မနေ့ညက ထမင်းစားအပြီး စာကြည့်စားပွဲထိုင်စဉ် တီတီ ဟု ဖုံးမှ
အချက်ပေးလာသဖြင့် ကောက်ကြည့်မိ။
ကိုအောင်သူက FB တွင် မြွေဆိပ်ဖြေဆေးနှင့်ပတ်သက်၍ message
ပို့ထားသဖြင့် အကြောင်းပြန်။
အကြောင်းပြန်မိရာမှ ဦးကျော်မင်းဆွေ message ပါတွေ့မိသဖြင့်
The Voice အတွက် ဆောင်းပါးကို အချောသတ်ပြန်ရေး။ ပို့။
ပို့ပြီးတော့ မနေနိုင်မထိုင်နိုင် FB မှ Home ကို ဖွင့်လိုက်ရာ
ဘာတဲ့၊ ဖွဘုတ်တွင် ပွစာတက်နေသော ရိုမန်ဘော့အကြောင်း တွေ့မိသဖြင့် ဖတ်ကြည့်မိ။
တစ်ဆက်တည်း ထိုအကြောင်း စည်သူအောင်မြင့်ရေးထားသော ဆောင်းပါးကို
ဖတ်ကြည့်မိ။
အောင်မယ်လေးလေး ဟု အထိတ်တလန့်ဖြစ်။
နောက် သည်အကြောင်း ရှောက်ဖတ်ရင်းမှ ဘာတဲ့ မျိုးစောင့်ဥပဒေ
ဆိုသည့် ဖွဘုတ်ဆီရောက်။
မျိုးစောင့်ဥပဒေတွင်တွေ့ရသော ရိုမန်ဘော့ scan page တစ်မျက်နှာလောက်ဖတ်လိုက်ရတော့
အသည်းတုန်၊ အူတုန်ဖြစ်။
အောင်မယ်လေးဗျို့၊ ဒီစာအုပ်ရိုက်ဘို့ ထုတ်ပေးတာ ဟိုမိန်းမ
ဆိုပါလား။ မျက်နှာကြီးကလဲ၊ ပြောင်လှချည့် မမရယ်။ မမ ဒီစာအုပ်ဖတ်ရဲတယ်ဆိုတော့ ချီးကျူးမိပါရဲ့။
အဲလေ “မီးက ရှက်ကြောဖြတ်ပြီးသားပါရှင့်” ဆိုရင်တော့လည်း မပြောတတ်။
အလိုလေးဗျာ။ အောင်ရင်ငြိမ်းဘက်က စာပေလွတ်လပ်ခွင့်ဆိုပြီး
ပစ်စလက်ခတ်ထောက်ခံနေတဲ့ ဒီမို မမကြီးများ တွေ့ရတော့ ပါးစပ်ကြီး အဟောင်းသား ဖြစ်ရ။
(ပြည်သူ့ခေတ်ထဲက ကောင်းဆက်နိုင် ပြောသလို အံ့သြလွန်းလို့ သေတော့မယ်။)
မိတ်ဆွေတို့ (တစ်အုပ်လုံးကို မဆိုထားပါနှင့်) အဲဒီစာမျက်နှာလေးကြည့်စမ်းပါ။
မိတ်ဆွေတို့ သမီး သို့မဟုတ် နှမ ကိုပေးဖတ်ရဲပါသလား၊ သို့မဟုတ် မိတ်ဆွေကိုယ်တိုင် လူကြားထဲမှာ
ဖတ်ရဲပါသလား။
ညှို့မဂ္ဂဇင်းတုံးက ကိုဦးဆွေက ဘာတဲ့၊ အခု ၂၁ ရာစုရောက်နေပြီ။
ဘိုးတော်ဘုရားလက်ထက် ပြန်သွားရမှာလား လို့ပြောခဲ့သေး။ ကျွတ် ကျွတ် ကျွတ်။
မျိုးစောင့်ဥပဒေဖွဘုတ်မှာ အောင်ရင်ငြိမ်းရဲ့ အရင်ထုတ်ခဲ့တဲ့စာအုပ်တွေပါ
ပြထားတာမြင်ရတော့မှ အောင်ရင်ငြိမ်းဆိုတာ ဘီလူးစာရေးဆရာပဲဆိုတာ သိခွင့်ရ။
အကုန်စေ့တကာစုံအောင်ဖတ်ပြီးတော့မှ အယ်မယ်လေး၊ ငါ ဘာတွေလျှောက်လုပ်နေမိပါလိမ့်ဆိုပြီး
သတိပြန်ဝင်လာ။
နာရီကြည့်လိုက်တော့ ည ၁၁ နာရီကျော်။ ဟိုက်ရော။
တောက်၊ ဘာမှ တန်ဘိုးမရှိတာတွေနဲ့ ၃ နာရီကျော် အချိန်ဖြုန်းမိလိုက်ပါလား။
ဆိုတော့ ၁ နာရီလောက် အတောအတွင်း ဘယ်လောက်ပြီးမလဲ။ BCSS
Slide တွေပြင်တာ တစ်ခန်းတောင်မှ မပြီး။
လူမိုက်။
၂၊ ၇၊ ၁၄ နေ့လည်။ ၁၂း ၄၅ နာရီ။
No comments:
Post a Comment