အားနေလို့တော့မဟုတ်ပါဘူး။ ဧပြီ  ၁၃ ရက်လောက်က အင်တာနက်စာမျက်နှာတွေပေါ်မှာ အတော်လေး
လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ သင်္ချာပုစ္ဆာ တစ်ပုဒ်ပါ။ သိပြီးတဲ့သူတွေလည်း
သိပြီးပါပြီ။ မသိသေးတဲ့သူတွေ နည်းနည်းလောက် ကြိုးစား ကြည့်လိုက်စမ်းပါ။ ၅ တန်းသင်္ချာပါတဲ့။
ကိုမင်းအောင်နဲ့ ကိုသိန်းစိုးတို့ဟာ ဧရာဝတီမဂ္ဂဇင်းရဲ့ကောင်းမှုကြောင့်
ထင်ထင်နဲ့ သယ်ရင်းတွေဖြစ်လာကြတော့ သူ့မွေးနေ့ကို သိချင်လို့မေးကြတယ်။ ကောင်မလေးက နောက်တီးနောက်တောက်ခင်ဗျ။
သူ့မွေးနေ့ကို တည့်တည့်မပြောဘဲ ဖြစ်နိုင်ချေရှိတဲ့ ရက် ၁၀ ခု ကိုပေးလိုက်တယ်။ အဲဒီရက်တွေက
-
မေလ ၁၅။                       မေလ
၁၆။                       မေလ ၁၉
ဇွန်လ ၁၇။                       ဇွန်လ
၁၈။
ဇူလိုင်လ ၁၄။                   ဇူလိုင်လ
၁၆။
သြဂုတ်လ ၁၄။                 သြဂုတ်လ
၁၅။                 သြဂုတ်လ ၁၇   - - - ရက်တို့ပါတဲ့။
နောက်ပြီး ကိုမင်းအောင်ကို လ ချည်း၊ ကိုသိန်းစိုးကို ရက်
ချည်း ပြောပါသတဲ့။ တိုးတိုးလေး သပ်သပ်စီပြောတာ။
မင်းအောင်။         ။
ငါ ထင်ထင့်မွေးနေ့ကို မသိဘူး။ ဒါပေမဲ့ သိန်းစိုးလဲမသိဘူးဆိုတာတော့ ငါသိတယ်။
သိန်းစိုး။              ။
အေး၊ ငါလဲပထမတော့ ထင်ထင့်မွေးနေ့ကို မသိဘူး။ ဒါပေမဲ့ ခု သိသွားပြီကွ။
မင်းအောင်။         ။
ဟားဟား၊ ဘာရမလဲကွာ။ ငါလဲသိပြီကွ။
ကဲ ထင်ထင့်မွေးနေ့ကို ပြောပါအုံး အစ်ကိုကာလသားတို့ရယ်။ မသိဘူးဆိုရင်တော့
ဆယ်တန်းအောင်လက်မှတ်တွေ အကုန်ပြန်အပ်ရမယ်နော့။ အဟိ။
အေးငြိမ်း
၂၉ မေ၊ ၂၀၁၅
 
 
No comments:
Post a Comment