Sunday, August 23, 2015

Incident နှင့် Accident

အမေရိကန် OGP (International Association of Oil & Gas Producers) ၏ “Glossary of HSE terms” စာအုပ်တွင် Incident နှင့် Accident ကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထား၏။
Incident: An event or chain of events which has caused or could have caused injury, illness and/or damage(loss) or assets, the environment or third parties.
Accident: Any event which results in injury, and/or damage and/or loss.

အဘိဓာန်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Cambridge Dictionary Online

Incident :  an event that is either unpleasant or unusual
Accident : something bad that happens that is not expected or intendedand that often damages something  
               or injures someone

Merriam-Webster Dictionary

Incident :  an unexpected and usually unpleasant thing that happens
: an event or disagreement that is likely to cause serious problems in relations between countries
: something dependent on or subordinate to something else of greater or principal importance
Accident : a sudden event (such as a crash) that is not planned or intended and that causes damage or injury
: an event that is not planned or intended : an event that occurs by chance
: an unforeseen and unplanned event or circumstance
: an unfortunate event resulting especially from carelessness or ignorance
: lack of intention or necessity :  chance accident
 rather than by design>
 : an unexpected happening causing loss or injury which is not due to any fault or misconduct on the part of
    the person injured but for which legal relief may be sought

Longman English Dictionary Online

Incident :  an event, especially one that is unusual, important, or violent
Accident : a situation in which someone is injured or something is damaged without anyone intending them to be
: something that happens without anyone planning or intending it

မှတ်ချက်။            ။ စင်ကာပူမှ Safety Law များတွင် Incident ကိုသာ အဓိပ္ပာယ်ဖွင့်ဆိုထားပြီး accident ဟူသည် အဘယ်နည်းဟု တိတိကျကျဖော်ပြထားတာ မတွေ့ရပါ။

            ခြုံ၍ဆိုရလျှင် Incident နှင့် Accident ကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်နိုင်ပါသည်။

Incident

ရည်ရွယ်မထားသော၊ မလိုလားအပ်သော အဖြစ်အပျက်တို့ မထင်မှတ်ဘဲ ဖြစ်ခြင်း။ ထိုအဖြစ်အပျက်ကြောင့် ပစ္စည်းများ ပျက်စီးနိုင်သည်။ တစ်စုံတစ်ဦးကို ထိခိုက်ဒဏ်ရာရစေနိုင်သည်။ သေကျေပျက်စီးစေနိုင်သည်။



Accident

တစ်စုံတစ်ရာသောအကြောင်းကြောင့်သော်လည်းကောင်း၊ လူတစ်ဦးတစ်ယောက်၏ ပေါ့ဆမှုကြောင့်သော်လည်းကောင်း မထင်မှတ်သော အဖြစ်အပျက်တို့ ရုတ်တရက်ဖြစ်ပျက်ခြင်း။ ထိုအဖြစ်အပျက်ကြောင့် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ ပျက်စီးမှုတို့ ဖြစ်သည်။

Accident အားလုံးသည် incident ဖြစ်၏။ သို့သော် Incident အားလုံးမှာ accident မဟုတ်ဟုလည်း ဆိုကြ၏။ အဘယ်ကြောင့်ဆိုသော် incident တစ်ခုဖြစ်လျှင် လူကို ထိခိုက်ချင်လည်း ထိခိုက်မည်။ ထိုခိုက်ချင်မှလည်း ထိခိုက်မည်။ သို့သော် accident ကမူ လူကို ထိခိုက်သည်။

အတိုချုပ်အားဖြင့် အောက်ပါအတိုင်း အကြမ်းဖျဉ်း မှတ်၍ရပါမည်။

“ထင်မှတ်မထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ရာတွင် လူကိုမထိခိုက်ပါက incident, လူကိုထိခိုက်ပါက accident ဖြစ်၏။”

Near miss ဟုလည်းရှိသေး၏။ Near miss မှာလည်း incident ပင် ဖြစ်၏။ ပွတ်ကာသီကာလေး လွဲချော်သွားမှုမှာ Near miss ဖြစ်၏။ “တောက်၊ တော်သေးတာပေါ့ကွာ၊ ခေါင်းပေါ်ကျတော့မလို့၊ သီသီလေးလိုတော့တယ်” ဆိုသည်မှာ near miss ဖြစ်ပါသည်။ Near miss ဖြစ်စေ၊ incident ဖြစ်စေ။ လူကိုမထိ။ တစ်ဦးတစ်ယောက်ကို ထိခိုက်ဒဏ်ရာရခြင်း မရှိပါ။

အခြားသူများ၏ ဆွေးနွေးချက်များကို ဖတ်လိုပါသေးက Google တွင် difference between accident and incident ဟုရိုက်ထည့်လိုက် ပါ။ များစွာသော တွေးထင်ချက်များကို ဖတ်ရပါလိမ့်မည်။ သို့သော် ကိုယ့်အထင်နှင့်ကိုယ်ရေးကြခြင်းသာ ဖြစ်၍ ချင့်ချိန်ယုံရန် လိုပါသည်။

(နောက်လ ၃၀ ရက်နေ့မှာ AEIS စာမေးပွဲဖြေဘို့ သားရောက်နေလို့ စာသင်ပေးနေရတယ်။ အရင်လောက်မအားတော့ဘူးဗျို့။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၂ သြဂုတ်၊ ၂၀၁၅။ ည ၁၀း၃၈ နာရီ

No comments: