Sunday, February 4, 2024

စင်ကာပူတွင် အလုပ်လုပ်မည့်သူတိုင်း သိထားစရာ အကြောင်းအချက်များ-၁

နိဒါန်း

 

ယခုအခါ စင်ကာပူနိုင်ငံသို့ လာရောက်အလုပ်လုပ်သည့် မြန်မာနိုင်ငံသား လုပ်သားများမှာ တစ်နေ့တစ်နေ့ ရာနှင့်ချီ ရှိ၏။ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ဖူးသူများ ပါသော်လည်း အလွန် ရာခိုင်နှုန်းနည်းလှ၏။ အများစုမှာ စင်ကာပူနိုင်ငံသို့ တစ်ခေါက်တစ်ခါမှ ရောက်မလာဖူးသူများ ဖြစ်၏။ အချို့မှာ စင်ကာပူမျှသာမက မြန်မာနိုင်ငံ၌ပင် တစ်ခါမှ အလုပ်လုပ်ဖူး သည့် အတွေ့အကြုံမရှိသူများ ဖြစ်၏။

 

စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှမှ အခြားနိုင်ငံများနှင့်မတူ။ အလွန်စည်းမျဉ်းစည်းကမ်း တင်းကြပ်သည့် နိုင်ငံဖြစ်၏။ အလုပ်ခန့်ထားရေးမှအစ အရာရာကို ဥပဒေနှင့် ထိန်းချုပ်ထား၏။ 

 

မြန်မာနိုင်ငံမှလာသူ တော်တော်များများမှာ စင်ကာပူအကြောင်းမသိကြ။ စင်ကာပူနိုင်ငံသို့ လာရောက် အလုပ်လုပ်မည့် သူများသည် စင်ကာပူတွင် အလုပ်လုပ်ရာ၌ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေကပေးအပ်ထားသော မိမိတို့ ရပိုင်ခွင့်များကို သိထားသင့်လှ၏။ ထို့ကြောင့် အလုပ်ခန့်ထားရေးမှ အစ၊ နိုင်ငံခြားသား လုပ်သားများအတွက် ချမှတ် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများအကြောင်း အနှစ်ချုပ် ရေးသားတင်ပြ လိုက်ပါသည်။

 

စင်ကာပူတွင် အလုပ်လုပ်ရန် နိုင်ငံခြားသား အလုပ်သမားများကို ခန့်ခွင့်ပြုထားသည့် ဥပဒေမှာ EFMA (Employment of Foreign Manpower Act) ဖြစ်ပြီး ထိုနိုင်ငံခြားသား အလုပ်သများနှင့် ၎င်းတို့ကို ခန့်ထားသည့် အလုပ်ရှင်များ လိုက်နာ ရမည့် စည်းမျဉ်းစည်းကမ်းများကို EFMA (Workpass) Regulations ဖြင့် သတ်မှတ် ပြဋ္ဌာန်းပေးထား၏။

 

စင်ကာပူတွင် အလုပ်လုပ်နေသည့် အလုပ်သမားများအနေနှင့် အလုပ်ခန့်ထားခြင်း ဥပဒေ (Employment Act), EFMA နှင့် စင်ကာပူတွင် ပြဋ္ဌာန်းထားသည့် ဥပဒေအားလုံးကို လိုက်နာရန်လို၏။

 

အကျဉ်းမျှပြောရလျှင် စင်ကာပူတွင် အလုပ်လုပ်မည့် အလုပ်သမားများကို အတန်းအစား (၄) မျိုး ခွဲနိုင်၏။

၁။ Work Permit

၂။ S Pass

၃။ Employment Pass

၄။ PMET (Professionals, Managers, Executives, Technicians)

 

ဤတွင် PMET အကြောင်းကို ချန်ခဲ့ပြီး ကျန် Workpass သုံးမျိုးအကြောင်းသာ ပြောပါမည်။ 












No comments: