တစ်နေ့မှာ လူတစ်ယောက်ဟာ
တောကြီးမျက်မည်းထဲ တစ်ယောက်ထဲလျှောက်သွားနေရင်း အင်မတန်မှ ရက်စက် ကြမ်းကြုတ်လှတဲ့ ကျားကြီးနဲ့
ပက်ပင်းတိုးမိသတဲ့။
သူလည်း ခြေကုန်သုတ်သပေါ့။
ဒါပေမဲ့ ပြေးမိလို့မှ မကြာသေးမီ ချောက်ကမ်းပါးကြီးထိပ်
ရောက်လာပါရောလား။
အသက်ဘေးဆိုတော့ သူလည်း ကြံရာမရဘဲ ချောက်ကမ်းပါးကြီးထဲ ဆင်းချလိုက်တာ
စတော်ဘယ်ရီပင်မှာ တွဲလောင်းကြီး ဖြစ်နေသတဲ့။
ပြုတ်သာကျလိုက်လို့ကတော့ အရိုးအသားတောင်
ရှာတွေ့မှာ မဟုတ်ဘူး။
အောင်မလေးဗျာ။ သူတွဲလောင်းကြီးဖြစ်နေတုံး
ကြွက်နှစ်ကောင်ကလည်း စတော်ဘယ်ရီပင်ရဲ့အမြစ်တွေကို တကျွိကျွိနဲ့ ကိုက်ဖြတ် နေပါသေးလား။
ရုတ်တရက် သူဟာ သူ့လက်လှမ်းတမီမှာ
အရည်ရွှမ်းလှတဲ့ စတော်ဘယ်ရီခိုင်ကြီးတွေ့လိုက်ရတော့ ဘာကိုမှ တွေးမနေဘဲ လှမ်းဆွတ်လိုက်ပြီး
စတော်ဘယ်ရီသီးတွေကို အငမ်းမရစားလိုက်တယ်။
တောက်၊ ကောင်းလိုက်တဲ့
စတော်ဘယ်ရီသီးနှယ်ကွာ။
x x x x x x x x
x
မောင်ညီမလေးတို့ရေ
-
ဒီပုံပြင်တွေက နိမိတ်ပုံတွေနဲ့
ပြထားတာကွဲ့။
အဲဒီလူဆိုတာ ဘယ်သူလဲ။
ကျားကြီးဆိုတာက ဘာကိုပြောတာလဲ။ ကြွက်နှစ်ကောင်က ဘာကို ရည်ညွှန်းတာလဲ။ ကောင်းလိုက်တဲ့
စတော်ဘယ်ရီသီးကွာ - ဆိုတာကကော ဘာကိုပြောချင်တာလဲ။
No comments:
Post a Comment