မေဂျိခေတ် (၁၈၆၈
- ၁၉၁၂ ခုနှစ်) တုံးကပေါ့။
ဂျပန်ဘုန်းတော်ကြီး ‘နန်းယင်’ ဆီကို တက္ကသိုလ် ပါမောက္ခကြီးတစ်ယောက်
ဇင်နဲ့ပတ်သက်ပြီး လေ့လာဘို့ ရောက်လာတယ်။
နန်းယင်က သူ့ကို လဖက်ရည်နဲ့
ဆီးပြီး ဧည့်ခံတယ်။
နန်းယင်က လဖက်ရည်ပန်းကန်တစ်လုံးချပြီး လက်ဖက်ရည်တွေ လောင်းထည့်တယ်။
ပါမောက္ခကြီးက ကြည့်နေတယ်။
လဖက်ရည်ပန်းကန်ပြည့်သွားတဲ့တိုင်
ဘုန်းတော်ကြီးက ဆက်ထည့်နေတုံးပဲ။
လဖက်ရည်တွေ ပန်းကန်ထဲက လျှံကျလာ တယ်။ မနေနိုင်တဲ့အဆုံး
ပါမောက္ခကြီးက မေးတယ်။
အနို့နေပါဦး အရှင်ဘုရား။
ပန်းကန်ပြည့်နေတာတောင် ဆက်ထည့်နေလို့ ဘယ့်နှာလုပ် လဖက်ရည်ထပ်ဝင်ပါတော့မလဲ။
အဲဒီလိုပဲပေါ့ကွဲ့။
ဒါယိကာကြီးခေါင်းထဲမှာ အတွေးအခေါ်တွေ၊ အယူအဆတွေ ဒါလောက်ပြည့်သိပ်နေတာ ဒါယိကာကြီး ခွက်ကို
သွန်မပစ်ဘဲ ဘယ့်နှယ်လုပ် ဘုန်းကြီးက ထပ်ထည့်လို့ ရပါ့မလဲ။
1. A Cup of Tea From The 10 Very Best Zen Stories
No comments:
Post a Comment