Thursday, March 31, 2022

အတန်းတင်စာမေးပွဲ မေးခွန်းများ

ယခုနှစ် အတန်းတင်စာမေးပွဲတွင် (ဘယ်အတန်းလဲတော့ မသိပါ) အောက်ပါမေးခွန်းများ ပါသည်ဟု သိရသဖြင့် ကျွန်ုပ်က အဖြေများနှင့်တကွ မိတ်ဆွေများကို ပြန်လည် ဝေငှလိုက်ရပါကြောင်း။

 

၁။ အလင်္ကာ

အောက်ပါတို့သည် မည်သည့်အလင်္ကာ မြောက်သနည်း။

 

(က) ခွေး

‘မင်းအောင်လှိုင်’ ဟု တည့်တည့်မရေးဘဲ ‘ခွေး’ ဟု သွယ်ဝိုက်ရေးသောကြောင့် ဝင်္ကဝုတ္တိ အလင်္ကာမြောက်ပါသည်။ 

 

(ခ) သီတဂူ

‘ဘောမ’ ဟု တိုက်ရိုက်မရေးဘဲ ‘သီတဂူ’ ဟု သွယ်ဝိုက်ရေးသောကြောင့် ဝင်္ကဝုတ္တိ အလင်္ကာမြောက်ပါသည်။

 

(ဂ) ပီဒက်

‘ခွေးများ၏သေမင်း’ ဟု တိုက်ရိုက်မရေးဘဲ ‘ပီဒက်’ ဟု သွယ်ဝိုက်ရေးသောကြောင့် ဝင်္ကဝုတ္တိ အလင်္ကာမြောက်ပါသည်။

 

(ဃ) ရဲ

‘ကမ္ဘာ့အစုတ်ပဲ့ဆုံးလူသတ်သမား’ ဟု တိုက်ရိုက်မရေးဘဲ ‘ရဲ’ ဟု သွယ်ဝိုက်ရေးသောကြောင့် ဝင်္ကဝုတ္တိ အလင်္ကာ မြောက်ပါသည်။

 

(င) မိကြူ

‘ခေါဘဏီတပ်’ ဟု တိုက်ရိုက်မရေးဘဲ ‘မိကြူ’ ဟု သွယ်ဝိုက်ရေးသောကြောင့် ဝင်္ကဝုတ္တိ အလင်္ကာမြောက်ပါသည်။

 

 

၂။ ရသ

(က) ဘယ်နေရာမှာတော့ ခွေးဘယ်နှစ်ကောင် သေသွားပြီ ဟု ကြားရသည့်အခါ အသင် မည်ကဲ့သို့ ခံစားရဘိသနည်း။

အဖြေ - ဝမ်းသာအူမြူးလွန်းလို့ ထကမိပါသည်။ 

 

(ခ) NLD အစိုးရလက်ထက်မှာ ပြည်သူတွေ အမှောင်ကျခဲ့ရတာ အခု မင်းကောင်းမင်းမြတ် တက်လာမှ ပြည်သူတွေ စိတ်ချမ်းသာလက်ချမ်းသာ နေရတော့တယ် ဟု ပြောသံကြားရသည့်အခါ အသင် ဘယ်လိုခံစားရပါသနည်း။

အဖြေ - ရွံလွန်းလို့ ရေထချိုးမိပါသည်။

 

(ဂ) Tayဂျင်းဇိုး

‘သေချင်းဆိုး’ ဟုရေးလျှင် ဟိုပုဏ္ဏား၏ အဘန်းခံရမှာစိုး၍ ‘Tayဂျင်းဇိုး’ ဟု ရေးရသောကြောင့် ဘယာနကရသ မြောက်ပါသည်။

 

(ဃ) ဘယ်နေရာမှာတော့ ပီဒက်ကလေးတစ်ယောက် ဒဏ်ရာရသည်ဟုကြားလျှင် အသင်ဘယ်ကဲ့သို့ ခံစားရပါသနည်း။

အဖြေ - အလွန်ဝမ်းနည်းမိသောကြောင့် ကရုဏာရသ မြောက်ပါသည်။

 

(င) စစ်သားများ တန်းစီချီတက်လာတာကို ဟိုဂတုံးတွေ ခွေးသေးပန်းရွက်တွေနှင့် ရေဖြန်းနေတာ တွေ့ရတော့ သင် မည်သို့ ခံစားရပါသနည်း။

အဖြေ - ဆင်၏ဘောကို ဖြတ်လျက် တန်းလန်းဆွဲထားကာ အနှီဂတုံးများအား ၂၄ နာရီ မပြတ်မလတ် လျက်စေချင်သော ကြောင့် ဘောလျက်ရသ မြောက်ပါသည်။

 

၃။  မေးခွန်းတို

 

(က) ဝယ်သာမကောင်းရင် ဖြုတ်လဲလိုက်၊ ရေကို pH 9, 10 ရအောင်ထုတ်၊ ထန်းလျက်ကို မျိုးထား စသည့် ကမ္ဘာကျော် ပညာရပ်များကို သင်ကြားပေးလိုက်သောကျောင်း အမည်ကို ဖော်ပြပါ။

အဖြေ - ဒေါ်စိန်အေး

 

(ခ) ကမ္ဘာအယုတ်မာဆုံး စစ်တပ်ကား အဘယ်စစ်တပ်ဖြစ်သနည်း။

အဖြေ - မြန်မာစစ်တပ်

 

(ဂ) ကမ္ဘာ့တရားဝင် လူသတ်၊ ဓားပြ၊ ပြန်ပေးဆွဲအဖွဲ့ကြီးကို ဖော်ပြပါ။

အဖြေ - သူတို့ကိုယ်သူတို့ ‘မြန်မာ့သတ်မတော်’ ဟု အမည်ပေးထားသည့် လူဆိုးဂိုဏ်း

 

 (ဃ) နိုင်ငံပိုင်မှန်သမျှ အကုန်ခိုးဝှက်ထားသူများက သူတော်ကောင်းများကို လာဘ်စားမှုဖြင့် တရားစွဲဆိုသော တိုင်းပြည် အမည်ကို ဖော်ပြပါ။

အဖြေ - မြန်မာပြည်

 

(င) မတရားမှုများကို တရားလုပ်ကာ စွဲဆိုနေပါလျက် တရားစီရင်ရေး တရားစီရင်ရေး ဟု ဖင်ပိတ်အော်နေသူများ နေသည့် တိုင်းပြည်

အဖြေ - $$$တလွဲတိုင်းပြည် - ဗမှားပြည်

 

ကျန်သည့်မေးခွန်းများရလျှင် ဆက်တင်ပေးပါမည်။

 

အေးငြိမ်း

၃၁ မတ်လ၊ ၂၀၂၂

Wednesday, March 30, 2022

GCEO မြန်မာစာ

မြန်မာကလေးများနှင့် အင်္ဂလိပ်ကလေးများ ကွာခြားချက်


 

မြန်မာနိုင်ငံမှာ ကျမတွေ့ခဲ့တဲ့ ကလေးတွေဟာဖြင့် အတော့်ကို လိမ္မာကြပါတယ်။ သူတို့ ရန်ဖြစ်ကြမယ်ဆိုတာမျိုး တစ်ခါမှ တောင် မတွေ့ခဲ့ရဖူးဘူး။ အကယ်၍ ကလေးတစ်ယောက်က အရုပ်ကလေးတစ်ခုနဲ့ ကစားနေတုံး အခန်းထဲကို သူ့ ညီ/ညီမ စသည် ဝင်လာခဲ့ရင် အဲဒီကလေးက သူ့အရုပ်ကို တစ်ခါတည်း ပေးလိုက်တော့တာပဲ။ အဲဒီဖြစ်ရပ်ကို အနောက်တိုင်းက သာမန် အိမ်ထောင်စုတစ်ခုနဲ့ ယှဉ်ကြည့်လိုက်စမ်းပါ။ အနောက်တိုင်း မိသားစုတွေမှာဆို ပစ္စည်းတစ်ခုခုနဲ့ပတ်သက်လာလို့ မောင်နှမ တွေ အမြဲအငြင်းပွားနေကြတာဟာ အစဉ်အလာကြီး တစ်ခုလို ဖြစ်နေပါပြီ။ ကလေးတွေ ကြီးပြင်းလာတဲ့အခါမှာ အဲဒီ အရေးပါတဲ့ ကွဲပြားခြားနားချက် ပုံစံနှစ်ရပ်ကို အသင် နားလည်လာပါလိမ့်မယ်။

 

ကျမသားသမီးတွေဆိုရင် ကလေးပေါက်စန အရွယ်မှာတောင်မှ သူတို့လိုချင်ပြီဆို အတင်းလုယူ၊​ ဆွဲကိုင်ထားတော့တာပဲ။ မြန်မာပြည်မှာကျတော့ အဲသလိုမဟုတ်ဘူး။ ကလေးတွေအနေနဲ့ ပထမဆုံး စသင်ကြားရတဲ့ စကားလုံးတွေက “နင် - အဲဒါကို ယူလို့ရတယ်” “အဲဒါကို ယူပါ” စတာတွေပဲ။ အနောက်နိုင်ငံက ကလေးတွေကျတော့ သူတို့ လက်တွေ့သင်ကြားကြရတဲ့ စကားလုံးကတော့ “အဲဒါ ငါ့ဟာ” ဆိုတာပဲ။ 

 

အင်္ဂလိပ်တွေရဲ့ ကစားကွင်းမှာ မြန်မာကလေးငယ်တွေအနေနဲ့ သူတို့ရဲ့ ရက်ရောတဲ့သဘာဝ ဘယ်လောက်များ ကြာကြာ ခံပါလိမ့်မလဲလို့တွေးရင်း ငါ တုန်လှုပ်နေမိတယ်။



+++++++++++++++++++++++++++++++


Astrologer / Palm Reader


 

A young Indian wearing a turban was seen.

“Would you like to check your fortune by palmistry or astrology? He asked with a bit of shame. I am about to get angry because I was sick of astrology as there are so many mistakes and so less truth in the predictions of famous astrologers. Then . . .

“I do not want any.” I replied.

At my disagreement he came forward two or three steps and . . .

“Sir, a lettre will arrive for you. You will have a trip. I saw your destiny. Sir, you are in good luck at this moment.” He said.

“I don’t care whether good or bad.” I replied with a bit of sharp tone.

“A letter from upper Mandalay will come and it will lead to a good destiny.” He said again. At that time, with a thought of “I will give ill treatment to this stubborn Indian” I asked.

“How much does per fortune telling cost?” 

“It cost five dollar for an Englishman. But for you sir, I will only ask for three dollars.”

“What?”

“Isn’t it we Burmese people called the Englishman as ‘Bo’”.  



အေးငြိမ်း

၃၀ မတ်လ၊ ၂၀၂၂

Monday, March 7, 2022

ခွေးလောက်မှ တန်ဘိုးမရှိသူများ

တဆိတ်ရှိ ခွေးအောင်လှိုင်၊ စစ်ခွေး၊ ခွေးရဲ စသဖြင့် ပြောနေရလေရာ ကျွန်ုပ်မှာ ခွေးများကိုပင် အားနာမိပါသည်။

အသင်ခွေးအပေါင်းတို့၊ ကျွန်ုပ်ကို ခွင့်လွှတ်ကြပါကုန်။

 

အဘယ်ကြောင့်ဆိုသော် အထက်ဖော်ပြပါ တိရစ္ဆာန်တို့မှာ ခွေးလောက်မှ အဆင့်အတန်း မရှိသောကြောင့် ဖြစ်၏။

ခွေးသည် သခင့်အပေါ် အသက်ကိုစွန့်၍ သစ္စာစောင့်၏။

မိမိသခင်ကို ရန်ပြုလာသူအား အသက်သေသည်ထိ ခုခံတိုက်ခိုက်၏။

အိမ်စောင့်ပေးဖော် ရ၏။

မိမိကိုထမင်းကျွေးသည့်လက်ကို ပြန်မကိုက်။

 

အို အသင် - စစ်ခွေးနှင့် ခွေးရဲတို့ -

အသင်တို့သည် မည်သူတို့၏ လစာရိက္ခာကို စားနေကြတာပါနည်း။

အသင်တို့အမေ့နောက်လင် ခွေးအောင်လှိုင်က ထမင်းကျွေးထားတာပါလား။

ဝေးစွ။

သင်တို့ပထွေး ခွေးအောင်လှိုင်သည်ပင်လျှင် ပြည်သူတို့ထံမှရသော ပိုက်ဆံဖြင့် လစာရိက္ခာများကို စားသောက်နေသည် မဟုတ်တုံလော။ တိုင်းပြည့်ဘဏ္ဍာများကို သူ့အမေ့နောက်ယောက်ျားထံမှ ရသော အမွေများကဲ့သို့ ဘုံးနေသည် မဟုတ်တုံလော။

 

အသင်တို့သည် ပြည်သူတို့ကျွေးသော ထမင်းကိုစားလျက် ပြည်သူတို့ကို ရက်ရက်စက်စက် သတ်ဖြတ်နေကြ၏။

အသင်တို့သည် ခွေးထက်မိုက်သူများပါ ပေတကား။

ကိုယ့်ကျေးဇူးရှင်များကို ကျေးဇူးကန်းနေကြသူများပါ ပေတကား။

အသင်တို့အတွက် တာပနငရဲ၊ မဟာတာပနငရဲ၊ အဝီစိငရဲ၊ မဟာအဝီစိငရဲတို့၌ ဒယ်အိုးများ ဆီအပြည့်နှင့် အဆင်သင့် စောင့်နေပါလေပြီ။

 

ကျွန်တော် အနီတို့ အစိမ်းတို့ကို စိတ်မဝင်စားပါ။

ကျွန်တော်သည် အစိမ်းလည်းမဟုတ်သလို အနီလည်းမဟုတ်ပါ။

နီတာစိမ်းတာထက် တရားမှု၊ မတရားမှုကသာ ပိုပြီး အဓိကကျ၏။

ယခုဖြစ်ရပ်တွင် မည်သည်က တရားသည်/မည်သည်ကတော့ဖြင့် မတရားဆိုသည်ကို ထမင်းစားကြီးလာသူတိုင်း သိ၏။ (သို့အတွက် တရား/မတရား မခွဲခြားနိုင်သူများမှာ ထမင်းစားကြီးလာသူများ မဟုတ်ဟု အလွယ်တကူ မှတ်ယူနိုင်၏။)

ပြည်သူများကို နှိပ်စက်သတ်ဖြတ်နေတာ မြင်နေလျက်ကမင့်လည်း ခွေးများကို သတင်းပေး၊ လက်ထောက်ချနေသည့် ခွေးထက်မိုက်သူများသည်လည်း ရှိ၏။

 

မတရားတာ မြင်နေရက်ကနဲ့ ငါတို့က အစိမ်းမို့လို့ဆိုပြီး (စိတ်ထဲကပင်မကြိုက်သော်လည်း) စစ်ခွေးတွေကို အတင်း ဇွတ်မှိတ် ဘောလျက်နေတာ မြင်ရတော့ အကျွန်ုပ်သည် ထိုသူတို့ကို ဖင်ပိတ်ကန်ချင်မိလေ၏။

ထိုအထဲတွင် သူတို့ကိုယ်သူတို့ “ဆရာဂျီး” ဟု ထင်နေကြသူများလည်း ပါ၏။ (ချွတ်စ် ချွတ်စ် ချွတ်စ်)

 

ဂတုံးများကအစ ခွေးများဘောကို ပြေးလျက်နေသူ၊ အနှီခွေးထက်မိုက်သူများအား ကျွန်ုပ်သည် မြို့တော်ခန်းမရှေ့က လွတ်လပ်ရေးကျောက်တိုင်ကို ဖက်ခိုင်းကာ ဖင်ကို ပြောင်နေအောင်လှန်လျက် (စင်ကပူက ကြိမ်ဒဏ်ပေးရာတွင် သုံးသော ကြိမ်လုံးကိုငှားပြီး) ‘ခွေးထက်မိုက်အုံးမလားဟဲ့၊ ခွေးထက်မိုက်အုံးမလားဟဲ့’ ဟု မေးကာ မေးကာ တစ်ယောက်လျှင် (၃) ချက်လောက်စီ ရိုက်ချင်မိလေ၏။

 

အနှီခွေးထက်မိုက်လုံးကြီးသည့် ငမိုက်သားများသာ မရှိပါက ကျွန်ုပ်တို့ တော်လှန်ရေးကြီး မြန်မြန်ဆန်ဆန် ပြီးနိုင်ပေမည်။

ကျွန်ုပ်တို့ပြည်သူများ အောင်ပွဲဆင်သည့်အခါ အနှီ ခွေးထက်မိုက်သူများကို ကောင်းကောင်း ပညာပေးရမည်။

 

ကျွန်ုပ်တို့တိုင်းပြည်ကို နေချင့်စဖွယ်၊ သာတောင့်သာယာတိုင်းပြည်ဖြစ်အောင် ထူထောင်ရာတွင် ထို ခွေးထက်မိုက်သူများ မရှိမှ​ဖြစ်မည်။ 

 

မိတ်ဆွေတို့သည် သိကြားမင်းထံမှ ခွေးသားရေပိုက်ကို ငှားကာ ထိုသူများ၏စာရင်းကို တို့ထားလိုက်ကြပါဘိ။

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

 

၇ မတ်လ၊ ၂၀၂၂

ထလော့မြန်မာ မြန်မာထလော့

စစ်အာဏာရူးများကို အမြစ်ဖြုတ်မည့် တော်လှန်ရေးကြီး မကြာသင့်ဘဲ ကြာနေရသည်မှာ ခွေးအောင်လှိုင်တို့ အစီအမံကောင်း၍ မဟုတ်။

 

ခွေးအောင်လှိုင့်ဘောကို လျက်နေကြသူ ဒေါင်းဇားများကြောင့် ဖြစ်၏။ 

 

စစ်စစ်ပေါက်ပေါက်သာ တွက်ကြည့်လိုက်မည်ဆိုပါက . . . 

 

ပြည်သူအားလုံး၏ လေးပုံတစ်ပုံလောက်သာ တော်လှန်ရေးကြီးဘက်တွင် ရှိနေတာဖြစ်၏။

ခွေးအောင်လှိုင်၏ ဘောကိုလျက်ကာ ဖားပြီး သတင်းပေးလိုပေး။ အညှောင့်ထောင်လိုထောင် လုပ်နေကြသူများမှာ လေးပုံတစ်ပုံလောက်ရှိ၏။ (ထို့ထက်ပိုများချင် များပါလိမ့်မည်။)

ထိုဘောလျက်များ၏ ရန်ကိုကြောက်၍ ဘာမှ မလုပ်ရဲသူများမှာ လေးပုံတစ်ပုံခန့်ရှိပြီး . . .

ဟိုလိုလို ဒီလိုလိုသမားများမှာ လေးပုံတစ်ပုံခန့်ရှိလေ၏။

 

ကျွန်တော် တစ်ရက်မှ စိတ်မချမ်းသာပါ။

ကျွန်တော်၏စိတ်သည် ထိုဒေါင်းဇားများ သေကြပါစေကြောင်း အချိန်တိုင်း ဆုတောင်းနေရခြင်းဖြင့် အတော် ညစ်နွမ်းလျက် ရှိ၏။

ကျွန်တော်တို့သည်လည်း တော်လှန်ရေးကြီးအတွက် အစွမ်းကုန် ပံ့ပိုးနေကြပါသည်။

သို့သော် ပံ့ပိုးရမည့်နေရာများက များလှ၍ ကျွန်ုပ်တို့လည်း ဖွတ်စာပတ်စာ တက်လျက် ရှိကြကုန်၏။

 

သည်တော်လှန်ရေးကြီး ပြီးစေချင်လှပါပြီ။

ဟို မေဘေးတွေ မြန်မြန် မtharပေါ်စေချင်လှပါပြီ။

လောကကြီးသည် အနှီ လူ့ဗလချီးနမ်းများကြောင့် အကျည်းတန်လှ၏။

ကျွန်ုပ်တို့တိုင်းသူပြည်သားများသည် ကိုယ့်ဘာသာကိုယ် အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နေကြရလျှင် အဘယ်မျှ ပျော်စရာ ကောင်းပါမည်နည်း။

 

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ကတည်းက ကျွန်ုပ်တို့တိုင်းပြည်၏ ရာဇပလ္လင်ပေါ် ခွေးတက်ခဲ့၏။

ထိုကာလကတည်းက ကျွန်ုပ်တို့တိုင်းပြည်၏ ကံကြမ္မာသည် မိုင်းနပ်စ် ၃၀ ဒီဂရီလောက် ရောက်ခဲ့၏။ 

ခေါင်းထဲ၌ ချေးများဖြင့်သာ ပြည့်နှက်လျက်ရှိသော အနှီမကောင်းဆိုးရွားများသည် အဘယ်ကြောင့် တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရနေရပါသနည်း။

 

သေနတ်ရှိလျှင် အာဏာရသည်ဟူသည့် $$$$$$$$တလွဲသမားများကို ကျွန်ုပ်တို့ မြေလှန်ရှင်းပစ်ကြပါစို့။

ထိုနှမလွှားများ နောင် ယောင်လို့မှ ခေါင်းမထောင်ရဲအောင် ကျွန်ုပ်တို့ နာမ်နှိမ်ကြရမည်။

ဘယ် သောက်ဂမြင်းမ စစ်ခေါင်းဆောင်မှ ကျွန်ုပ်တို့နိုင်ငံကို မအုပ်ချုပ်စေရ။

စစ်ခွေးများပေးသည့် ဒုက္ခကို ကျွန်ုပ်တို့လက်ထက်၌ အပြတ်ဖြတ်ကြရမည်။

ကျွန်ုပ်တို့ နောင်လာနောက်သားများဆီ မရောက်စေရ။

 

“ကမ္ဘာမှာ မြန်မာဟေ့” ဟု ကြွေးကြော်နိုင်ဘို့ရာ ထိုမေဘေးများ အကုန်မျိုးကန်းကုန်မှ ဖြစ်မည်။

ထိုခွေးသူခိုးများရှိနေသရွေ့ကာလပတ်လုံး တိုင်းပြည်ကို စနစ်တကျ ထူထောင်ဘို့ဆိုတာ ဘယ်လိုနည်းနှင့်မှ​ မဖြစ်နိုင်။

 

ဤသည်မှာ ကျွန်ုပ်တို့ သင်တို့ တာဝန်ဖြစ်သည်။

 

ထလော့မြန်မာ

မြန်မာထလော့

အားမပျော့နှင့်

မလျော့လုံ့လ

သူကစ၍

ငါက အားလုံး 

လက်ရုံးများမြောင်

ဉာဏ်များမြောင်နှင့်

စွမ်းဆောင်ကြလေ

ဆောင်ကြလေလော့။

ဤမြေ ဤရွာ

ဘယ်သူ့ရွာလဲ

ဤယာ စပါး 

ဘယ်သူစပါးလဲ

ထားလော့တာဝန်

ပွန်လော့လုပ်ငန်း

ဉာဏ်ရှေ့ပန်း၍

တဝမ်းတစိတ်

ညီစေသတည်း။           ။

 

ထကြကုန်လော့ အမောင်တို့ အမိတို့

ခွေးရူးများကို အစွမ်းကုန် တိုက်ထုတ်ကြကုန်လော့။

 

ပြည်သူတို့သာ အောင်ပွဲဆင်ရမည်။

 

အေးငြိမ်း

၆ မတ်လ၊ ၂၀၂၂