Tuesday, September 24, 2019

မီးသတ်ဆေးဘူးအကြောင်း သိကောင်းစရာ-၂

မီးအတန်းအစား (ခ) အတွက် ထားရမည့် မီးသတ်ဆေးဘူး အရွယ်အစား



B အမျိုးအစား မီးသတ်ဆေးဘူးများကို ဆယ်လီဖြင့် ဖော်ပြ၏။ ဥပမာ - 10B မီးသတ်ဆေးဘူးသည် ၁၀ စတုရန်း ပေ ဧရိယာကို ကာမိသည်။
C အမျိုးအစား မီးသတ်ဆေးဘူးအရွယ်အစား ရွေးချယ်ရာတွင် အမျိုးအစား A နှင့် B တို့အပေါ်မူတည် ရွေးချယ်ပါ သည်။ D အမျိုးအစား မီးသတ်ဘူးကိုမူ မိမိလုပ်ကိုင်နေသည့် အလုပ်အမျိုးအစားပမာဏ အကြီးအသေးပေါ်မူတည် ရွေးရပါမည်။

၈။ မီးသတ်ဆေးဘူးကို စစ်ဆေးခြင်း၁

မီးသတ်ဆေးဘူးကို ပုံမှန် (တစ်လတစ်ကြိမ်) စစ်ဆေးနေရန် လို၏။ စစ်ဆေးချက်ကိုလည်း မှတ်တမ်းတင်ထားရ မည်။ ဆောက်လုပ်ရေးလုပ်ငန်း သို့မဟုတ် အဆောက်အဦကြီးများ၌ မီးသတ်ဆေးဘူးစစ်ဆေးမည့်သူကို မည်ကဲ့သို့ စစ်ဆေး ရမည် သင်ကြားပေးလျက် ခန့်အပ်ထားရမည်။ မီးသတ်ဆေးဘူးတွင် စစ်းဆေးချက်မှတ်တမ်းကဒ်ပြား ချိတ်ဆွဲထားလျက် စစ်ဆေးသည့်ရက်စွဲကိုရေးကာ စစ်ဆေးသူက လက်မှတ်ထိုးထားရမည်။ မီးသတ်ဆေးဘူးကို တစ်နှစ်တစ်ကြိမ် ပြုပြင် ထိန်းသိမ်းမှု ပြုလုပ်ရမည်။

မီးသတ်ဆေးဘူးသည် မူလတပ်ဆင်ထားသည့် နေရာတွင် ရှိနေ၊ မနေ
မီးသတ်ဆေးဘူးကို တစ်ခုခုနှင့် ကွယ်နေမနေ
မီးသတ်ဆေးဘူးအား မည်ကဲ့သို့ အသုံးပြုရမည်ဟူသည့် ညွှန်ကြားချက်သည် ကြည့်သူဘက်တွင် ရှိနေမနေ
မီးသတ်ဆေးဘူး၌ ဆေးအပြည့်ရှိမရှိ (မီးသတ်ဘူး အလေးချိန်ဖြင့် စစ်ကြည့်နိုင်သည်။)
ဖိအားပြမီတာမှ လက်တံသည် အစိမ်းရောင်နယ်တွင် ရှိနေမနေ
အထိန်းပင်သည် နေရာတကျရှိနေမနေ
လက်ကိုင်သည် ပျက်စီးနေမနေ
နော်ဇယ်ပိုက်ခေါင်းသည် ရှင်းရှင်းလင်းလင်း ရှိနေမနေ
အခြား မျက်မြင်ပျက်စီးမှုများ ရှိမရှိ

မီးသတ်ဆေးဘူးကို အောက်ပါအခြေအနေများတွင် အပြီးတိုင် လွှင့်ပစ်လိုက်ရမည်။
မီးသတ်ဆေးဘူးကိုယ်ထည်ကို ဂဟေဆော်ထားခြင်း
မီးသတ်ဆေးဘူးမှ ဝက်အူရစ်များ ပြုန်းနေခြင်း
မီးသတ်ဆေးဘူးကိုယ်ထည်ကို ဆိုးဝါးစွာ သံချေးတက်နေခြင်း
မီးသတ်ဆေးဘူးတွင် မီးလောင်ထားသည့် ဒဏ်ရာများ ရှိနေခြင်း



၉။ ရေဖိအားဖြင့်စမ်းသပ်ခြင်းကာလ အပိုင်းအခြား (Hydrostatic test interval for extinguishers) 


၁၀။ မီးသတ်ဆေးဘူးဆိုင်ရာ စံနှုန်းများ 


မှတ်ချက်။ ။ British Standard BS 5423 ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ၎င်းနေရာတွင် BS EN 3 ဖြင့် ၁၉၉၇ ဇန္နဝါရီလ ၁ ရက်နေ့မှစကာ အစားထိုးလိုက်ပါသည်။ ဤတွင်ထည့်ထားသည်မှာ စံနှုန်းအဟောင်းကို ဖျက်သိမ်းထားတာ မသိဘဲ ယခုတိုင် ရှိနေသေးသည်ဟု ထင်မှတ်မှားမှာစိုး၍ ဖြစ်ပါသည်။ BS EN 3 ကို ဥရောပနိုင်ငံအားလုံး အသုံးပြု၏။

၁၁။ မီးသတ်ဆေးဘူး အသုံးပြုနည်း

အဆောက်အဦရှိ လူအားလုံးသည် မည်သည့်နေရာ၌ မီးသတ်ဆေးဘူး ရှိသည်ကို သိထားရမည်။ ထို့ပြင် အဆောက်အဦ၏ တာဝန်ရှိသူသည် ထိုအဆောက်အဦမှ လူအားလုံးကို မီးသတ်ဆေးဘူးအား မည်သို့ ကိုင်တွယ် အသုံးပြုရ မည်ကို သိစေရန် လေ့ကျင့်သင်ကြားပေးထားရမည်။ 
အသုံးပြုသူများ ရှုပ်ထွေးမှု မဖြစ်စေရန် အဆောက်အဦတစ်ခု၏ အထပ်တစ်ထပ်တွင်ရှိသော မီးသတ်ဆေးဘူးများ အားလုံးသည် ကိုင်တွယ်အသုံးပြုပုံချင်း အတူတူပင် ဖြစ်ရမည်။ ဖြစ်နိုင်လျှင် အထပ်တစ်ခုအတွက် မီးသတ်ဆေးဘူး အမျိုးအစားတစ်ခုတည်းကိုသာ တပ်ဆင်ရမည်။ ထိုမီးသတ်ဆေးဘူးများသည် အရွယ်တူ၊ အရောင်တူ၊ ပုံစံတူ၊ အသုံးပြုပုံချင်း တူရမည်။ 
မီးကိုထိထိရောက်ရောက်သတ်နိုင်ရန်မှာ လောင်နေသည့်မီးနှင့် သင့်တော်သည့် မီးသတ်ဆေးဘူးကို အသုံးပြုရန် လို၏။ ထို့ကြောင့် ပစ္စည်းအမျိုးအစား များစွာသိုလှောင်ထားသည့် စူပါမားကက်၊ သိုလှောင်ရုံများတွင် သိုလှောင်ထားသည့် ပစ္စည်းအမျိုးအစားနှင့်ကိုက်ညီမည့် မီးသတ်ဆေးဘူးများ ထားရှိသင့်၏။ 
မီးကို မငြိမ်းသတ်မီ ပထမဦးစွာ လောင်နေသည့်မီးသည် မိမိငြိမ်းသတ်နိုင်မည့် အခြေအနေတွင် ရှိမရှိ ချိန်ဆပါ။ အကယ်၍ မီးသည် အလွန်ကြီးမားပြီး ငြိမ်းသတ်ရန် မလွယ်ပါက မစွန့်စားပါနှင့်။ မီးသတ်ဌာနကို အမြန်အကြောင်းကြားပါ။ 
အကယ်၍ မီးသည် ငြိမ်းသတ်နိုင်သည့် အနေအထားတွင် ရှိပါက အောက်ပါအတိုင်း ငြိမ်းသတ်ပါ။

မီးသတ်သည့်အခါ တံခါးပေါက်ဘက်တွင် နေရာယူပါ။ ထွက်ပေါက်ကို ပိတ်မနေပါစေနှင့်။
ပြင်ပတွင် ဖြစ်ပါက လေညာဘက်တွင် နေပါ။ 
မီးနှင့် ၂ မီတာ (၆ ပေ) ခန့်အကွာတွင် နေရာယူပါ။
ထို့နောက် အောက်ပါအတိုင်း ငြိမ်းသတ်ပါ။


နိဂုံး

ကမ္ဘာတစ်ဝှမ်းတွင်ပင် နှစ်စဉ် မီးလောင်မှုများ အကြီးအကျယ် ဖြစ်ပွားလျက် ရှိ၏။ မီးလောင်သည့်အခါ ဆုံးရှုံးမှု တန်ဘိုးမှာ ကြီးမားလှသည်။ ထို့ကြောင့် မီးမလောင်စေရန် တင်ကြိုကာကွယ်ခြင်းအစီအမံများ ပြုလုပ်ရန် အရေးကြီးလှ၏။ ထိုအထဲတွင် အဆောက်အအုံများ၌ မီးသတ်စနစ်များ၊ မီးအချက်ပေးစနစ်များ တပ်ဆင်ခြင်း၊ ပစ္စည်းများကို စနစ်တကျ ထားသိုခြင်း၊ မီးသွယ်တန်းခြင်းကို စံချိန်စံညွှန်းများနှင့်အညီ ပြုလုပ်ခြင်း တို့ပါဝင်သည်။ 
ထိုမျှသာမက မီးလောင်လျှင် အချိန်မီ ငြိမ်းသတ်နိုင်စေရန် အိမ်၊ ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဈေးကြီးများ၊ ရုပ်ရှင်ရုံ၊ ရုံး စသည်တို့၌ မီးသတ်ဆေးဘူးများပါ အဆင်သင့် ဆောင်ထားရန် လို၏။ မီးကို အချိန်မီသာ ငြိမ်းသတ်နိုင်ပါက အကြီးအကျယ် ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မည်။ 
ပြည်သူများကိုလည်း အိမ်၌ မီးသတ်ဆေးဘူးများ ဆောင်ထားကြရန် အသိပညာပေးရပါမည်။ မီးသတ်ဆေး တစ်ဘူး၏ တန်ဘိုးမှာ မီးလောင်၍ ဆုံးရှုံးရမည့် ပမာဏနှင့်စာလျှင် ဘာမှ မပြောပလောက်ပါ။
ဤဆောင်းပါတွင် မီးသတ်ဆေးဘူးအကြောင်း တတ်နိုင်သမျှ ပြည့်စုံစွာ တင်ပြထားပါသည်။ လက်တွေ့လိုက်နာ လုပ်ဆောင်ကြပါရန်လည်း တိုက်တွန်းလိုက်ရ ပါသတည်း။

အေးငြိမ်း (လေးမျက်နှာ)

References:

1. CP 55: 1991 - Code of practice for use and maintenance of portable fire extinguishers
2. https://www.fireproductsdirect.ie/advice-centre/pros-and-cons-of-fire-extinguisher-types/
3. https://support.brandbeveiligingshop.be/hc/en-be/articles/115002061729-What-are-the-advantages-and-disadvantages-of-certain-types-of-fire-extinguishers-
4. https://www.firefightingchina.com/What-Are-The-Advantages-And-Disadvantages-Of-Different-Types-Of-Fire-Extinguisher-id1665186.html
5. https://www.aviva.co.uk/risksolutions/knowledgestore/answer/1753/
6. IS 2190: 1992: CP for Selection, installation and maintenance of First-Aid fire extinguishers

No comments: