Wednesday, September 20, 2023

DIY ခြင်းကြောင့် ကျွန်ုပ် ပိုက်ဆံအကုန်သက်သာရပြန်ခြင်း အကြောင်း

ပြောရင်းဆိုရင်း လောလောဆယ် ကျွန်ုပ် Aircond သည် မကြာခဏ breaker ကျလေ၏။ ယခင်က ကျဖူးသော်လည်း ယခုလောက် မကျခဲ့။ ယခုမူ breaker ကျလိုက်၊ ပြန်တင်လိုက်၊ ပြန်ကျလိုက် ဆိုတော့ မကြာခဏ ထပ် ထပ်တင်နေလို့ မကောင်း။ အကြောင်းတစ်ခုတော့ ရှိရမည်။ သားကတော့ overload ဖြစ်တာနေမယ် ဟု ပြောပါ၏။ 

 

သို့မို့ကြောင့် အိမ်သားများကို မေတ္တာရပ်ခံကာ ဟိုတစ်နေ့ညက ပန်ကာနှင့်အိပ်ရ၏။ Gain City ကိုဖုန်းဆက်ကာ appointment ယူ၏။ ၂၇ ရက်နေ့လာမည် ဆို၏။ 

 

မနေ့ညကတော့ breaker ကျတာ overload ကြောင့် နေမည် ဆိုပြီး AirCond အပူချိန်ကို သုံးခန်းစလုံး 26.5 မှာထား၊ ပန်ကာကို ၂ တုံးပဲတင်လျက် ဖွင့်ကြည့်တော့ ရ၏။ Breaker မကျ။ သည်တော့ overload ကြောင့်ဆိုတာ သေချာသွားပြီ။ 

 

Overload ဆိုတော့ ကျွန်ုပ် စဉ်းစားကြည့်၏။ AirCond မှာ indoor unit နှင့် outdoor unit နှစ်ခုပဲပါ၏။ Indoor unit က ၃ လတစ်ခါ ဆေးနေတာဆိုတော့ indoor unit ကြောင့်မဖြစ်နိုင်။ AirCond servicing သမားများမှာ Outdoor unit ကို လှည့်၍မျှ မကြည့်ကြရကား outdoor unit ကြောင့်ဆိုတာ သေချာသွားပြီ။ သည်တော့ ရေပိုက်ကို အိမ်သာရေခေါင်းမှာ တပ်။ လက်လုပ် water jet လေးနှင့် ဆေးချလိုက်တော့ Conderser Fin တွင် ကပ်နေသည့် ဖုန်တွေ အမှုန်တွေ အကုန် ထွက်သွားလေ၏။ 



ထို့နောက် သုံးခန်းစလုံး AirCond ကို 25 တွင်တင်၊ ပန်ကာကို အဆုံးထိတင်လျက် စမ်းမောင်းကြည့်၏။ နာရီဝက်လောက် ထိ breaker မကျဆိုတော့ OK သွားပြီပေါ့။

 

နက်ဖြန်မှ ဟိုကောင်မလေးကို ဖုန်းဆက်ပြီး appointment ကို cancel လုပ်ရမည်။


အသင်တို့လည်း DIY ကြပါ။ ပိုက်ဆံအနည်းဆုံး ၉၀ လောက် သက်သာသွားပါသည်။ သူတို့ကိုလည်း ၂၇ ရက်နေ့ထိ ပူပူအိုက်အိုက်ကြီးနှင့် စောင့်နေစရာမလိုတော့။ နောက်ပြီး ဘယ်လောက်တောင်းမယ်မှန်းမသိ။

 

အေးငြိမ်း

၂၀ စက်တင်ဘာလ၊ ၂၀၂၃


No comments: