တစ်ခါက ယိုကိုဟားမားတေရှုးလို့ခေါ်တဲ့
ဇင်ကျောင်းသားလေးတစ်ယောက်ဟာ ဆရာတစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီး ပညာရှာနေသတဲ့။
တစ်နေ့တော့
ရှိုကိုကူးက ဒိုကူးအွန်ဆိုတဲ့ ဘုန်းကြီးဆီရောက်သွားတယ်။
သူဘာတွေ လေ့လာသင်ယူခဲ့သလဲဆိုတာ
ပြချင်တာနဲ့ သူက ဘုန်းတော်ကြီးကို ပြောလိုက်တယ်။
ဟောဒီလောကမှာ စိတ်တို့၊ ဗုဒ္ဓတို့၊ သက်ရှိသတ္တ၀ါတို့ဆိုတာ ဘာမှ
မရှိဘူး။ အားလုံးဟာ နတ္ထိပဲ။ သဘာဝရဲ့ တကဲ့အမှန်တရား ဆိုတာ ဘာမှမရှိခြင်းပဲ။ တရားရတယ်ဆိုတာ
မရှိဘူး။ ကျွတ်တန်းဝင်တယ်ဆိုတာ မရှိဘူး။ သူတော်ကောင်းဆိုတာ မရှိဘူး။ သူယုတ်မာဆိုတာ
မရှိဘူး။ စွန့်ကြဲပေးကမ်းခြင်းအားဖြင့် ကုသိုလ်ရတယ်ဆိုတာလဲ အလကား အဓိပ္ပာယ်မရှိတဲ့ ဟာတွေပဲ။
သူပြောတာတွေကို ဒိုကူးအွန်က
ဆေးတံသောက်ရင်း ငြိမ်နားထောင်နေတယ်။ သူ့စကားလဲဆုံးရော ဘုန်းတော်ကြီးက ယိုကိုဟားမားခေါင်းကို
ဝါးဆေးတံရိုးနဲ့ မပြောမဆို ဂေါင်ကနဲမြည်အောင် ခေါက်ထည့်လိုက်တယ်။
ကောင်လေး အတော် ဒေါသထွက်သွားတာပေါ့။
တကယ်လို့ ဘာမှမရှိရင်ကွာ - ဘုန်းတော်ကြီးက မေးလိုက်တယ်။
အဲဒီဒေါသတွေ ဘယ်ကလာတာတုံး။ ပြောစမ်းပါအုံး ငါ့လူရယ်။
Source: 10. Nothing Exists From The 10 Very Best Zen Stories
No comments:
Post a Comment