Monday, March 23, 2020

ကိုဗစ်၁၉ အတွက် စင်ကာပူအစိုးရ ဝက်အူတစ်ရစ်တိုး

စင်ကာပူကို ရက်တိုလာမည့်သူများ၊ အခြားနိုင်ငံသို့ transit သွားမည့်သူများအား မနက်ဖြန် (၂၃ မတ်၊ ၂၀၂၀) ည သန်းခေါင်ကစ၍ အဝင်မခံတော့ပါ။

မိမိတိုင်းပြည်သို့အလည်ပြန်သွားပြီး ပြန်ဝင်လာလိုသူများနှင့် ၎င်းတို့ကိုမှီခိုနေသူများအား မရှိမဖြစ်လိုအပ်သည့် (ဥပမာ - သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း) လုပ်ငန်းများအတွက်သာ ဝင်ခွင့်ပေးပါမည်။ မရှိမဖြစ် လိုအပ်သည့်လုပ်ငန်းများတွင် အိမ်အကူလုပ်သားများ (အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို စောင့်ရှောက်နေရသူများ) အတွက်ပါ ထည့်သွင်းစဉ်းစားပေးပါမည်။

ဤကြေငြာချက်ကို စင်ကာပူတွင် ကိုဗစ်ကြောင့် ပထမဆုံးသေဆုံးသူနှစ်ဦး (အသက် ၇၅ နှင့် ၆၄ နှစ်) ရှိခဲ့အပြီး ထုတ်ပြန် ကြေငြာခြင်း ဖြစ်၏။ အဘယ်ကြောင့် ဤကဲ့သို့ တင်းကြပ်ရသနည်းဟူမူ လွန်ခဲ့သည့် ၃ ရက်အတွင်း ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရသူ၏ ၈၀% မှာ ပြည်ပမှ ဝင်လာသူများ ဖြစ်နေသောကြောင့်တည်း။ ၎င်းတို့အများစုမှာ Singapore residents နှင့် long term pass holder များ ဖြစ်၏။ ၎င်းတို့မှာ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ဝင်လာသူများ ဖြစ်သည်။

ယနေ့ထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ ၂သိန်း၆သောင်းကျော်ရှိပြီး သေဆုံးသူ ၁၁၂၀၀ ခန့်ရှိပြီဖြစ်သည်။

စင်ကာပူတွင် ကိုဗစ်ကူးစက်ခံရသူ ၄၃၂ ဦးရှိပြီး ဆေးရုံကဆင်းပြီး လုံးဝကျန်းမာသွားသူ ၁၄၀၊ ဆေးရုံတက်ဆဲ ၂၉၀၊ အသည်းအသန်လူနာ ၁၄ ဦး၊ သေဆုံးသူ ၂ ဦးဖြစ်၏။



Ref:

အေးငြိမ်း
၂၂ မတ်၊ ၂၀၂၀ ညနေ ၇ နာရီ ၃၅ မိနစ်

No comments: