Sunday, April 25, 2010

Saturday, April 24, 2010

Quote from Bagawagita

ကမ္ဘာပေါ်ရှိ အံ့သြဘွယ်ရာအကောင်းဆုံးများ အနက်တွင် အဘယ်အရာသည် အံ့သြဘွယ် အကောင်းဆုံး ဖြစ်ပါသနည်း။

မိမိပတ်ဝန်းကျင်မှာ နေ့စဉ်နှင့်အမျှ သေဆုံးပျောက်ကွယ် နေကြသူတွေကို တွေ့မြင်နေရပါလျှက် သူ့ကိုယ်သူမူ သေရမည်ဟု မယုံကြည်သလိုနေကြခြင်းသည် အံ့သြဘွယ် အကောင်းဆုံးပင် ဖြစ်ပါသည်။

ဘဂ၀ါဂီတ

Poem (Yee Mon Hteik Htar)

ပြောင်းပြန်လောက
(၁၀-၀၄-၂၀၀၉)

ကမ္ဘာလောကကြီး ဖြစ်နေပုံများ
အံ့စရာတစ်ခုပမာ...
မြင့်မြတ်တဲ့ ယဉ်ကျေးမှုမှန်သမျှက
လမ်းဘေး အမှိုက်ပုံနားမှာ
လျှပ်ပေါ်လော်လီမှု မှန်သမျှ
အဆင့်မြင့်ကုန်တိုက်ကြီးတွေပေါ်မှာ
ဈေးနှုန်းတွေကလည်း ပြောင်းပြန်....

ဟိုနေ့ ကများ
လမ်းဘေးဈေးမှာ ချရောင်းနေတဲ့
သိက္ခာတွေကို ဈေးဆစ်နေကြပုံက
ပိုက်ဆံဈေးတွေ မြင့်တက်နေလို့ တဲ့.....။
လူတွေ လူတွေ....

အကျိုးအကြောင်းမသိဘဲ
အဆိုးအကောင်းဘဲ ပြောနေကြတယ်
တကယ်တော့ ခေတ်မီဖို့ ဆိုတဲ့ စကားနောက်မှာ
လွင့်မျောနေကြတာပေါ့.....

ငါလေ....
အကြိမ်ကြိမ်စဉ်းစား
အဖြေရှာနေမိတာ
သေချာသိလိုက်တာက
ငါတို့  အတွင်းစိတ်တွေ ပျက်စီးနေတာပါလား.....။ ။


ရည်မွန်ထိပ်ထား

Poem (Chan Nyein Aye)

၂၀၀၀ ပြည့်နှစ် ဇန္န၀ါရီလထုတ် ရယ်စရာမဂ္ဂဇင်းမှ - ချမ်းငြိမ်းအေး ၏ ကဗျာကို ပြန်လည် မျှဝေခံစားပါသည်။

မင်္ဂလာပါ
ကမ္ဘာကြီးခင်ဗျား။

ရက်အချိန် တစ်နှစ်နှောင်း
ပြက္ခဒိန် အသစ်ပြောင်း
ကောင်းကင်အသစ်
မြစ်ရေအသစ်
ပန်းတွေအသစ်
အသစ်
အသစ်တွေစီးဆင်း
လောကပြူတင်းတစ်ချပ်
ဖျပ်ကနဲ အပွင့်မှာ။

ပြီးခဲ့တာတွေ
ပြီးပါစေလား
ဆာဗီးယား ကိုဆိုဗို
ဒေါသနဲ့ အမှားတွေကို
နောင်လာမဲ့ မျိုးဆက်သစ်လက်ထဲ
တာဝန်မဲ့ ဆွဲမသွင်းသင့်ဘူး။

စစ်ပွဲတွေထားခဲ့
ရာစုနှစ်အသစ်ထဲ
ငါတို့ရဲ့ညစ်နွမ်းတဲ့ ခန္ဓာတွေ
ငါတို့ရဲ့ သိုးစော်နံနေတဲ့ အတွေးတွေ
ငါတို့ရဲ့ နေထုတ်လှမ်းဘို့ လိုအပ်တဲ့ သိက္ခာတရားတွေ
လက်ဆင့်ကမ်း သယ်ဆောင်မသွားသင့်ဘူး။

အဟောင်းတွေထားခဲ့
ရာစုအသစ်မှာ
ဖျားနာနေတဲ့ ကမ္ဘာကြီးကို ဆေးကုပေးရဦးမယ်
ပိုးကျနေတဲ့ သီးနှံတွေကို ဆေးဖြန်းပေးရဦးမယ်
ခုခံအားကျဆင်းနေတဲ့ ရာသီဥတုတွေကို သန့်စင်ပေးရဦးမယ်
မော်တာကြိုးပြတ်သွားတဲ့ မြစ်တွေကို မောင်းနှင်ပေးရဦးမယ်
ပြိုလဲနေတဲ့ ကိုယ့်အရိပ်တွေကိုလည်း
ပြန်လည် ထူမတ်ပေးရဦးမယ်။ ။

Quote of the Day

When wealth is lost,
Nothing is lost.

When health is lost,
Something is lost.

When character is lost,
Everything is lost.

Aristotle

Friday, April 9, 2010

ပိုက်ပြင် ပိုက်ဆက် လက်စွဲ (၇)












ပိုက်ပြင် ပိုက်ဆက်လက်စွဲ (၆)






















ဒီစာကို Select ပေးပြီးရေးပါ...
Type your summary here

Type rest of the post here