Sunday, April 11, 2021

သည်ပွဲတွင် ကျွန်ုပ်တို့ နိုင်မှဖြစ်မည် ဆိုခြင်းအကြောင်း

(၁)

 

သည်ပွဲကို ကျွန်ုပ်တို့ နိုင်ကို နိုင်မှ ဖြစ်မည်။

 

(၂)

 

ကျွန်ုပ်သည် မင်းအောင်လှိုင်နှင့် နောက်လိုက်ခွေးများကို အလွန်အကြူး အထူးတလည် -

§  မုန်းလည်း မုန်းတီးမိလေ၏။

§  နာလည်း နာကျည်းမိလေ၏။

§  ရွံလည်း ရွံရှာမိလေ၏။

§  စက်လည်း စက်ဆုပ်မိလေ၏။

§  အော့လည်း အော့ချင်မိလေ၏။

§  စောက်မြင်လည်း အထူးတလည် ကပ်မိလေ၏။ 

 

နေ့ရှိသရွေ့ ၎င်းတို့ကို ကျိန်ဆဲနေရသည်နှင့် အကုသိုလ်လည်း များလှ၏။

ကျွန်ုပ်တို့ပြည်သူများ၌ ကြမ္မာဆိုးငင်ကာ နေ့တိုင်း ဒုက္ခများရ၊ သေကြေပျက်စီးရ၊ ပြေးရလွှားရ ဖြစ်နေသည်များကို ကြည့်လျက် စိတ်မကောင်းဖြစ်တာထက် အဆတစ်ရာမကပိုကာ -

§  ရင်ထုမနာလည်း ဖြစ်မိ၏။ 

§  မျက်ရည်လည်းကျမိ၏။

§  နှလုံးကြေကွဲ ဝမ်းလည်းနည်းမိ၏။

§  စိတ်မကောင်းလည်း ဖြစ်မိ၏။

§  ကျဆုံးသွားသည့် သူရဲကောင်းလေးများအတွက် ယူကြုံးမရလည်း ဖြစ်မိ၏။

 

မင်းအောင်လှိုင် စောက်ရူးထတာနှင့် တိုင်းပြည်၏ အနာဂတ်ရတနာလေးများ ကြွေလွင့်သွားရခြင်းအတွက် ကျွန်ုပ်သည် ၎င်းတို့ကို သူတို့သေသွားသည့်နောက်တောင် ခွင့်မလွှတ်ပါ။

 

(၃)

 

ကျွန်ုပ်တို့မြန်မာပြည်ကိစ္စ နိုင်ငံတကာက ဖြေရှင်းပေးရန် လိပ်ခဲတည်းလည်း ဖြစ်နေရခြင်း၏ အဓိက တရားခံနှစ်ဦးမှာ တယုတ်နှင့် ရုရှား (အထူးသဖြင့် တယုတ်) ဖြစ်၏။

တယုတ်တို့သည် နာမည်နှင့်လိုက်အောင် အထူးတလည် ယုတ်ကန်းလေ၏။

၎င်းတို့သာ ဝင်မရှုပ်ပါက ကျွန်ုပ်တို့ပြည်သူများ သည်မျှ  ဒုက္ခရောက်နေရမည်မဟုတ်။ သည်မျှ သေကြေပျက်စီးနေရမည် မဟုတ်။

 

တယုတ်တို့သည် ကိုယ့်အကျိုးစီးပွားတစ်ခုတည်းကိုသာ အရေးစိုက်၏။ 

ဘယ်သူတွေ ဘာဖြစ်နေနေ၊ ပတ်ဝန်းကျင် ဘယ်လိုပျက်စီးနေနေ၊ ဘယ်သူတွေ ဘယ်လို ဒုက္ခရောက်နေပါစေ။

ဤသည်တို့မှာ သူတို့အလုပ်မဟုတ်။ ဤကိစ္စများမှာ သူတို့စိတ်ဝင်စားစရာ ကိစ္စများမဟုတ်။

ဘယ်သူသေသေ၊​ ငတေမာ ပြီးရော ဆိုသည့်စကားပုံမှာ သူတို့အတွက်ထားခဲ့တာ ဖြစ်၏။

ဘယ်သူတွေ ဒုက္ခရောက်နေပါစေ။ ငါကောင်းစားရင် ရပြီ။

 

တယုတ်တို့သည် ကျွန်ုပ်တို့အတွက် အိမ်နီးချင်းကောင်းမဟုတ်။

တယုတ်တို့သည် ရှေးမြန်မာဘုရင်များလက်ထက်ပင် မြန်မာနိုင်ငံကို အကြိမ်ကြိမ် ကျူးကျော် စော်ကားခဲ့ကြသည်။

တယုတ်တို့၏ ကျူးကျော်စော်ကားမှုကြောင့် သျှင်ဒိသာပါမောက္ခသည် တယုတ်ပြည်သို့ ပင်ပန်းကြီးစွာ ခြေလျင်ခရီး ကြွချီခဲ့ရဖူးပြီ။

 

တယုတ်တို့လိုပင် အိန္ဒိယသည်လည်း မြန်မာတို့၏ အိမ်နီးချင်း အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်ပါ၏။

သို့သော် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို စစ်ပြုလာသည်ဟု မကြားစဖူး။

အိန္ဒိယနှင့်မြန်မာ အကြီးအကျယ်စစ်ပွဲဖြစ်ခဲ့သည်ဟု ကျွန်ုပ်တို့ သမိုင်းတွင် မသင်ခဲ့ရစဖူး။

ယုံကြည်ကိုးကွယ်မှု၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားကအစ မြန်မာတို့သည် အိန္ဒိယနိုင်ငံနှင့် လွန်စွာနီးစပ်ခဲ့၏။

အိန္ဒိယယဉ်ကျေးမှုသည် မြန်မာတို့၏ ယဉ်ကျေးမှုနှင့် နက်ရှိုင်းစွာ ပတ်သက် ဆက်နွယ်ခဲ့၏။

သို့သော် တယုတ်တို့သည် ယဉ်ကျေးမှုကအစ မြန်မာတို့၏ မိတ်ဆွေကောင်း မဖြစ်ခဲ့။

 

ကိုယ့်ဘို့ တစ်ဘို့စာလောက်သာသိသော လူ့စာဘူးတောင်း၊ လူ့အန္ဓ၊ လူ့ငနွား၊ လူ့တိရစ္ဆာန် စစ်ခေါင်းဆောင်များ၏ အမြော်အမြင်နည်းမှု၊ အတ္တကြီးမှုတို့ကြောင့် လက်ပံတောင်းနှင့် ကြေးနီတောင်ကြီးတို့ ပျောက်ကွယ်ကာ လက်ပံတောင်းချိုင့်ဝှမ်း၊ ကြေးနီချိုင့်ဝှမ်းများ ဖြစ်ခဲ့ရပြီ။

ဒေသခံတို့အဖို့ အကြီးအကျယ် ဆုံးရှုံနစ်နာခဲ့ရသည်။

ထို့အတွက် ဒေသခံတို့က ကန့်ကွက် ဆန္ဒပြကြသည်ကို စစ်ခွေးများသည် သေနတ်များနှင့် ပစ်ခဲ့၏။ ဘူဒိုဇာများဖြင့် ဖျက်ဆီးခဲ့၏။ လယ်သူမကြီး ဒေါ်ခင်ဝင်း၏ ခေါင်းကို အဘယ်သဒေါင်းဇားသည့် သေနတ်နှင့် ပစ်ဘိသနည်း။

 

စစ်ခွေးများသည် တယုတ်တို့ပေးသည့် သန်းနှင့်ချီသော ဒေါ်လာများကို လက်ခံရယူကာ ကချင်မှ သယံဇာတများကို တယုတ်တို့ ယူချင်တိုင်းယူနိုင်အောင် ဖွင့်ပေးခဲ့၏။ တယုတ်တို့သည် သစ်ပင်များကို အမြစ်ပါမကျန် တူးယူကြကုန်၏။

 

မြစ်ဆုံ၊ ကျောက်ဖြူ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စမှာ ထင်ရှားသည့် သာဓကများ ဖြစ်၏။ ထားဝယ် ကံပေါက်ဒေသမှာ တယုတ်တို့ မြေနေရာများ အကြီးအကျယ် ဝယ်ယူထားသည်ဟု ကိုစံပွင့်ပြော၍ သိရ၏။ မန္တလေးမှာလည်း တယုတ်မြို့ ဖြစ်နေချေပြီ။ 

 

ထိုအကြောင်းများကြောင့်ပင် ကျွန်ုပ်သည် တယုတ်များ (တယုတ်ပြည်မှ) ကို အူထဲ၊ အသည်းထဲ၊ နှလုံးထဲ၊ ကျောက်ကပ် ထဲ၊ ကလီစာထဲ၊​ ရိုးတွင်းချဉ်ဆီထဲမှ ဖြစ်ဖြစ်မည်အောင် မုန်းတီးမိလေ၏။ နှလုံးနာမိလေ၏။ စောက်မြင်ကပ်မိလေ၏။ ကျွန်ုပ်တို့တိုင်းပြည်ကို ထင်တိုင်းလာကျဲနေသည့် တယုတ်တို့ကို ကျွန်ုပ်သည် အလွန်လည်း နာကျည်းမိ၏။ ပါးကိုလည်း ချချင်၏။ ဖင်ကိုလည်း ပိတ်ကန်ချင်၏။ 

 

သို့သော်လည်း လူတင်ပါလို့၊ နွားကျားကိုက်တာ ဆိုသလို အဓိကလက်သည် တရားခံမှာ စစ်ခွေးများပင် ဖြစ်သတည်း။ သူတို့ -င်လှန်ပေးသဖြင့်သာ တယုတ်တို့က -င်လာချခြင်း ဖြစ်၏။

(ကျွန်တော် ဒေါသထွက်လွန်းမက ထွက်၍ ကျွန်တော့်စာထဲ၌ အလွန်ရိုင်းပြသော အသုံးအနှုန်းများ ပါနေသည်ကို ကျွန်တော့်မိတ်ဆွေများအား သည်းခံကြပါရန် အနူးအညွတ် မေတ္တာရပ်ခံပါသည်။ ကျွန်တော် ဘယ်လိုမှ မခံစားနိုင်သော ကြောင့် ဖွင့်အံထုတ်ရခြင်း ဖြစ်ပါသည်။)

 

(၄)

 

အရပ်ထဲတွင် ခွေးရူးတစ်ကောင် သောင်းကျန်းနေသည်ဆိုပါစို့။ 

အသင်တို့သည် သူ့အသက်ကို မသတ်ကောင်း ဆိုကာ သည်အတိုင်း အသာတကြည် ခွင့်လွှတ်ထားပါမည်လော။

 

ထိုခွေးရူးကို မသတ်သင့် ဆိုသူများထဲ၌ ကျွန်ုပ် မပါပါ။

လူအများဒုက္ခရောက်ရမည့်အရေးကို မျှော်တွေးကာ ထိုခွေးရူးကို ကျွန်ုပ်သည် အချိန်မဆိုင်း၊ နေရာမရွေး သုတ်သင်ပစ်မည်သာ ဖြစ်၏။ အကယ်၍ ကျွန်ုပ်ကို ထိုခွေးရူးက ပြန်ကိုက်၍ ခွေးရူးပြန်ရောဂါဖြင့် အသက်ဆုံးရသည် ဖြစ်အံ့။

လူများအသက်ကို ကယ်ခြင်းကြောင့် အသက်ဆုံးရသည်ဖြစ်၍ ကျွန်ုပ်သည် ဝမ်းမြောက်ဝမ်းသာ သေပါအံ့။

 

စစ်အာဏာရူးများသည် အထက်ပါ ခွေးရူးကဲ့သို့ဖြစ်၏။

၎င်းတို့ရှိနေသရွေ့ကာလပတ်လုံး ကျွန်ုပ်တို့ ပြည်သူများ၏ ဘဝသည် အာမခံချက်မရှိ။

 

ကျွန်ုပ်တို့သည် စစ်အာဏာရူးများအား သည်ကမ္ဘာမြေပေါ်တွင် အရှင်မထားမှ ဖြစ်မည်။

အပြီးအပိုင် သုတ်သင်ပစ်မှဖြစ်မည်။

၎င်းတို့သည် လူယုတ်မာများဖြစ်သဖြင့် ရသမျှနည်းအားလုံးသုံးကာ ယုတ်မာမည်သာ ဖြစ်၏။

၎င်းတို့သည် ယခင်ကလည်း ယုတ်မာခဲ့သည်။ ယခုလည်း ယုတ်မာနေသည်။ နောင်လည်း ယုတ်မာဦးမည်မှာ မြေကြီးကို လက်နှင့်ပုတ်က လွဲချင်လွဲနေလိမ့်ဦးမည်။ ၎င်းတို့ ယုတ်မာလိမ့်ဦးမည် ဆိုခြင်းကား သေချာသည်၏ ဟိုဘက် နှစ်ဘူတာလောက်တောင် လွန်နေသေး၏။

လူယုတ်မာများ ယုတ်မာခြင်းကား အဆန်းမဟုတ်။

သူတို့အလုပ် သူတို့လုပ်ခြင်းဖြစ်၏။

ဤသည်ကို သိပါလျက် ကျွန်ုပ်တို့က ပျော့စိပျော့ညံ့နှင့် ၎င်းတို့ကို ဆက်ထားဦးမည်ဆိုပါက ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့လောက် မိုက်မဲသည့် သတ္တဝါ အဘယ်သူများ ရှိပါလိမ့်ဦးမည်နည်း။

 

တကယ်ဆို ၎င်းတို့အတွက် သေဒဏ်ဆိုတာတောင် အလွန်သက်ညှာရာ ရောက်နေပေသေး၏။

၎င်းတို့သည် ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ဆယ်ခါပြန်သေထိုက်သူများ ဖြစ်၏။ 

 

(၅)

 

ကျွန်ုပ်တို့ သည်ပွဲကို အောင်မှ ဖြစ်မည်။

ဤသည်မှာ ကျွန်ုပ်တို့ တိုင်းပြည်၏ နောင်ရေးဖြစ်၏။

ဤသည်မှာ ကျွန်ုပ်တို့ နောင်လာနောက်သားများ နောင်ရေးဖြစ်၏။

 

ဤခွေးသူတောင်းစားများ ရှိနေသရွေ့ကာလပတ်လုံး ကျွန်ုပ်တို့သည် ကမ္ဘာ့အလယ်တွင် ဓားမနောက်ပိတ်ခွေး အဖြစ်နှင့်သာ ရှိနေဦးမည်မှာ သေချာလှပေ၏။

 

ကျွန်ုပ်တို့တိုင်းပြည်ကို ပြန်လည် အဖတ်ဆယ်ဘို့ရာ၊ ကမ္ဘာမှာ မြန်မာဟေ့ဟု ပြနိုင်ဘို့ရာ ကျွန်ုပ်တို့ရွေးချယ်သည့် စစ်မှန်သော ပြည်သူ့ခေါင်းဆောင်များလက်ထဲသို့ အာဏာပြန်ထည့်မှ​ ဖြစ်မည်။

 

ကျွန်ုပ်တို့ပြည်သူများ၏ ညီညွတ်မှုပေါင်းစည်းအားဖြင့် စစ်ခွေးများ ကျဆုံးစေရမည်။

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

၁၁ ဧပြီလ၊ ၂၀၂၁

No comments: