ရှေးတုံးက တစ်သက်လုံးလယ်ပဲလုပ်လာခဲ့တဲ့
လယ်သမားကြီးတစ်ယောက်ရှိသတဲ့။
တစ်နေ့တော့ လယ်လုပ်ရာမှာခိုင်းနေတဲ့
သူ့မြင်းပျောက်သွားတယ်။ အဲဒါကို သူ့အိမ်နီးနားချင်းတွေကြားတော့ သနားကရုဏာသက်စွာနဲ့
လာမေးကြတယ်။ “ဆိုးလိုက်တဲ့ ကံကွာ။”
လယ်သမားကြီးက ပြန်ပြောတယ်။
“ဖြစ်နိုင်ပါတယ်”
နောက်နေ့မနက်ကျတော့
တခြားမြင်းရိုင်းသုံးကောင်နဲ့အတူ သူ့မြင်း ပြန်ရောက်လာတယ်။
သူ့မိတ်ဆွေတွေက ပြောပြန်တယ်။
“တယ်လဲ ကံကောင်းပါလားဟေ့။”
အဖိုးအိုးက ပြန်ပြောတယ်။
“ဖြစ်နိုင်ပါတယ်”
နောက်နေ့မနက်မှာ လယ်သမားကြီးရဲ့သားဟာ
မလေ့ကျင့်ရသေးတဲ့ မြင်းရိုင်းတစ်ကောင်ကို ယူစီးလိုက်တာ မြင်းလဲ ထခုန်လိုက်ရော ပြုတ်ကျပြီး
ခြေကျိုးပါလေရော့လား။
ဒီတော့ သူ့မိတ်ဆွေတွေက
စိတ်မကောင်းစွာနဲ့ လာပြောကြ ပြန်တယ်။ “ဆိုးလိုက်တဲ့ ကံကွာ။”
လယ်သမားအဖိုးအိုကလည်း
ထုံးစံအတိုင်း ပြန်ပြောလိုက်တယ်။ “ဖြစ်နိုင်ပါတယ်”
နောက်တစ်နေ့မနက်ကျတော့
စစ်သားစုဆောင်းရေးဆိုပြီး ရွာထဲကို စစ်ဗိုလ်တွေရောက်လာတယ်။
ခြေကျိုးနေတဲ့ အဖိုးကြီးရဲ့သားကို
တွေ့သွားတော့ သူကို စစ်သားအဖြစ် မရွေးတော့ဘူး။
သူ့မိတ်ဆွေတွေလည်း
တအံ့တသြနဲ့ လာပြောကြ ပြန်တယ်။ “ကံကောင်းလို့ဟေ့။”
အဖိုးအိုကလည်း ထုံးစံအတိုင်း
ပြန်ပြောလိုက်တာပေါ့။ “ဖြစ်နိုင်ပါတယ်” တဲ့။
x x x x x
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ကဲ - ပုံပြင်က ဘာပေးချင်တာလဲဆိုတာ
မောင်ညီမလေးတို့ ပြောကြည့်ပါဦး။ မှန်တဲ့သူကို မြောက်ကိုးရီးယားက ၀က်နားရွက်သုပ် ကျွေးပါမယ်ကွယ်။
No comments:
Post a Comment