Tuesday, August 8, 2017







သီချင်းလေးတစ်ပုဒ်ရယ် ပန်းကလေးတစ်ဆုပ်ရယ်ကို ကျွန်တော်တို့ အလွန်နှစ်သက်စွာ အော်ဆိုခဲ့ကြသည်ပဲ . . .

ကျွန်တော် ယခုအချိန်အထိ ခိုင်ထူးသီချင်းများကို နှစ်သက်စွာ နားထောင်မြဲ . . . .

သည်သီချင်းများကို ဘယ်နှစ်ခါပြန်နားထောင်ထောင် ရိုးသွားသည်မရှိ အီသွားသည်မရှိ ဟောင်းသွားတယ်ဆိုတာမရှိ . . . .


တစ်ယောက်နှင့်တစ်ယောက် အကြိုက်ချင်း တူချင်မှတူပါမည် . . . . .



ခြေဆင်းတီးလုံးကလေးနှင့် အဖွင့်စာသားလေးတွေကိုက ချစ်စရာ . . နှစ်သက်စရာ . . . မြတ်နိုးစရာ . . .

တရံတခါဆီကို ကျွန်တော်နားထောင်ဖြစ်သည့်အကြိမ်မှာ ရာဂဏန်းတော်တော်များများ ရှိပါလိမ့်မည် . . .

ယခုမှ အင်္ဂလိပ်သီချင်းတွေကို နားထောင်ဖြစ်လို့ မြန်မာသီချင်းနားထောင်သည့်အကြိမ်အရေအတွက် လျော့သွားတာဖြစ်သည် . . .


ကျွန်တော်ကတောသားဆိုတော့ မြို့ကြီးပြကြီးတွေအကြောင်း သိပ်မသိ . . . အဲလေ လုံးဝမသိဆို ပိုမှန်ပါလိမ့်မည် . . .

သို့အတွက် စစ်ကိုင်းလမ်းကို နားထောင်စက စစ်ကိုင်းမှာရှိတဲ့လမ်းတွေအကြောင်းဖွဲ့ထားတာလို့ပင် ထင်မိသည် . . .

စစ်ကိုင်းလမ်းဆိုတာ ဘယ်နားနေမှန်းမသိဘဲ ရမ်းလွမ်းရတာ ဖြစ်၏ . . . .

စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့ . . ဆိုတော့

ကျွန်တော့်မှာ . . . မရှိသည့် ရည်းစားကိုမှန်းကာ လွမ်းရသည် . . . .

သိဟ်ရာသီ ၀ါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ . . .

သူသီချင်းဆိုပုံက အားနှင့်မာန်နှင့်ဖြစ်သည် . . .



နှုတ်ခမ်းကိုလည်း လျှာနှင့် သပ်လိုက်သေးသည် . . .


ဒို့ . . . . . .  . လာတယ် . . . . . .



လူတွေရင်ထဲ အများဆုံး ထိုးဖောက်ဝင်ရောက်တာ . . . . နှစ်ပေါင်းများစွာ မသေမပျောက်ပဲ ရှိနေတာ . . .
အနုပညာရှင်တွေ ဖြစ်သည် . . .

မင်းသွားနှင့်တော့ သွားနှင့်တော့ နောက်ကလိုက်ခဲ့မယ်နော် သူငယ်ချင်းရေ . . . ဆိုခဲ့သော စိုင်းထီးဆိုင်လည်း  နောက်ကလိုက်သွားခဲ့ပြီ . . .

ထူးအိမ်သင်သည်လည်း နာရီပေါ်မှာ မျက်ရေစက်တွေကို ထားခဲ့ပြီ . . .


ခုတော့ . . .


ကျွန်တော်တို့ကတော့ ခင်ဗျားတို့တွေကို ဆက် ရှိနေစေချင်ဆဲ . . .



တရံတခါဆီကို သတိရမိနေမှာပါ . . .


အေးငြိမ်း
၈ သြဂုတ်လ၊ ၂၀၁၇



စစ်ကိုင်းလမ်း သို့ တရံတခါဆီ
================

ကြင်နာသူရယ် စိတ်ချပြစေ . . . .

ခိုင်ထူးကျန်းမာရေးသတင်းတွေဖတ်ရင်း အလိုလို ၀မ်းနည်းနေမိသည် . . .

ခိုင်ထူးဆိုတာ RC တက်ခဲ့ဖူးသော ကျွန်တော်တို့အရွယ်များ၏ အသည်းထောင့်တစ်နေရာတွင် နေရာယူခဲ့ဖူးသူပေကပဲ . . .

သီချင်းလေးတစ်ပုဒ်ရယ် ပန်းကလေးတစ်ဆုပ်ရယ်ကို ကျွန်တော်တို့ အလွန်နစ်သက်စွာ အော်ဆိုခဲ့ကြသည်ပဲ . . .

ကျွန်တော် ယခုအချိန်အထိ ခိုင်ထူးသီချင်းများကို နစ်သက်စွာ နားထောင်မြဲ . . . .

သည်သီချင်းများကို ဘယ်နစ်ခါပြန်နားထောင်ထောင် ရိုးသွားသည်မရိ အီသွားသည်မရိ ဟောင်းသွားတယ်ဆိုတာမရိ . . . .

နားထောင်သည့်အခါတိုင်းလည်း သို့ တရံတခါဆီက မပါမဖြစ်ပါရမြဲ . . .

တစ်ယောက်နင့်တစ်ယောက် အကြိုက်ချင်း တူချင်မတူပါမည် . . . . .

တရံတခါဆီ သည် ကျွန်တော့် အသည်းစွဲ . . . . .

ဘာလို့ကြိုက်သည်ဆိုသည်ကို ကျွန်တော်မပြောပြတတ်ပါ . . . .

ခြေဆင်းတီးလုံးကလေးနင့် အဖွင့်စာသားလေးတွေကိုက ချစ်စရာ . . နစ်သက်စရာ . . . မြတ်နိုးစရာ . . .

တရံတခါဆီကို ကျွန်တော်နားထောင်ဖြစ်သည့်အကြိမ်မာ ရာဂဏန်းတော်တော်များများ ရိပါလိမ့်မည် . . .

ယခုမ အင်္ဂလိပ်သီချင်းတွေကို နားထောင်ဖြစ်လို့ မြန်မာသီချင်းနားထောင်သည့်အကြိမ်အရေအတွက် လျော့သွားတာဖြစ်သည် . . .

ယခင်အခါများကမူ မြန်မာသီချင်းတွေကိုပဲ ညတိုင်း နားထောင်ခဲ့တာ . . . .

ကျွန်တော်ကတောသားဆိုတော့ မြို့ကြီးပြကြီးတွေအကြောင်း သိပ်မသိ . . . အဲလေ လုံးဝမသိဆို ပိုမန်ပါလိမ့်မည် . . .

သို့အတွက် စစ်ကိုင်းလမ်းကို နားထောင်စက စစ်ကိုင်းမာရိတဲ့လမ်းတွေအကြောင်းဖွဲ့ထားတာလို့ပင် ထင်မိသည် . . .

စစ်ကိုင်းလမ်းဆိုတာ ဘယ်နားနေမန်းမသိဘဲ ရမ်းလွမ်းရတာ ဖြစ်၏ . . . .

စစ်ကိုင်းလမ်းက စောင့်နေမယ် သူမာလို့ . . ဆိုတော့

ကျွန်တော့်မာ . . . မရိသည့် ရည်းစားကိုမန်းကာ လွမ်းရသည် . . . .

သိဟ်ရာသီ ၀ါခေါင်မိုးနဲ့ လမ်းလာခဲ့တော့ ခတ္တာရေ . . .

သူသီချင်းဆိုပုံက အားနင့်မာန်နင့်ဖြစ်သည် . . .

သီချင်းဆိုမည်ဆိုကတည်းက ကျကျနန နေရာယူသည် . . .

ဂစ်တာကိုင်ထားသောလက်များက ကြွက်သားများကို အမြောင်းလိုက် အမြောင်းလိုက် မြင်နေရသည် . . .

ုတ်ခမ်းကိုလည်း လျာနင့် သပ်လိုက်သေးသည် . . .

ထို့နောက် ပါးစပ်ထဲ မိုက်ဝင်တော့မတတ် အနားကပ်ကာ အသားကုန် အားထည့်ဆိုသည် . . .

ဒို့ . . . . . .  . လာတယ် . . . . . .

အမေရိကန်က လစ်ဘာတီရုပ်ထုကြီးကို ဘယ်သူဒီဇိုင်းထုတ် ရေးဆွဲခဲ့တယ်ဆိုတာ မိတ်ဆွေသိပါသလား . . . .

ဒါပေသိ မိုက်ကယ်ဂျက်ဆင်ဆိုရင် (သူ့ခေတ်က) တောက ကလေးတွေတောင် သိသည် . . . .

လူတွေရင်ထဲ အများဆုံး ထိုးဖောက်ဝင်ရောက်တာ . . . . နစ်ပေါင်းများစွာ မသေမပျောက်ပဲ ရိနေတာ . . .
အနုပညာရင်တွေ ဖြစ်သည် . . .

မင်းသွားနင့်တော့ သွားနင့်တော့ နောက်ကလိုက်ခဲ့မယ်နော် သူငယ်ချင်းရေ . . . ဆိုခဲ့သော စိုင်းထီးဆိုင်လည်း  နောက်ကလိုက်သွားခဲ့ပြီ . . .

ထူးအိမ်သင်သည်လည်း နာရီပေါ်မာ မျက်ရေစက်တွေကို ထားခဲ့ပြီ . . .

ဒါနဲ့ . . . အားလုံးကို ကျော်ဖြတ်ရမယ် ဆိုဗျာ . . .

ခုတော့ . . .

ကိုခိုင်ထူးရေ . . . ခင်ဗျား . . . နေညိုချိန်ကို ဦးညွတ်ဂုဏ်ပြုနေပြီလား . . .

ကျွန်တော်တို့ကတော့ ခင်ဗျားတို့တွေကို ဆက် ရိနေစေချင်ဆဲ . . .

အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း . . .

ခေတ်တွေ ဘယ်လိုဟောင်းဟောင်း . . .

တရံတခါဆီကို သတိရမိနေမာပါ . . .

ဆက်ချစ်နေဆဲ . . ချစ်နေမြဲ . . ပါဗျာ . . . .

အေးငြိမ်း
၈ သြဂုတ်လ၊ ၂၀၁၇

Saturday, August 5, 2017

ဆန့်ကျင်ဘက်တို့ အားပြိုင်ပွဲ

(၁) ၀ိရောဓိနှင့် ပဋိပက္ခ

ဤလောကကြီးသည် ဆန့်ကျင်ဘက်တို့တည်ရှိလျက် အတူယှဉ်တွဲနေထိုင်ရသော လောကကြီးဖြစ်၏။ အဖိုနှင့်အမ၊ နေ့နှင့်ည၊ အမှောင်နှင့်အလင်း၊ အဟောင်းနှင့်အသစ်၊ အနိမ့်နှင့်အမြင့်၊ အပူနှင့်အအေး၊ ကောင်းခြင်းနှင့်ဆိုးခြင်း၊ ချမ်းသာနှင့်ဆင်းရဲ၊ အဖြူနှင့် အမည်း၊ အောင်မြင်မှုနှင့် ရှုံးနိမ့်မှု။

ထိုကဲ့သို့သော ဆန့်ကျင်ဘက်တွင် ၀ိရောဓိနှင့် ပဋိပက္ခဟု နှစ်မျိုးကွဲသည်။
သာမန် အရှေ့နှင့် အနောက်၊ နေ့နှင့်ညတို့ ဆန့်ကျင်ဘက်မှာ သဘာဝအတိုင်း တည်ရှိနေသော ဆန့်ကျင်ဘက်တို့ဖြစ်၏။ သူတို့ ဆန့်ကျင်ဘက်ကြောင့် ဘာပြဿနာမှမရှိ။ မည်သူ့ကိုမှ ဒုက္ခမပေး။ ထိုဆန့်ကျင်ဘက်၊ မတူညီမှုတို့ပင် အတူယူဉ်တွဲ နေရပေသေး၏။ ဥပမာ - မိန်းမနှင့်ယောက်ျားသည် ဆန့်ကျင်ဘက်ဖြစ်၏။ သို့သော် ယောက်ျား ယောက်ျားချင်း ပေါင်းလို့မရ။ မိန်းမ မိန်းမချင်း ပေါင်းလို့မဖြစ်။ ယောက်ျားနှင့်မိန်းမမှသာ ပေါင်းလို့သင်းလို့ ဖြစ်သည်။

သို့သော် ဤဆန့်ကျင်မှုမှာ လူတို့၏ ပယောဂပါလာသည့်အခါ ပဋိပက္ခအသွင် ဆောင်သွားတတ်သည်။ ပဋိပက္ခဖြစ်ရခြင်း အကြောင်းမှာ လူတို့၏ လောဘ၊ ဒေါသ၊ မောဟတရားများအပေါ် အခြေခံသည်။ လူတို့တွင် (လူမှာသာဖြစ်၍ တိရစ္ဆာန်မှာမဟုတ်) လောဘ၊ ဒေါသ၊ မောဟတရားတို့မရှိလျှင် ပဋိပက္ခဆိုတာ ဖြစ်မလာနိုင်။ သို့သော် လူဖြစ်နေသမျှ ကာလပတ်လုံး (တစုံတစ်ခုသော မဂ်လေးပါး၊ ဖိုလ်လေးတန်ကိုမရသရွေ့) လောဘ (လိုချင်တပ်မက်မှု)၊ ဒေါသ (အမျက်ကြီးမှု)၊ မောဟ (မသိနားမလည်မှု) ဆိုတာ ရှိနေမည်သာ ဖြစ်လေသည်။

လောဘ၊ ဒေါသ၊ မောဟတို့ရှိနေသမျှ ပဋိပက္ခဆိုတာလည်း ရှိနေမည်သာ ဖြစ်၏။
ဝိရောဓိသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်လျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲကာ ရှိနေသည်။
ပဋိပက္ခကတော့ ဆန့်လည်းဆန့်ကျင်သည်၊ ရန်သဘောလည်း ဆောင်သည်။ ပဋိပက္ခရှိနေသမျှကာလပတ်လုံး မည်သည့်နည်းနှင့်မှ ငြိမ်းချမ်းမှုကို မရနိုင်။ ငြိမ်းချမ်းမှုကိုရရန် ပဋိပက္ခကို ချုပ်ငြိမ်းအောင် လုပ်ဖို့သာ ရှိသည်။

သို့ဆိုလျှင် မည်သည့်နည်းနှင့် ပဋိပက္ခကို ချုပ်ငြိမ်းနိုင်စေမည်နည်း။ အမေးရှိက အဖြေရှိရမည်။

(၂) လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရား

ကျွန်တော်တို့ကျောင်းသားဘ၀က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ မူဝါဒသဘောတရားကြေငြာချက်ဖြစ်သော လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားကို သင်ကြားရသည်။ မည်သူပင် မကြိုက်သည်ဖြစ်စေ သည်စာအုပ်ပါ သဘောတရားတော်တော်များများကို ကျွန်တော်ကတော့ နှစ်သက် သဘောကျပါသည်။ သည်ကဲ့သို့ မှန်ကန်ကောင်းမွန်သော သဘောတရား၊ လမ်းညွှန်ချက်ရှိလျက်နှင့် အဘယ်ကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကျဆုံးရသနည်းဆိုသော် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်းလက်မခံ။ တစ်ဦးကိုတစ်ဦး အပြန်အလှန် ၀ိုင်းဝန်းလိမ်ညာနေကြသောကြောင့် ဖြစ်၏။ သူတို့အကောင်အထည်ဖော်သော နည်းစနစ် မှားယွင်း၍ ဖြစ်၏။ နောက်တစ်ခုက ကျွန်ုပ်တို့ ဒွန္နယာကြီးတွင် မည်သို့မှ မဖြစ်နိုင်သော၊ မြောက်ကျွန်း၌သာဖြစ်နိုင်သည့် သာတူညီမျှ ဘုံဝါဒကို အခြေခံထားသောကြောင့် ဖြစ်၏။

ထားပါ။ ဒါ ကျွန်တော်ပြောလိုသည့်အချက်မဟုတ်ပါ။

ကျွန်တော်ပြောချင်သည်မှာ လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားစာအုပ်တွင် ကောင်းသည့်အချက်များ အများအပြားပါဝင်နေသည် ဆိုသည့်အချက် ဖြစ်ပါသည်။ ထိုစာအုပ်မှ သဘောတရားအချို့ကို ကျွန်တော်သင်တန်းများတွင် ထည့်သွင်း သင်ကြားတတ်ပါသည်။ ဥပမာ - “သဘောတရားမပါသော လက်တွေ့သည် အကန်းနှင့်တူ၍ လက်တွေ့မပါသော သဘောတရားသည် အကျိုးနှင့်တူ၏” ဆိုတာကို competency အကြောင်းပြောသည့်အခါတိုင်း ထည့်သွင်းပြောကြားတတ်၏။

ယခု ကျွန်ုပ်လက်ဝယ်တွင် ထိုစာအုပ်ကလေးမရှိတော့ပါ။ တအုပ်တလေရှိသေးလျှင် (ဖိုတိုကော်ပီပင်ဖြစ်စေ) ကျွန်တော် ၀ယ်ယူလိုပါသည်။ လက်ဝယ်ရှိသူများ သတင်းပေးကြပါ။

အထက်တွင်ပြောခဲ့သည့် ၀ိရောဓိနှင့် ပဋိပက္ခမှာ ထိုစာအုပ်ပါ သဘောတရားဖြစ်ပါသည်။ ကျွန်တော် ထိုအကြောင်းကို ဒေသကောလိပ် ပထမနှစ်တွင် (ထင်ပါသည်) သင်ခဲ့ရတာ ဖြစ်၏။ ဒေသကောလိပ်ဆိုတာ ဆယ်တန်းအောင်ပြီး တက္ကသိုလ် မတက်ရခင် တက်ရသော ကောလိပ်ဖြစ်ပါသည်။ ဤသဘောတရားကလေးကို ကျွန်တော်အလွန်နှစ်သက်သည့်အတွက်သာ အနှစ် ၄၀ လောက်ကြာပြီး ယခုတိုင် မှတ်မိနေခြင်း ဖြစ်ပါသည်။

ထို့ပြင် -
အမြင့်မှာနေလျှင် လေတိုက်၍ ကြွေတတ်သည်။
အနိမ့်မှာနေလျှင် မြွေကိုက်၍ သေတတ်သည်။
ဤစကားနှစ်လီကို ကြံစည်ကာတွေးဆ, ကြည့်လျှင်
လူတို့ခွင်မှာ
မငယ်မကြီး မနီးမဝေး မနှေးမလျင်
တံငါလုလင် မြားကြိုးငင်သို့
မတင်းမလျော့ လှေဖောင်ဖော့သို့
ဆင်ခြင်စည်းစောင့် ၀မ်းထဲဖြောင့်လော့ . . . . ဆိုတာလည်း မှတ်မိနေပါသေးသည်။ အစွန်းနှစ်ဖက်ကိုရှောင်ရမည့် မဇ္စျိမ ပဋိပဒါ အကြောင်း သင်ကြားထားခြင်းဖြစ်ပါသည်။ (အနှစ် ၄၀ လောက်ရှိပြီဆိုတော့ ကျွန်တော်အလွတ်ရထားသော ကဗျာမှာ အတိမ်းအစောင်းရှိနိုင်ပါသည်။ သေသေချာချာ သိသူများ ပြင်ပေးကြပါ။)

လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားက -
“လောက၌ ဆန့်ကျင်ဘက်တို့ရှိနေသော်ငြား ဤဆန့်ကျင်ဘက်တို့မှာ ရန်ဘက်များမဟုတ်ကြ။ အသုံးချတတ်လျှင် ဤဆန့်ကျင်ဘက်တို့သည် လူများအတွက် အကျိုးပင်ရှိသေး၏။ (ဥပမာ - ယောက်ျားနှင့်မိန်းမ ပေါင်းဖက်ခြင်းကြောင့် လူသားမျိုးဆက်ဆိုတာ တည်တံ့ရသည်။ လျှပ်စစ် အဖိုနှင့်အမ ပေါင်းစပ်၍သာ လျှပ်စစ်ပစ္စည်းများ အလုပ်လုပ်ကြခြင်း ဖြစ်၏။) သို့သော် အစွန်းရောက်အတွေးအခေါ် အယူအဆများ ၀င်သွားပါက ဤဆန့်ကျင်ဘက်တို့သည် ပဋိပက္ခအသွင် ဆောင်သွားတော့၏”
-       ဟု သင်ကြားပေးပါသည်။

(သူတို့ကသာ ဤသဘောတရားကိုလက်ကိုင်ထားသော်ငြား သူတို့ကိုယ်တိုင် အစွန်းရောက်နေမှန်းကို မသိခဲ့ကြ။)

(၃) တရားမှုနှင့် မတရားမှု

မိတ်ဆွေတို့ ရုပ်ရှင်ကားပေါင်း မြောက်များစွာကို ကြည့်ခဲ့ဖူးကြပါလိမ့်မည်။
ရုပ်ရှင်ကားပေါင်း ထောင်သောင်းမက ရှိနေသည်ဖြစ်စေ ရုပ်ရှင်ကားအားလုံးကို ခြုံကြည့်လိုက်မည်ဆိုလျှင် မည်သည့်ကားမဆို အကောင်းနှင့် အဆိုး၊ တရားမှုနှင့် မတရားမှုတို့၏ အားပြိုင်မှုတိုက်ပွဲကို ရိုက်ကူးထားသည်ချည်းသာ တွေ့ရပါလိမ့်မည်။

လောကတွင်လည်း ဤအတိုင်းချည်းဖြစ်၏။

လောကဆိုတာ ကောင်းမှုနှင့်မကောင်းမှု၊ တရားမှုနှင့် မတရားမှုတို့၏ အားပြိုင်မှုသာ ဖြစ်သည်။ မကောင်းမှုနှင့် မတရားမှုသည် ကောင်းမှုနှင့် တရားမှုကို အမြဲတိုက်ခိုက်နေသည်၊ ရန်လိုနေသည်၊ မလိုမုန်းထားနေသည်သာဖြစ်၏။ ကောင်းမှုက ၎င်းအပေါ် မည်ကဲ့သို့ပင် မေတ္တာစေတနာထားနေပါစေ မကောင်းမှုသည် မည်သည့်အခါမှ အကောင်းမမြင်။ သူ့တစ်သက်လုံး မကောင်းတာတွေတွေးရင်း၊ ပြောရင်း၊ လုပ်ရင်းနှင့်သာ အချိန်ကုန်သွားလေ့ရှိသည်။ နောက်ဆုံး သေခါနီးကျမှ သူလုပ်ခဲ့တာတွေမှားကြောင်း အမြင်မှန် ရသွားတတ်တာချည်း ဖြစ်၏။

ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း သမိုင်းကိုပြန်ကြည့်လိုက်ပါက မတရားသော မကောင်းသောလူများကြောင့် တရားသော၊ ကောင်းသောသူများကို ဆုံးရှုံးခဲ့ရတာ များလှပါပြီ။

ထိုမကောင်းသူများ ချုပ်ငြိမ်းသွားလိမ့်မည် မမှတ်ပါနှင့်။ အထက်တွင် ကျွန်တော်ပြောခဲ့သလို လူတို့တွင် လောဘ၊ ဒေါသ၊ မောဟဆိုတာတွေ ရှိနေသမျှ ထို မကောင်းသူများ ရှိနေမည်သာ ဖြစ်၏။ ၎င်းတို့ မဟုတ်တာ၊ မမှန်တာ၊ မကောင်းတာ လုပ်နေကြခြင်းသည် သူတို့အလုပ် သူတို့လုပ်နေကြခြင်းသာ ဖြစ်၏။ ၎င်းတို့ မဟုတ်တာလုပ်မှုများကြောင့် လောကကြီး မဆင်းရဲရအောင်၊ သရုပ်မပျက်ရလေအောင် ကောင်းသူများ၊ တရားသူများက နည်းလမ်းမျိုစုံသုံးကာ ၀ိုင်းဝန်းထိန်းပေးဘို့သာ ဖြစ်၏။

နည်းလမ်းမျိုးစုံဆိုသည်မှာ ပါးစပ်နှင့်ပြောဆိုဆုံးမသင့် ဆုံးမရမည်။ ပါးစပ်နှင့်ပြောမရလျှင် ဖင်လှန် ရိုက်သင့်ရိုက်ရမည်။ ပြောလို့ရသလောက်သာပြောပြီး ပြောလို့မှမရဆိုလျှင်တော့ ထိုဗရုတ်သုတ်ခများကို နောင်မလှန်ရဲအောင် ခပ်စပ်စပ်ကလေး ရိုက်ပြီး ဆုံးမရမည် ဖြစ်၏။ သူတို့အတွက်နှင့်ချည်း အချိန်ကုန်ခံနေလို့မဖြစ်။ တိုင်းပြည်မှာ လုပ်စရာတွေ အများကြီးရှိသည်။ သူတို့အတွက်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထိပါးမခံနိုင်။ 

သြော် - ဘရုတပ်၊ မင်းလည်း ပါသကိုး။
ဤကမ္ဘာကျော် သမိုင်းဝင်စကားမှာ အလကားထားခဲ့တာမဟုတ်။
ရန်သူဆိုသည်မှာ အဝေး၌ရှိမနေ။ ကျွန်ုပ်တို့အနီး၌ပင်ရှိနေသည်ဟု သတိပေးထားသော စကားဖြစ်၏။

သံကိုသံဖျက် သံချေးတက် ဟူသောစကားသည်ရှိ၏။
သံကိုဖျက်သူမှာ သံကဖြစ်လာသော သံချေးသာဖြစ်လေသည်။
IS တွေကြောင့် မွတ်ဆလင်တွေ နာမည်ပျက်ရသည်။
မဘသကြောင့် ဗုဒ္ဓဘာသာ နာမည်ပျက်ရသည်။
ဗုဒ္ဓဘာသာကိုဖျက်နေသူများမှာ ဗုဒ္ဓဘာသာဝင်တွေသာ ဖြစ်၏။
မြန်မာတွေမကောင်းကြောင်းကို မြန်မာတွေသာပြောသည်။
မြန်မာဟူသောပုံရိပ်ကို ကျဆင်းအောင်လုပ်နေသူများမှာလည်း မြန်မာများသာ ဖြစ်လေသတည်း။

ကိုယ့်ကြောင့် ခုနစ်ရက် သားသမီးစိတ်ဆင်းရဲရလျှင် အလကားနေရင်း အကုသိုလ်ရနေမည်။
ကိုယ့်အတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိသော အလုပ်ကို မလုပ်ကြပါနှင့်။
အသိမှန်၊ အမြင်မှန်၊ အတွေးမှန်များရအောင် ပညာဆည်းပူးကြပါ။ စာဖတ်ကြပါ။
ငါလုပ်တာမှ အမှန်။ ငါတို့မှနိုင်ငံကိုချစ်တာ။ ငါတို့လောက် အမျိုးချစ်တဲ့သူ နှစ်ယောက်မရှိဟူသော အစွန်းရောက် အယူအဆများကို ပယ်သတ်ကြပါ။

ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်မြို့ကိုယ့်ရွာအတွက်၊ နိုင်ငံတိုးတက်ရာတိုးတက်ကြောင်းအတွက် အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်ရင်း ငြိမ်းငြိမ်းချမ်းချမ်းနေကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၎ သြဂုတ်လ၊ ၂၀၁၇

Thursday, August 3, 2017

Formwork Supervisors Safety Course

ကျွန်တော် ရန်ကုန်မှာ Formwork Supervisors Safety Course သင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်ပါမယ်။

နေ့ရက်။              ။ ၁၊ ၂ စက်တင်ဘာ၊ ၂၀၁၇
အချိန်။               ။ မနက် ၈ နာရီမှ ညနေ ၅ နာရီထိ
နေရာ။                ။ Global Enchanting Safety & Management Training Centre
  အမှတ် ၂၃၊ မြေနုလမ်း၊ စမ်းချောင်း၊ မဟာမြိုင်မှတ်တိုင်အနီး
သင်တန်းကြေး။    ။ (၇) သောင်း*
* Global တွင် ယခင်တက်ခဲ့ဖူးသော သင်တန်းသားဟောင်းများကို ၅% လျှော့ပေးပါမည်။ (၆၆၅၀၀ ကျပ်)
သင်တန်းသား (၃၀) သာ လက်ခံသင်ကြားပါမည်။

တက်ရောက်သင့်သူများ -

၁။ ဆောက်လုပ်ရေးလုပ်ငန်းတွင် ကြီးကြပ်ရေးမှူးအဖြစ် လုပ်ကိုင်နေသူများ
၂။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အရာရှိအဖြစ်လုပ်ကိုင်နေသူများ
၃။ ဆောက်လုပ်ရေး အင်ဂျင်နီယာ/မန်နေဂျာများ

မှတ်ချက်။            ။ သင်တန်း ဒုတိယနေ့တွင် လက်တွေ့ရှိပါသဖြင့် ဘောင်းဘီဝတ်ခဲ့ကြပါရန်နှင့် helmet, safety shoe ရှိသူများ ယူဆောင်လာကြပါရန်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၃ သြဂုတ်လ၊ ၂၀၁၇


ကိုမင်းသူနှင့် လရောင် @ The Voice

မန်းစည်ပင်လာစဉ်က ကျွန်ုပ်တို့ တင်ပြခဲ့သည်များ
(ကျန်တာတွေတော့ မပါတော့ပါ။)


ရေပါတာပဲ လိုချင်တယ် . . . ဆိုသူများအတွက်

(၁) လူကြီးလုပ်သူ၏ တာဝန်


စင်ကာပူနိုင်ငံတွင် ပြဌာန်းထားသော ဘေးအန္တရာယ်ကင်းရေးဥပဒေ (Workplace Safety and Health Act - 2006) တွင် အောက်ပါအတိုင်း ပြဌာန်းထား၏။


Duties of employers

12. —(1)  It shall be the duty of every employer to take, so far as is reasonably practicable, such measures as are necessary to ensure the safety and health of his employees at work.
(3)  For the purposes of subsection (1), the measures necessary to ensure the safety and health of persons at work include —
(e) ensuring that those persons at work have adequate instruction, information, training and supervision as is necessary for them to perform their work.


အလုပ်ရှင်သည် မိမိဝန်ထမ်းအား -


၃ (င) ၎င်းတို့လုပ်ကိုင်မည့်အလုပ်အတွက် ထိုအလုပ်နှင့်ပတ်သက်သည့် ပြည့်စုံသော ညွှန်ကြားချက်၊ သတင်းအချက်အလက်၊ သင်တန်း နှင့် ကြီးကြပ်မှုကို ပေးထားကြောင်း သေချာစေရမည်။

ထို့အတွက် အထက်လူကြီး၊ အရာရှိတစ်ဦးဦးသည် မိမိလက်အောက်မှ ၀န်ထမ်းများကို အလုပ်တစ်ခုခု စေခိုင်းသည့်အခါ သည်အတိုင်း ဟေ့ကောင်၊ ဒါလုပ်လိုက်ကွ ဆိုရုံနှင့်မပြီး။

(၁) ထိုဝန်ထမ်းသည် မိမိခိုင်းလိုက်သောအလုပ်ကို သေသေချာချာ လုပ်တတ်မလုပ်တတ် သိရမည်။ မလုပ်တတ်လျှင် လုပ်တတ်အောင် သင်ပေးရမည်။ (Training) ဥပမာ - ပိုးသတ်ဆေးဖြန်းခိုင်းသည်ဆိုပါစို့။ ပိုးသတ်ဆေးနှင့်ရေကို မည်သည့်အချိုးနှင့် ပေါင်းစပ်ရမည်။ ပိုးသတ်ဆေးဖြန်းသည့်အခါ မည်သည့် တစ်ကိုယ်ရေသုံးပစ္စည်းများ ၀တ်ဆင်ရမည်။ ပိုးသတ်ဆေးဖြန်းဘူးကို မည်ကဲ့သို့ သုံးရမည်။ ပိုးသတ်ဆေးကိုမည်ကဲ့သို့ သိုလှောင်ရမည်။ ပိုးသတ်ဆေးကို မည်ကဲ့သို့ဖြန်းရမည်၊ ပိုးသတ်ဆေးဖြန်းပြီး ရေကိုခေါင်းကဖြိုချိုးရမည်။ ပိုးသတ်ဆေးဖြန်းစဉ်ဝတ်ထားသည့် အ၀တ်တို့ကို သေချာစွာ လျှော်ပစ်ရမည်၊ ပြန်မ၀တ်ရ . . .  စသည်တို့ကို သေသေချာချာ သင်ကြားလေ့ကျင့်ပေးရမည်။

(၂) ထိုအလုပ်နှင့်ပတ်သက်သည့် သတင်းအချက်အလက် အားလုံးပေးရမည်။ ဥပမာ - ပိုးသတ်ဆေးဖြန်းခိုင်းသည်ဆိုပါစို့။ ထိုပိုးသတ်ဆေးကိုသုံးလျှင်မည်ကဲ့သို့သော အန္တရာယ်များရှိသည်။ ထိုအန္တရာယ်များမဖြစ်အောင် မည်ကဲ့သို့သုံးရမည်။ ပိုသောဆေးများကို မည်ကဲ့သို့ စွန့်ပစ်ရမည်၊ အရေးပေါ်အခြေအနေတွင် မည်သည့်နေရာများသို့ ဆက်သွယ်ရမည် စသည်။ (information)

(၃) ပိုးသတ်ဆေးဖြန်းခိုင်းသည်ဆိုပါက မည်သည့်နေ့ရက်၊ မည်သည့်အချိန်တွင် မည်သည့်အကွက်ကို မည်ကဲ့သို့ဖြန်းရမည်။ မည်သည့်သီးနှံဖြစ်သည့်အတွက် မည်သည့်ပိုးသတ်ဆေးကိုသုံးရမည် စသည်ဖြင့် အတိအကျညွှန်ကြားရမည်။ (adequate instruction)

(၄) ပိုးသတ်ဆေးဖြန်းစဉ်တွင်လည်း အလုပ်သမားသုံးထားသော ပိုးသတ်ဆေးမှန်မမှန်၊ ရေနှင့်စပ်သောအချိုး မှန်မမှန်၊ သတ်မှတ်ထားသော တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ သုံးမသုံး၊ ပြောထားသည့်အကွက်ကို ဖြန်းတာ ဟုတ်မဟုတ် စသည်တို့ကို ကြီးကြပ်စစ်ဆေးရမည်။

ထိုမျှသာမက သူလုပ်မည့်အလုပ်အတွက် လိုအပ်သော လက်နက်ကိရိယာ၊ စက်ပစ္စည်း အပြည့်အစုံ ပံ့ပိုးပေးဘို့လိုသည်။ မင်းဟာမင်း ဖြစ်သလိုသာ ကျုပ်ကျက်လိကွာဆိုလို့မရ။ ကိုယ်ကဖြင့် ဘာမှ အပြည့်အစုံပံ့ပိုးမပေးပါဘဲလျက် အလုပ်သမား အမှားလုပ်လျှင် ထိုအမှားအတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း။


(၂) သမီးတွေကို အပြစ်တင်မလား


အမေတစ်ဦးတွင် သမီးသုံးဦးရှိ၏။ မကြီး၊ မလတ်၊ မငယ်တို့ဖြစ်၏။
အခါတစ်ပါးတွင် အမေသည် ဟင်းအိုးတည်ထားစဉ် အပြင်သွားစရာကိစ္စပေါ်လာ၏။
ထိုအခါ သမီးများကို မှာခဲ့သည်။
ငါ အပြင်သွားဦးမယ်။ ဟင်းအိုးထဲ ဆားခတ်ထားလိုက်ကြစမ်းဟေ့။
အတန်ကြာသော် မကြီးက - ဟင်၊ မေ့နေလိုက်တာ။ အမေက ဆားခတ်ဖို့မှာခဲ့တာ၊ ခတ်လိုက်ဦးမှ။
အလတ်မကလည်း အဲတော့၊ အမေမှာခဲ့တဲ့ ဟင်းအိုးထဲ ဆားခတ်ဦးမှ။
ထို့အတူ အငယ်မသည်လည်း အမေမှာခဲ့သည့်အတိုင်း ဟင်းအိုးထဲသို့ ဆားတစ်ဇွန်းခတ်ထည့်လိုက်လေသည်။
အမေပြန်လာပြီး ဟင်းအိုးကိုမြည်းလိုက်သော် ဟင်းမှာ ငံတူးနေပြီဖြစ်၍ စားမရတော့။

သည်ဖြစ်ရပ်တွင် မည်သူမှားသနည်း။
ဆားခတ်ပါဆို၍ သမီးများက ဆားခတ်သည်။ သမီးများတွင် အပြစ်မရှိ။
အမေလုပ်သူက စမှာပြီိဆိုကတည်းက -
မကြီးရေ၊ အမေဟိုနားခဏသွားလိုက်ဦးမယ်။ အဲဒီမှာ ကြက်သားဟင်းအိုး တည်ထားတယ်။ နောက်ထပ် ဆယ်မိနစ်ကြာတဲ့အခါ ဆား ထမင်းစားဇွန်းနဲ့တစ်ဝက်ခပ်လိုက်ပါဟေ့။ နာရီဝက်ကြာရင် ဟင်းအိုးကို ချလိုက်တော့။
စသည်ဖြင့် အတိအကျ အပြည့်အစုံညွှန်ကြားခဲ့ရမည်။

အမေအသုံးမကျသောကြောင့်သာ ဟင်းအိုးပစ်ရသည်။ သူမှာသည့်အတိုင်း ဆားခတ်တာဖြစ်သည့်အတွက် သမီးများကို အပြစ်တင်လို့မရ။


(၃) Work Smart, Don’t Work Hard.


1951 Factory Act ဥပဒေအရ လူတစ်ယောက်၏ အလုပ်လုပ်ချိန်သည် တစ်နေ့ (၈) နာရီ။ တစ်ပတ်လျှင် (၄၄) နာရီဖြစ်၏။ ကလေးများအတွက် တစ်နေ့အလုပ်လုပ်ချိန် (၄) နာရီဖြစ်၏။ ညနေ (၆) နာရီမှ မနက် (၆) နာရီထိ ကလေးများကို အလုပ် မခိုင်းစေရ။

သို့သော် ဤဥပဒေကို မည်သူသိပါသနည်း။ မည်သူလိုက်နာပါသနည်း။ နောက်ပြီးတော့ သည်ဥပဒေက စက်ရုံများအတွက် သာဖြစ်သည်။ အခြားဌာနများနှင့်မဆိုင်။ သို့ဆိုလျှင် မြန်မာနိုင်ငံတွင် အလုပ်ခန့်ထားခြင်းနှင့်ပတ်သက်သော ဥပဒေ (Employment Act) ရှိပါသလား။ ကျွန်တော်တော့ ယနေ့ထိ မတွေ့မိသေးပါ။ သို့ဆိုလျှင် ၀န်ထမ်းများအား မတရား ခိုင်းလို့မရအောင် မည်သည့် ဥပဒေဖြင့် အကာအကွယ်ပေးထားပါသနည်း။

တစ်ကမ္ဘာလုံးကို တာဝန်ယူထားရသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် အလုပ်များလွန်းလှသဖြင့် အိပ်ချိန်စားချိန်တောင် မရဘဲ မနက် ၆ နာရီမှ ညသန်းခေါင်ကျော် နာရီပြန်တစ်ချက်တီးထိ လုပ်ရသည်ဟု ကျွန်တော်တစ်ခါမှ မကြားမိခဲ့ဖူးပါ။

အမေရိကန်သမ္မတသည်လည်း အလွန်အလုပ်များမှာကို ယုံမှားသံသယရှိစရာမလိုပါ။ သို့သော် မနက် ၇နာရီခွဲတွင် အစည်းအဝေးတစ်ခု ပြီးနေပြီဟုဖြင့် ကျွန်တော်မဖတ်မှတ်ဖူးခဲ့ပါ။

သို့သော် ဗိုလ်ချုပ်၏ “သူများတွေ တစ်လှမ်းလှမ်းရင် ကျုပ်တို့က လေးငါးဆယ်လှမ်းလှမ်းမှ၊ ပြဲအောင်လုပ်မှ တော်ကာကျမယ်” ဟူသော ဆုံးမစကားကို လိုက်နာကာ ကျွန်ုပ်တို့ရွှေပြည်ကြီးတွင် မနက် (၆) နာရီမှ ညသန်းခေါင်ကျော် (၁) နာရီထိ လုပ်ကြရ သူများရှိသည်။ စနေ၊ တနင်္ဂနွေတောင် မနားကြရ။

အလုပ်လုပ်သည်ဆိုရာ၌ သူမည်လောက်လုပ်သည်ဆိုသည်ထက် သူဘယ်လောက်ပြီးတယ်ဆိုတာ ပိုအရေးကြီးကြောင်း ယခင်က ကျွန်တော် Don’t Work Hard, Work Smart ဟု ပို့စ်တစ်ခု ရေးခဲ့ဖူးပါသည်။

ဘုရင့်ယောက်ဖကို ခွေးကြည့်ခိုင်းသည့်ပုံပြင် မိတ်ဆွေတို့ ကြားဖူးပါသည်။

ရခိုင်ဘုရင်မင်းထီးဆိုတာ အင်မတန် တရားနှင့်ညီသောဘုရင်ဟု နာမည်ကြီးသည်။

ဝန်ကြီးရာထူးတစ်နေရာလစ်လပ်တော့ သူက သူရွေးထားသည့် မင်းလုလင်ကလေးတစ်ယောက်ကို ခန့်ချင်သည်။
သို့သော် သူ့မိဖုရားက သူ့မောင်ကို ခန့်စေချင်သည်။

သည်တော့ ဘုရင်မင်းထီးက မင်းလုလင်ကလေးနှင့် မိဖုရားမောင်ကို ခေါ်ကာ -

ကိုင်း - မောင်ကလေးတို့။ နန်းတော်အောက်မှာ ခွေးမကြီး ကလေးမွေးနေသကွဲ့။ သွားကြည့်ချေကြစမ်း - ဟု ခိုင်းလိုက်သည်။

ခဏနေတော့ မိဖုရားမောင် ပြန်တက်လာ၏။

ကိုင်း - ဘယ့်နဲ့လဲမောင်။ ခွေးမကြီး သားမွေးနေတာ တွေ့ခဲ့ရဲ့လား။

မှန်လှပါ။ ဘုန်းတော်ကြောင့် တွေ့ခဲ့ကြောင်းပါ ဘုရား။

ရိုးရိုးသားသားလုပ်စမ်းပါကွယ်။ မင်းတွေ့တာ ဘယ့်နှာကြောင့် ငါ့ဘုန်းတော်က ပါလာရပြန်တာတုံး။ ဒါဖြင့် ခွေးပေါက်ကလေး ဘယ်နှစ်ကောင်လဲကွဲ့။

ဟိုက် ရှာလပတ်ရည်။ ဘုရာ့ကျွန်တော်မျိုး မရေခဲ့မိဘူးဘုရာ့ . . . ဆိုကာ အပြေးပြန်ဆင်းသွား၏။

ခဏနေတော့ ထိုမိဖုရားမောင် ပြန်တက်လာပြန်၏။

မှန်လှပါ။ ၆ ကောင်ပါဘုရာ့။

အိမ်း၊ တော်သကွယ်။ ဒါနဲ့ အထီးဘယ်နှစ်ကောင်။ အမဘယ်နှစ်ကောင်လဲကွဲ့။

ဟိုက်ရော၊ အဲ အဲ ဒါ ဒါ တော့ မရေခဲ့မိဘူးဘုရာ့။

သို့နှင့် အဖြူဘယ်နှစ်ကောင် အမည်းဘယ်နှစ်ကောင်လဲမေးလိုက် ဆင်းပြေးလိုက်နှင့် မိဖုရားမောင်မှာ အလွန် ဗျာများနေချေသည်။

များမကြာမီ မင်းလုလင်ကလေး တက်လာ၏။

ဟဲ့ မောင်ကလေး ရောက်ပလားဟဲ့။

မှန်ပါ့။

ကိုင်း ခွေးမကြီး ကလေးမွေးနေတဲ့အကြောင်း သံတော်ဦးတင်ပါဦးကွယ်

မှန်လှပါ။ ခွေးမကြီးဟာ နန်းတော်ရှေ့ကနေစရေလိုက်ရင် တတိယတိုင်အခြေမှာ မွေးနေကြောင်းပါ။ ကလေး စုစုပေါင်းက (၆) ကောင်ဖြစ်ပြီး အထီး (၂) ကောင် အမ (၄) ကောင်ပါဘုရာ့။ အဖြူကတော့ (၁) ကောင်ပဲပါပြီး အနက်က (၃) ကောင်၊ ဂုတ်ကျားကလေးက (၂) ကောင်ဘုရာ့။ (၅) ကောင်ပဲ ကျန်းမာရေးကောင်းပြီး တစ်ကောင်ကတော့ သိပ်အားရှိပုံမရဘူးဘုရာ့။ အတော်ဂရုစိုက်ယူရလိမ့်မယ်။ ခွေးမကြီးလည်း နို့တွေဖောင်းကားနေတော့ သိပ်ပူစရာမရှိပါဘူးဘုရာ့။ ဟိုခွေးပိန်ကလေးက လွဲပြီး ကျန်တဲ့ခွေးပေါက်ကလေးတွေ အားလုံး နို့စို့နေကြတယ်ဘုရာ့။

ကိုင်း၊ မယ်မင်းကြီးမ။ တွေ့တယ်မဟုတ်လား။

မိဖုရားကြီးမောင်ကိုတော့ ကျုပ်က ခန့်ချင်ပါရဲ့။ ဒါပေမယ့် အရေးအကြောင်းဆိုလို့ သူ့ကိုသာ ခိုင်းလိုက်ရင် ငါးပါးမက သံဃာစင်ပါ မှောက်ရချည်ရဲ့။

ဤသည်မှာ Work Smart ဖြစ်သတည်း။ ဘုရင့်ယောက္ဖ၊ နန်းတော်ပေါ်တက်ချည်ဆင်းချည်နှင့် လျှာထွက်နေချိန်တွင် မင်းလုလင်ကလေးမှာ မပင်မပန်းဘဲ အသာလေး လေချွန်နေလေ၏။



(၄) ဘာမှစီစဉ်မပေးဘဲ ဒီအချိန်ပြီးရမယ်ဆိုတာ တရားပါသလား


မတရားတဲ့အမိန့်အာဏာမှန်သမျှ ဖီဆန်ကြ ဟူသော ကျွန်ုပ်တို့ခေါင်းဆောင် ပြောထားတာ ရှိပါသည်။
အချိန်လည်းအလုံအလောက်မပေး၊ ဘာ facility မှလည်းလုပ်မပေး။ မီးပျက်တာတွေ၊ စာမေးပွဲရှိတာတွေ လာမပြောနဲ့။ ဒီနေ့ အပြီးလုပ်ပေး။ မပြီးရင် သတိပေးစာထုတ်မည် ဆိုတာကတော့ တဆိတ်ကလေး မလွန်လွန်းလှဘူးလားခင်ဗျာ။

ဟောသည်မှာ မူရင်း ပို့စ် -


မဟုတ်ရင် မဟုတ်တဲ့အကြောင်း၊ မဖြစ်နိုင်ရင် မဖြစ်နိုင်တဲ့အကြောင်း ပြန်ပြောကြပါ။
ဒေါ်အောင်ဆန်းစုကြည်စင်ကာပူလာတုံးကတော့ ဒီအစိုးရလက်ထက်မှာ ကြောက်နေတဲ့သူတွေဟာ တော်တော့်ကို တုံးတဲ့သူ တွေမို့လို့ပဲ ဟု ပြောသွားပါသည်။

ဘယ့်နဲ့ နွားပေါက်ကလေးကို စပါးတင်းအစိတ်တင်ထားတဲ့ လှည်းဆွဲခိုင်းလို့ ရပါမလားခင်ဗျာ။ သူနဲ့တန်ရာတန်ရာ လုပ်ခိုင်းမှပေါ့။ ရေဘူးပေါက်တာမလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ် ဆိုတာ စစ်တိုက်တဲ့နေရာမှာပဲ မှန်မှာပါ။ သာမန် အရပ်သားတွေကြား လာပြောလျှင်တော့ အင်း၊ ငါ့ဟာ ဟုတ်မှဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ဘို့ပဲ ပြောချင်ပါသည်။ နောက်ပြီး ဘာမှ လက်နက်ကိရိယာမရှိဘဲ လုပ်နေကြရတာကို နည်းနည်းမှ မထောက်၊ ငါ မျက်နှာကောင်းရဘို့ပဲ အရေးကြီးတယ်။ နင်တို့ဘာဖြစ်ဖြစ် ဆိုတာကတော့ အတော့်ကို နေရာမကျပါ။

မာခီယာဘယ်လီက The end justify the means. ဟု ဆိုခဲ့၏။ ဘယ်လိုပြီးပြီးကွာ၊ ပြီးဘို့ပဲလိုတယ်။ လုပ်ချင်သလိုသာ လုပ် ဆိုတာ အင်မတန်ကြောက်စရာကောင်းသော ၀ါဒ ဖြစ်၏။

 

Safety point of view အရပြောရလျှင်တော့ အဲသလိုလုပ်မှုတွေကြောင့် နားနှာခေါင်းလည်ချောင်းဆေးရုံ ဖောင်ဝပ်ပြိုကျတာ စသည့် မတော်တဆမှုများ ဖြစ်ရတာဖြစ်သည်။

 


(၅) နိဂုံး


တစ်ခုခုခိုင်းတော့မည်ဆိုလျှင် -

ဒီအလုပ်လုပ်ဘို့ရာ ဘယ်လောက်ကြာမလဲ။ ဒီအချိန်အတွင်း ပြီးပါ့မလား။
ဒီအလုပ်လုပ်ဘို့ ဘယ်လို စက်ကိရိယာ၊ နည်းပညာတွေ လိုမလဲ။
လူအင်အား။
အတတ်ပညာ . . . စတာတွေ ကို သေသေချာချာ တွက်ဆပြီးမှ ခိုင်းကြပါ။

ငါ့လက်အောက်ကကောင်တွေပဲ။ ငါခိုင်းသမျှ အကုန်လုပ်ရမယ်။ ဘာမှ အထွန့်တက်ခွင့်မရှိ ဆိုသော ဟောင်းနွမ်း ဆွေးမြေ့ ပုပ်သိုးနေပြီဖြစ်သည့် အယူအဆ၊ အတွေးအခေါ်များကို ယနေ့မှစ အပြီးတိုင် လွှင့်ပစ်လိုက်ပါ။

ဝန်ထမ်းများ အလုပ်၌ ပျော်ပျော်ရွှင်ရွှင်လုပ်ကြပါစေ။ မတန်မရာမခိုင်းကြပါနှင့်ဟု ဆရာကြီးများအား ကျွန်ုပ် ဆရာ့ဆရာကြီး ဦးအေးငြိမ်းက ဆုံးမသြ၀ါဒ ပေးလိုက်ရပါကြောင်း။

(သြ၀ါဒပေးတာမခံချင်ကြလျှင် နောင် ထိုကဲ့သို့သော သောက်တလွဲများမလုပ်ကြရုံ ရှိပါသည်။ လုပ်နေသမျှတော့ ကျွန်ုပ်က ရေးနေဦးမည်သာ ဖြစ်၏။)


ကျေးဇူးတင်ပါသည်။


အေးငြိမ်း

၂၉ ဇူလိုင်လ၊ ၂၀၁၇