြာ၊ ဆယ်လမွန်ငါးတို့အပြန်၊ ဧရာဝတီ၊ နှုတ်ဆက်ခဲ့ပါတယ် စသည်

စံလင်း - ကဗျာမပီ စာမမီ

ကိုင်ဇာ - ငယ်ဖော်

ခိုင်ထူး - စစ်ကိုင်းလမ်း၊ ခတ္တာ စသည်

စိုးလွင်လွင် - မောင့်မျက်ရည်ဝိုင်း၊ ငယ်သူမို့ စသည်

ခင်မောင်တိုး - လွမ်း၊ ရတနာသူ၊ ဝိုင်းရဲ့ဆည်းဆာ

သန်းနိုင် - ဆု၊ နေနဲ့လ အရှေ့နဲ့အနောက် စသည်

ရင်သို့တိုးဝှေ့ဆဲပါခိုင်၊ ဝတ်မှုံ၊ မအေးကို ချစ်လို့ပါ၊ ပဲပြုတ်သည်မထား၊ နှုတ်မဆက်နဲ့ ငိုချင်တယ် . . . . . 

 

ဆိုဖော်ဆိုဖက်အချို့က ကိုးယို့ကားယား ဆိုနေလျှင် ရင်ထဲ၌ ယားကျိကျိဖြင့် မနည်း အောင့်အည်း သည်းခံ နားထောင်ရ၏။ 

အချို့ကတော့ သီချင်းစာသားများကို လိုက်ဖတ်နေ၏။

အေးလေ - သူတို့က ငါ့လို ပါရမီမထူးပေရှာဘူး ဟု ကျွန်ုပ်မှာ ၎င်းတို့ကို သနားစိတ်ဖြင့် ခွင့်လွှတ်ရသေးသော ဟူ၏။ (အဟိ)

 

သားက ကျွန်ုပ်ခြေရာကို နင်းလိုက်၏။

လူကသာ (၁၅) နှစ်၊ ကျွန်ုပ်တို့ခေတ်က 1980-1990 ခုနစ်ဆွေး၊ ရှစ်ဆွေးသီချင်းများကိုလည်း နားထောင်တတ်၏။

ကျွန်ုပ်ကြိုက်သည့် Elton John ၏ သီချင်းများနှင့် Rick Astley ၏ သီချင်းများကို လာပြတတ်၏။

အခြားသီချင်းကောင်းများကိုလည်း Whatsapp မှ ပို့ပေးတတ်၏။

သူ သီချင်းနားထောင်ရန် Spotyfy လည်း ဝယ်ပေးထားရ၏။

သူပူဆာသဖြင့် ၁၈၀ လောက်တန်သော နားကြပ် ဝယ်ပေးရ၏။

သူနားကြပ်အသစ်ရတော့ သူ့နားကြပ်အဟောင်းကို ကျွန်ုပ် ရသပေါ့။

 

So I say
Thank you for the music, the songs I'm singing
Thanks for all the joy they're bringing
Who can live without it? I ask in all honesty
What would life be?
Without a song or a dance what are we?
So I say thank you for the music
For giving it to me

 

မိတ်ဆွေတို့သည်လည်း သီချင်းချစ်တတ်သူများ ဖြစ်ကြပါစေကုန်သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၄ ဩဂုတ်လ၊ ၂၀၂၂




No comments: