သား မောင်ဘုန်း ၅ နှစ်သားလောက်တုံးက မော်လမြိုင်ကို သွားလည်ခဲ့တဲ့ တစ်ညကို ကောင်းကောင်း မှတ်မိ နေသေးတယ်။ သူ့အဒေါ်များအိမ်မှာ တည်းတာပေါ့။ ညကျလို့ အိပ်ချိန်ရောက်တော့ ဧည့်ခန်းထဲလှမ်းကြည့် လိုက်တဲ့အခါ သူကစားထားတဲ့ အရုပ်တွေနဲ့ ရှုပ်ပွနေတာ တွေ့လိုက်ရတယ်။
“ဘုန်းဘုန်းရေ” လို့လှမ်းခေါ်လိုက်ရင်း “သားအိပ်ယာမ၀င်ခင် သားအရုပ်တွေသိမ်းလိုက်ဦးလေကွာ” လို့ ပြောလိုက်တယ်။
“သား အရုပ်တွေသိမ်းဘို့ သိပ်ပင်ပန်းနေပြီ ဖေဖေ” လို့ သူက ပြန်ပြောတယ်။
ကျွန်တော့်အနေနဲ့ မင်း၊ ဒီအရုပ်တွေသိမ်းပြီးမှ အိပ်ရမယ် လို့ ပြောလိုက်ချင်သား။
ဒါပေမဲ့ အဲဒီလိုပြောမဲ့အစား အိပ်ယာထဲ ကျွန်တော်ဝင်သွားပြီး လှဲချလိုက်တယ်။ နောက်ပြီး “ဘုန်းဘုန်းရေ၊ ဖေဖေနဲ့ တကူကူးဆော့တမ်း ကစားရအောင်ဟေ့” လို့လှမ်းခေါ်လိုက်တယ်။
သူ အတင်းပြေးလာပြီး ကျွန်တော့် ခြေထောက်ပေါ်ခွထိုင်လိုက်တယ်။ “တကူကူးကူးကူး၊ တကူကူးကူးကူး” လို့ အော်ရင်း ကျွန်တော်ခြေထောက်ကို မြှောက်လိုက်တဲ့အခါ သူ ကျွန်တော့်ခြေထောက်ပေါ်က ချော်ကျ သွားတယ်။ သူအရမ်းပျော်သွားပြီး ဆက်ကစားရအောင် ဖေဖေ လို့ ပြောလိုက်တယ်။ အဲဒီမှာ ကျွန်တော်က ကစားတာပေါ့ သားရ။ ဒါပေမဲ့ သားအရုပ်ကလေးတွေ သိမ်းပြီးမှ ဆက်ကစားအောင်နော် လို့ ပြောလိုက်တယ်။
နည်းနည်းလေးမှ ဆိုင်းမနေဘဲ သူ ချက်ခြင်းပြေးထွက်သွားပြီး အရုပ်တွေသိမ်းလိုက်တာ ခဏလေးနဲ့ ပြီးသွား တယ်။ တကယ်သာ သိမ်းမယ်ဆို ဒါထက်အများကြီး ပိုကြာမှာ။ နောက်ပြီး သူ ချက်ခြင်းပြန်ပြေးဝင်လာပြီး ကျွန်တော့် ခြေထောက်ပေါ် ခွထိုင်လိုက်တယ်။ ဖေဖေ ဆက်ကစားရအောင်လေ တဲ့။
သား၊ ခုနပြောတော့ ပင်ပန်းလွန်းလို့ အရုပ်တွေ မသိမ်းနိုင်တော့ဘူး ဆိုကွ။
ပင်ပန်းတာတော့ ပင်ပန်းတာပေါ့ ဖေဖေရ။ ဒါပေမဲ့ သား ဖေဖေနဲ့ တကူကူးဆော့တမ်း ကစားချင်တာကိုး တဲ့။
ဘယ်အလုပ်ကိုမဆို ကျွန်တော်တို့ ပြီးနိုင်ပါတယ်။ လုပ်ချင်စိတ် ရှိရင်ပေါ့လေ။
အေးငြိမ်း
၃၁-၀၇-၂၀၁၀
ည ၁၁ နာရီ။
မူရင်း - "Want to!", by: Neil Eskelin ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Education (7)
- Emergency handbook (7)
- Engineering (2)
- Environment (6)
- Farm Safety (9)
- Fire Protection (4)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (65)
- Greenery Singapore (2)
- Health (3)
- IOSS (3)
- Life (8)
- Living in Singapore (62)
- My Articles (298)
- Myanmar (27)
- Myanmar Culture (10)
- Myanmar Transitional Platform (30)
- Piping (40)
- PPE Book (3)
- Safety (101)
- Tire Safety (5)
- Welding Technology (5)
- Working in Singapore (33)
- ကဗျာများ (26)
- စင်ကာပူအကြောင်း (44)
- စာအုပ်များ (3)
- မြန်မာပြက္ခဒိန် (60)
- မြွေဆိပ်ဖြေဆေး (5)

No comments:
Post a Comment