Showing posts with label စာအုပ်များ. Show all posts
Showing posts with label စာအုပ်များ. Show all posts

Wednesday, May 31, 2017

စင်ကာပူမှ စနစ်များအကြောင်း Presentation Slides_link

မန်းစည်ပင်နှင့်တွေ့ဆုံပွဲ၌ တင်ပြခဲ့သော စင်ကာပူမှ စနစ်များအကြောင်း Presentation Slides_link

လွတ်လပ်စွာ download လုပ်နိုင်ပါသည်။

http://www.mediafire.com/file/phy4hgwkcn289f3/MCDC+Meeting_23+Apr+17.pdf

1951 Factory Act (English)

Safety သမားများနဲ့ safety ကို စိတ်ဝင်စားသူများ၊ စက်ရုံပိုင်ရှင်များအတွက်

1951 Factory Act (English)



ကျောင်းသူကျောင်းသား တူတူမကလေးများအတွက် နှစ်ကူးလက်ဆောင်

အထက်တန်းကျောင်းသုံး သိပ္ပံဝေါဟာရ စာအုပ် (အင်္ဂလိပ် - မြန်မာ)
(လရောင်ပေးတာ)
တော်တော်များများ အသုံးတည့်ပါသည်။ တချို့ဘာသာပြန်ချက်တွေကိုတော့ မကြိုက်ပါ။
ဥပမာ -
စာမျက်နှာ ၆။ Acetylent ကို အဆက်တလင်း (ဂဟေဆော်ရာ၌ သုံးသောဓာတ်ငွေ့) ဟု ဘာသာပြန်ထားသည်မှာ တစ်စိတ်တစ်ပိုင်းသာ မှန်ပါသည်။ ထိုဓာတ်ငွေ့ကို ဂဟေဆော်ရာ၌သာမက ဓာတ်ငွေ့မီးဖြင့်ဖြတ်ခြင်း အတွက်လည်း သုံးပါသည်။ ထို့ကြောင့် (ဂဟေဆော်ရာ၌သော်လည်းကောင်း၊ ဖြတ်တောက်ရာ၌သော်လည်းကောင်း သုံးသောဓာတ်ငွေ့) စသဖြင့် အပြည့်အစုံထည့်သွင်းသင့်ပါသည်။
စာမျက်နှာ ၁၁။ Battery ကို ဓာတ်ခဲ ဟု ဘာသာပြန်ထားသည်မှာလည်း တစ်စိတ်တစ်ပိုင်းသာ မှန်ပါသည်။ ဓာတ်ခဲတိုင်းသည် ဘက်ထရီဖြစ်သော်လည်း ဘက်ထရီတိုင်းကတော့ ဓာတ်ခဲမဟုတ်ပါ။ ကားစက်နှိုးသည့် ဘက်ထရီအိုးကြီးကို ဓာတ်ခဲကြီးဟု ခေါ်လျှင် လူရီစရာဖြစ်နေပါလိမ့်မည်။ ယခင်အခါကာလများက ဘက်ထရီကို ဓာတ်အိုး၊ သို့မဟုတ် ဓာတ်လှောင်အိုးဟု ဘာသာပြန်ပြီး သုံးခဲ့ကြသေးသော်လည်း လူများမသုံးသောကြောင့် ယခုအခါ ထိုဝေါဟာရကို ကြားမျှပင် မကြားဖူးကြတော့ပါ။
စာမျက်နှာ ၁၁။ Accumulate = တဆ တဆ စုစည်းလာသည် (စာလုံးပေါင်းမှားပါသည်။ တဆ တဆ မဟုတ် တစ တစ သာ ဖြစ်ရပါမည်။)
စာမျက်နှာ ၁၅။ Carburetor = ကာဘရက်တာ (အင်ဂျင်စက်ထဲတွင် လေနှင့်ဓာတ်ဆီရောပြီး မီးလောင်စေ၍ စွမ်းအားထုတ်ပေးသော စက်အပိုင်း) 
မှားပါသည်။ ဆီနှင့်လေအရောကို မီးလောင်စေပြီးစွမ်းအားထုတ်ပေးတာ အင်ဂျင်ဖြစ်ပါသည်။ ကာဘရက်တာ မဟုတ်ပါ။ ကာဘရက်တာဟူသည် အင်ဂျင်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး ဆီနှင့်လေကို အချိုးမှန်အောင် ရောစပ်ပေးသည့် စက်ပစ္စည်း တစ်ခုဖြစ်ပါသည်။ ဆီနည်းလွန်းလျှင် အင်ဂျင်ကောင်းကောင်းမလည်နိုင်။ ဆီများလွန်းလျှင် အကုန်မီးမလောင် နိုင်၍ မီးခိုးများထွက်မည်။ အင်ဂျင် ဆီအလွန်စားမည်။ သို့ဖြစ်၍ ဆီနှင့်လေကို သမမျှတအောင် ကာဘရက်တာက ရောပေး သည်။ စက်နှိုးခါစတွင် ဆီများများ လေနည်းနည်းရအောင် စပ်ပေးသည်။ ၎င်းကို rich mixture ခေါ်သည် စသည်ဖြင့် ဖြစ်၏။
စာမျက်နှာ ၁၈။ Computer program = ကွန်ပြူတာအစီအစဉ် ဟု ဘာသာပြန်ထားတာလည်း နေရာမကျပါ။ Programme ကို အစီအစဉ်ဟု ဘာသာပြန်မည်ဆိုလျှင် ပြန်လို့ရမည် ဖြစ်သော်လည်း program ကို အစီအစဉ်ဟုခေါ်၍ရမည်မထင်ပါ။ ဘာသာပြန်သူသည် program နှင့် programme ကို ရောထွေးသွားဟန် တူပါသည်။

Download link: