ဒီဓာတ်ပုံလေးကို သေသေချာချာ သိမ်းထားသင့်ပါတယ်။
ဘာဖြစ်လို့လည်း ဆိုတော့ နောက်ကျ ခညားတို့ သားသမီးမြေးမြစ်တွေကို -
“သူခိုးက လူဟစ်” ဆိုတဲ့ စကားပုံကို ရှင်းပြရာမှာ ကြီးစွာသော အထောက်အပံ့ ဖြစ်စေမှာ မို့လို့ပါပဲ။
ဘဘ ဘဘ ဒီဓာတ်ပုံထဲက အမျိုးသမီးကြီးနဲ့ အမျိုးသားကြီးတို့ဟာ မကောင်းမှု၊ ရာဇဝတ်မှုတွေကို ကျူးလွန်ထားလို့ တရားရင်ဆိုင်နေရတာပေါ့နော်။
တစ်နိုင်ငံလုံးက ပစ္စည်းတွေကို ခိုးဝှက်၊ လုယက်၊ ဓားပြတိုက်ယူထားပြီး အပြစ်မရှိတဲ့ရွာသားတွေကို ဗုံးကြဲ သတ်ဖြတ်နေတဲ့ လူယုတ်မာတစ်စုက ဘာမှ အပြစ်မရှိတဲ့ အဲဒီ သူတော်ကောင်းကြီး နှစ်ယောက်ကို သူတို့အပြစ်တွေ ကြောင့် အရေးယူခံရမှာ စိုးတာနဲ့ မတရားသက်သက် ဖမ်းဆီးပြီး သူတို့ဘာမှ ကျူးလွန်မထားတဲ့ပြစ်မှုတွေနဲ့ သက်သက် စွပ်စွဲ၊ ဖမ်းဆီး၊ ထောင်ချတာတွေ လုပ်နေတာပေါ့ကွဲ့။
ဟင်၊ ဟုတ်လားဘဘ။ ဒါဖြင့် အဲဒီ လူသတ်၊ ဓားပြတိုက်နေတဲ့ လူယုတ်မာတွေရဲ့ ဗိုလ်က ဘယ်သူလဲဟင်။
တခြားဟုတ်ပါရိုးလား မြေးရယ်။
ဒီကမ္ဘာပေါ်မှာ မကောင်းမှုမှန်သမျှ ငါမကျူးလွန်ရဲတာ ဘာမှ မရှိဘူးလို့ ကြွေးကြော်ထားတဲ့ ‘ခွေးအောင်လှိုင်’ ပေါ့ကွဲ့။
ဟင် ‘ခွေးအောင်လှိုင်’ ဆိုတော့ သူက လူမဟုတ်ဘူး၊ ခွေးပေါ့နော်။
အင်း - ခွေးလို့တော့ ပြောလို့ရပါရဲ့။ ဒါပေမယ့် ခွေးက သူ့ထက်ပိုပြီး သစ္စာရှိတယ်။
ခွေးက ထမင်းကျွေးတဲ့လက်ကို မကိုက်ဘူး။
သူတို့ကတော့ သူ့ကိုထမင်းကျွေးထားတဲ့ ပြည်သူတွေကို ပြန်သတ်နေတာမို့လို့ သူက ခွေးထက်ပိုပြီး ယုတ်ညံ့တယ်ကွဲ့။
လူယုတ်မာတွေပေါ့ကွယ်။
ခွေးအောင်လှိုင်တို့ တဖွဲ့လုံး အမြန်ဆုံး ကျဆုံးပါစေသတည်း။
No comments:
Post a Comment