Saturday, July 27, 2013

မြန်မာပြက္ခဒိန်စာအုပ် နှင့် ခရစ္စတိုဖာပေါက်ကျိုင်းစာအုပ် ထွက်ပါမည်

ပြက္ခဒိန်စာအုပ်ကိစ္စ၊ သင်တန်းမှ assignment များရေးရနှင့် မအားလပ်နိုင်အောင်ရှိပါသောကြောင့် ဘာစာမှ မရေးနိုင်ပါ။ ပြက္ခဒိန်စာအုပ်ကို အချောကိုင်နေတာ နောက် သုံးလေးရက်ဆို ပြီးနိုင်ပါလိမ့်မည်။ Assignment နှစ်စောင်ကျန်တာကို နောက်တစ်ပတ်အတွင်း အပြီးသတ်နိုင်မည် မှန်းပါ၏။ ထို့ကြောင့် သြဂုတ်လ ဒုတိယပတ်လောက်ဆိုလျှင်တော့ စာများဆက်လက် ရေးသားနိုင်ပါလိမ့်မည်။
အမျိုးသားနေ့ ပိတ်ရက်ရှည်တွင် ဘယ်မှမထွက်ဘဲ အခန်းအောင်းကာ စာချည်း ဇောက်ချရေးရန် မှန်းထားပါသည်။ ထို့ကြောင့် မည်သည့်အကြောင်းနှင့်မှ မည်သည့် စည်းဝေးပွဲ၊ သာရေး၊ နာရေး၊ အိမ်တက်၊ ဆွမ်းကျွေး၊ ၀ါဆိုသင်္ကန်းကပ်ပွဲ စသည်တို့ကို လာမည်မဟုတ် ပါကြောင်း မိတ်ဆွေများအား အသိပေးလိုပါ၏။
မြန်မာပြက္ခဒိန်စာအုပ်ကို စာစီနေပါပြီ။ များမကြာမီ စာအုပ်အဖြစ်မြင်ရမည် မှန်းပါ၏။

ခရစ္စတိုဖာပေါက်ကျိုင်းကို စာအုပ်ထုတ်ရေး ဈေးညှိနေပါသည်။ ထုတ်ဖြစ်မည် ထင်ပါ၏။ ၀တ္တုစာအုပ်အရွယ်ဆိုလျှင် စာမျက်နှာ ၆၀၀ လောက်ရှိပါလိမ့်မည်။ A5 size ဆိုလျှင်တော့ စာမျက်နှာ ၅၀၀ ကျော်ကျော်ရှိပါမည်။ ပထမတွဲ အနေနှင့်ထုတ်မှာဖြစ်ပြီး ဒုတိယတွဲကို တော့ နောက် လေးငါးနှစ်လောက်နေမှ ထုတ်ဖြစ်ပါလိမ့်မည်။ 

No comments: