အကျွန်ုပ် အရာအားလုံးကို
စွန့်လွှတ်ခဲ့ပါပြီ။ တပည့်အဖြစ် လက်ခံတော်မူပါဘုရား။
ဒါဆို လူတစ်ယောက်ဟာ
သူ့လမ်းကို ဘယ်လိုရွေးသလဲကွယ်။
စွန့်လွှတ်အနစ်နာခံခြင်းပါ
ဘုရား။ စွန့်လွှတ်အနစ်နာခံတဲ့လမ်းကြောင်းသာ လမ်းမှန်ဖြစ်ပါလိမ့်မယ်။
ထိုအခိုက် ဘုန်းတော်ကြီးသည်
စာအုပ်စင်ကို ကိုယ်လုံးနှင့် ၀င်တိုက်မိသည်။ စာအုပ်စင်ပေါ်တွင်တင်ထားသော ရှားပါးလှသည့်
အဘိုးတန်ကြွေပန်းအိုးမှာ လိမ့်ကျလာလေသည်။ လူငယ်မှာ ဒိုင်ဗင်ထိုးလျှက် ကြွေပန်းအိုးကို
ဖမ်းလိုက်သည်။ ကံကောင်းသဖြင့် ကြွေပန်းအိုး ကျကွဲခြင်းမှ ကာကွယ်လိုက်နိုင်သည်။ ကံဆိုးချင်တော့
ကြမ်းပေါ်သို့ထောက်လိုက်သော လက်မှာ ကျိုးသွားခဲ့သည်။
ကဲမောင်ရင်။ အခုကိစ္စမှာ
ဘယ်အနစ်နာခံရခြင်းက ပိုမြတ်သလဲ။ ကြွေပန်းအိုးကွဲခြင်းလား၊ မောင်ရင့်လက် ကျိုးခြင်းလား။
တပည့်တော်မသိပါဘုရား။
အေး၊ မှတ်ထားကွဲ့။
အနစ်နာခံမယ်ဆိုတဲ့လမ်းပေါ်မှာချည်းပဲ မင်းလမ်းကြောင်းကို မရွေးမိစေနဲ့။ ငါတို့လျှောက်တဲ့လမ်းရဲ့
ခြေလှမ်းတိုင်းမှာ ငါတို့တတ်နိုင်တဲ့ အတိုင်းအတာအတွင်းကပဲ ဖြစ်စေရမယ်။ အဲဒါထက် မပိုစေသင့်ဘူး။
No comments:
Post a Comment