နိဒါန်း
သံချောင်း၊ သံပြား၊ အလူမီနီယမ်၊ ကြေးချောင်း၊ ကျောက်ပြား၊ ကွန်ကရိ၊ သစ်သား၊ ပလတ်စတစ် စသည့်အရာများကို မိမိ အလိုရှိသည့် အရွယ်အစားရအောင် ဖြတ်ကြ တောက်ကြရ၏။ ထို့ပြင် ဂဟေဆော်ရာ၌ မျက်နှာပြင်ကို သန့်စင်စေရန် ကျောက်စက်ဖြင့် တိုက်စားရ၏။ ဂဟေဆော်ပြီးသွားသည့်အခါလည်း ဂဟေသား အစအနများကို ကျောက်စက်တိုက်၍ သော်လည်းကောင်း၊ သံဘရပ် (wire brush) ဖြင့်သော်လည်းကောင်း သန့်ရှင်းကြရ၏။
ဤကဲ့သို့ ဖြတ်တောက်ရာ/ကျောက်စက်တိုက်ရာ၌ ကျောက်စက် (Grinder) ကို သုံးကြ၏။ ကျောက်စက်၌ ဖြတ်သည့် အပြား (cutting disc) (သို့) grinding disc ကိုတပ်လျက် အသုံးပြုကြ၏။ Cutting disc အမျိုးမျိုးရှိသလို Grinding disc လည်းအမျိုးမျိုးရှိ၏။
ဤတွင် Cutting Disc နှင့် Grinding Disc အမျိုးအစားများကို စုဆောင်းတင်ပြ ထားပါသည်။
၁။ Diamond Cutting Disc
သတ္တု၊ ကြွေပြား၊ ကျောက်ပြား၊ ကွန်ကရိစသော ပစ္စည်းများကို ဖြတ်တောက်ရန်အတွက် ဖြတ်သည့်အပြား (Cutting Disc) ကို ဒီဇိုင်းထုတ်ထား၏။
Cutting disc ၌ အကြမ်းဖျဉ်းအားဖြင့် သတ္တုဖြင့်ပြုလုပ်ထားသည့် Diamond Cutter နှင့် ဖိုက်ဘာဖြင့် ပြုလုပ်ထားသည့် ဖိုက်ဘာဖြတ်ပြားဟု နှစ်မျိုးရှိ၏။
Diamond cutter မှာ သံကိုအခြေခံလျက် အသွားကို သံမှုန်များနှင့်စိန်မှုန်ကလေးများ ရောစပ်ပြုလုပ်ထား၏။ စိန်မှုန်များ တွင် လူလုပ်စိန်မှုန်များ သုံးသလို သဘာဝတွင်းထွက် စိန်မှုန်များကိုလည်း သုံးကြ၏။ သို့သော် လူလုပ်စိန်ထက် သဘာဝ တွင်းထွက်စိန်က ပိုကောင်း၏။ Diamond cutter ကို ကျောက်၊ ကွန်ကရိ၊ ကြွေပြား၊ မှန်၊ အုတ်ခဲ စသည့် မာသော ပစ္စည်းတို့ကို ဖြတ်ရာတွင် သုံး၏။ ဖိုက်ဘာဂလပ်ကိုလည်း diamond cutter သုံး၍ ဖြတ်ကြသေး၏။
၁၊ ၁။ Diamond cutter ပေါ်မှ ဖော်ပြချက်များ
ဖြတ်ပြားများ၏ အသေးစိတ်အချက်အလက် (specifications) ကို အပြားများပေါ်တွင် ရေးသားဖော်ပြထားလေ့ရှိ၏။ ဥပမာ - Bosch concrete cutting disc အတွက် -
အချင်း (diameter) : 230 mm
အလယ်ပေါက် (bore hole) : 22.23 mm
အထူ (thickness) : 2.0 mm
မြန်နှုန်း (surface speed) : 80 m/s
အများဆုံးလည်ပတ်နှုန်း (max. rotating speed) : 6650 min-1
ထို့ပြင် အန္တရာယ်ကင်းရေးနှင့် ပတ်သက်၍ ဝတ်ရမည့် တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းများ၊ မည်သည်တို့ မလုပ်ရ စသည်တို့ကိုလည်း ထိုဖြတ်ပြားပေါ်၌ ပုံလေးများနှင့် ပြထား၏။
၁၊ ၂။ Diamond cutter အမျိုးမျိုး
အောက်တွင် Diamond cutter နမူနာများကို ဖော်ပြထားပါသည်။
၁၊ ၂။ Diamond cutter အမျိုးမျိုး
အောက်တွင် Diamond cutter နမူနာများကို ဖော်ပြထားပါသည်။
၁၊ ၃။ Diamond cutter ကိုသုံးရာတွင် လိုက်နာရမည့် အန္တရာယ်ကင်းရေး စည်းမျဉ်းများ
၁၊ ၃၊ ၁။ ကျောက်စက် (Grinder)
ကျောက်စက်တွင် ခလုတ်အမျိုးအစား (၃) မျိုးရှိရာ အောက်ပါတို့ဖြစ်၏။
§ လျှောတိုက်ကာ ဖွင့်ရသည့် Sliding switch
§ အပြားကို လက်ဖြင့်နှိပ်ကာ မောင်းရသည့် Paddle trigger
§ ခလုတ် Trigger grip
ကျောက်စက်ကို အသုံးပြုရာတွင် အောက်ပါအချက်များကို လိုက်နာပါ။
၁။ ကျောက်စက်အသုံးပြုခြင်းနှင့် ပတ်သက်၍ အမြဲ ထုတ်လုပ်သူလက်စွဲကို ဖတ်ရှုရည်ညွှန်းပါ။ ကျောက်စက်၏ အမြန်နှုန်း နှင့် ကျောက်ပြားတို့၏ အမြန်နှုန်းသည် ကိုက်ညီရမည်။
၂။ ကျောက်ပြားကို သေချာစွာမတပ်ဆင်ဘဲ (သို့မဟုတ်) ကျောက်စက်၌ ချိန်ညှိနိုင်သည့် အန္တရာယ်ကင်း အကာပြား (adjustable safe guard) မပါဘဲ စက်ကို စတင်မောင်းနှင်ခြင်း မပြုရ။
၃။ အပြားများသည် လုံးဝပြားနေစေရမည်။ အလည်တည့်တည့်၌ ရှိနေရမည်။ စောင်းရွဲ့မနေစေရ။ အလွန်အမင်း စားမနေစေရ။
၄။ အပြားသည် အလယ်အူတိုင်အတွင်း ကျကျနန အထိုင်ကျနေရမည်။ ကျောက်စက်စပန်နာသုံးလျက် လက်ဖြင့် သေချာ စွာ တင်းကြပ်ထားရမည်။
၅။ အသုံးမပြုမီ စက်ကို သေချာစွာ ပြန်လည်စစ်ဆေးပါ။ ဓာတ်ကြိုးများ ပေါက်ပြဲနေခြင်း၊ ပလပ်ခေါင်းများ၏ အခြေအနေ၊ ဖြတ်ပြားသည် သေချာစွာ အထိုင်ကျ၍ နေရာကျ ခိုင်မြဲစွာ တင်းကြပ်နေခြင်း အစရှိသည်တို့ကို စစ်ဆေးပါ။
၆။ ဖြတ်နေစဉ် ဖြတ်စက်ကို သေသေချာချာ ကျကျနန ခိုင်မြဲစွာ ကိုင်ထားပါ။
၁၊ ၃၊ ၂။ ဖြတ်ပြား (Diamond cutter)
ဆောင်ရန်များ
§ ဖြတ်ပြားသည် မိမိဖြတ်မည့်ပစ္စည်းနှင့် ကိုက်ညီရမည်။
§ မတပ်ဆင်မီ အပြစ်အနာအဆာများ ရှိမရှိ ဖြတ်ပြားကို စစ်ဆေးပါ။
§ ဖြတ်ပြား၏ အမြင့်ဆုံးလည်ပတ်နှုန်းကို စစ်ပါ။ ၎င်းသည် ကျောက်စက်၏ လည်ပတ်နှုန်းထက် မနည်းစေရ။
§ ဖြတ်ပြားပေါ်မှ လည်သည့်ဘက်ကိုပြသည့်မြားသည် ကျောက်စက်ပေါ်မှ လည်သည့်ဘက်ကိုပြသည့်မြားနှင့် လားရာ အတူတူပင်ဖြစ်ရမည်။
§ အန္တရာယ်ကင်းအကာသည် အသုံးပြုသူ၏လက်နှင့် ဖြတ်ပြားအကြားတွင် အမြဲရှိနေစေရမည်။
§ စက်ကို စဖွင့်ဖွင့်ချင်း အသုံးမပြုရ။ စက်စလည်ပြီးသည်မှ အနည်းဆုံး စက္ကန့် ၃၀ ခန့်လည်နေပြီးမှ စသုံးရမည်။ ကျောက်စက်ကို မိမိပတ်ဝန်းကျင်ရှိ အခြားသူများနှင့် ဝေးရာဘက်သို့ လှည့်ထားရမည်။
§ အသုံးပြုနေစဉ်တွင်လည်း diamond cutter ဖြတ်ပြားကို မကြာခဏစစ်ဆေးနေရမည်။ လိမ်သွားသလား၊ အက်နေသလား၊ အသွားတွေ ပဲ့နေသလား စသဖြင့်။
§ ဖြတ်မည့်ပစ္စည်းကို စားပွဲစသဖြင့် ခိုင်မာသည့်နေရာတွင် မြဲမြံစွာ တုပ်နှောင်ထားရမည်။ လက်နှင့်ကိုင်ထားပြီး (သို့) ခြေထောက်နှင့်နင်းပြီး ဖြတ်တာမျိုး မလုပ်ပါနှင့်။ ဖြတ်ပြီးပြတ်ကျသွားမည့် အပိုင်းသည် အောက်သို့ အန္တရာယ်ကင်း ဘေးကင်း ကျသွားစေရမည်။ အောက်တွင် တစ်ခုခုရှိမနေပါစေနှင့်။
§ ဖြတ်နေစဉ် အသွားကို ဖြတ်နေသည့်နေရာတွင် ထောင့်တစ်ခုတည်း၌ တည်ငြိမ်စွာ ကိုင်ထားရမည်။ ထောင့်စောင်း သွားခြင်း၊ လိမ်သွားခြင်း၊ တုန်သွားခြင်း၊ ခုန်သွားခြင်း မဖြစ်စေရန် အထူးသတိပြုပါ။ အကယ်၍ ဖြတ်ပြားသည် တစ်ခုခုနှင့် တိုက်မိ၍ ခုန်ထွက်လာလျှင် လက် (သို့) ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုကို ဖြတ်မိတတ်သည်။
ရှောင်ရန်များ
§ အကာ (Safe Guard) မရှိလျှင် ဖြတ်စက်ကို မသုံးပါနှင့်။
§ Diamond cutter ဖြတ်ပြားသည် လိမ်နေလျှင်၊ အက်နေလျှင်၊ ကွဲနေလျှင် အသုံးမပြုပါနှင့်။
§ ဖြတ်ပြားပေါ်၌ ဖော်ပြထားသည့် လည်ပတ်နှုန်းထက် ပိုမသုံးရ။
§ ကျောက်စက်ကို စတင်ခလုတ်ဖွင့်သည့်အခါ သတိဝီရိယနှင့် ဖွင့်ပါ။ စက်အနီးအနား၌ မည်သူ တစ်ဦးတစ်ယောက် မှ ရှိမနေပါစေနှင့်။
§ ဖြတ်ပြီးသွားသည့်အခါ စက်ကို အလိုအလျောက် အရှိန်သတ်သွားပါစေ။ အသွားကို တစ်ခုခုနှင့် တိုက်လျက် အားဖြင့် ရပ်စေတာမျိုး မလုပ်ရ။ ဖြတ်ပြီးပြီးချင်း အသွားကို လက်နှင့်မကိုင်ရ။ အသွားသည် အလွန်ပူနေသဖြင့် လက်ကို အပူလောင်တတ်သည်။
§ အနီးအနား၌ မီးလောင်နိုင်/ပေါက်ကွဲစေနိုင်သည့် ဓာတ်ဆီ/ဒီဇယ်စသည့် အရည်များ/အငွေ့များရှိနေပါက ဖြတ်စက် မသုံးပါနှင့်။ ဖြတ်တောက်ရာမှ ထွက်လာသည့် မီးပွားများကြောင့် မီးလောင်/ပေါက်ကွဲနိုင်သည်။
၁၊ ၃၊ ၃။ ဖြတ်တောက်ခြင်း
§ အသွားနက်နက်ဖြင့် မနားဘဲ ဆက်တိုက်ဖြတ်သွားခြင်းမျိုး မပြုပါနှင့်။ ဖြတ်လိုက်၊ အနည်းငယ် နောက်ဆုတ်ပြီး ခေတ္တနားလိုက် စသဖြင့် ဖြတ်သွားခြင်းဖြင့် အသွားကို အပူလွန်ခြင်းမှ ကာကွယ်နိုင်သည်။
§ အလွန်နက်စွာ မဖြတ်ပါနှင့်။ ၂၅ မမ (သို့) ၃၂ မမ ထက် ပိုမနက်ပါစေနှင့်။
§ ဖြတ်သည့်အခါ ပြီးလိုဇောနှင့် စက်ကို အလွန်ဖိအားသုံး၍ မဖြတ်ပါနှင့်။ အလွန်ဖိခြင်းကြောင့် အသွားတွင် မလို အပ်ဘဲ အပူပိုလာစေသည်။ အသွားတုံးလာစေသည်။ ဖြတ်နိုင်အား ကျလာသည်။
§ အဖြောင့်သာ ဖြတ်နိုင်သည့် ဖြတ်ပြားကို အကွေးများဖြတ်ရန် မသုံးပါနှင့်။
§ ဖြတ်သည့်အခါ အသွားကို အေးသွားစေရန် မကြာခဏ နားရန်လိုပါသည်။ ဖြတ်ရမည့်ပစ္စည်းမာလေ နားရမည့် အကြိမ်အတွက် များလေ ဖြစ်၏။
§ အလွန်မာသည့်ပစ္စည်းများသည် အသွားကို အတုံးမြန်စေ၏။ ထို့ကြောင့် မာသည့်ပစ္စည်းများကို ဆက်တိုက်မဖြတ် ဘဲ ကြားတွင် ပျော့သည့်ပစ္စည်းများကို အနည်းငယ်ဖြတ်ပေးခြင်းဖြင့် အသွားများကို ပြန်ထက်လာစေသည်။
၁၊ ၃၊ ၄။ ကျောက်စက်နှင့် အလုပ်လုပ်ရာတွင် ဝတ်ဆင်ရန်လိုသည့် တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းများ
ဦးခေါင်းအကာအကွယ် (ဦးထုပ်အမာ) | နားအကာအကွယ် (နားကြပ်) | |||
မျက်လုံးအကာအကွယ် (မျက်မှန်) | အသက်ရှူလမ်းကြောင်း အကာအကွယ် (ဖုံကာ) | |||
လက်အကာအကွယ် (လက်အိတ်) | ခြေထောက်အကာအကွယ် (ဖိနပ်) |
၂။ ဖိုက်ဘာကျောက်ပြား (Abrasive Wheel)(Grinding Disc)
Diamond cutter အပြင် ဖြတ်ပြားနောက်တစ်မျိုးမှာ စားစေပြီးဖြတ်သည့် ဖိုက်ဘာဖြတ်ပြား (Abrasive Cutting Disc) ဖြစ်၏။ ဖိုက်ဘာဖြတ်ပြားကို များသောအားဖြင့် အလူမီနီယမ်အောက်ဆိုဒ် (Aluminium Oxide) ဖြင့် ပြုလုပ်ထား၏။ သံ၊ ဒန်၊ ကြေး၊ ဇင့် စသည့်သတ္တုများ၊ သတ္တုမဟုတ်သည့် ပလတ်စတစ်၊ ကျောက်ပြား၊ ကြွေပြား စသည်တို့ကိုဖြတ်ရန် သုံး၏။
စားစေသည့်အပြား (ကျောက်ပြား) (Abrasive wheel) ကို ရာဘာ (rubber), ရှဲလက် (shellac), ဆီလီကိတ် (silicate) စသည့် အတုံးကလေးများကို ရောစပ်လျက် ပြုလုပ်ထား၏။ ကျောက်ပြားသည် ကွဲလွယ်၏။ ဆင်ဆင်ခြင်ခြင် မသုံးပါက ကွဲပြီး ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာ ရစေနိုင်၏။ ထို့ကြောင့် ထိုအပြားကို အသုံးပြုရာတွင် အန္တရာယ်ကင်းရေး စည်းမျဉ်းများ ကို အထူးလိုက်နာရန် လို၏။
အသုံးများသော Cutting Disc မှာ အတွင်းအပေါက် ၁၆ မီလီမီတာ (16 mm bore) နှင့် အပြင်ဘက်အချင်း ၄ လက်မခွဲ ရှိသည့် အပြားဖြစ်၏။ အရွယ်ကို 115 x 1.0 x 22.2 mm (4.5” x 1/24” x 7/8”) ဟု ဖော်ပြ၏။ ထို့ကြောင့် ထိုဖြတ်ပြား၏ အရွယ်အစားမှာ အပြင်ဘက်အချင်း ၁၁၅ မမ၊ အပြားအထူ - ၁ မမ, အတွင်းဘက်အပေါက် ၂၂.၂ မမ ဖြစ်၏။
အောက်ပါတို့မှာ ဈေးကွက်ထဲ၌ ရနိုင်သော Cutting Disc အရွယ်များ ဖြစ်၏။ ဤ၌ဖော်ပြထားသည့် အရွယ်အစားများမှာ ဖြတ်ပြားဝိုင်း၏ အပြင်ဘက်အချင်း ဖြစ်၏။
Standard Sizes of Cutting Discs (Diameter of Cutting Disc)
115 mm = 4.5 inches (Standard size)
125 mm = 5 inches
150 mm = 6 inches
180 mm = 7 inches
230 mm = 9 inches
ကြီးမားသောပိုက်များ၊ သံယက်မကြီးများ၊ ကွန်ကရိကြမ်းခင်းများနှင့် ကြိုတင်ပုံသွန်း ကွန်ကရိနံရံများကို ဖြတ်ရန် အချင်း ၉ လက်မရှိသော ဖြတ်ပြားကြီးများလည်း ရှိ၏။ အရွယ်မှာ အချင်း 230mm, အထူ 1.9mm, အလယ်ပေါက် 22.2 mm (9” x 5/64” x 7/8”), အမြန်နှုန်း 80 M/S, အများဆုံးလည်ပတ်နှုန်း Max RPM: 6600 ဖြစ်၏။
ထူသည့်သတ္တုပြားစသည်တို့ကို ဖြတ်ရန် သေးငယ်သည့် ဖြတ်ပြားကို မသုံးပါနှင့်။ ဥပမာအားဖြင့် ၃ လက်မထူသည့် ကွန်ကရိပြားကိုဖြတ်လိုလျှင် ၇ လက္မ ဖြတ်ပြားကို သုံးပါ။
သေးငယ်သည့် ပစ္စည်းများကို ဖြတ်ရန်အတွက်လည်း ကြီးမားသည့် ဖြတ်ပြားကြီးများ မသုံးပါနှင့်။ အလွန်အန္တရာယ်များ၏။ ဥပမာ - ၂ မမ သာထူသည့် သံပြားကိုဖြတ်ရန် အချင်း ၄.၅ လက္မအဝိုင်းပြားကိုသုံးပါ။
၂၊ ၁။ ကျောက်ပြားထုတ်လုပ်ခြင်းအတွက် စံနှုန်းများ
Abrasive Cutting Disc ထုတ်သည့် standard မှာ EN12413 ဖြစ်၏။
ကျောက်ပြားနှင့်ပတ်သက်သည့် စံနှုန်း အများအပြားရှိသည့်အနက် ISO 603 တစ်ခုတည်း၌ပင် အပိုင်း (၁၈) ပိုင်းရှိ၏။ ၎င်းတို့မှာ -
Part 1: Grinding wheels for external cylindrical grinding between centres
Part 2: Grinding wheels for centreless external cylindrical grinding
Part 3: Grinding wheels for internal cylindrical grinding
Part 4: Grinding wheels for surface grinding/peripheral grinding
Part 5: Grinding wheels for surface grinding/face grinding
Part 6: Grinding wheels for tool and tool room grinding
Part 7: Grinding wheels for manually guided grinding
Part 8: Grinding wheels for deburring and fettling/snagging
Part 9: Grinding wheels for high-pressure grinding
Part 10: Stones for honing and superfinishings
Part 11: Hand finishing sticks
Part 12: Grinding wheels for deburring and fettling on a straight grinder
Part 13: Grinding wheels for deburring and fettling on a vertical grinder
Part 14: Grinding wheels for deburring and fettling/snagging on an angle grinder
Part 15: Grinding wheels for cutting-off on stationary or mobile cutting-off machines
Part 16: Grinding wheels for cutting-off on hand-held power tools
Part 17: Spindle mounted wheels (ISO type 52)
Part 18: Grinding wheels for flat glass edge grinding machines
ကျောက်ပြားနှင့်ပတ်သက်သည့် စံနှုန်းများမှာ အောက်ပါတို့ဖြစ်၏။ (ထို့ထက်လည်း ပိုနိုင်ပါသည်။)
Bonded abrasive products — Shape types, designation and marking |
Bonded abrasive products — Dimensions — Part 1: Grinding wheels for external cylindrical grinding between centres |
Bonded abrasive products — Dimensions — Part 1: Grinding wheels for external cylindrical grinding between centres — Technical Corrigendum 1 |
Bonded abrasive products — Dimensions — Part 2: Grinding wheels for centreless external cylindrical grinding |
Bonded abrasive products — Dimensions — Part 2: Grinding wheels for centreless external cylindrical grinding — Technical Corrigendum 1 |
Bonded abrasive products — Dimensions — Part 3: Grinding wheels for internal cylindrical grinding |
Bonded abrasive products — Dimensions — Part 3: Grinding wheels for internal cylindrical grinding — Technical Corrigendum 1 |
Bonded abrasive products — Dimensions — Part 4: Grinding wheels for surface grinding/peripheral grinding |
Bonded abrasive products — Dimensions — Part 4: Grinding wheels for surface grinding/peripheral grinding — Technical Corrigendum 1 |
Bonded abrasive products — Dimensions — Part 5: Grinding wheels for surface grinding/face grinding |
Bonded abrasive products — Dimensions — Part 5: Grinding wheels for surface grinding/face grinding — Technical Corrigendum 1 |
Bonded abrasive products — Dimensions — Part 6: Grinding wheels for tool and tool room grinding |
Bonded abrasive products — Dimensions — Part 6: Grinding wheels for tool and tool room grinding — Technical Corrigendum 1 |
Bonded abrasive products — Dimensions — Part 7: Grinding wheels for manually guided grinding |
Bonded abrasive products — Dimensions — Part 7: Grinding wheels for manually guided grinding — Technical Corrigendum 1 |
Bonded abrasive products — Dimensions — Part 8: Grinding wheels for deburring and fettling/snagging on stationary machine |
Bonded abrasive products — Dimensions — Part 9: Grinding wheels for high-pressure grinding |
Bonded abrasive products — Dimensions — Part 10: Stones for honing and superfinishings |
Bonded abrasive products — Dimensions — Part 10: Stones for honing and superfinishings — Technical Corrigendum 1 |
Bonded abrasive products — Dimensions — Part 11: Hand finishing sticks |
Bonded abrasive products — Dimensions — Part 11: Hand finishing sticks — Technical Corrigendum 1 |
Bonded abrasive products — Dimensions — Part 12: Grinding wheels for deburring and fettling on a straight grinder |
Bonded abrasive products — Dimensions — Part 12: Grinding wheels for deburring and fettling on a straight grinder — Technical Corrigendum 1 |
Bonded abrasive products — Dimensions — Part 13: Grinding wheels for deburring and fettling on a vertical grinder |
Bonded abrasive products — Dimensions — Part 13: Grinding wheels for deburring and fettling on a vertical grinder — Technical Corrigendum 1 |
Bonded abrasive products — Dimensions — Part 14: Grinding wheels for deburring and fettling/snagging on an angle grinder |
Bonded abrasive products — Dimensions — Part 15: Cutting-off wheels on stationary or mobile cutting-off machines |
Bonded abrasive products — Dimensions — Part 16: Cutting-off wheels on hand held power tools |
Bonded abrasive products — Dimensions — Part 17: Spindle mounted wheels (ISO type 52) |
Bonded abrasive products — Dimensions — Part 18: Grinding wheels for flat glass edge grinding machines |
Machine tools — Mounting of grinding wheels by means of hub flanges |
Coated abrasives — Cylindrical sleeves |
Coated abrasives — Abrasive belts — Selection of width/length combinations |
Coated abrasives — Abrasive rolls |
Coated abrasives — Flap wheels with shaft |
Coated abrasives — Flap wheels with shaft — Amendment 1 |
Coated abrasives — Flap wheels with incorporated flanges or separate flanges |
Bonded abrasive products — Permissible unbalances of grinding wheels as delivered — Static testing |
Superabrasive products — Rotating grinding tools with diamond or cubic boron nitride — General survey, designation and multilingual nomenclature |
Abrasive products — Checking the grain size of superabrasives |
Coated abrasives — Determination and designation of grain size distribution — Part 2: Macrogrit sizes P12 to P220 |
Coated abrasives — Determination and designation of grain size distribution — Part 3: Microgrit sizes P240 to P5000 |
Bonded abrasives — Determination and designation of grain size distribution — Part 1: Macrogrits F4 to F220 |
Bonded abrasives — Determination and designation of grain size distribution — Part 2: Microgrits F230 to F2000 |
Abrasive grains — Determination of bulk density — Part 1: Macrogrits |
Abrasive grains — Determination of bulk density — Part 2: Microgrits |
Abrasive grains — Sampling and splitting |
Abrasive grains — Test-sieving machines |
Abrasive grains and crude — Chemical analysis of fused aluminium oxide |
Abrasive grains and crude — Chemical analysis of silicon carbide |
Bonded abrasive products — Limit deviations and run-out tolerances |
Coated abrasives — Flap discs |
Back-up pads for vulcanized fibre discs |
Holding fixtures of cylindrical abrasive sleeves — Part 1: Holding fixtures with shank for hand-held grinding machines |
Holding fixtures of cylindrical abrasive sleeves — Part 2: Holding fixtures for stationary machines |
Coated abrasives — Vulcanized fibre discs |
Clamping flanges for superabrasive cutting-off wheels — Part 1: Natural stone |
Clamping flanges for superabrasive cutting-off wheels — Part 2: Building and construction |
Blanks for superabrasive cutting-off wheels — Mounting and fixing bores — Building construction and civil engineering |
Coated abrasives — Plain sheets |
Coated abrasives — Plain sheets with holes for dust extraction |
Coated abrasives — Plain discs |
Coated abrasives — Plain discs with holes for dust extraction |
Precision superabrasives — Limit deviations and run-out tolerances for grinding wheels with diamond or cubic boron nitride |
၂၊ ၂။ ကျောက်ပြားပေါ်မှ သင်္ကေတများကို နားလည်ခြင်း
ကျောက်ပြားကို သတ်မှတ်ရာ၌ အောက်ပါအချက်များကို ဖော်ပြ၏။
၁။ အမျိုးအစား
၂။ အရွယ်
၃။ အသေးစိတ်ဖော်ပြချက်
၄။ အလုပ်လုပ်ရာ၌ အများဆုံးရှိနိုင်သည့် မြန်နှုန်း
၅။ အသုံးမပြုရန် ကန့်သတ်ချက်
၆။ အန္တရာယ်ကင်းရေးနှင့် မပတ်သက်သည့် အခြားအချက်များ
ကျောက်ပြားအမျိုးအစားမှာ ISO က သတ်မှတ်ပေးထားသည့် နံပါတ်များဖြစ်၏။ ဥပမာ - ISO Type 52 သည် Spindle Mounted Wheel ဖြစ်၏။
ကျောက်ပြား၏ အရွယ်ကို အချင်း x အထူ x အပေါက် မီလီမီတာတို့ဖြင့်ပြ၏။ ဥပမာ - 230 x 3 x 22.2 mm ဖြစ်လျင် ထိုကျောက်ပြားသည် အချင်း ၂၃၀ မမ x အထူ ၃ မမ x အပေါက် ၂၂.၂ မမ ဖြစ်၏။
ကျောက်ပြားပေါ်မှ အန္တရာယ်ကင်းရေးနှင့် မသက်ဆိုင်သော အခြား ဖော်ပြချက်များတွင် အောက်ပါတို့ ပါဝင်၏။
ထုတ်လုပ်သူအမည်/ကုန်အမှတ်တံဆိပ်
စမ်းသပ်မှုမှတ်တမ်း/လိုက်နာသည့် စံနှုန်း
အော်ဂဲနစ်ကော်သုံးအပြား (Organic bonded wheel) ဖြစ်ပါက သက်တမ်းကုန်မည့်ရက် (ထုံးစံအားဖြင့် ထုတ်လုပ်သည့်ရက်စွဲမှ ၃ နှစ်)
Traceable code number: ၎င်းက ကျောက်ပြား ထုတ်လုပ်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြသည်။
တပ်ဆင်ရမည့် မြား၊ ၎င်းက အပြား၏ အလေးဆုံးအပိုင်းကို ညွှန်ပြသည်။ ကျောက်ပြားကို တပ်ဆင်သည့်အခါ မြားသည် အောက်ကို စိုက်နေရမည်။
၂၊ ၃။ ကျောက်ပြားကို ပြုလုပ်ထားပုံ
ကျောက်ပြားထုတ်လုပ်သည့် အသေးစိတ်အချက်အလက်များကို အက္ခရာနှင့်ဂဏန်းတို့ဖြင့် ပေါင်းစပ်ဖော်ပြ၏။
ဥပမာ - WA 60 K 7 V
၎င်းက အသုံးပြုထားသည့် စားစေသည့်ပစ္စည်း၊ ကျောက်ခဲအရွယ်၊ အဆင့်၊ ဖွဲ့စည်းပုံနှင့် ကော်သုတ်ခြင်းအမျိုးအစား တို့ကို ဖော်ပြ၏။ ဤတွင်အသုံးပြုသည့် အက္ခရာနှင့် ဂဏန်းများ တန်ဘိုး ရှင်းလင်းချက်ကို အောက်ပါဇယား၌ ဖော်ပြထား၏။
ဥပမာ | အမှတ်အသား | အမှတ်အသား ကုဒ်နံပါတ် |
WA | Abrasive Material (စားစေသည့် ပစ္စည်း) | A – regular aluminium oxide (ပုံမှန် အလူမီနီယမ်အောက်ဆိုဒ်) WA – white aluminium oxide (အလူမီနီယမ်အောက်ဆိုဒ် အဖြူ) 19A – mixture of A and WA (A နှင့် WA အရော) SD – synthetic diamond (လူလုပ်စိန်) ASD – synthetic diamond, metal coating FA – semi-friable aluminium oxide PA – pink aluminium oxide (ပန်းရောင် အလူမီနီယမ်အောက်ဆိုဒ်) SA (HA) – single crystal aluminium oxide 23A – mixture of A and SA AZ – zirconium oxide (ဇာကိုနီယမ်အောက်ဆိုဒ်) C – black silicon carbide (ဆီလီကွန်ကာဘိုက် အနက်) GC – green silicon carbide (ဆီလီကွန်ကာဘိုက် အစိမ်း) RC – mixture of C and GC (C နှင့် GC အရော) |
60 | Grit Size | (Coarse) 10, 12, 14, 16, 20 etc. to 600, 800, 100, 1200 (Fine) နံပါတ်နည်းလေ ကျောက်ကြမ်းလေ၊ နံပါတ်ကြီးလေ ကျောက်မှုန်လေ ဖြစ်၏။ |
K | Grade | (Soft) A, B, C, D, E etc. through to V, W, X, Y, Z (Hard) A, B, C ဘက်ရောက်လေ ပျော့လေ၊ X, Y, Z ဘက်ရောက်လေ မာလေ ဖြစ်၏။ |
7 | Structure | (Dense) 1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14 (Open) ဂဏန်းငယ်လေ သိပ်သည်းလေ၊ ဂဏန်းကြီးလေ ပွလေ ဖြစ်၏။ |
V | Bond Type | V – vitrified B – resinoid R – rubber (ရာဘာ) O – MgO E – epoxy (အီပေါက်စီ) M – metal (သတ္တု) EP – electroplated |
ထို့ကြောင့် WA 60 K 7 V ဖော်ပြချက်ကို ရှင်းပြရလျှင် အောက်ပါအတိုင်းဖြစ်၏။
WA = အလူမီနီယမ်အောက်ဆိုဒ် အဖြူ
60 = အထဲ၌ပါဝင်သည့် ကျောက်တုံးအရွယ်အစားမှာ 60 ဖြစ်၍ ခမ်းကြမ်းကြမ်း ကျောက်တုံးကလေးများဖြစ်၏။
K = ကျောက်ပြား၏မာနှုန်းမှာ အလယ်အလတ် ဖြစ်၏။
7 = ကျောက်ပြား သိပ်သည်းမှု အလယ်အလတ် ဖြစ်၏။
V = ကျောက်တုံးကလေးများကို ကော်ကပ်တွဲစပ်ထားပုံမှာ vitrified ဖြစ်၏။
မှတ်ချက်။ ။ vitrified ဆိုသည်မှာ ကြွေထည် (သို့) မှန်ကဲ့သို့သော ပစ္စည်းလေးများသုံးလျက် စားစေသည့်ပစ္စည်း (ဤကျောက်ပြားတွင် အလူမီနီယမ်အောက်ဆိုဒ်) ကို တွဲစပ်ပေးထားခြင်း ဖြစ်၏။
ကျောက်ပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် စားစေသည့်ပစ္စည်း၊ ကျောက်ခဲအရွယ်၊ အဆင့်၊ ဖွဲ့စည်းပုံနှင့် ကော်သုတ်ခြင်း အမျိုးအစားတို့မှာ ထုတ်လုပ်သူတစ်ဦးနှင့်တစ်ဦး မတူ၊ ကွဲပြားပါသည်။ ကျောက်ပြားပေါ်၌ ဖော်ပြထားသည့် သင်္ကေတ များ၏ အဓိပ္ပာယ်ကို အထက်ပါဇယား၌ ရှင်းပြထား၏။
၂၊ ၄။ ကျောက်ပြား၏ အမြန်နှုန်း
ကြီးမားသောကျောက်ပြား (၈၀ မမ အထက်) ကို အသုံးပြုနိုင်သည့် အမြင့်ဆုံးမြန်နှုန်းကို နှစ်မျိုးဖြင့် ဖော်ပြ၏။
၁။ အစွန်းမျက်နှာပြင်မြန်နှုန်း (တစ်စက္ကန့်လျှင် မီတာမည်မျှ = meter per second = m/s) ဖြင့် ဖော်ပြ၏။ ဥပမာ - 80 m/s
၂။ လည်ပတ်နှုန်း (တစ်မိနစ်လျှင် ဘယ်နှစ်ပတ်လည်သည် = revolutions per minute = rpm) ဥပမာ - 8500 rpm
၈၀ မမ ထက်ငယ်သော ကျောက်ပြားများတွင် လည်နှုန်းကို သီးသန့်ဖော်ပြထားရာ ၎င်းကို သီးသန့်သိမ်းထားသင့်၏။
မြန်နှုန်းမြင့်ကျောက်ပြားများတွင် အမြင့်ဆုံး မျက်နှာပြင်မြန်နှုန်း (max. surface speed) ကို အောက်ပါအတိုင်း အရောင် ဖြင့် ခွဲ၏။ အမြန်နှုန်းအတွက် အရောင်အစင်းကို အလယ်ပေါက်ကို ကန့်လန့်ဖြတ်လျက် ဖော်ပြထား၏။
အမြန်နှုန်း (m/s) | အရောင် |
50 m/s | အပြာရောင် |
60 m/s | အဝါရောင် |
80 m/s | အနီရောင် |
100 m/s | အစိမ်းရောင် |
125 m/s | အပြာ/အဝါ |
၂၊ ၅။ ကျောက်ပြားသုံးစွဲမှုအတွက် ကန့်သတ်ချက်
ကျောက်ပြားကို မှန်မှန်ကန်ကန် မသုံးပါက ကွဲနိုင်သည့် အန္တရာယ်ရှိ၏။ ထို့ကြောင့် ကျောက်ပြားပေါ်တွင် မည်သည့် အရာများအတွက် မသုံးရဟု ကန့်သတ်ချက်များ ပါ၏။
ကန့်သတ် Code No. | အဓိပ္ပာယ် |
RE1 | လက်ကိုင်နှင့် လူကထိန်းချုပ်အသုံးပြုသည့် ကျောက်စက်များအတွက် ခွင့်မပြု။ |
RE2 | လက်ကိုင်ဖြတ်စက်များအတွက် ခွင့်မပြု။ |
RE3 | အစိုကျောက်စက်တိုက်ခြင်းအတွက် ခွင့်မပြု။ |
RE4 | လုံးဝပိတ်ထားသည့် အလုံပိတ်ဧရိယာ၌သာ ခွင့်ပြုသည်။ |
RE6 | မျက်နှာပြင် ကျောက်စားခြင်းအတွက် ခွင့်မပြု။ |
၂၊ ၆။ ကျောက်ပြားအမျိုးအစား အမျိုးမျိုး
ဈေးကွက်အတွင်း၌ ကျောက်ပြားအမျိုးအစားပေါင်းများစွာ ရနိုင်ပါသည်။ မိမိလုပ်ငန်းနှင့် ကိုက်ညီမည့် ကျောက်ပြား အမျိုးအစားများကို ရွေးချယ် ဝယ်ယူရပါမည်။ အောက်တွင် ကျောက်ပြားနမူနာအချို့ကို ဖော်ပြထားပါသည်။
ကျောက်ပြားကိုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ
§ The material being ground (ကျောက်စားရမည့် ပစ္စည်း)
§ The severity of the operation (လုပ်ငန်း ပြင်းထန်မှု)
§ The required finish and form accuracy (နောက်ဆုံး ကျောက်စက်စားပြီး ရှိရမည့် မျက်နှာပြင် ချောမွတ်မှု)
§ The area of contact (ထိရမည့်မျက်နှာပြင်ဧရိယာ)
§ The wheel speed (ဘီးအမြန်နှုန်း)
§ The coolant use (အသုံးပြုမည့် အအေးခံအရည် အမျိုးအစား)
§ The machine/spindle horsepower (စက်၏မြင်းကောင်ရေအား)
၃။ Flap Disc
ကျောက်စက်တိုက်ခြင်း၊ မျက်နှာပြင်ကို ချောမွေ့အောင်လုပ်ခြင်း၊ ပစ္စည်းများကို ပုံဖော်ခြင်းစသည့် လုပ်ငန်းများအတွက် လုပ်ငန်းခွင်၌ Flap disc ကိုရော Grinding disc ကိုပါ နှစ်မျိုးစလုံး အသုံးပြုကြ၏။ သို့သော် Flap disc နှင့် Grinding disc မှာ တည်ဆောက်ပုံ၊ သုံးထားသည့် ပစ္စည်းတို့ မတူသည်သာမက အသုံးရည်ချင်းလည်း မတူပါ။
Flap disc သည် ကော်ပတ်ပြား (sanding disc) နှင့် ကျောက်ပြား (grinding disc) တို့ကြား၌ ရှိ၏။ Flap disc မှာ ကော်ပတ်ပြားကလေးများကို တစ်ခုနှင့်တစ်ခုထပ်လျက် တောင့်တင်းသော အပြားပေါ်တွင် ခိုင်မြဲစွာ တွယ်ကပ်ထားခြင်း ဖြစ်၏။ စားလိုက်သည့်အခါ အပေါ်ဘက်မှ ကော်ပတ်ပြားကလေးများ စားသွားပြီး အောက်မှ ကော်ပတ်ပြားကလေးများ ထပ်မံပေါ်ထွက်လာခြင်းဖြင့် စားသည့်အရည်အသွေးကို ဆက်လက်ထိန်းသိမ်းထားနိုင်၏။
Flat disc များတွင်လည်း အမျိုးမျိုးရှိ၏။ စားစေသည့်ပစ္စည်း (ဥပမာ - ဇာကိုနီယာ၊ အလူမီနီယမ်အောက်ဆိုဒ်၊ ကြွေစသည်) ကွာသွားသကဲ့သို့ အလူမီနီယမ်ပစ္စည်းများကိုစားရန် အပေါ်မှ ကယ်လစီယမ်အုပ်ထားသည့် အပြားလည်းရှိ၏။ ထောင့်များကို ဆော်ထားသည့် Fillet weld များကို ပွတ်စားရန် နှုတ်ခမ်းလုံးထားသည့် အပြားလည်း ရနိုင်၏။
Flat Disc ၏ ကောင်းကျိုးများ
Flat Disc ကို ကြမ်းတမ်းသည့် မျက်နှာပြင်များကို ချောမွေ့စေရန် ကျောက်စားရန်အတွက် သော်လည်းကောင်း၊ သတ္တု ထည်များကို ဖြတ်တောက်ပြီး ကျန်နေသည့် သတ္တုစကလေးများကို ဖယ်ရှားပြီး ချောသွားစေရန် အတွက်သော် လည်းကောင်း၊ ဂဟေသားမျက်နှာပြင်များ ပြောင်လက် ချောမွေ့သွားစေရန်အတွက်သော် လည်းကောင်း အသုံးပြုကြ၏။
Flat Disc အရွယ်အစားအမျိုးမျိုးရှိရာ မိမိလုပ်ငန်းနှင့် သင့်တော်မည့်အရွယ်ကို ရွေးချယ်အသုံးပြုနိုင်၏။ Grinding disc နှင့် စာလျင် flat disc က ပိုပြီး အပူထွက်နှုန်းနည်း၏။ ထို့ကြောင့် ပိုပျော့သည့် ဒန်/ကြေးကဲ့သို့သော (အပူထွက်လျင် အရောင် ပြောင်းသွားနိုင်သည့် သတ္တုများ) အတွက် အထူးသင့်တော်၏။ ထို့ပြင် Flat disc မှာ ကော်ပတ်ပြားကလေး များစွာကို ထပ်ထားခြင်းဖြစ်သည့်အတွက် ထပ်ထားသည့် ကော်ပတ်ပြားကလေးများ လုံးဝကုန်သွားသည်ထိ အရည်အသွေးကျမသွား စေဘဲ တိုက်စားနိုင်၏။ ထို့ပြင် ကျောက်ပြားနှင့်စာလျင် စားပြီးသွားသည့်အခါ မျက်နှာပြင်ချောမွေ့နှုန်း ပိုကောင်း၏။
Flat disc တွင် T27 နှင့် T29 ဟု အမျိုးအစားနှစ်မျိုးရှိ၏။ T27 မှာ မျက်နှာပြင်အပြန့် (Flat) ဖြစ်ပြီး ပြန့်ပြူးသော မျက်နှာ ပြင်များကို တိုက်စားရန် သင့်တော်၏။ T29 မှာ မျက်နှာပြင်ကို အနည်းငယ် စောင်းထား၏။ မညီညာသည့် မျက်နှာပြင်၊ ကွေးနေသည့်မျက်နှာပြင်များအတွက် သင့်တော်၏။
Flat disc ကို ရွေးချယ်ရာတွင် မိမိစားမည့် မျက်နှာပြင်အမျိုးအစား၊ တပ်ဆင်မည့်စက်အမျိုးအစားနှင့် စက်လည်ပတ်နှုန်း စသည်တို့အပေါ်မူတည် ရွေးချယ်ရပါသည်။
Cutting disc နှင့် Grinding Disc တို့အကြောင်း သိကောင်းစရာ ပြီးပါပြီ။
No comments:
Post a Comment