Wednesday, February 1, 2023

နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်

သည်ကနေ့ဆိုလျှင် ရာဇပလ္လင်ပေါ် ခွေးတက်တာ (၂) နှစ်တင်းတင်း ပြည့်ပေပြီ။

တနည်းအားဖြင့် ကျွန်ုပ်တို့တိုင်းပြည် စတုတ္ထအကြိမ်မြောက် လွတ်လပ်ရေး ဆုံးရှုံးခြင်း (၂) နှစ်ပြည့်သောနေ့လည်း ဖြစ်၏။

 

မြန်မာတို့ လွတ်လပ်ရေးဆုံးရှုံးခဲ့သည့် ပထမအကြိမ်မှာ ၁၈၈၅ ခုနှစ်က တိုင်းတပါးသား အင်္ဂလိပ်တို့ထံ ဆုံးရှုံးရခြင်း ဖြစ်၏။

ဒုတိယအကြိမ်မှာ ၁၉၆၂ ခုနှစ်၌ လူလွန်မသား နေဝင်းက ပြည်သူအပေါင်း၏ လွတ်လပ်မှုကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်ပြီး 

တတိယအကြိမ်မှာမူ တိုင်းပြည်ကြီး ချောက်ထဲကျဘို့ လက်နှစ်လုံးလောက်သာ လိုတော့သည်ဆိုကာ ၁၉၈၈ ခုနှစ်က နဝတဟု အမည်တွင်သော ခွားသဒေါင်းဇေးများက အာဏာသိမ်းခြင်းဖြင့် ပြည်သူအပေါင်းကို ထင်သလို ခြယ်လှယ်ခဲ့ခြင်း ဖြစ်၏။

ယခု စတုတ္ထနှင့် နောက်ဆုံးအကြိမ် (အဲဒီအာဏာရူးတွေ မြန်မာ့မြေပေါ်မှာ နှမ်းတစေ့လောက်မှ မကျန်ရအောင် ချေမှုန်းကြစို့။ အာဏာသိမ်းတယ်ဆိုတဲ့စကား နောင် ကမ္ဘာတည်သရွေ့ မြန်မာ့မြေပေါ်မှာ မရှိစေရ။) မှာမူ အယုတ်တကာ့ ထိပ်ခေါင်၊ အုတ်ကြားမြက်ပေါက်၊ လူ့ဗလချီးနမ်း မင်းအောင်လှိုင်က $$ရူးထခြင်းဖြင့် ပြည်သူအပေါင်းကို ဒုက္ခတွင်းထဲ ဆွဲချခဲ့ခြင်း ဖြစ်သတည်း။

 

ဤအကြိမ်သည် ပြည်သူတို့၏ နောက်ဆုံးအောင်ပွဲ ဖြစ်၏။

စစ်တပ်က စစ်တပ်နေရာမှာ မနေဘဲ နေရာတကာ ဝင် ချယ်လှယ်နေသည့်ခေတ်ကို အဆုံးသတ်ရမည့်ပွဲ ဖြစ်၏။

လုပ်ပိုင်ခွင့်ကို မတရားအသုံးချလျက် တိုင်းပြည်ဥစ္စာများကို ထင်သလိုခိုးနေသည့် သူခိုးကြီးများကို အမြစ်ပြတ် သုတ်သင်ရမည့်ပွဲလည်း ဖြစ်၏။ 

ဥပဒေကို ကျော်ချင်သလိုကျော်၊ ခွချင်သလိုခွနေသူများအား ရေဝေးသို့ အပြီးတိုင်ပို့ပစ်ရမည့် ပွဲလည်းဖြစ်၏။

ပိုက်ဆံပေးမှ အလုပ်ဖြစ်မည့် စနစ်ဆိုးကြီးကို မြန်မာ့မြေပေါ်မှ သံပုံးတီးကာ ဖယ်ရှားပစ်ရမည့် ပွဲလည်းဖြစ်၏။

 

တနည်းအားဖြင့် -

ပြည်သူတို့သည် မိမိတို့ ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်ရမည့် အလှည့်ကို ရောက်ရမည့် အလွန်အရေးကြီးသော တော်လှန်ရေးကြီး ဖြစ်သတည်း။

 

သည်တော်လှန်ရေးကြီးတွင် ပြည်သူတိုင်း မိမိကျရာနေရာမှ တတပ်တအား ပါဝင် ဆင်နွှဲကြသည်ကို အားရစရာ တွေ့မြင်ရ၏။ 

CDM သူရဲကောင်းများ၊ PDF သူရဲကောင်းများ များစွာပေါ်ခဲ့သလို အခြားသူများကလည်း ငွေအားဖြင့်၎င်း၊ လူအားဖြင့်၎င်း မိမိတတ်နိုင်သလောက် ဝိုင်းကြဝန်းကြ၏။ 

 

ပြည်ပရောက်နေသူများကလည်း ငွေအားအလုံးအရင်း ပံ့ပိုးပေးခဲ့ကြ၏။

 

ဤတော်လှန်ရေးကြီး ဤမျှကြာနေခြင်းမှာ ကျွန်ုပ်တို့ ပြည်သူများ ညံ့၍မဟုတ်။ ထို့အတူ ခွေးအောင်လှိုင် တော်လွန်းလှ၍ လည်း မဟုတ်။ ၎င်း၏ ဘောကိုလျက်နေကြသူတို့ကြောင့်သာ အနှီ ဒေါင်းဇား သက်ဆိုးရှည်နေခြင်းဖြစ်ကြောင်း မိတ်ဆွေ တို့ သိပါ၏။ ကျွန်ုပ်သည် ၎င်းတို့ကို ခွေးအောင်လှိုင်အောက် မယုတ်ဘဲ အော့နှလုံးနာ၊ အထူးရွံမုန်းမိလေ၏။

ဘောလျက်သစ္စာဖောက်များကို မြန်မာ့လူ့ဘောင်မှ ဖယ်ကြဉ်ကြမည်။

 

 

ယခု ကျွန်ုပ်တို့ ပြည်သူများ၏ အောင်ပွဲ ရောင်နီသန်းလာပါပြီ။ 

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အောင်ပွဲကို ပျော်ပျော်ကြီး ဆင်နွှဲကြမည်။

 

အနာဂတ်ကာလမှ နှစ်များသည် ဆုလာဘ်ကတိအပြည့်နှင့် တဝင်းဝင်းတောက်လက် အသံတကြော်ကြော်ဖြင့်လည်း ဖိတ်ခေါ်လျက်ရှိ၏။

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

၁ ဖေဖော်ဝါရီလ ၂၀၂၃














No comments: