Tuesday, November 16, 2010

ပိုက်ပြင်ပိုက်ဆက်လက်စွဲ (၃၁) (Piping Design 3)

၁၃၊ ၈၊ ၁။ ASTM အရ ခွဲခြားနိုင်သော ပစ္စည်း အမျိုးအစားများ

ပိုက်များအတွက် -

A106 = Carbon steel pipe for high temperature service
A335 = Seamless ferritic alloy - steel pipe for high temperature service
A333 = Seamless and welded carbon and alloy steel pipe intended for use low
temperature service
A312 = Seamless, straight-seam welded, and cold worked welded austenitic
stainless steel pipe intended for high temperature and general corrosive
service

ပိုက်ဆက်ပစ္စည်း (Fitting) များအတွက် -

A234 = Wrought carbon steel and alloy steel fittings of seamless and welded construction
A420 = Wrought carbon steel and alloy steel fittings for low temperature service
A403 = Wrought austenitic stainless steel fittings

Flanges, Fitting, Valves စသည်တို့အတွက် -

A105 = Forged carbon steel flanges, fittings, valves and similar parts for ambient
pressure and higher temperature service conditions
A182 = Forged or rolled alloy and stainless steel flanges, forged fittings, valves and
parts for high temperature service
A350 = Several grades of carbon and low alloy steel forged or ring-rolled flanges,
forged fittings and valves for low temperature service

Valves များအတွက် -

A216 = Carbon steel castings for valves, flanges, fittings, or other pressure-containing parts for high temperature service and of quality suitable for assembly with other castings or wrought-steel parts by fusion welding.
A217 = Steel castings, martensitic stainless steel and alloy steel castings for valves, flanges, fittings, or other pressure-containing parts intended primarily for high temperature and corrosive service.
A352 = Steel castings for valves, flanges, fittings, and other pressure-containing parts intended primarily for low temperature and corrosive service.
A182 = Forged or rolled alloy and stainless steel flanges, forged fittings, and valves and parts for high temperature service.

Bolt and Nuts များအတွက် -

A193 = Alloy and Stainless steel bolting material for pressure vessels, valves,
flanges and fittings for high temperature or high pressure service, or other
special purpose applications.
A320 = Standard specification for Alloy Steel and Stainless steel bolting material for
for low temperature service.
A194 = Standard specification for nuts in many different material types.

၁၃၊ ၉။ ဒီဇိုင်း အခြေခံများ (Design Bases)

Design base များမှာ Physical attributes, loading and service conditions, environmental factors နှင့် materials-related factors စသည်တို့ပါဝင်သည်။ ပိုက်လိုင်း တစ်ခုကို ဒီဇိုင်းလုပ်တော့မည်ဆိုလျှင် ဤအချက်များကို အသေးစိတ် ကျကျနနတွက်ချက် စဉ်းစားဘို့ လိုပေသည်။

၁၃၊ ၉၊ ၁။ Physical Attributes

Physical attributes တွင် ပိုက်အရွယ်အစား၊ ပိုက်လိုင်းပြေးပုံပြေးနည်း၊ အတိုင်း အတာ ကန့်သတ်ချက်များတို့ ပါဝင်သည်။ အတိုင်းအတာတွင် ထုတ်လုပ်သည့်နည်းစနစ်များ အလိုက် စံနှုံးများရှိသည်။ ဥပမာ ပိုက်၏ အပြင်ဘက်အချင်း၊ အထူ၊ ဖလန်းတစ်ခု၏ အတိုင်း အတာများ၊ အဲလ်ဘိုး၊ တီ၊ ဗား စသည်တို့၏ အတိုင်းအတာများ။ ထို့အပြင် အထူးစဉ်းစားရန်လို သည့် ဥပမာ အပူချိန်မြင့်၊ ဖိအားမြင့်ပိုက်လိုင်း။ ရေနွေးငွေ့လိုင်းနှင့် ဓါတ်ငွေ့အစိုလိုင်း စသည်တို့ ဖြစ်သည်။

၁၃၊ ၉၊ ၂။ Loading And Service Condition

Loading Condition တွင် ၀န်များ၊ အားများ၊ ဖိအားများ၊ ဖိအားအပြောင်းအလဲများ၊ အပူချိန်အပြောင်းအလဲများ စသည့် ပိုက်လိုင်းအား ဒါဏ်ဖြစ်စေမည့် အားများပါဝင်သည်။ ထိုအားများထဲတွင် internal pressure, piping system deadweight, steady state or transient temperature, wind loads, snow and ice loads စသည်တို့ ပါဝင်သည်။ ထို့ပြင် ပိုက်လိုင်းစနစ်အရ ပါဝင်နိုင် သေးသော အခြားအားများမှာ ပတ်ဝန်းကျင်အပူချိန် အပြောင်းအလဲ၊ ပိုက်လိုင်းအတွင်း ဖိအား အပြောင်းအလဲ၊ အပူချိန်အပြောင်းအလဲ စသည်တို့ ဖြစ်သည်။

Service Condition တွင် loading condition မှ အားများ တစ်ပြိုင်နက် စုပြုံသက် ရောက်ခြင်းမျိုး ဖြစ်သည်။ ဥပမာ ပိုက်လိုင်းစနစ်အတွင်း အပူချိန်မြင့်တက်လာချိန်နှင့် ပတ်ဝန်း ကျင် အပူချိန်ကလည်း (နေ့လည် ၂ နာရီခန့်) မြင့်တက်လာချိန်၊ လေကလည်း ထန်နေချိန် စသည့် အခြေအနေမျိုးဖြစ်သည်။ ပိုက်လိုင်းကို ဒီဇိုင်းရေးဆွဲရာတွင် ဤကဲ့သို့ အားများတစ်ချိန် တည်း တစ်ပြိုင်တည်းသက်ရောက်လာနိုင်သော အခြေအနေများကိုပါ ထည့်သွင်း စဉ်းစားရန် လို ပါသည်။

ထို့ပြင် service condition တွင် ပိုက်လိုင်းအတွင်းစီးဆင်းသော အရည်၏သွင်ပြင် လက္ခဏာများ (characteristics) ဖြစ်သည့် စီးပျစ်နှုံး (viscosity)၊ အပူချိန် (temperature), အစိုင်အခဲပါဝင်မှု (suspended solids concentration), ထိုအစိုင်အခဲများ၏ သိပ်သည်းဆ (density), ပွန်းစားမှု၊ တိုက်စားမှု (abrasiveness and corrosively) စသည်တို့ ပါဝင်ပါသည်။

၁၃၊ ၉၊ ၃။ Environmental Factors

Environmental factors ဟူသည် ပတ်ဝန်းကျင်ကြောင့် ပိုက်လိုင်းကို ထိခိုက်မှု ဖြစ်သည်။ ဥပမာ ပင်လယ်ကမ်းစပ် သို့မဟုတ် သင်္ဘောပေါ် သို့မဟုတ် ကမ်းလွန်ပင်လယ်ပြင် တွင် ဆောက်လုပ်ရသော သံပိုက်လိုင်းများသည် ဆားငံရေကြောင့် သံချေးတက်ခြင်း၊ ဖိုက်ဘာ ဂလပ်ပိုက်များတွင် နေထဲတွင်ပါသော ခရမ်းလွန်ရောင်ခြည်ကြောင့် အပေါ်ယံမျက်နှာပြင် ကွာ ထွက်ခြင်း (degradation)၊ ငလျင်လှုပ်ခြင်း၊ ဆောင်းအခါ ပိုက်ပေါ်တွင် နှင်းများ၊ ရေခဲများ ကပ်ခြင်း၊ အပူချိန်အပြောင်းအလဲကြောင့် ပိုက်လိုင်းစန့်ထွက်ခြင်း၊ ကျုံ့ဝင်ခြင်း စသည်။

အဓိကအားဖြင့် environmental factor တွင် erosion, corrosion, flow assisted corrosion စသည်တို့ပါဝင်သည်။

၁၃၊ ၉၊ ၄။ Materials-Related Considerations

Materials-Related Consideration တွင် အသုံးပြုမည့် ပိုက်နှင့်ပိုက်ဆက်ပစ္စည်းများ ၏ ဓါတုပစ္စည်းများ ပေါင်းစပ်ပါဝင်မှု (chemical composition)၊ သတ္တု၏ ဂုဏ်အရည်အသွေး၊ ရူပဗေဒဆိုင်ရာ ဂုဏ်သတ္တိ၊ ပိုက်လိုင်းအတွင်း စီးဆင်းမည့်အရည်၏ ဓါတုပွန်းစားမှုကို ခံနိုင်ရည် ရှိမှု၊ ဒီဇိုင်းအပူချိန်နှင့်ဖိအားကို ကောင်းစွာခံနိုင်ရည်ရှိမှု စသည့်အချက်များပါဝင်ပါသည်။

၁၃၊ ၉၊ ၅။ Pressure Integrity

Pressure integrity ဟူသည် ပိုက်လိုင်းတွင်တပ်ဆင်ထားသော ဖလန်းဆက်များ၊ ၀က်အူဆက်များ စသည်တို့၏ ပိုက်လိုင်းအတွင်းရှိနေသည့် ဖိအားဒါဏ်ကို ခံနိုင်ရည်ရှိမှုဖြစ်သည်။ ထိုအဆက်များသည် သတ်မှတ်ထားသော ပိုက်လိုင်းဖိအားအတွင်း ပုံပျက်သွားလောက်အောင် ဒါဏ်ခံနေရခြင်း မရှိစေရပေ။ မူလဒီဇိုင်းလုပ်စဉ်က တွက်ချက်ထားသော စံကန့်သတ်ချက်များ အတွင်း ထို pressure integrity ကို ထိန်းထားနိုင်ရေးမှာ ဒီဇိုင်းလုပ်ငန်းစဉ်ကြီး၏ အဓိက ရည်ရွယ်ချက်ပင် ဖြစ်တော့သည်။

၁၃၊ ၁၀။ ဒီဇိုင်းတွက်ချက်ရာတွင် Code နှင့် Standard များကို အသုံးချခြင်း

Piping Code များက ဒီဇိုင်းတွက်ရာတွင် လိုအပ်သော စံနှုံးများ၊ ဥပမာ ပိုက်လိုင်းဆင် ရန် ခွင့်ပြုနိုင်သော ပစ္စည်းအမျိုးအစား၊ allowable working stress, load sets စသည်တို့ကို ထောက်ပံ့ပေးသည်။ ထို့အတူ အနည်းဆုံး ပိုက်အထူမည်မျှရှိရမည်၊ internal pressure ကြောင့် ပိုက်သားအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိနိုင်သည်၊ အပူကြောင့် ကျယ်ပြန့်လာမှု၊ ငလျင်ဒါဏ်၊ ပိုက်လိုင်း၏ မူလအလေးချိန်၊ ပိုက်လိုင်းအပေါ်သက်ရောက်လာနိုင်သည့် အခြား အားများ၊ ၀န်များ စသည်တို့ကိုလည်း ထောက်ပံ့ပေးသည်။

ဤကဲ့သို့ကိုးကားရာတွင် Piping code တစ်ခုထည်း လုံလောက်ချင်မှ လုံလောက် မည်။ အဆောက်အဦတစ်ခုထည်းတွင် ရှိနေစေကာမူ ပိုက်လိုင်းစနစ်ချင်းမတူပါက ဆီလျော်ရာ code ကို ရည်ညွှန်းကိုးကားရမည်။

Standard များက ပိုက်လိုင်းတွင် တပ်ဆင်အသုံးပြုမည့် ပစ္စည်းများ၊ ဥပမာ ဖလန်းများ၊ ဗားများ၊ ပိုက်ဆက်ပစ္စည်းများ၏ အသေးစိတ် အတိုင်းအတာများကို ထောက်ပံ့ပေးသည်။ ယေဘူယျအားဖြင့် standard နှစ်မျိုးရှိသည်။ Dimensional Standard နှင့် Pressure Integrity Standard တို့ဖြစ်၏။

Dimensional Standard က ပိုက်ဆက်ပစ္စည်း၊ ဖလန်း၊ ဗား စသည့်ပစ္စည်း တစ်ခုချင်း ၏ အသေးစိတ်အတိုင်းအတာများကို ပေးသည်။ ဤကဲ့သို့ စံသတ်မှတ်ပေးလိုက်ခြင်းဖြင့် ဤပစ္စည်းမျိုးကို မည်သည့်နိုင်ငံ၊ မည်သည့်ထုတ်လုပ်သူမှ ထုတ်လုပ်သည်ဖြစ်စေ အတိုင်းအတာ တသမတ်တည်း ဖြစ်နေပေလိမ့်မည်။

Pressure Integrity Standard က ပစ္စည်းတစ်ခု၏ အနည်းဆုံး လုပ်နိုင်စွမ်းကို တသမတ်ထည်းဖြစ်အောင် သတ်မှတ်ပေးသည်။ ဥပမာ ဖလန်းကို ပေါင် ၁၅၀ (#150) ဟု သတ်မှတ်ချက်ဖြင့်သာ ထုတ်လိုက်ပါက မည်သည့်နိုင်ငံမှ ထုတ်သည်ဖြစ်စေ ထိုဖလန်း၏ ဖိအား သတ်မှတ်ချက်မှာ ပေါင် ၁၅၀ (#150) ပင်ဖြစ်နေပေလိမ့်မည်။

၁၃၊ ၁၁။ အဓိပ္ပါယ် သတ်မှတ်ချက်များ ( Definitions)

Compressible Fluid – ငွေ့ရည်အတွင်း မော်လီကျူးများကို ဖိနှိပ်နိုင်သည်။ သိပ်သည်းဆသည်
လည်းပြောင်းနိုင်သည်။ အရွေ့စွမ်းအင် သာမက အတည်စွမ်းအင်သည်လည်း မြေဆွဲအား နှင့် ဖိအားကိုလိုက်၍သော်လည်းကောင်း၊ ၎င်း၏ internal energy အလိုက်လည်းကောင်း ပြောင်းလဲနိုင်သည်။

Darcy Friction Factor, f – ၎င်းသည် Reynolds Number ၏ function တစ်ခုဖြစ်ပြီး ပိုက်မျက်နှာပြင်၏ နှိုင်းယှဉ်ကြမ်းတမ်းမှု (relative pipe wall roughness) ဖြစ်သည်။ ပေးထားသော ပိုက်ပစ္စည်း အမျိုးအစားတစ်ခုအတွက် ပိုက်မျက်နှာပြင်ကြမ်းတမ်းမှုနှင့် ပိုက်၏အချင်း မှာ မည်သို့မှ ပတ်သက်မှုမရှိချေ။ သို့အတွက် f နှင့် Re ကိုဂရပ်ဆွဲရာတွင် d အစား ကို parameter တစ်ခုအနေနှင့် ဖော်ပြလေ့ရှိသည်။

In-Compressible Fluid – သိပ်သည်းဆမှာ ကိန်းသေ သို့မဟုတ် ကိန်းသေဖြစ်လုနီးပါးရှိသော
ငွေ့ရည်ကို ခေါ်သည်။ အရည်၏စီးဆင်းမှုကို ဖိသိပ်၍မရနိုင်ဟု ပုံမှန်အားဖြင့်ယူဆသည်။ ငွေ့ရည် အတွင်းပါသော မော်လီကျူးများကို ဖိသိပ်၍မရနိုင်။ အရည်စီးဆင်းမှုကို ဖြစ်နိုင်လျှင် အရွေ့စွမ်းအင်၊ အတည်စွမ်းအင်နှင့် ပွတ်အားတို့အဖြစ် ပြောင်းနိုင်သည်။ သို့သော် internal energy ကိုမူ ပြောင်း၍မရနိုင်။

Laminar Flow – အရည်စီးကြောင်းအတွင်း အရည်၏အလွှာများသည် တစ်ခုနှင့်တစ်ခုအမှီသဟဲပြုကာ စီးဆင်းသွားသည်။ Laminar flow သည် ပိုက်များအတွင်း Reynold no. 2100 အောက်တွင် ဖြစ်ပေါ်သည်။ ငြင်ငြင်သာသာ ချောချောမွေ့မွေ့စီးသွား သော အရည်စီးဆင်းမှုကို laminar flow ဟု ခေါ်ခြင်းဖြစ်ပါသည်။

Newtonian Fluids – Shear rate နှင့် shear stress အကြား linear ဆက်သွယ်မှုရှိသည့် သွင်ပြင်လက္ခဏာ ရှိသော အရည်ကို ခေါ်သည်။

Non-Newtonian Liquids – ချော်ရည်၊ မခဲသေးသော ပလတ်စတစ်အရည် ကဲ့သို့သော အရည်များသည် Non-Newtonian Liquid များဖြစ်သည်။

Relative Roughness – absolute pipe wall roughness နှင့် inside diameter d တို့၏အချိုးဖြစ်သည်။

Resistance Coefficient, K – friction loss equation တွင်ပါသည့် ဗားများနှင့်ပိုက်ဆက်ပစ္စည်းတို့၏ coefficient တစ်ခုဖြစ်သည်။ ထုံးစံအားဖြင့် nominal diameter (ပိုက်အရွယ်)၏ function တစ်ခုလည်း ဖြစ်သည်။

Reynolds Number, Re – အရည်စီးခြင်းတွင် အင်နားရှား(inertia) နှင့် စေးပျစ်အား (viscous forces) တို့၏ အချိုးကိုဖော်ပြသော ကိန်းတစ်ခုဖြစ်သည်။

Shear Rate – အနေအထားကိုလိုက်၍ ပြောင်းသွားသောအလျင် (velocity gradient) ဖြစ်သည်။

Shear Stress – တစ်ယူနစ်ဧရိယာရှိ အားဖြစ်သည်။ အရည်စီးသည့် လားရာဘက်အတိုင်းရှိသောအား ဖြစ်သည်။

Sonic Velocity (Choked Flow) – အထွက်ဖိအားမည်မျှနည်းသည်ဖြစ်စေ ပိုက်အတွင်း၌ ဓါတ်ငွေ့ သို့မဟုတ် ဓါတ်ငွေ့နှင့်အရည်အရောသည် ပေးထားသော အထက်စီးကြောင်းဖိအားတွင် ရနိုင်သော အမြင့်ဆုံးအလျှင် ဖြစ်သည်။ ဓါတ်ငွေ့များအတွက် ထိုအမြင့်ဆုံးအလျှင်သည် အသံ၏ မြန်နှုံးနှင့်ညီသည်။

Specific Gravity – အရာဝတ္ထုတစ်ခု၏ နှိုင်းရသိပ်သည်းဆ ဖြစ်သည်။ သာမန်အားဖြင့် အရည်၏ အလေးချိန်သိပ်သည်းဆအပေါ် ဖိအားသည် မည်သို့မှအကျိုးသက်ရောက်မှု မရှိပါ။ အရာဝတ္ထုတစ်ခု၏ Specific gravity ကို သတ်မှတ်တော့မည်ဆိုလျှင် အပူချိန်ကိုသာထည့်သွင်း စဉ်းစားရန် လိုပါသည်။

Steam Hammer – အေးနေသော အရည်စီးကြောင်းအတွင်း လေပူပေါင်းကြီးများ စုဝေးလာမှုကြောင့် ပိုက်အလွန်အကျွံတုန်ခါလာမှု ဖြစ်သည်။

Transition Flow – Laminar flow နှင့် Turbulent flow အကြား၊ တစ်နည်းအားဖြင့် laminar flow မှ turbulent flow သို့အကူး ကြားကာလရှိ အရည်စီးကြောင်းဖြစ်သည်။ အရည်စီးနှုံးသည် ပြောင်းချင်လည်းပြောင်းမည်။ ပြောင်းလဲချင်မှလည်း ပြောင်းလဲမည်။ စီးကြောင်းသည်လည်း laminar ဖြစ်လိုက်၊ turbulent ဖြစ်လိုက်နှင့် ရှိနေမည်။ ထိုအခြေအနေကို Reynold No. 2100 နှင့် 4000 ကြား တွင်တွေ့နိုင်သည်။

Turbulent Flow – အရည်စီးခြင်း၏ အဟုန်ကြောင့် အရည်စီးနှုံးတက်လိုက်ကျလိုက်ဖြစ်နေမည်။ Turbulent flow တွင် shear stress နှင့် strain rate တို့အကြား မည်သည့်ဆက်သွယ်မှုမှ မရှိ။ အရည်စီးကြောင်းဆိုင်ရာ ဂုဏ်သတ္တိတို့ကို turbulent flow တွင် ပြော၍မရ။ ပျမ်းမျှခြင်းတန်ဘိုးတို့ကိုသာ တွက်ယူနိုင်သည်။ ပိုက်လိုင်းအတွင်း အရည်စီးခြင်းတွင် Re တန်ဘိုး 4000 ကျော်လာပါက turbulent flow ဖြစ်လာသည်။ အရပ်စကားနှင့်ပြောရလျှင် turbulent flow ဟူသည်မှာ ပိုက်လိုင်းအတွင်း အရည်များ ရုန်းရင်းဆန်ကာ ၀ဲဂယက်များထလျှက် စီးဆင်းသွားခြင်းကို ခေါ်ပါသည်။

Viscosity – ပိုက်အတွင်းတွင်ရှိသောအရည်၏ အမှတ်တစ်ခုခုမှ ယူနစ်ဧရိယာရှိ shear stress နှင့် အရည်စီးကြောင်းကို ထောင့်မတ်ကျနေသော လားရာရှိ velocity gradient တို့၏ အချိုးဖြစ်သည်။ တစ်နည်းအားဖြင့် အရည်စီးရန် အတွင်းခုခံမှု (internal resistance) ဖြစ်သည်။ အပူချိန်နှင့် ဖိအားတစ်ခုတွင် အချိန်ပြောင်းသော်လည်း ဤတန်ဘိုးမပြောင်းပါက ထိုပစ္စည်းကို Newtonian fluid ဟု ခေါ်သည်။

Water Hammer – အရည်စီးခြင်းကို ရုတ်တရက်ရပ်တန့်လိုက်ပါက အရည်စီးရာမှ ဖြစ်ပေါ်နေသော အရွေ့စွမ်းအင်သည် ရုတ်တရက် ဖိအားအဖြစ်သို့ပြောင်းသွားပြီး အရည် စီးကြောင်းအတွင်း dynamic pressure surge တစ်နည်း ဆောင့်အားဖြစ်ပေါ်ခြင်းကို ခေါ်သည်။ ဗားကို ရုတ်တရက်ပိတ်လိုက်သည့်အခါ water hammer ဖြစ်တတ်သည်။
အရည်များ၏ ရုပ်ဂုဏ်သတ္တိ (Physical property) သည် အရည်စီးဆင်းခြင်းကို တိုက်ရိုက်အကျိုး သက်ရောက်မှုရှိသည်။ ပိုက်လိုင်းဒီဇိုင်းတွက်ချက်ရာတွင် ဤဂုဏ်သတ္တိများကို ထည့်သွင်း တွက်ချက်ရသည်။ အောက်ပါတို့မှာ ထိုဂုဏ်သတ္တိများအနက် အချို့ဖြစ်သည်။

2 comments:

kyitha said...

share ခွင့် ပြုပါ ခင်ဗျာ

အေးငြိမ်း said...

လွတ်လွတ်လပ်လပ် ဝေမျှနိုင်ပါသည်ခင်ဗျား။